Nobel Peace Prize 2007

နိုဘယ် ငြိမ်းချမ်းရေး ၂၀၀၇
အင်း... နိုဘယ် ငြိမ်းချမ်းရေး ဆုကို အမေရိကန် ဒုသမ္မတ Al Gore ကိုပေး လိုက်တယ်တဲ့။ တို့ ဗမာ သံဃာတွေ နောက်နှစ် ပေါ့ကွာ။ မရ လဲဘာဖြစ်လဲ။ တကမ္ဘာလုံး ကို ပြခဲ့ပီးပီ။ သိစေခဲ့ပီ။ ဆု မရပဲလဲ အာရုံ စိုက်ခံ ခဲ့ရပီ။ ဒါပေမဲ့.. Al Gore ကြီး ကိုပေး တာ ကြီးတော့ သိပ်ဘ၀င် မကျသလိုပဲ။ အရင်က လူတွေက သူ့ကို သိပ် ပေါ်ပြူလာ လုပ်လွန်း တယ် ပြော တာေ တာင်.. ဘာဖြစ်လဲ ကောင်းတာလုပ်တာ ပဲလို့ တွေးပေး နေတာ။ ဒါပေမဲ့ ခုကျ တော့ အဲလောက် တိုက်တိုက် ဆိုင်ဆိုင်ကြီး ပေးလိုက်တော့...ဗမာပြည် မှာ လူမင်းကို ကျန်စစ်မင်း အတွက် အကယ်ဒမီပေး တာနဲ့တောင်တူနေပီ။ ကမ္ဘာ ကြီး ပိုပူနွေး လာတာ..လူလုပ် လို့လား ..သဘာ ၀ ဖြစ်စဉ် တခု ပဲလား ဆိုတာ လူတွေ ရောတိရောတော ဖြစ်နေသလို... ကိုယ်တွေလည်း ဘာ ကြောင့်လဲ သေချာ မတွေးတက်။ ဘာပဲပြော ပြော လူလုပ်တဲ့ ကိစ္စတွေ က လည်း အနဲ နဲ့ အများ ဆိုသလို တော့ ထိမှာ ပေါ့နော်။
အင်း..မနှစ် က..ဘင်္ဂလားဒေ့ရှ်က မိုဟာမက် ယူနွတ်စ်ရ တာကိုတော့..စီးပွါးရေး ပညာရှင် ကြီး ကို ဘာမဆိုင် ညာ မဆိုင် ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးတယ် ဆိုပေမဲ့..ကိုယ် တော့ အရမ်း သဘော ကျခဲ့တာ။ သူ့ရဲ့ အားထုတ် လုပ်ကိုင်မူ တွေကို လည်း ကမ္ဘာ သိအောင် ဖော်ထုတ်ပေး သလို ဖြစ်ခဲ့တာကိုး။ အဲဒီတော့ မှ မိုက်ကရို ခရက်ဒစ် Micro credit အကြောင်း ပို သဘော ပေါက်လာ ပီး အတော်သဘော ကျမိလိုက်တာ။ သူလုပ်တဲ့ အလုပ်ကလေး က သေးသေး လေး လို့ထင် ရပေမဲ့၊ အမေ့ခံ အလျော့ခံ ဆင်းရဲသား တွေအတွက် တွေးပေးတဲ့ သူ့လုပ်ရပ် ကို တော့တော် ကို အား ရ ၀မ်းသာ ခဲ့ရတယ်။
အခု.. ကျ တော့ရော။ သိပါ ဘူး ဘာဖြစ်လို့ မကျေနပ်မိမှန်း။ အမေရိကန် တွေ ဘာလုပ်လုပ် ကမ္ဘာက အကုန်သိ နေ မြင် နေရတာမို့ သူ့ကို ထူးပီး အမွှန်း မတင် စေချင် တာလား မသိ။ ဟော ဒီကမ္ဘာ ကြီး မှာ အမေ့ခံ အလျော့ခံ တွေ များ ပြားလှပါတယ်။ တကယ်ဆို အဲလို လူမျိုး တွေ အဖြစ် တွေကို ပို မီးမောင်းထိုး အားပေး သင့်တယ် ထင်တာပဲ။ ခု တော့ ဘိုကေ ကြီး ပြောင် နေတဲ့ Al Gore ကို သူ့မိန်းမ ကိုဖက်လို့ ပျော် နေတာ တွေ့တော့ ..ခု မှ တကယ် အမြင်ကပ်တော့တယ်။

Davenport, Ia. — Republican Presidential Candidate John McCain said the 2007 Nobel Peace Prize, announced today, should have gone to someone else other than former Vice President Al Gore.

“I would have liked to see that prize go to the Buddhist monks who are suffering and dying in Burma,” McCain said after a speech this morning in Davenport.

 blog it



Share/Bookmark

1 Comment:

Anonymous said...

အန်တီရေ မရတော့လဲ မတတ်နိုင်ဘူးပေါ့။ ကျွန်တော်ထင်ကတော့ ဖြစ်သွားတယ့် အချိန်ကလဲ အရမ်းကို ကပ်နေတာလဲ ပါမယ်ထင်တယ်။ သူတို့လဲ ဘယ်လိုမှတိုင်ပင်ဆွေးနွေးဖို့အချိန်မရဘူးထင်ပါတယ်။ တစ်ချို့ ရူပဗေဒ ဓါတုဗေဒတို့ဆိုရင် လဲတွေ့ရှိမှု ရပြီးတောင်မှ နှစ်အနည်းလေးစောင့်ကြတယ်။
ဘုန်းဘုန်းတွေ မြန်မာပြည်သူလူထုအတွက် လုပ်ပေးသွားတာ နိုဘယ်ဆု ဆာခါရော့ဗ် ဆုတင် မကပါဘူး အဆရာထောင် မြင့်မြတ်ပါတယ်။
နောက်တစ်ခုကတော့ အယ်လ်ဂိုးကိုလဲ တစ်ချိန်က ကျွန်တော် မျက်မုန်းကျိုးမိတာ အမှန်ပါ။ သူ့ကို ကျွန်တော် သမ္မတရွေးပွဲပြီးတော့မှ လေးစားသွားမိတယ်။ ကိုယ်တကယ်နိုင်တာကို သိလျက်နဲ့ တိုင်းပြည်အတွက်ရှေ့ရှု့ပြီး သူနောက်ဆုံးအလျှော့ပေးခဲ့တာကြောင့်ရယ် သူ့ဘ၀မှာ ဆုံးရှံးမှုတွေကြုံရပေမယ့် မဆုတ်တန်း သူတတ်နိုင်တယ့်ဖက်ကနေ လုပ်နေတာကြောင့်ရယ်ပါ။ သူ့ကိုလဲ ရစေခြင်ပါတယ်။ Inconvenient Truth ကိုလဲ ကျွန်တော် အရမ်းကြိုက်တာပါပါလိမ့်မယ်။ ဂိုးလ်က အပြင်မှာလဲ နှစ်လိုဖွယ်ကောင်းတယ့်လူတစ်ယောက်ပါ။ အပြုံးမပျက်ပဲ အရွန်းဖောက်နိုင်တယ့်လူပါပဲ။
ဘာပဲပြောပြော ဘုန်းဘုန်းတွေကို ရစေချင်တယ် နောက်နှစ်တော့ရမယ်ထင်တာပါပဲ။ အဆိုကို ၂ခါတင်သွင်းလို့ရမယ်ဆို ကျွန်တော်တို့လဲ စောစောစီးစီး သွင်းသင့်တယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ရလိုက်ရင်တော့လဲ…………