ၾသစေၾတလ် နေထိုင်ခွင့်

-
ဒီ အကြောင်း ကို.. မိတ်ဆွေ တွေ အတွက်.. ရေးပေး ချင် နေတာ ကြာပါပြီ။ ဆရာလုပ် ဖို့တော့မဟုတ်ပါဘူး။ ဟိုလူ ..ဒီလူ မေး တာတွေ ကိုလည်း.. တခါ တည်း စု ဖြေ ချင် လို့လေ။ နောက်ပြီး..ပြီးခဲ့တဲ့..ရက်ပိုင်း ကမှ.. မိတ်ဆွေ တယောက်က..ပူပူပန်ပန် လှမ်း ပြောတယ်။ စင်ကာပူ မှာ.. ကလေး တွေကို PR extension တွေ ထပ်တိုးမပေး တာ..ဘယ်လို ကူညီ နိုင် ကြမလည်း ပေါ့။ နောက်ထပ် ဖြစ်လတ္တံ သော လူငယ်တွေ လည်း ရှိ နေသေးတယ်.. အော်စီ လာနိုင်ပုံ လေး ရေးပေးပါလား ဆိုတာ နဲ့.. ခုတော့..တကယ် ရေးဖြစ်သွား ပြီ။ ဒါပေမဲ့..ကိုယ်ရေးတတ် တဲ့..လိုင်း မျိုး လည်း မဟုတ်။ နောက်ပြီး..ကိုယ်တိုင် လည်း အစ အဆုံး ..စိတ်ပါ လက်ပါ လုပ်ခဲ့တာ မဟုတ်တော့..ကိုယ်တိုင် လုပ်ခဲ့ တဲ့..အိမ်က..ဘိုးတော် ကို နဲနဲ ပြန် မေး ပြီး.. မှတ်မိ သလောက် နားလည် သလောက် ရေး ပေး လိုက် တယ်။ တကယ်တော့..ဒါ မျိုးကို..ကိုအန်ဒီ များ ရေး မလား လို့ စောင့်နေတာ။ သူ က..သေချာ..စနစ်တကျ ..ဂရပ်တွေ..စာရင်း တွေ နဲ့.. ရေး တတ်တော့..သူ ရေး ရင် ပို ကောင်းမှာ ပါ ။ ကဲ- ကိုအန်ဒီ ရေ..ကိုအန်ဒီ တို့ အတွေ့အကြုံလေး တွေပါ..ထပ်ဆောင်းပြီး..နောက် ဗားရှင်း တမျိုး နဲ့ ထပ်ရေး ပေး ပါ ဦး။ သိချင်တဲ့လူ တွေ အတွက် ပိုပြည့်စုံ သွား အောင်ပါ။ တခြား အတွေ့အကြုံ ရှိသူ များ ပါ၊ ဖြည့်စွက် အကြံပေး ဖို့ ဖိတ်ခေါ် ပါတယ်။

+++++

စင်ကာပူ မှာ နေလာ တာ နဲနဲ ကြာ လာတော့..ဘိုးတော် လုပ်သူက.. အော်စီကို ပြောင်း ဖို့ စ လှုပ်ရှား လာတယ်။ သူက.. ငယ်ငယ် တည်းက..အော်စီ ကိုပဲ..အိမ်မက် မက် ခဲ့တာ တဲ့။ သူ့အဒေါ် တယောက် က တဆင့်..သူက..အော်စီ ရူးနေခဲ့တာ ကြာပီ ဆိုပါတော့။ ကိုယ် ကတော့.. အထိုင် အထ နှေးသူ (Inertia ) များသူ ပီပီ...တနေရာ ရောက် ပြီးသွား ရင်..မရွေ့ချင် တော့ဘူး။ ဘယ်နိုင်ငံမှ..ဘာရယ်မှ လို့ လည်း စိတ်ထဲ သိပ်မရှိ နေဘူး။ အဲဒါ နဲ့..သူ့ဖာသူ အင်တာနက် မှာ လေ့လာ..စာရွက်စာတမ်း တွေ စု- လုပ်နေ လည်း.. ဒီလိုပဲ.. မသိလိုက် မသိဖာသာ နဲ့..ကြည့်နေတာပဲ ။ နောက် ဆုံး spouse အတွက်.. ၅ မှတ် ရ အောင် လုပ် ရမယ် ဆို တော့မှ.. ဖုတ်ဖတ် ခါ ပြီး.. IELTS ကလေး ပြေး ဖြေ ပေး လိုက်တယ်။ ကဲ - ရော့ ၅ မှတ်။

