မကြီး-မလတ်-မထွေး

-
ရှေးရှေးတုန်းက..ရွာတရွာ မှာ..ညီအမ သုံးယောက် ရှိ တယ်တဲ့။ သူတို့ နံမည် တွေက..မကြီး မလတ် နဲ့ မထွေး တဲ့။

ငယ်ငယ်တုန်းက..ပုံပြင်တွေ ဖတ်ရင်.. နိဒါန်းက..အမြဲ အဲလိုချည်းပဲ ။ တခါတလေ လည်း- ကိုကြီး- ကိုလတ်- ကိုထွေး ဆိုတဲ့ ညီအကို သုံးယောက် နဲ့ အစားထိုး တဲ့အခါ ထိုး ။ ပြီးရင်..ဇတ်လမ်းက..ဆက်လာမယ်။ မကြီးက..စိတ်ပုပ် တယ်။ လောဘ ကြီးတယ်။ နောက်ဆုံး မယ်ထွေးလေး လေး ကပဲ၊ ဇတ်ရိုင်းနာ ပြီး၊ တဇတ်လုံး ကို ကယ်သွား ရတတ် တယ်။ ဘယ်ရှေးသုတ္တံဆရာ ကများ- ဘာ ကို ကြည့်ပြီး..ဆောင်ပုံ ကိုင် ခဲ့ သလည်း တော့မသိဘူးနော်။ ပုံပြင် တိုင်းလို..ဒီအတိုင်း ချည်းပဲ။ တကယ့်တကယ်က..အလယ်လတ် နေတဲ့..မလတ် အကြောင်းကို ဘယ်သူ မှ သိပ် စိတ်မ၀င်စား ကြဘူး။ မလတ်ကို ထဲ့ထားတာတောင်..မကြီး နဲ့ မထွေး ကြား ..ကွာအောင် ထဲ့ပေး ထားတဲ့ ဇတ်ပို့လိုလို.. အဖြည့်ခံ လိုလို။

၇ တန်းလောက်က..ကြည့်ခဲ့ ဖူးတဲ့.. ဒွေးတို့မောင်နှမ သရုပ် ဆောင် တဲ့..ကွက်လပ်ကလေး ဖြည့်ပေးပါ- ဆို တဲ့ ရုပ်ရှင်လေး ကို တောင်သွားသတိရတယ်။ ၀တ္တုကလည်း..စာရေးဆရာမ မစန္ဒာ ရဲ့ ..နံမယ်ကြီး ၀တ္တု။ အဲဒီ မှာ..မင်းသားဒွေး က- ကလေးသရုပ်ဆောင်။ နောက်ပြီး အပြင်မှာ..တကယ့် ဒွေးတို့ မောင်နှမ အရင်း သုံးယောက် ဖြစ်တဲ့ သူ့ညီမ ခင်ခင်သိုက် ရယ်။ ညီလေး တာတီးလေး ရယ် သရုပ်ဆောင်ကြတာ။ မောင် နှမ လေးယောက် ရှိတဲ့ မိသားစု လေး မှာ၊ အကြီးဆုံးမမကြီး ကို (သရုပ်ဆောင် တင်နီလာဝင်း ထင်တယ်) ..အိမ်က..ဦးစားပေး။ အငယ်ဆုံး တာတီးလေး ကို ဖူးဖူးမှုတ် ထား တော့၊ အလတ်ကလေး တွေဖြစ်တဲ့ ဒွေး နဲ့ခင်ခင်သိုက် တို့ရဲ့ကလေးဘာဝ ခံစားချက် ကလေး တွေ ကို၊ ထိထိမိမိ နဲ့ သရုပ်ဖော်ပြီး- ချစ်စရာလည်း ကောင်း၊ ပျော်စရာ လည်း- ကောင်း၊ နောက်ဆုံးမှာ- လွမ်းစရာ လည်း- ကောင်းအောင် ကြည့်ခဲ့ ရတာ၊ တသသပါ။

တကယ်က၊ တွေ့မိသလောက်..သိမိ သလောက် .. မိသားစုတိုင်း မှာ..အလတ်တွေက..အနစ်နာခံ ရဆုံး၊ အိမ်ကို အသိတတ်ဆုံး၊ ပြီးတော့..အသိအမှတ် လည်း မပြု ခံရဆုံး ဖြစ်နေတာ..တိုက်ဆိုင်မူ လား တော့ မသိ။

