စိန်ပန်းနဲ့ ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၁)

“ ဒါကတော့.. မပြောတတ် ဘူးလေ…ဆရာပဲ.. ရွေးချယ် ဆုံးဖြတ် ရမှာ..”


“ အေးလေ..ဟုတ်ပါတယ်…”

ဆရာ့ မျက်လုံး တွေက..မှိုင်းရီ နေ သည်။ ဆံပင်တွေ ကလည်း သိပ်မသေသပ်ချင်။ မန္တလေး ရှပ် အဖြူ ရောင် ရဲ့ အပေါ်ဆုံး ကြယ်သီး တလုံးက..အပ်ချည် ချောင်ပြီး.. နေရာတကျ ရှိမနေ တာကိုလည်း.. မြင်မိ နေပြန် ပါပြီ။
အော်..ခက်လိုက်တာ..။ လောကကြီးကလည်း ခက်စရာ မရှိ ရှာကြံ ခက်နေပါပေါ့ ။

အဲ… သူ့အတွေးတွေ က..ဘယ်လိုလုပ် ကိုတိုး ပါးစပ် ထဲ ရောက်သွား ရပြန်တာ လဲ…

“ ဆရာကလဲ ဗျာ..ခက်စရာ မရှိ ရှာကြံ ခက်နေပြန်ပါတယ်…. သွားလိုက်ပေါ့.. သူတို့ စီစဉ်ပေးတဲ့ အတိုင်း လုပ်လိုက်..လွယ်လွယ်လေး.. ”

“ အေးပါ..ငါ စဉ်းစား ပါ အုံးမယ် ကွာ..”

တကယ်တော့ လည်း.. ဒီလောက် လွယ်လွယ် ဆုံးဖြတ် ဖို့ တော့..ဆရာအတွက် ဘယ်လွယ်ပါ့ မလဲလေ.. မာစတာ သီးစစ်စ် ကြီးက.. Mid-way defense တောင်ပြီး ပြီ ဆိုတော့.. အတော် ခရီးပေါက်နေပြီ။ နောက်ပြီး.. ဆရာ့ အမေ မုဆိုးမကြီး နဲ့.. အမ အပျိုကြီး ကရော.. သဘောတူ ပါ့မလား..။ သူ သိသလောက်တော့.. အဲဒီ ဆရာမကြီး က..တော်တော် တင်း ပြီး .. ပြတ် တယ် တဲ့…။ ဖေဖေ တို့တွေ နဲ့ ကျောင်းမှာ ခင် ကတည်းက.. ခပ်မာမာ အမျိုးသမီး လို့ ပြောဖူးသည်။ ဆရာ့ ကျကာ မှ ဘယ်လို ဖြစ်သလဲ မသိ။

ဘာပဲပြောပြော..ဟို..အမကြီး တို့ ဖက်က.. ဆရာ စင်ကာပူ သွား အလုပ်လုပ် ဖို့ ..အကုန် တာဝန်ယူ လုပ်ပေး မယ် ဆိုတာ..၀မ်းသာစရာပါ ပဲလေ…။ ခက်တာက.. အခု ချက်ခြင်း အလုပ်ထွက် ရမယ်.. မာစတာ လည်း ပြီးအောင် စောင့်မနေနဲ့ တော့ ဆိုတာ ကြတော့..သိပ် မဟုတ်သေးပါ ဘူး… ။ ဆရာ စိတ်ကူးယဉ် ထားတဲ့.. တက္ကသိုလ် ကထိက ဘ၀ ဆိုတာ ကိုရော.. ဘယ်.. လွယ်လွယ် စွန့်ပြစ် နိုင် ပါ့ မလဲ နော်…။ တကယ်ဆို..ဆရာက.. ကျောင်းစာ ဘာသာရပ် တွေ မှာ ..တော်တော် ပိုင်နိုင် ပြီး.. စာအရှင်း လည်း ကောင်းတာ။

.
.
.
.
.
.
.
.
.
.
.







 


Share/Bookmark

11 Comments:

ကိုလူထွေး said...

မရောက်တာကြာတော့ တော်တော်တောင်မှ ခါးပြတ်သွားပြီ... ဆရာစင်ကာပူမရောက်ခင်တော့ ရှေ့ကအပိုင်းတွေကို လာရှင်းဦးမှပဲ...

အမှန်က အားရပါးရ တစုတစည်းထဲ ဖတ်ချင်လို့ စောင့်နေတာပါ...

ဆက်ရေးပေးနော်...

းဝ)

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

geology..နဲ့..အဆက်အစပ်..မရှိဘူးသေးတဲ့..
စာဖတ်သူတွေကို..Plate tectonic theory..ကို ပါးပါးလေး..တင်ပြသွားတာ..သိတ်ကောင်းတာပဲ..
မကေရေ...တရုပ်သိုင်းကားလို.အပိုင်း ၁၀၀ ကျော်မယ်
ထင်တယ်...း))

Moe Cho Thinn said...