တကယ်တော့..အော်စီ Migration လျှောက်တာ ကို သူတို့ website မှာ ရှိတဲ့ သက်ဆိုင်ရာ Booklet ကို ကိုယ့်ဖာကိုယ် သေချာ ဖတ်ကြည့် ရင်လည်း ရပါတယ်။ ခက်တာက..မိတ်ဆွေတချို့မေးရင်- အကြမ်းဖျင်းရှင်းပြ ပြီး၊ အင်တာနက် မှာ ဖတ်ကြည့် လိုက် လို့ ပြောလိုက် ရင်..တော်တော်များများ က.. ဆက်မလုပ်ကြတော့ဘူး ။ ( တကယ်လည်း seriously မသိချင် တာလည်း ပါမှာပေါ့) အဲဒါကြောင့်..လျှောက်နည်း အဆင့်ဆင့် ဆို တာထက်..ကိုယ့်အတွေ့အကြုံ ကို ယှဉ်တာ လေး တွေပဲ..အဓိက ထား ပြောပါ့မယ်။ စင်ကာပူ ပီအာ လျှေက်တဲ့ နည်းလမ်း အားထုတ်ရမူ နဲ့.တော့...အနည်းငယ် ကွာပါတယ်။ ဆိုလိုတာက- စင်ကာပူ ပီ အာ လျှောက်ရင်- ပုံစံဖြည့်၊ လိုအပ်တဲ့..စာရွက်စာတမ်း တွေနဲ့..တခါတည်း သွားတင် လိုက်ယုံပဲ။ ( လူတိုင်း အင်တာမဗျူးပါဘူး) အော်စီ ကတော့..တော်တော်ရှုပ် ပါတယ်။ အချိန်ယူ ပြီး ပြင်ဆင် ရ ပါတယ်။ ပိုက်ပိုက် လည်း အတော်အတန် ကုန်ပါတယ်။ ဒါတောင်..ကိုယ်တွေ တုန်းက..အေးဂျင့် မသုံးပဲ၊ အစအဆုံး ကိုယ်တိုင် လုပ် ခဲ့လို့။ (အေးဂျင့်ခ က- စလုံးဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကြား မှာ ရှိ မယ်လို့ထင်ပါတယ်။ အတိအကျ မသိပါ။) အေးဂျင့် သုံးသော သူများ အတွက် အားသာချက်ကတော့.. ခေါင်းမစားဘူးပေါ့..။ နောက်-ကိုယ့်မှာ..အားနည်းချက် အနဲအပါး ရှိနေရင်၊ သူတို့က..ဖြတ်လမ်းနည်းလေး ဘာလေး အကြံပေး နိုင် တာပေါ့)

အော်စီ နေထိုင်ခွင့် အမျိုးအစား တွေ အများအပြားရှိ တဲ့ အထဲက..ကိုယ်တွေလျှောက်ခဲ့တဲ့၊ အတွေ့အကြုံ ရှိ တဲ့ skill migrant လေး တခု ကိုပဲ၊ ဒီနေရာမှာ ရေးပြမှာပါ။ စင်ကာပူ မှ- ပိုလီဆင်း ၊ ယူနီဆင်း တွေ လည်း၊ ဒီ ဟာနဲ့ပို အကျုံးဝင် မယ်ထင်ပါတယ်။ ဒါပေမဲ့..အဲဒီ General Skill Migrant အောက်မှာ လည်း..နဲနဲ ထပ်ပြီး ၊ အုပ်စုတွေ ခွဲ ထားပါသေးတယ်။
Skill Independent
Skill Sponsored
စသဖြင့်။
Independent ကတော့ ပိုမြန်တယ်လို့ ပြောပါတယ်။ Sponsored ကကျ တော့၊ ကိုယ့်ကို စပွန်ဆာခေါ်မဲ့ ဆွေမျိုး ရဲ့ ဘဏ်ငွေ ပိုင်ဆိုင်မူ၊ အခွန်ကင်းရှင်းမူ၊ သွေးသား တော်စပ်ပုံ အထောက်အထား ..ဒါတွေက..ထပ် အဆင့်ပိုသွားလို့ပါ။ ကဲ- ပထမဆုံး..အသက်က..စကြည့် တာပေါ့။

(၁) အသက်-
အသက် ၄၅ ကျော် ရင်တော့..ဒီ အမျိုးအစား ထဲ မှာ လုံးဝ အကျုံးမ၀င်တော့ပါ။

(၂) သက်မွေးဝမ်းကြောင်း ရွေး (Qualification Assessment)

ပထမဆုံး- ကိုယ်က ဘာ သက်မွေးဝမ်းကြောင်း နဲ့ လျှောက်မှာလည်း ဆိုတာ၊ အရင် သိ ရပါမယ်။ အဲဒီ အတွက် Skill Occupation List (SOL) ကို အရင်ကြည့် ပါ။ see form 1121i