တလောက..မြို့တက် ခရီးထွက် ဖြစ်တော့၊ သူငယ်ချင်း မိသားစု ဆီမှာ တည်းဖြစ်တယ်။ သူတို့မောင်နှံ ၂ယောက်လုံးက..သူငယ်ချင်းတွေပါပဲ။ ဒါပေမဲ့..မိန်းကလေးချင်း ဆိုတော့၊ ရောက်တုန်း ရောက်ခိုက်.. မလေး နဲ့ပဲ၊ စကားပြောဖြစ်၊ အတွေ့အကြုံ တွေ ဖလှယ်ဖြစ်၊ တာပေါ့။ မလေး က၊ ငယ်ငယ်ရွယ် ရွယ် ထက်ထက်မြတ်မြတ်။ အလုပ် အကိုင် ကောင်း အတွေ့အကြုံ တွေ လည်း တော်တော်ရှိ ထားခဲ့တာပဲ။ ဒါပေမဲ့၊ အချိန် တန် တော့..သားလေး ၂ ယောက် ရှေ့ဆင့် နောက်ဆင့် မွေး ပေး။ အမျိုးသားနောက် လိုက်လာ ပြီး၊ မိသားစု ကို စောင့်ရှောက် နေတာများ၊ ကိုယ့် မှာ ဘေးက..နေ ကြည့်ရင်း၊ အားကျ တာလား၊ အားငယ် တာလား တောင် မသိ တော့ဘူး။ ဟော- မနက်ခင်း ဆို..အစောကြီး..တရားခွေ ဖွင့်လို့၊ မနက်စာ၊ ကလေး ထမင်းဗူး၊ ယောက်ကျားထမင်းဗူး ချက်ပြုတ် လုပ်ကိုင်၊ ကလေးတွေ နိုးလာတာနဲ့..ကျွေးမွေးသုတ်သင်ပြီး၊ ၈ နာရီ လောက်ဆို..ကလေး ၂ ယောက်ပါ ကားပေါ်တင်၊ သူ့အမျိုးသား ကို၊ အနီးဆုံးဘူတာ ထိ လိုက်ပို့။ ခဏနေ..သားအကြီးလေးကို..နေ့ကလေးထိန်းကျောင်းသွားပို့။ ပြန်ရောက်တာနဲ့..အိမ်အလုပ်တွေ လုပ်။ အငယ်လေး ကို သိပ်။ ဇယ်ဆက် နေတာပဲ။ ကိုယ့်မှာသာ ဘေးကနေ ကြည့် ပြီး မောလို့။ ပြီး ၁၀ နာရီ လောက် ဆို၊ စင်ကာပူ မှာ ညီမ နဲ့အတူ နေတဲ့..အဖေ နဲ့အမေ ကို လှမ်း..မက်ဆော့ခ်ျပို့။ ဟိုဟာ ဒီဟာ တွေ ညွှန်ကြား။
` မ- ရယ်- လူက..လိုက်နိုင် လို့သာပဲ။ ဟိုးမှာ တယောက်တည်း နေတဲ့..မကြီး ကိုလည်း ပူရသေးတယ်။ မောင်လေး တို့ကိုလည်း..အလုပ်အဆင်မပြေ မှာစိုးရ။ အထွေးက..ခု အဖေနဲ့အမေ ကို ကောင်းကောင်း ကြည့် ထား နိုင် လို့ပေါ့´

ပါးစပ်က ပြောလည်းပြော..လက်ကလည်း..အ၀တ်လျှော်စက် ထဲ..အ၀တ်တွေ ထဲ့ နေတဲ့..မလေး ကို ကြည့်ရင်း- ` အင်း- ကိုယ့်လူတော့..မလေးလို..သမီးအလတ် ချောချော..တာဝန်ကျေကျေ လေး ရထားတာ..အတော် ကံကောင်း တာပဲ ဟေ့´ ဆိုတော့- သဘော တွေ ကျ လို့။

