ကိုယ့်ထမင်း ကိုယ်စား၍-

ကိုယ့်ထမင်းကိုယ်စား၍...

ထမင်း..ဒါမှမဟုတ်..ဆန်ဟာ...ဗမာလူမျိုးတွေရဲ့နေ့စဉ်ဘ၀တွေမှာ..တော်တော်ပဲအရေးပါတယ်နော်..ပါဆို..တနေ့ကို ၂ နပ်ကနေ ၄နပ်ထိတောင်စားကြတာကိုး....
စကားပြောရင်တောင်..အလင်္ကာလိုလို ..ဥပမာလိုလို အမြဲထဲ့ပြောလေ့ရှိတယ်..
ဘာတဲ့...“သူ့ဆန်စားတော့ ရဲရမှာပေါ့..” တဲ့..
ဆင်ခြေလိုလို...မြှောက်ထိုးပင့်ကော်လိုလို..

မိဘတွေကလည်း..သားသမီးတွေကို..စိတ်ပူပူနဲ့ ဆုံးမတတ်တယ်...
“ဟဲ့..နင်တို့ရုပ်ရုပ်တွေမပါကြနဲ့...ကိုယ့်ထမင်းကိုနပ်မှန်အောင်စားရဖို့အရေးကြီးတယ်..”


ရှိသေးတယ်...“ဟား..ဒီကောင်လား..ကိုယ့်ထမင်းကိုယ်စားပီး ကြီးဒေါ်နွားသွားကျောင်းနေတာ..” ....အလကားပေါ့..အကျိုးမရှိဘူးပေါ့..အင်း..စဉ်းစားကြည့်တော့..ကိုယ့်ထမင်းကိုယ်စားပီး..တယောက်တည်း ထမင်းလုံးစီနေမဲ့ အတူတူ..ကြီးဒေါ်နွား သွားကျောင်းပေးတာ ..ကုသိုလ်တောင်ရသေး... အမျိုးက..အရင်းကြီးရှိသေးတယ်

လူတိုင်းကတော့..ကိုယ့်ထမင်းကိုယ်စားနေကြတာပါပဲ..မြို့စွန်ရွာဖြားက..ဆင်းရဲသားလည်း...
ဆန်ကွဲတပြည် ၈၀၀ ပေးဝယ်စားရတာပဲ..
(တခါတလေ..အပြောင်းအလဲလေးဖြစ်အောင်.. ထမရေသောက်ချင်သောက်ပေါ့)
ဟိုတိုးဒီတိုး..လူလတ်တန်းစားတွေလည်း..ငကျွဲဆန်တခွဲလောက်တော့..မထောင်းသာလှပါဘူး... ပေါ်ဆန်းမွှေးတအိတ် ၂သောင်းဆိုလည်း..စားနေကျဆိုတော့..တချို့ဝယ်ရတာပဲ... ပြည်ပကဗမာတွေလည်း..ယိုးဒယားဆန်စားလိုက်..ဗီယက်နမ်ဆန်စားလိုက်..ဘာစမာတီကုလားဆန်စားလိုက်..စားနေကြတာပဲ..

ဒါပေမဲ့..အဲဒီဆန်တွေအားလုံး..ကိုယ့်မီးဖိုချောင်ထဲမှာ..
ကိုယ့်ဖာသာကိုယ်စိုက်လို့ရတာမဟုတ်ပဲ..လယ်ကွင်းပြင်နဲ့ရာသီဥတုတွေ...လယ်သမားတွေနဲ့..တာဝန်ကျေစပါးတွေ..ကုန်သည်တွေနဲ့အခွန်အတုတ် တွေ..ကုန်တင်ကားတွေနဲ့မြိုဝင်ကြေးတွေ..ဆီကတဆင့်ပီးတဆင့်ဖြတ်ရင်း...သတ်မှတ်ဈေးနှုံးထက်ကျော်မရောင်းရဲတဲ့..လက်လီဆိုင်တွေဆီက
ဝယ်လာရတယ်ဆိုတာ..တချို့လည်း..အမူမဲ့အမှတ်မဲ့ ဖြစ်နေတတ်ကြတယ်...
ဒါကြောင့်..ကိုယ့်ထမင်းကိုယ်စားတယ်ဆိုတာ..အကြွင်းမဲ့တော့..မမှန်နိုင်ပါဘူးနော်..
ပီးတော့...ကိုယ့်ထမင်းကိုယ်စားပီး...ထမင်းလုံးစီ..လေတက်ရင်း..အိမ်ထဲမှာငိုက်နေရတာ..
ပျင်းစရာကြီးပါ...ဖြစ်နိုင်ရင်..ကိုယ့်ထမင်းကိုယ်စားပီး...ကြီးဒေါ်နွားပဲဖြစ်ဖြစ်..အမေ့အိမ်ကနွားပဲဖြစ်ဖြစ်ထွက်ကျောင်းရတာ..ပိုတောင်အကျိုးရှိပါသေးတယ်..အချိန်ပိုသေးရင်..အမေ့ခြံထဲက..အပင်လေးတွေပါ..ရေကူလောင်းပေးလို့ရသေးတယ်...


အင်း......တွေးရင်း...တွေးရင်း..ကိုယ့်ထမင်းကိုယ်စားပီး..အများအကျိုး..ပြည်အကျိုး..ဘာသာ
သာသနာအကျိုးကို..တနိုင်တပိုင်ထမ်းဆောင်နေကြတဲ့...ပြည်တွင်းပြည်ပက..ရွှေနိုင်ငံသားတွေကို..ကွန်ပြူတာ screen လေး တ၀က်စိုက်ရင်း ဦးညွှတ်ဂုဏ်ပြုလိုက်မိတော့တယ်..
(မှတ်ချက်.....logo များသည် အစဉ်ပြေသလိုထဲ့ထားခြင်းဖြစ်၍..ရွေးချယ်ထားခြင်းမဟုတ်ပါ..)


Share/Bookmark

2 Comments:

ခင်မင်းဇော် said...

ကေ
အမလည်း နိုင်ငံရေးလုံးဝ စိတ်မ၀င်စားတဲ့သူတွေကို အပေါင်းအသင်းတောင် မလုပ်ချင်ဘူး။
အဓိက ကိုယ်ခုလိုနေရတာ။ စားရတာတွေဟာ
ဘယ်သူတွေကြောင့်လဲ။ ဘာ့ကြောင့်ဒီလိုဖြစ်နေလဲ အားစိုက်စဉ်းစားတတ်ဖို့ တော့လိုမယ်ထင်တယ်။

Unknown said...

I like this post. I never think such view.