အဲဒီမှာ- အမှတ် ၄၀-၅၀ နဲ့ ၆၀ အသီးသီးစီ ရှိတဲ့..သက်မွေးဝမ်းကြောင်းမျိုးစုံပါပါတယ်။ တခုခုနဲ့တော့..သေချာပေါက် အကျုံးဝင် မှာပါ။ မှတ်မှတ် ရရ ဆရာဝန် နဲ့..ပိုက်ပြင်သမား က..အမှတ် ၆၀ အတူတူပါပဲ။ အဲဒီ ထဲက..ကိုယ့်လျှောက်မဲ့..သက်မွေး တွေ့ပြီ ဆိုရင်၊ အဲဒီ ဟာမှာ ရေးထားတဲ့..သက်ဆိုင်ရာ Assessment Authority ကို ကြည့်ပါ။ သူ့ ၀ဘ်ဆိုဒ် ကို သွားပါ။ အသိ မိတ်ဆွေတချို့ရဲ့ အတွေ့အကြုံ အရ- ဥပဒေ သမားတွေ ဆို အော်စီအစိုးရ ရဲ့ ဘားကောင်စီ မှာ ချိန်ဘာ ဆင်းတဲ့ ကာလ ဘာညာ ဆိုတာတွေ လိုအပ် တဲ့အတွက်၊ ခက်ခဲပါတယ်။ နောက်- ပညာရေး လိုင်း ဆိုရင်လည်း၊ အရည်အသွေးကို ပို တင်းကျပ်ပါတယ်။ အင်ဂျင်နီယာ လိုင်းကတော့..ပရောဂျက် တခု ရေးပြဖို့လို တယ်လို့သိရပါတယ်)

အဲဒီ Qualification Assessement အဆင့်မှာ၊ သူ့သတ်မှတ်ချက် အတိုင်း လျှောက်လွှာ စတင်ပါ။ လျှောက်ခ က စလုံးဒေါ်လာ ၃၀၀ ၀န်းကျင် လို့ ထင်ပါတယ်။ သိပ်တော့မမှတ်မိတော့။ တလ တန်သည် ၂လ တန်သည် စောင့် ရ တတ်ပါတယ်။ အဲဒီမှာ မှ- ကိုယ့် ရဲ့ ဘွဲ့လတ်မှတ် သည်၊ အော်စီ အသိအမှတ်ပြု အရည်အချင်း နှင့် ကိုက်ညီ သည် - မကိုက်ညီ ပါ ဆို တဲ့..စာ ရွက် တခု ရလာပါမယ်။ အဲ- မကိုက်ညီပါ ဆို ရင်တော့..ဆက်လုပ် စရာ အကြောင်း မရှိ တော့ပါဘူး။ (အေးဂျင့် နဲ့ လုပ်တဲ့..အသိ တယောက်တုန်းကတော့..မကိုက်ညီပါ လို့ဆိုရဲ့သားနဲ့.. လျှောက်လွှာ ဖိုးတွေ ပလုံခံ ပြီး ဆက်ကြိုးစားကြည့် ဖူးပါတယ်။ )

(၃) အမှတ်တွက်ပါ။ ( Point System)

သူက.. Point System ကိုသုံးတဲ့ အတွက်၊ ကိုယ့် မှာ ရနိုင်မဲ့..အမှတ် ( point)တွေကို အရင်ဆုံး တွက်ရပါတယ်။ အမှတ်ပေါင်း က..ကိုယ်တွေ တုန်းက..၁၁၅ ..ခုတော့ ၁၂၀ ဖြစ်သွားပြီလို့ ပြောပါတယ်။

အောက်မှာ နမူနာ တွက်ပြ ထားပါတယ်။ ( ယေဘုယျ အမှတ်တွေ နဲ့တွက်ပေးထားပြီး.. ကွင်းထဲက..အမှတ်တွေက အမြင့်ဆုံး ဖြစ်နိုင်တာကို ပြောချင်တာပါ)
-


အဲဒီမှာ - Occupation in demand (job offer) က၊ နှစ်အလိုက် ပြောင်းတတ်တယ်။ ဥပမာ- အိုင်တီ၊ သူနာပြု၊ စာရင်းကိုင် စသဖြင့် သူတို့နိုင်ငံ မှာ လိုနေတဲ့..အခြေအနေကိုလိုက် ပါတယ်။

Designated language ကတော့..မြန်မာစာ အတွက် ရတာပါ။ ( မြန်မာစာ မတတ်တဲ့သူဆိုရင်တော့..မသိဘူး )း)