မလေး ကို ကြည့်နေရင်း..ကိုယ်တို့မိသားစုမှာ.. အလုပ် လုပ်နိုင် ဆုံး၊ အပူပင် တတ်ဆုံး၊ စီစဉ်ညွှန်ကြားနိုင် ဆုံး ဖြစ် တဲ့..အမလတ် ကို သွားသတိရ နေမိတယ်။ အကြီး ၂ ယောက် အငယ် ၂ ယောက် ကြားထဲက..အမလတ်က..လူကလည်း..ထက်၊ စိတ်ကလည်း..မြန်၊။ ခုထက်ထိ၊ သူ့အိမ်ထောင်နဲ့သူ ဖြစ်နေ တဲ့ အထိ၊ မောင်နှမ မိဘ တွေ အပေါ် တာဝန်ကျေတုန်း၊ ပူတုန်း ပန်တုန်း။ ငယ်ငယ် လေး ထဲက၊ အရွယ်သိပ် လည်း မကွာ လှတဲ့..ကိုယ်တို့ အငယ် ၂ ယောက်ကို..ဟိုး အကြီး တွေ ကျော်ပြီး၊ သူက..မူလတန်းကျောင်းက..အတန်းထဲ ထိ လိုက်လာပြီး၊ မုန့်ဝယ်ကျွေးတာမျိုး၊ ကာကွယ်စောင့်ရှောက်တာမျိုး လုပ်တတ်တယ်။

ခု- တူမလေး ၃ ယောက် ရ လာတော့လည်း၊ ဒီပုံစံပဲ။ အကြီးမ ကြီးက..သူလုပ်ချင်တာလုပ်တာပဲ။ အငယ်တွေ ညှာရ ကောင်းမှန်း လည်းသိပ် သိ တာမဟုတ် ဘူး။ တအိမ်လုံးကလည်း၊ အကြီးဆုံးကြီး ဆိုတော့..အရေးလည်းကြီးတယ်ဆိုပြီး၊ အလိုလိုက်၊ သူဖြစ်ချင်တာ မှန်သမျှ အကုန် လိုက် လုပ်ပေးနေတော့၊ ပြောမနေနဲ့။ အငယ်ဆုံး မလေး ကလည်း၊ သူဂျီပလား ဆိုးပလား ဆို၊ အကုန်လုံး နေမထိ ထိုင်မသာ ဖြစ် ရတာ။ အဲဒီ အချိန် အလတ်မ ဘာလုပ် နေလည်း သွားကြည့်။ သူက..မီးဖိုချောင်မှာ.. အကူမိန်းကလေး ချက်တဲ့ဟင်းတွေကို ၊ သွားကြည့်၊ ပုဂံတွေ သေချာ ကြီးကြပ် ထဲ့သို လုပ်နေ တတ် တာ မျိုးလေး။ အသက်ကလေး ကဖြင့် ခုမှ ၁၀ နှစ် ကျော် လေး။

အဲဒါကြောင့် ပြောပါတယ်။ ရှေး ပုံပြင် တွေ ထဲက..မကြီးနဲ့ မထွေး ရဲ့ stereotype ကဖြင့်..တခုခု တော့ မှားနေ ပြီ လို့။ တကယ်က..မလတ်က..မှ..ပွဲထိမ်းသူ ဖြစ်ရမှာ။ အကြီး တွေ ဆိုတာ များသော အားဖြင့်၊ `သားဦး အရူး´ ဆိုလား။ မိဘ က ရူးတာလား။ အကြီး အဦးသား တွေက..ရူးတာလား တော့ မသိဘူး။ အိမ်မှာဖြင့်၊ မမကြီး ကို တခုခု များ ပြောရင်၊ ဖေဖေ က..ဘယ်တော့မှ အပြောမခံဘူး။ ဟေ့..အကြီးဆုံးမှာ- အကြီးဆိုတဲ့..သိက္ခာ ရှိပြီးသားတဲ့။ အငယ် ဆုံး တွေ ကျ တော့လည်း၊ အီလည်လည် ..ပျင်းတွဲတွဲ နဲ့ ဟိုဟာ ဆိုလည်း မလုပ်ချင် သေး..ဒီဟာ ဆို လည်း ထားလိုက်ပါ ဦးလား ။ ဒါပေမဲ့..တအိမ်လုံး ကို ကျ- ဆရာ လုပ် ချင် သေး တယ်။ ချစ်လို့ အလို လိုက် ထား တာကို အဟုတ်မှတ် ပြီး၊ ဆိုးချင် သလိုလို..ဗိုလ်ကျ ချင်သလိုလို။

မယုံမရှိနဲ့..တကယ် ပြောတာ- အိမ်မှာ..ကိုယ် က..အငယ်ဆုံး မထွေး။

( သူငယ်ချင်း မလေး နှင့် အလတ် များ အားလုံး အတွက်-)


Share/Bookmark

29 Comments:

Anonymous said...