ပင်နီလေးနဲ့ ကျောင်းသူလေးရေ..စောင့်ဖတ်နေပါတယ်။ မန္တလေးဆောင်ကြီးနဲ့ တကသ အဆောက်အဦပုံ မြင်တော့ အတိတ်တွေက အရိပ်တွေလို မှုန်ဝါးမနေတာ သေချာပါတယ်။

ဆရာက ကိုယ့်ချစ်သူနဲ့ ပေါင်းရမှာထက် တခြားကိစ္စတွေ ကျော်တွေးနေသလား အောက်မေ့မိတယ်။ ဘာလို့ အ၀ယ်ခံရတယ်လို့ ထင်ရတာပါလိမ့်။ ကျောင်းကြီးကို မခွဲချင်ဘူး ထင်ပါရဲ့။

အောင်သာငယ် said...

လွမ်းစရာတွေ ဖြစ်ကုန်ပြီပေါ့ ငါ့ညီမ...း(
မန်းလေးဆောင်နဲ့ သူငယ်ချင်းတွေကို လွမ်းတယ်...
အကိုကြီး ပြောသလို ၁၀၀ ပြည့်အောင်သာ ရေးပေါတော့...း)

P.Ti said...

စာကလည်းဖတ်လို့ကောင်း ဓာတ်ပုံတွေကလည်းပါဆိုတော့ ကျောင်းတော်ကြီးကို လွမ်းသွားပါတယ်...

rose of sharon said...

ဆရာ့ဖက်က ဝင်စဉ်းစားကြည့်တဲ့အခါ.... သူ့မာနက သူ့ကို ဇဝေဇဝါဖြစ်စေတယ်ထင်ရဲ့......

tin min htet said...

မကေ - ပုံတွေကိုတော့ အမွေဆိုင်လို့ သဘောထားပြီး ကူးသွားပါသည်။ ကျေးဇူးပါ။

ဇာတ်လမ်းက "စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်" ဆိုတာနဲ့ ပိုလိုက်လာပြီ။ တမျိုးထဲဆို ဘယ်လှမလဲ။

တန်ခူး said...

ပင်နီအကျီင်္ဘယ်နှစ်ထည်တောင်ချုပ်ထားသလဲကေ... တို့ မှာ တထည်ပဲရှိတယ်...တံတောင်ဆစ်ဖုန်းရင်ဖုန်းလေး...ကြယ်သီးတံလေးတွေနဲ့ ...သမဂ္ဂအဆောက်အဦးရှိခဲ့တဲ့နေရာမှာ စိန်ပန်းပြာတွေရှိခဲ့သတဲ့လား... မန္တလေးဆောင်ကြီးက လွမ်းစရာ... လရိပ်ပြာနဲ့ ဂျက်ဆင်ဝေးခဲ့တဲ့နောက်ပိုင်း... ကေရယ်... ဘာလို့ မှန်းမသိဘူး... ဒီပို့ စ်ကို ဖတ်တော့ ရင်ထဲတမျိုးကြီး...ဆရာက စကာပူလာဖြစ်သလား... ခုထိရှိနေသေးတယ်ဆို လိုက်စပ်စုကြည့်မလို့ ...ဟီး... တက်ဂ်ထားတယ်ညီမရေ... စိန်ပန်းနဲ့ ကံကော်လဲ ဖတ်ချင်သေးတော့.. အင်း... လောဘများ သိပ်ကြီးသွားသလား...

MANORHARY said...

ဘဝမှာ အမှတ်တရဖြစ်ဖွယ်အချိန်များ
ဘာလုပ်လုပ် အရသာရှိရှိလုပ်ဖြစ်ခဲ့တဲ့
အတွေးတွေလည်းအမြဲလန်းဆန်းနေခဲ့တဲ့
ကံ့ကော်နေ့ရက်တွေ............
တစ်စစီတစ်ကွက်စီပြန်ထုတ်ပြပေးနေတဲ့အတွက်
ကေ့ကိုကျေးဇူးတင်ပါတယ် ..

ခင်မင်းဇော် said...

မိုးနဲ့အတူ ပုဂံလမ်းက စောင့်နေမယ် ..ကေ

ThI said...

ဟောဒီ လို.. ခေတ်ကြီး ထဲမှာ.. သမိုင်း အမှန်ကို လက်ဆင့် မကမ်း နိုင် လို့.. ဒါမှမဟုတ်.. အမွေ မရ လို့.. ဘာဆို ဘာမှ မသိ တဲ့.. လူငယ် တွေ ဘယ်လောက် တောင် ရှိလိမ့် ဦးမလဲ…။

အမြဲတွေးပါတယ်... ကောင်းတဲ့ သမိုင်းတွေ ဟောင်းပေမယ့် မပြောင်းသွားအောင် တတ်နိုင်သမျှ လုပ်ကြရင်လို့...

နိုင်ငံရေးလို့ ပြောတာ မဟုတ်ဖူးနော်...
ခေတ် အဆက်ဆက် ပညာရေး လောကမှာ တက္ကသိုလ် လောကမှာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေ ယဉ်ကျေးမှုတွေက အစပေါ့...

ကိုယ်တွေက သက္ကရာဇ် 2000 ကျော်မှ တက္ကသိုလ်ကို ကြုံတွေ့ရတော့ :(