Partner Skill ကလည်း၊ ရှိရင်ပေါ့လေ။ ကိုယ့် အဖော်က လည်း၊ အခြေခံ အမှတ်တွေ ဖြစ်တဲ့..အသက်၊ အင်္ဂလိပ်စာ နဲ့၊ သက်မွေးမူ တခုခု ၀င်တယ် ဆိုရင် - အဲဒီ ၅ မှတ်ပေါ့။

State territory nomination ဆိုတာက..သူတို့နိုင်ငံကလိုတဲ့..အရပ်ဒေသ မှာ နေရမယ် ဆိုတာ မျိုးပါ။ များသော အားဖြင့်..အမှတ်လိုသူ တွေ..အဲဒီကနေ ယူဖြည့်ပါတယ်။

အမျိုး ရှိရင် တော့..အောက်ဆုံးက.. Designated sponsorship မှာ ၂၅ မှတ်တောင် ရမှာပါ။ ဒါပေမဲ့..အပေါ်မှာ ပြောခဲ့သလို၊ ကိစ္စ ၀ိစ္စ တွေများပါတယ်။

အဲဒီတော့..ခု နမူနာ ပြတဲ့ သူက- (အဖော်နဲ့) ၁၂၀ ရနေပါပြီ။ သတ်မှတ်တဲ့ အမှတ်ပေါင်း ၀င်ပါတယ်။ အဖော် နဲ့ ဆိုလို့ တကိုယ်တည်း သမား တွေ အတွက် လည်း မပူ ပါနဲ့။ သူက.. boy friend - gal friend ကိုတောင် de facto အနေနဲ့ ထဲ့လျှောက်လို့ ရပါတယ်။ သိပ်သဘော ထား ကြီးပါတယ်။း)

(၄) အင်္ဂလိပ်စာ ဖြေ

Qualification Assessment အတွက် လက်မှတ် လည်း ရ ထားပြီ။ အမှတ်လည်း ၀င်ပြီ ဆိုရင်တော့..နီးစပ်ရာ British သံရုံး မှာ IELTS အင်္ဂလိပ်စာ ပြေး ဖြေ ပေ တော့။

အမှတ်တရ- စင်ကာပူ မှာ ကိုယ်ဖြေ တုန်းက.. ကြုံခဲ့ရတာ။ နေ့လည်စာ စားမသွာပဲ..ဗိုက်ဟောင်းလောင်း နဲ့သွားဖြေတာ။ listening ဖြေတဲ့အချိန်..ဟိုက..အသံကို နားစိုက် ထောင် လေ..ဗိုက်ကဆာ လေ။ ဗိုက်က ဆာလေ..နားထောင်လို့ မရ လေ.. ခေါင်းတွေမူးလေ.. နောက်ဆုံး ချာလပတ် ၇မ်းပြီး.. နောက် တပိုင်း writing မဖြေခင် ၁၀ မိနစ် အချိန် ရတာ..သံရုံး အောက်ပြေးဆင်းပီး..မုန့်ဆိုင်ရှာတော့.. ပိတ်ရက် မို့ ဘာမှ မရှိ။ မတတ်နိုင် တော့ဘူး..သံရုံး စောင့် ကုလားကြီး ဆီသွားပြီး..နင့်မှာ မုန့်ရှိ ရင် ကျွေးပါ ဆိုပြီး တောင်းရ တော့တယ်။ ကုလား အဘိုးကြီး က..အူကြောင် ကြောင် နဲ့ ကြည့် ပြီး..သူညဖက်စား တဲ့..ဘီစကွတ်မုန့်ဗုံး ကြီး ထုတ်ပေးတယ်။ မတတ် နိုင်ဘူး၊ အချိန်က.. ဆိုင်ရှာ ရတာ..သူ့မေးရတာနဲ့..၅ မိနစ် လောက်ပဲ ကျန် တော့တာ။ ဘီစကွတ် တွေ..အတင်းပါးစပ် ထဲ ထိုးထဲ့။ ရေလောင်းချ ပြီး။ အမြန် ပြန် ပြေးတက် ပြီး ဖြေ ခဲ့ ရတာ..တကယ်ပါ..တခါ မှ အဲလို မကြုံ ဖူးဘူး။