အလတ်တွေက ပိုချစ်စရာကောင်းသလိုပဲနော် ။

အကြီးတွေက ဗိုလ်မကျတတ်ပါဖူးနော် ။ မယုံမရှိပါနဲ့ ။ ဂျစ်တူးသည် အကြီးဆုံးဖြစ်ပေသတည်းး)

PAUK said...

မကေရေ..
ကျွန်တော်တို့အိမ်ကအလတ်ကတော့..
အချစ်အခံရဆုံး..အရေးပေးခံရဆုံးပေါ့..
ဂျစ်တူးပြောသလိုပဲ..
အကြီးတွေကဗိုလ်မကျတတ်ပါဘူး...
အနစ်နာခံတတ်ဆုံးက..အကြီးတွေပါပဲ...
ကျွန်တော်လည်းအကြီးဆုံးပဲ ဂျစ်တူးရေ..
အရင်ကဆို..အငယ်ဆုံးအထွေးဆုံးတွေကိုကြည့်မရဘူး
ဟီးး..ဟီးး
အခုတော့...မကေကအထွေးဆုံးဆိုလို့..ကြည့်လို့ရလိုက်တော့မယ်နော့...
(ဖားတာ...ဖားတာ..)

Anonymous said...

zizter .. this is veri true !!! i m the one and only daughter in my family and i still so very the concern about my mum, my dad and my 2 brothers.. and i am the one owise get the bad name from them :( i dont noe why .... wht a sad thing !

s0wha1 said...

မကေရေ... တချို့က အလတ်တွေက ကြားကနေ လပ် နေပြီး တော်တော်ဆိုးတတ်ြ့ကတယ်လို့ ပြောတာ တွေ့ဖူးတယ်။ ဟုတ်၊ မဟုတ် သေချာ မသိပေမဲ့၊ အကြီးဆုံးလေးမို့ အရမ်းချစ်တယ်၊ အငယ်ဆုံးလေးမို့ သနားတယ်၊ နို့ညှာလေးမို့ ပိုချစ်တယ်နဲ့ အလတ်ကတော့ တခါတခါ တကယ်လပ်နေတာအမှန်။ btw ညီမက အထက်နှစ်ယောက်၊ အောက်နှစ်ယောက်ကြားက အလတ်လေ။ :) thx for ur post...

Taungoo said...

အမရေ
တစ်ဦးတည်းသောသား တွေ ကျတော့ကောဗျာ။

Moe Cho Thinn said...

ကေရေ
အငယ်ဆုံးလေးတွေကလဲ အလိုက်သိ တတ်ပါတယ်နော်။ တို့လဲ မထွေးပဲ။ :P
တို့မှာရှိတဲ့ အမတွေကတော့ အကြီးဆုံးဆိုလဲ အကြီးမို့လို့၊ အလတ်ဆိုလဲ အလတ်မို့၊ အငယ်ဆိုလဲ အငယ်မို့ တယောက်တမျိုးစီ မိသားစုကို ဂရုစိုက်ကြတယ်။ ပုံစံချင်းတော့ မတူဘူးပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့။ သူတို့ကို လွမ်းသွားပြီ။

ThuHninSee said...

မှန်လိုက်လေ.. မွန်ကတော့ အထွေး

M.Y. said...

"အလယ်ကလူ စကားဝဲ၏"

Anonymous said...

အကြီးဆုံးလည်းကို အငယ်ဆုံးလည်းကို တာဝန်တွေအားလုံးက ခေါင်းပေါ်မှာ။ အင်းတစ်ယောက်လောက်ပေါ်လာရင်ကောင်းမယ်...

Anonymous said...

yes sis.....
I agree with u. cz: I am a middel son in my family. there are 7 bro and sis in my family. I am the 4th man. I also feel same. I got understanding with my elder bro and sis.
sometime feel that (don't knwo how to say).

လင်း said...

