၂၁ ဗားရှင်း ကျမ်းစာ

`လျှာသည် မီးဖြစ်၏´
ကျမ်းစာလာသည်

လျှာက အလုပ်ပါး
လက်-အလုပ်များတဲ့ ခေတ်မှာ..

ဘုရားသခင်..
ဒီတခါ ကျမ်းစာထွက်ရင်
၂၁ ဗားရှင်းမှာ
အောက်ခြေမှတ်စု
ပြုစုပေးတော်မူပါ။



(ကိုးကား - ယာ ၃း ၆ )



Share/Bookmark

19 Comments:

MANORHARY said...

God must be busy :)
anyway, that's the good imagination
thanks dear !!

မမသီရိ said...

ဘာတွေ ဒီလောက် လုပ်နေတုန်း မကေ..း)
အဲဒါ ပဲလေ.၂၁ ရာစု စတိုင်..
လောလောဆယ် အလုပ်များများ လုပ်နေရတာပဲ ကျေးဇူး တင်လိုက်အုံး...း)
တကမ္ဘာလုံး .. အလုပ်လက်မဲ့ တွေ များနေတာ..း)

NLS said...
This comment has been removed by the author.
NLS said...

ဘုရားသခင်တောင် ကိုယ်ရေးသမျှ ကိုယ်ပြန်ပြန် ရှင်းပြနေရတဲ့ ဘဝရောက်တော့မယ် .. ၂၁ရာစု။ ဒီလိုတော့ မလုပ်ပါနဲ့ အမရယ်။ ဟားဟား။ တော်တော် သဘောကျသွားတယ်။ :D Cheer!

ATN said...

Microsoft Windows နဲ့
Holy Bible နဲ့ ...
အင်း... ...
Windows ကိုတော့ update လုပ်ပေးရပါတယ်။
ဘာလိုလဲ ဆိုတော့ Security Hole တွေ
များလွန်းလို့ ဆိုပဲ...။
Holy Bible ကတော့ Security Hole တွေ မရှိဘူး ထင်ပါရဲ့။

ကိုအောင် said...

ဘုရားသခင်က ပင်စင်ယူသွားပြီး အမရေ :)

Moe Cho Thinn said...

တို့ကတော့ ပါးစပ်တွေပဲ ပြောနေတာ တွေ့တာပဲ။ လေပိနေလို့ လက်တွေ့မှာ ဘာမှ ဖြစ်မလာလို့ ဘုရား လက်မှိုင်ချ နေသလားလို့.. :)

Anonymous said...

ဘုရားရှင်က ကိုးနတ်ရှင် မကောင်းသေးလို့ ဗါရှင်းအသစ် အွန်လိုင်းကနေ upload မလုပ်ဖြစ်သေးတာတဲ့...K ဆိုတာ တလုံးထဲပဲရှိလို ၂လုံး ၃လုံး ဆို အတော် ဦးနှောက်စားမယ် ထင်ရဲ့။

ဆောင်းယွန်းလ said...

ဘုရားသခင်တော့ တော်တော်အလုပ်ရှုပ်သွားမှာဗျ..
မကေရေ..ကဗျာလေးကို ကြိုက်တယ်ဗျ..

Zephyr said...
This comment has been removed by the author.
Zephyr said...

The tongue is a fire, a world of evil. James 3:6

The dumb Comment on blog is fire, a world of evil. James 3:6 (New Version)

blog မှာ မယဉ်ကျေးတဲ့သူတွေများလာလို့အစ်မရေ ...။

ဘုရားသခင်လည်း အခုတလောသိပ်ပျော်နေတယ် ...။
စီးပွားရေးကမကောင်းတော့ ခရစ်ယာန် တော်တော်များများက ဘုရားကျောင်းဘက်ပြန်လှည့်လာတယ် ...။

Retrench ထိသွားတဲ့ သူတိုင်း ၊ bankrupt ဖြစ်သွားတဲ့ သူဌေးတိုင်း က
Oh God, .... O my GOD ... တွေ ရွတ်လွန်းလို့ ... ခဏခဏ ငုံ့ကြည့်နေရတယ် ...

နောင်လည်း မကြာမကြာ financial crisis တွေ ဖန်ဆင်းဦးမှလို့တော့ မတွေးနေလောက်ဘူးလို့ထင်ပါရဲ့ ...။

ခင်မင်စွာဖြင့်
Z

Nyein Chan Aung said...

လျှာက အလုပ်ပါး
လက်-အလုပ်များတဲ့ ခေတ်မှာ..

ကဗျာကို နှစ်ခြိုက်စွာ ခံစားသွားပါတယ်။

ကလူသစ် said...

ဘုရားသခင် အလုပ်ပြုတ်နေတယ်ဆိုလားပဲ :P

မေ့သမီး said...

အစ်မ အဲလောက်တောင်အလုပ်ရှုပ်နေပြီလား။ ကူလုပ်ပေးရဦးမလား။ :P

kay said...

စိတ်ကူးပေါက်စာသားများကို မှတ်ချက်ပေးသွားသူများအားလုံး ကျေးဇူးတင်ပါတယ်။
း)

Anonymous said...

လျှာအလုပ်ပါး လက်အလုပ်များတဲ့ခေတ်တဲ့.. အဟိ.. ဟုတ်ပါ့အန်တီ.. ;)

Dr. Yi Yi Win said...

လျှာက အလုပ်ပါးဆိုအရိုးမရှိလို့ ထင်တယ်။ အဟိ။
လျှာရဲ့ အလုပ်ကလည်း စားမယ် ၀ါးမယ် ဒါပဲကိုး။

တန်ခူး said...

ကဗျာလေးရော နာမည်ပေးတာလေးပါ နှစ်ခြိုက်မိတယ်…

tune said...

လာဖတ်သွား