(၅) Form တင်ယုံ ပဲ

စာရွက်စာတမ်း အားလုံး ပြည့်စုံ ပြီ ဆို ရင်တော့.. Form 1276 ကို အသားကုန် ဖြည့် ပြီး၊ လျှောက်လွှာခ ထောင်ကျော် နဲ့အတူ ပို့လိုက် ပေ တော့ပေါ့။ တပတ် ၂ပတ် နေရင် ရရှိကြောင်း ဘာညာ အီးမေးလ် ပြန်လာလိမ့်မယ်။ အမယ်- သူတို့က ဒီနေရာတော့ ကြီးကျယ်သား။ processing လုပ်နေစဉ် စုံစမ်း မေးမြန်းပါက.. နှောင့်နှေး မည် တဲ့။ ကြောက်လို့..မေးကိုမမေး ရဲဘူး။ တခု ရှိတာတော့၊ စင်ကာပူ ရုံးများ နဲ့ လုပ်ပုံကိုင်ပုံ ခြင်း နဲနဲကွာ ပါတယ်။ စင်ကာပူ မှာတော့.. ၀န်ဆောင်မူ သွက်လက် အဆင်ပြေမူ ကို ဦးစားပေး နံမယ်ယူ ထားတော့၊ အစိုးရ ရုံးတွေပါ မကျန်၊ အကုန် မြန်တယ်။ အော်စီ မှာတော့..တချို့နေရာ တွေမှာ..ကြိုးနီ မဟုတ်တောင် ..ကြိုးပန်းရောင်လေး တွေ နဲနဲ ရှိတယ်။ တကယ်တော့.. အော်စီ စတိုင် က.. ဘာလုပ်လုပ် အေးဆေး ဆို တော့.. စိတ်မြန် ရင် တော့..အသဲယားရ တာပေါ့။ ကိုယ် တွေ တုန်းက..နောက်ဆုံး အဆင့်မှာ.. ကြာ ပါတယ် ပေါ့..၊ စောင့်နေတာ၊ မေးလည်းအရမ်း မမေးရဲ။ နောက်ဆုံး မနေ နိုင် လို့၊ လှမ်းမေး တော့မှ၊ စာရွက် တခု (ရဲစခန်း ထောက်ခံစာ လား မှားနေလို့) တဲ့။ ပြောလည်း မပြော တော့ ဘယ်လို သိမှာ လည်း။ တခါ ကြားထဲ မှာ- case officer ပြောင်းသွား လို့ ဆို တာ လည်း ရှိသေးတယ်။

ဆေးစစ် တာ တို့..ရဲစခန်း ထောက်ခံစာ တို့ကတော့..ရတာ သေချာ ပြီ ဆိုမှ-နောက်ဆုံး အဆင့်ပေါ့။ သူက..၅ နှစ် အတွင်း၊ နေခဲ့တဲ့ နိုင်ငံ တွေက..ရဲစခန်းထောက်ခံစာ လို တယ်။

Processing ကြာချိန် ကလည်း၊ အမျိုးမျိုးပါပဲ။ တချို့လည်း ၄-၅- ၆ လ လောက်ပဲ ။ တချို့လည်း နှစ်နဲ့ချီ တယ်။ စာရွက်စာတမ်း မပြည့်စုံ ရင်တော့၊ ပိုဆိုးတာပေါ့။ နောက်တခု က၊ မြန်မာ ပြည်ကနေ၊ လျှောက်မယ် ဆိုရင် တော့၊ မြန်မာ ဘွဲ့ certificate နဲ့ ရမရ ဆို တာ ကို တော့..သေချာ မပြောတတ် ဘူး။ ရတဲ့ လူ တွေ လည်း ရှိ တယ်။ အသိ တယောက် ကတော့.. GTI လတ်မှတ် နဲ့ လွယ်လွယ်ကူကူ ရ ခဲ့တယ်လို့ ပြောတယ်။ စင်ကာပူ က..ပိုလီ ဆင်းပီး စ တွေ ဆိုရင်လည်း၊ technician နဲ့လာရင် ရနိုင်တယ်။ ဘာလို့ဆို..အသက်ငယ် ရင်ကို.. အမှတ်က..၅ မှတ် ပိုရနေပြီလေ။

သိ သလောက် ထပ် ပြော ရရင်တော့..ဆရာဝန် တွေ ကျ တော့၊ သူတို့ အသိအမှတ်ပြု တဲ့ နေရာလုပ်သက် တခု ( ဥပမာ - အင်္ဂလန်၊ တောင်အာဖရိက ) ကနေ လာရင်၊ ၀င် လို့ရတယ်။ ဒါပေမဲ့၊ ၅ နှစ်လား အတွင်း သူတို့သတ်မှတ် တဲ့ စာမေးပွဲ ဖြေရတယ်။ ၂ ဆင့် ဖြေရတယ်။ လူငယ် တွေ အတွက် သိပ် မခက် ပေမဲ့..လူကြီးဆရာဝန် ကြီး တွေ အတွက်..စာတွေနဲ့ဝေးနေရင်၊ သိပ်မလွယ်ဘူးလို့ ပြောတယ်။ အဲဒါ မအောင်ရင်တော့..အော်စီက..စတိတ် ၇ ခုမှာ၊ တခုပြီးတခု ပြောင်းပြီး သာ လှည့် နေပေတော့ တဲ့။

ကဲ- ကိုယ်သိ သလောက် ကြားဖူးနားဝ ရှိသလောက် ရေး ပြတာပါ။ အမှားများ တွေ့ရင်လည်း ထောက်ပြ ကြပါ။ နောက်ကြုံရင် ကြုံသလို အော်စီ အကြောင်းလေး တွေ ရေးပေးပါ ဦးမယ်။

ဆက်စပ် ဖတ်ရန်- အော်ဇီ က ၀င်ငွေ-ထွက်ငွေ - Australia Vs Singapore သြော်ဇီ PR အတွက် Agent သုံးသင့် မသုံးသင့်( ကိုအန်ဒီ ဘလော့မှ-)


Share/Bookmark

25 Comments:

Anonymous said...