လင်းကျတော့ အငယ်ဆုံးလဲမဟုတ် ၊ နို့ ညှာ ဒါပေမဲ့ အကြီးဆုံးကျတော့ အကြီးမလို့ တဲ့၊ အလတ်ကျတော့ လတ်နေတယ်ဖြစ်မှာစိုးလို့ ၊ အငယ်ဆုံးလေးကျတော့ အငယ်ဆုံးမလို့ တဲ့ အမျိုးစုံသော အကြောင်းပြချက်တွေနဲ့ ဂရုစိုက်ကြတာ။ကြားထဲကလင်းမှာ လွတ်ကျန်နေခဲ့တယ်။
ကွက်လပ်ကလေးဖြည့်ပေးပါကို လင်းလဲသိပ်ကြိုက်တာဘဲ။ ၀ထ္ထုကတော့ ခုချိန်ထိပြန်ဖတ်တိုင်း ငိုရတုန်း၊ ရုပ်ရှင်ကတော့ ပြန်ကြည့်ချင်သေးတယ်။ ခုချိန်အမှတ်တရဆိုပြီး ပြန်ထုတ်ရင်ကောင်းမှာနော်။

Anonymous said...

မကေ ...ကျနော်က အလတ်မို့ လပ်နေတယ်လို့ ငယ်စဉ်က ခံစားရသူပါ။

Anonymous said...

((((တကယ်က၊ တွေ့မိသလောက်..သိမိ သလောက် .. မိသားစုတိုင်း မှာ..အလတ်တွေက..အနစ်နာခံ ရဆုံး၊ အိမ်ကို အသိတတ်ဆုံး၊ ပြီးတော့..အသိအမှတ် လည်း မပြု ခံရဆုံး ဖြစ်နေတာ..တိုက်ဆိုင်မူ လား တော့ မသိ။))))

ကျနော်ကလည်း အလတ်ဆိုတော့ ဒီစာကြောင်းကို ထောက်ခံတယ်ဗျို့

Andy Myint said...

ကျွန်တော်လည်း ကိုဇနိ ထောက်ခံတာကို ထောက်ခံတယ်ဗျို့။ ကျွန်တော်လည်း အလတ်ပဲ။

တန်ခူး said...

ကိုယ်တို့ မောင်နှမသုံးယောက်နဲ့ တော့ မကိုက်ဘူး ကေရေ… ယောင်္ကျားလေးလိုချင်တဲ့ အဖေက အလတ်ကို တဦးတည်းသောသားဆို ငယ်တုန်းက ဖူးဖူးမှုတ်ထားခဲ့တာ ကြီးတော့ ထိန်းမနိုင်တော့ဘူး… ခုတော့လဲ အရွယ်ရောက်လာတော့ လိမ္မာတော့သွားပါပြီ… ဒါပေမယ့် အိမ်မှာ အသိတတ်ဆုံးက ညီမလေးပဲ… ကိုယ်ကတော့ အကြီးဆုံး…ဆရာကြီးပေါ့…ဟဲဟဲ… နောက်တာပါ… အနစ်နာခံရတာခုထိပါပဲ…

nu-san said...

မကေရေ.. ဒီပို့စ်လေးက ကျနော်တို့ မိသားစုနဲ့တော့ ကွက်တိပဲ.. ဘာလို့လည်းဆိုတော့ ကျနော်လည်း အလတ်ပဲလေ.. အခုထိ စိတ်ပူတတ်သူမို့လားမသိ နေရင်းနဲ့ အပူတွေကို ယူနေတာ.. ဟိုလှမ်းစိတ်ပူ ဒီလှမ်းစိတ်ပူ.. တခါတလေလည်းစဉ်းစားမိတယ်.. မကေရေ.. ကိုယ်ကဂရုမစိုက်ခံရလို့များ သူများတွေကို ဂရုစိုက်မိ၊ စိတ်ပူမိတာမျိုးလား မသိတော့ပါဘူး အမရယ်.. ကိုယ့်ကို ဂရုမစိုက်ရင်လည်း ဘယ်လိုမှ မခံစားရတော့ဘူး.. ငယ်ငယ်တုန်းကဆို အဖေနဲ့အမေကို မွေးစားတာ မဟုတ်လားလို့ မေးလို့ အရိုက်တောင် ခံရတာ.. :D

တိုက်ဆိုင်တာကတော့ ကျနော်တို့ ၂ ယောက်စလုံးက အလတ်တွေချည်းပဲ.. :)

ATN said...

တကယ်က၊ တွေ့မိသလောက်..သိမိ သလောက် .. မိသားစုတိုင်း မှာ..အလတ်တွေက..အနစ်နာခံ ရဆုံး၊ အိမ်ကို အသိတတ်ဆုံး၊ ပြီးတော့..အသိအမှတ် လည်း မပြု ခံရဆုံး ဖြစ်နေတာ..တိုက်ဆိုင်မူ လား တော့ မသိ။

သဘောတူပါ၏

ကလူသစ် said...

ကလူသစ်လဲ အလတ်ပဲ။ လတ်လတ်ဆတ်ဆတ်ကြီးရှိသေးတယ်။

Anonymous said...

hey....fancy!
that is truly malay...ya...she could do much more better than me. hey...but i'm not that type of eldest na...you know lar.

Anonymous said...

ညီမငယ်များဖြစ်သော စိုးဝှက်- မွန် -လင်း- နုစံ နဲ့ ကိုဇနိ ကိုမောင်ရင် ဒူကဘာ ကိုအန်ဒီ ကိုအောင်သာငယ် နဲ့ ကလူသစ် တို့ရေ-( + အမည်မသိ မိတ်ဆွေ ၂ ယောက်ရေ)

ခုမှပဲ..အလတ် တွေ တော်တော်ပေါ မှန်း သိတော့တယ် ( ပေါများတာ နော်) ။း)

ဂျစ် နဲ့ပေါက် ကတော့.. လုပ်ချင်ရာလုပ်မဲ့..အကြီး တွေ- ဟုတ်ဘူးပေါ့။

တောင်ငူသား နဲ့ ရွာသား လေး ကတော့..တဦးတည်းသောသား ဆိုရင်.. အကြီးရော- အလတ်ရော- အထွေးရော ရဲ့..ဆိုးတာတွေ..အကုန်ရှိနိင်တယ်။း)

မချိုသင်း နဲ့ တန်ခူး တို့ ကတော့...လိမ်လိမ်မာမာ တွေပေါ့

ဟေး - အောက်ဆုံးက..အနော်နီးမက်စ် ..ဘာလဲ.. မကြီးက..မကြီးပဲ။ လူမိုက် ကြီး . နော်..သိတယ်။း))

ကလိုစေးထူး said...

ကျနော်ကတော့ မောင်နှမသုံးယောက်မှာ အကြီးဆုံး။ ဒါပေမယ့် လပ်တာပါပဲဗျာ။ ဘာလို့လဲတော့ မသိပါဘူး။ :(

ဟီး...ရေးလိုက်တာ ကြော်ငြာဝင်တာနဲ့ တူနေပြီ။

Dr. Yi Yi Win said...

တို့ များလည်း ကိုဇနိတို့ ကိုအန်ဒီတို့ လိုပဲ အလတ်လေ။ ငယ်ငယ်ကတော့ ခပ်လပ်လပ်ပဲ။
ကြီးတော့သာ တစ်မိပေါက် တစ်ယောက်ထွန်းလေးဘာလေးဖြစ်ကုန်ကြပြန်ရော။ ဒီလိုပါပဲ
လေ။ အလယ်အလတ်လမ်းစဉ်ပဲကောင်းပါတယ်..နော့။
ကိုယ်တောင် ကလေး၂ယောက်ကို ညီညီမျှမျှဖြစ်အောင်ကြိုးစားဆက်ဆံနေရတာဆိုတော့
ငါးယောက်ကို ဆက်ဆံရတဲ့မိဖတွေ ဘယ်လွယ်မလဲနော်။

pandora said...

အငယ်တွေက အခွင့်အရေးပိုရသလိုဖြစ်ပြီး အကြီးတွေက လမ်းဖောက်ရတာကတော့ ဖြစ်တတ်ပါတယ်။
အိမ်မှာတော့ အားလုံးကို တူတူချစ်ကြတယ် ထင်တာပဲ။

ကိုအောင် said...

“အလဲနေ အလယ် လတ်” တဲ့ အလတ်ဖြစ်ရသူတွေ
ကံသိပ်မကောင်းဘူးလို့ ထင်တာဘဲ။ မြန်မာပြည်မှာ
ဒေသအလိုက် အယူအဆွဲတွေ များတော့ ကလေး
မွေးလာရင် “သဦးစနေ မီးလိုမွေ” ဆိုတဲ့ စကားပုံ
တွေလည်း ရှိတယ်။ ဘာဘဲ ပြောပြော မိဘ၀တ္တရား
သားသမီး ၀တ္တရား ဆိုတဲ့ ခံယူချက်တွေ ကျယ်ပြန့်
ခဲ့ရင် အကောင်းဆုံးလို့ ကျနော်တော့ ခံယူပါတယ်။
အမ မကေရေ။

ရွှန်းမီ said...