လေ့လာမှတ်သားသွားပါတယ်ခင်ဗျာ

Unknown said...

Thanks K. good work. I hope I didn't push you too much to write this!!! I will also share this with my friends and relatives. Say Hi to Saw (your Boe Daw).
Ko Minn & Ma Cho

Thet Oo said...

နေ့လည်စာ ဘာလို့စားမသွားတာလဲ။ ဧကန္တတော့ ဧကန္တပဲ။

Anonymous said...

အဟိ ဟို ကုလားအဘိုးကြီးဆီက မုန့်တောင်းစားတဲ့ မကေပုံစံကို စဉ်းစားပြီး တခွိခွိ ဖြစ်သွားတယ်း)

TZA said...

ဖတ်သွားမှတ်သွားပါတယ် မကေသွယ်။

Unknown said...

လျှောက်ခ က စလုံးဒေါ်လာ ၃၀၀ ၀န်းကျင် လို့ ထင်ပါတယ်။
နြောက်တော. အောက်နားမှကျ
လျှောက်လွှာခ ထောင်ကျော် နဲ့အတူ ပို့လိုက် ပေ တော့ပေါ့။

သိပ်မရှင်းလိုနော် အစ်မ တကယ် ဘယ်လောက် ကုန်ကျပါသလဲ။

Anonymous said...

အော်- စိုင်းထွန်းရေ-

၃၀၀ ၀န်းကျင် ဆို တဲ့ လျှောက်လွှာခ က.. Qualification Assessment တခု ထဲအတွက် လေ။

အားလုံး စာရွက်စာတမ်း စုံ ပြီး နောက်ဆုံး..တကယ့် completer application package ကြီးက တော့..ထောင်ဂဏန်း ရှိတယ်။ ကုန်ကျစရိတ်တွေက..အဆင့်ဆင့် အလီလီ ပဲလေ။

ကိုပေါ said...

အို…..တို့က စင်္ကာပူက တဖ၀ါးမှ ခွာနိုင်ဘူး၊ ခွာနိုင်ဘူး။ တို့က စင်္ကာပူလို ကမ္ဘာ့အဆင့်မီ (World first class) နိုင်ငံဂျီးမှာမှ ရာသက်ပန် နေချင်တာ။ သိပြီလား။

သြစတေးလျားသော မလျားသော
ကိုအော်စီသော မစီသော
နောဇာနာမိ ဒို့မသိဘူး။
မလာဘူး လာမယောင်နဲ့ဟု
ရန်ထောင်၍ပင် လွှတ်လိုက်ချေသေးသည်။ (ဦးပုညဆီက ခိုးချလိုက်တယ်)

ဟီး……………..နောက်တာပါ။………အခုလို ရေးပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Andy Myint said...

မကေရေ.. ကျွန်တော်လည်း ရေးမယ် ရေးမယ်နဲ့ ရေးတယ်ဆီ မရောက်ဘူး ဖြစ်နေလို့။ မကေရေးလိုက်တော့ ကျွန်တော် သက်သာသွားတာပေါ့ ဟီးဟီး... ရေးတော့ ရေးဦးမှာပါ။

mAymAd! said...

I really thank you a lot
ni sitt

Anonymous said...

Hi Ma,
I would like to apply AU PR.
So wanna know that what do they make for medical check-up?
and what kind of IELTS type should I take?
Please give me some advices what should I do.
TQ
:)

kay said...

Hi Anon.
I can't remember medical check up all detail. It should be the same as other usual requirements. What I remember is if someone has diagnosed with TB or some other suspect, he or she was allowed to enter AU conditionally. It means, will have to report Local health authority every 3 mths of 6 mths. something like that.
For IELTS, you can decide either Academic or General depends on your future plan. If you have intention to go for futher study, of cos, you should have to take academic.
Good Luck :)

Anonymous said...

Hi Ma,
TQ so much for replying my questions, u r so kind.
Can i ask a few questions?
Now i m working as a System Administrator in SG.
I wanna jump to AU.
is it possible to get a job and PR at there this time?
should i apply with agent or by myself?
should i start apply PR or job?
TQ ma
Take care
:)

Anonymous said...