ပုံပြင်တွေရဲ့  sterotype ကတော့ . . ဘာကြောင့် အဲ့ဒီလို ဖြစ်နေတာလဲ ဆိုတာ စိတ်ဝင်စားစရာပဲ။ မိသားစုထဲမှာ မထင်မရှား လိမ္မာတဲ့ အလတ်ထက် စရိုက်ထင်ရှားတဲ့ အကြီးဆုံး အငယ်ဆုံးတွေကို ဇာတ်လမ်းလုပ်ရတာ ပိုလွယ်လို့ဖြစ်မယ် ထင်တယ်။
Pride & Prejudice(Jane Austen) မှာလဲ ညီအစ်မ ၅ယောက်ထဲမှာ အလတ် Mary ဟာ တော်တော် မထင်မရှား ပါဝင်ခဲ့တဲ့ Character ပါပဲ။ စကားလည်း အနည်းဆုံး ပြောတယ်.. ဇာတ်လမ်းထဲမှာ..။
စာရေးတဲ့သူက ဘာကြောင့်သူ့ကို တမင်ချန်ခဲ့မှန်းကို နားမလည်ပါဘူး။
အလတ်ပီပီ အထွေအထူး ဖော်ပြစရာ မလိုအောင် အကြီးနဲ့ ပတ်သက်ရင်ရော အငယ်နဲ့ ပတ်သက်ရင်ပါ ခံနိုင်ရည် ရှိပြီးသား.. ဂရုစိုက်မခံရတာကိုလည်း လျစ်လျူရှုနိုင်ပြီးသား ဖြစ်နေတတ်လို့လား မပြောတတ်ပါဘူး။

ပန်းချစ်သူ said...

သဘူတောပါသည်။ ကျမ က အလတ်တော့မဟုတ်ဘူး အကြီးဆုံးပါ။ အစ်မ ရဲ.ပိုစ်လေးက ညီမလေးကို သတိရသွားစေပါတယ်...။

nobody said...

Middle Child Syndrome

The middle or second born child or children often have the sense of not belonging. They fight to receive attention from parents and others because they feel many times they are being ignored or dubbed off as being the same as another sibling. Being in the middle a child can feel insecure. The middle child often lacks drive and looks for direction from the first born child. Sometimes a middle child feels out of place because they are not over achievers and like to go with the flow of things.

Being a middle child would mean they are loners. They really don’t like to latch on to a person in a relationship, there fore they have trouble keeping one due to lack of interest. Not liking to take the limelight for anything, they are not over achievers and just simply work enough work to get by, and typically that goes with school as well as a career. They are however very artistic and creative. If forced to use abilities they will work well, but do not work well under pressure. They often start several projects but rarely keep focused long enough to finish a project. The best career move for a middle child would be along the lines of using their creative. Going into a writing or journalism career, and into a career that they could freely express themselves would be good. Anything that would have hours that are flexible, and projects that frequently changed would be good for a middle born child. Since relationships are not of high importance to a middle child, often times they are alone. However, the best possible match for a middle child would be a last born.

nobody said...

MIDDLE CHILD SYNDROME

The middle or second born child or children often have the sense of not belonging. They fight to receive attention from parents and others because they feel many times they are being ignored or dubbed off as being the same as another sibling. Being in the middle a child can feel insecure. The middle child often lacks drive and looks for direction from the first born child. Sometimes a middle child feels out of place because they are not over achievers and like to go with the flow of things.

Being a middle child would mean they are loners. They really don’t like to latch on to a person in a relationship, there fore they have trouble keeping one due to lack of interest. Not liking to take the limelight for anything, they are not over achievers and just simply work enough work to get by, and typically that goes with school as well as a career. They are however very artistic and creative. If forced to use abilities they will work well, but do not work well under pressure. They often start several projects but rarely keep focused long enough to finish a project. The best career move for a middle child would be along the lines of using their creative. Going into a writing or journalism career, and into a career that they could freely express themselves would be good. Anything that would have hours that are flexible, and projects that frequently changed would be good for a middle born child. Since relationships are not of high importance to a middle child, often times they are alone. However, the best possible match for a middle child would be a last born.

kay said...

Thank you ( nobody) for your thoughtful and informative comments.