အမရေ ကျွန်တော်လည်းလာဖတ် သွားပါတယ်..စိတ်လည်းဝင်စားပါတယ်..
ကျွန်တော်တခုသိချင်တာက လေ..independent visa လျောက်တာမှာ စပွန်ဆာမပါတော့ အမတ့ို့ ဟိုရောက်တဲ့အခါ နေ ရေးထိုင်ေ၇းဘယ်လိုလုပ်ရလဲဗျ ..ကိုယ့် ဟာကိုရှာရတာလား..သူတို့ ရှာပေးတာလား( ပိုက်ပိုက်ကတောု့ကိုယ့်ဟာကိုပေးရမှာပေါ့ ) နောက်အလုပ် ကရော သူတို့ အစိုးရကဘဲ ၀ိုင်းရှာပေးတာလားဗျ..ကျွန်တော်လဲ လျေက် ချင် ပါတယ် အားလုံး စုစုပေါ င်းက အော်ဇီ ၆၀၀၀ကျော် လေယဉ် လက်မှတ်ဘိုးနဲ့ဆို ၈၀၀၀လောက်ကျမယ်ထင်တယ်နော.် ကျွန်တော်အမကို မရှင်းတာရှိရင် မေးလို့များရမလားမသိဘူးနော်...အမ တို့ က အရင် အတွေ့ ကြုံ၇ှိတော့လေ အားကိုးပါရစေလားဗျ ..ဟိ ဟိ လောလောဆယ်တော့ ဖောင်တွေ ဒေါင်းနေပြီ ဖြေးဖြေးချင်းတော့စ ရမှာဘဲ...
အရင် ဆုံး qualify ass.. ကို အရင်လုပ်ကြည့်ရမယ် ...
စကားမစပ် အမရယ် ကျွန်တော် က မြန်မာပြည်က ဘွဲ့ တစ်ခုဘဲရှိတာဆိုတော့ သူတို့အစိုးရက အသိမှတ်ပြုပါ့မလားလို့ နော်.....IELTS က ၆ အောင် ဆိုရင်ရော အမှတ်ရပါ့မလားနော့  ဟိုးအရင်ဖြေကြည့်တုံးကတော့ ၅.၅ ရဘူးတယ် ..အခုတော့ လက်မှတ် က အသက် ကုန်သွားပြီ ဆိုတော့ပြန်ဖြေကြည့်၇မှာပေါ့....ထိထက် ကျသွားရင်တော့ နော်...အီး.....
ဘာဘဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်...
ကျွန်တော့ ဆီကိုလဲ စာပြန်စေချင်ပါတယ် ...အားမှပါ အားရှိအောင်ပေါ့ ဟဲဟဲဟဲ

kay said...

အပေါ်က..အမည်မသိ နဲ့ နောက်ဆုံး မသိ ကို ပေါင်းဖြေလိုက်တယ်။ အေးဂျင့် နဲ့ လုပ်သင့် -မလုပ်သင့် ဆိုတာ.. ကိုယ့်အခြေအနေ ပေါ်မူတည်ပါတယ်.. ပို့စ်အောက်မှာလဲ..ကိုအန်ဒီမြင့် ရေးထားတဲ့..စာတွေ လင့်ထားပေးတာ..တွေ့မယ်ထင်ပါတယ်။ နောက်- မသိ အတွက်ကတော့.. အလုပ် ကို..အစိုးရ က.. ရှာပေး..ထိုင်စောင့် နေတာ မျိုး..မဟုတ်ပါဘူး။ အဲဒီလောက် လွယ်လွယ် တွက်မထားသင့်ပေဘူး။ စ လုပ်နေပြီ ဆိုတော့..လုပ်ရင်းပဲ..တဆင့်ချင်း..နားလည် ပြီးစီး သွားပါလိမ့်မယ်။ ( ကိုယ့် အဒေါ်တယောက် စကား ငှားသုံးရရင်.. ဒီလောက် ပညာတွေ သင်ထားတာ..ဟင်းချက်တာ..သင်စရာ လား တဲ့.. :D အားလုံး ကံကောင်းပါစေ။

Anonymous said...

အဲဒါ မှ ဂွ ကျပြီ အမရေ ..အမ ရဲ့ အဒေါ် ပြောသလို ဒီလောက်ပညာတွေ သင်ပြီးမှ ဟင်းချက်တာသင်စရာလားတဲ့ ကောင်းရော
သင်ထားတဲ့ပညာနဲ့က အလုပ်က ရှားတယ်ဆိုတော့လေ ရတာဘဲ ၀င်လုပ်နေရတာပါ....ဟိ ဟိ ..ဟိ

ကျွန်တော် က အဲဒိဟင်းချက်တဲ့

အလုပ်လုပ်နေတာခင်ဗျ... ကျွန်တော် တို့ နိုင်ငံ ရေး အခြေအနေကြောင့် ကျွန်တော်တို ရဲံ လက်မှတ် က နိုင်ငံတကာအလယ်မှာမျက်နှာငယ်ရသေးတာလဲ၇ှိသေးတယ်လေ ...ကိုယ်တွေ့ မို့ပါ ....၉၆ ။၉၇ မှာ စင်ကာပူ အလုပ်ရှင် က အီးပီလျောက်ပေးဘို့ ကျွန်တော် ဘွဲ့ လက်မှတ် ကို တင်လိုက် တော့ မြန်မာပြည်က လက်မှတ် မို့  မရခဲ့တာပါ့..(အခုတော့ ရနေကြပြီမို့ သူများတွေ အတွက် ပီတိ ဖြစ်ရပါတယ် )
အဲဒိတုံး က ကိုယ်နဲ့ ကုပဏီအတူတူ လုပ်တဲ အိန္ဒိယ ကုလား ခင်ဗျာ ဘွဲ့ မရလို့ အီးပီမရမှာ ပူနေ တာ ....
တကယ် တော့ သူ က ( မြန်မာလို ဂျီတီအိုင် အဆင့်နဲ့ လာတာလေ ) ဒါေ ပမယ့် သူကရပြီးကိုယ်က ကျန်ခဲ့တာ ခင်ဗျ.....ဒါ ကြောင့် အော်ဇီ အစိုးရကရော ကျွန်တော်တို့ ပြည်တွင်းဖြစ်လက်မှတ် ကို ဘယ်လောက်အမှတ်ပေးမလဲ လို့သိချင်လို့ပါ ဗျ....

kay said...

တို့ဆိုလိုချင်တာ.. တကယ် pro. chef သင်တန်း တွေ နဲ့ မဆိုင်ဘူးနော်။ common sense သုံး တတ်ဖို့..တို့အဒေါ်က.. ပြောခဲ့တဲ့..စကားလေး ကို တင်စား ကိုးကား လိုက်တာပါ။

Unknown said...
This comment has been removed by the author.
Unknown said...

May i know how many experience need to apply for this?i'm accountant and i have only one year experience. it is possible to be apply?thanks for your post sis.

Anonymous said...

Hello sis, could you please let me know about how to get the qualification assessment? Is it the one from Australia or Singapore?

ukyaw said...

အမေ၇ စကားမစပ် ဟိုနေ့ က အမ ဘလော့ပေါ်မှာတွေ့ လိုက်တဲ့  ..ရတနာနတ်မယ်အကြောင်းေ၇းထားတဲ့လင့်လေရှိသေး၇င် လုပ်ပါအုံး ပြန်ရှာတာမတွေ့ တော့လို့ချင်ဗျ....
ကျွန်တော်ဘဲ လိပ်စာမှားမှတ်မိသလား..လို့ မှားသွား၇င်ဆော်၇ီးနော်...

kay said...

ဦးကျော်..
မျက်စိလည်နေတယ် ထင်တယ်။
ရတနာနတ်မယ် ပို့စ် သူ့နေရာမှာပဲ ရှိနေပါတယ်။
ဘန်နာ ပေါ်မှာ ကလစ်လိုက်ရင်..ပင်မ ဘလော့စာမျက်နှာ ရောက်သွားလိမ့်မယ်။ အဲဒီ မှာ..တခုချင်း အောက်ကို ဆင်းကြည့်ပါ..။

Unknown said...

အမရေ..Designated Language အမှတ်ကို ဘယ်လို အထောက်အထားပြရတယ်ဆိုတာလေး ပြောပြပေးပါလား။ အကုန်လုံးက ၁၀ တန်းအထိတော့ မြန်မာစာသင်ခဲ့ရတာပဲလေ။ ဒါပေမဲ့ ဘယ်လို အထောက်အထား ပြရမယ်ဆိုတာမရှင်းလို့ပါ။ ကျေးဇူးတင်ပါတယ်နော်..

Unknown said...

a ma. how is the status of Ausi PR approval now ? SG PR is now more difficult? If i would like to apply Ausi PR now, do u think it is possible coz i heard that it is very difficult. thanks alot for sharing very useful information.

kyaw said...

မကေခင်ဗျား
State/Territory government nomination မှ အမှတ်ရနိုင်ပုံအကြောင်း သိချင်လို့ ဘယ်မှာသွားရှာဖတ်ရမလဲ ပြောပြပေးပါဦး ကျနော်ကအမှတ်လိုက်ရှာကြည့်နေသူမို့လို့ပါ