အလှူ နဲ့ ပါတီ



ခုလောက် ဆို.. အိမ် က လူတွေ..တ သိုက် သိုက် နဲ့.. အလှူ အတွက် ပြင် ဆင် နေ ကြ ပြီ။ အင်း..မပြန် ဖြစ် သေး တော့ လည်း..လွမ်း ပြီး ရင်း..လွမ်း..။ ဖုန်း လေး နဲ့..နားထောင် ရင်း..ကြား ဖီး လေး ယူ ယုံပေါ့။

မြန် မာ ပြည်မှာ.. မုတ် သုတ် လေ ဦး မြူး လို့..သင်္ကြန် အခါ သမယ နီး ပြီ ဆို တာနဲ့.. ဟိုဟို ဒီဒီ အလှူ ပွဲ တွေ .. စကြ ပြီ။ အ ထူးသဖြင့်..ဒီလို အချိန် မျိုး မှာ.. ရှင်ပြု ပွဲ တွေ..ဒုလ္လဘ ပွဲ တွေ..တညံ ညံ ပေါ့။ ပွဲ ကြိုက် ခင် တို့ တိုင်းပြည် လို့ ပြော ရ မလောက်.. ပွဲ ကြိုက် တဲ့..တိုင်းပြည် လေ။ ဒုတိ ယ ကမ္ဘာစစ် ဖြစ် နေ တဲ့ အချိန် တောင်..ပွဲ တွေ မပြတ် ခဲ့ ဘူးတဲ့။ ပွဲ ဆို တာ လည်း.. ၁၂ လ ရာသီပွဲ..အလှူ ပွဲ..ဇာတ်ပွဲ.. အတူတူ ချည်း ပါပဲ။ အလှူ နဲ့ ပွဲ ဆို တာ လည်း.. ဒီလိုပဲ..ခပ်ရော ရော သုံး ရင်း..အလှူ လည်း ပွဲ.. ပွဲ လည်း အလှူ ပေါ့ နော်။

ခု လည်း.. သတင်း တွေ က..ထူးကာ မှ ထူးရော.. ကမ္ဘာ ကြီး က..နွေး ကာ မှ နွေး ရော.. စီးပွား ရေး လည်း ကျပ် တည်း ကာ မှ တည်း ရော... အလှူ ချိန် တန် လှူ ပြီး.. ပွဲ ချိန် တန် ပွဲ ကြ ပြန် တာပဲ။

ပြော သာ ပြော တာ.. အလှူ ဆို တာ ကတော့..သင်္ကြန် ချိန် ရယ်..ဘာရယ် ဟုတ် ပါဘူး.. ငွေစ လေး ရွှင် ရင်.. ကြွားစရာ လေး တွေ.. ဂုဏ်ယူ စရာ လေး တွေ ပေါ် ရင်.. ဒီလို ပဲ..ကောက် လုပ် ကြ တာပါပဲ။ အတိုင်း အဆ အမျိုး မျိုး ပေါ့။ ကိုးဆူ ကပ် တို့..ဘုန်း ကြီး ဆွမ်း ကျွေး တို့.. ဘုရား အနေ ကဇာ တင် တို့.. အိမ် တက် တို့.. နံမယ် အမျိုး မျိုး တက် ကြ တယ်..။ ( ခရစ်ယန် ဘာသာ ၀င် တွေ ဆို..ဘုရား ရှိ ခိုး တယ် တဲ့..) အဲဒါ တကယ် တွေး ကြည့် တော့.. အနောက် ယဉ် ကျေးမူ . ပါတီ လုပ် တာ နဲ့.. သဘော ချင်း က.. အတူတူ ပဲ လား လို့။

လူ တွေ..တွေ့ ကြ တယ်.. စား ကြတယ်.. စကား ပြော ကြတယ်.. မာ ကြောင်း သာ ကြောင်း တွေ..ဖလှယ် ကြတယ်။ လှတ ပတ ၀တ် ကြ စား ကြ... ဖီး လိမ်း ပြင် ဆင် ကြ ပေါ့။ ဒီ နိုင်ငံ တွေ မှာ လည်း..ဒီလိုပဲ..မတွေ့တာ ကြာ ရင် ပဲ ဖြစ်ဖြစ်.. တယောက် ယောက်ကို..အထူးပြု ချင် ရင် ပဲ ဖြစ်ဖြစ်.. နှစ်ပတ် လည်..ဘာပတ် လည်..ဆို ပြီး.. ပါတီ လုပ် ကြ တာပါပဲ။

ပါတီ သွား ရင်..ကိုယ် ကလည်း.. ၀ိုင် ပု လင်း လေး တလုံး လောက် ယူ သွား မှ..။ ဟိုမှာ လည်း.. ရောက် တာနဲ့.. စားစရာ ကို ချက် ချင်း တန်းစား ရ တာ ..မဟုတ် သေးဘူး..။ အိမ် ရှင် ခင်းထားတဲ့..သောက် စရာ..အဖျော် ယမကာ..တခုခု ..( ကိုယ့် ဖာ ကိုယ်) ယူ ပြီး.. chips လေး တွေ.. dip လေး တွေ..အရင် စား ထား။ တခါ တလေ.. ခြံ ထဲ မှာ လုပ် တဲ့ ပွဲ ဆို.. လက် ထဲ မှာ..သောက်စရာ လေး တခု ကိုင် ပြီး..ဟို ဟို ဒီဒီ လျှောက် သွား..စကား ပြော ပေါ့။ မိတ် ဆွေ သစ် တွေ တွေ့ ရင် မိတ် ဆက်။ ပြီး တော့.. ရာသီ ဥ တု သာ ယာ ကြောင်း က ..စ ကား စ လို့.. မြို့ ဆို လည်း မြို့ က..အကြောင်း..အလုပ် ဆို လည်း..အလုပ် အကြောင်း..အာပလာ လျှောက် ပြော ပေါ့..( တကယ် ကို..အာပလာ များ တာပါ.. တကယ့် အကြောင်း အရာတခု အပေါ် လေးလေး နက် နက် ..ပြော ဖြစ် တာ ရှား ပါတယ်.. လူပေါင်း စုံ ဆိုတော့ လည်း..အခြေခံ ကျ တဲ့ သာမန် အကြောင်းအရာ တွေ က ပဲ..အစွန်းလွတ် မယ်လေ) ပါတီ ရဲ့ ပုံ စံ နဲ့..လာ တဲ့ လူ..လုပ် ရ တဲ့ အကြောင်း အရာ ကို တော့..လိုက် တာပေါ့။ စားပွဲ ၀ိုင်း တွေ မှာ..ထိုင် ရင် တော့.. တယောက် မျက် နှာ ..တယောက် ကြည့် ပြီး..အသံ တွေ တိတ် နေရင်.. တယောက် ယောက် က..ဦး ဆောင် ပြီး..အကြောင်း အရာ တခု ..အစ ဖော် ပေးလိုက်..။ အဲဒီလူ က.. ice breaker ပေါ့။

မြန်မာ ပြည် မတော့..အထူး သဖြင့်..နယ် တွေ မှာ ဆိုရင်.. ဧည့် သည် ၀င် လာ ပလား..ဆိုမှ ဖြင့်..` ဟေး.. ကို ဘလူ ရေ.. လာ ဟေ့..အထဲ ၀င်... ´ ` ဟိုးးးးးးးးး ဖက် မှာ..ဦး ဟိုဒင်း တို့ ၀ိုင်း မှာ လွတ် တယ်´.....ပြီး တာ နဲ့.. ချက်ချင်း..မုန့်ဟင်းခါး..ပုဂံ က..တန်း ရောက် လာတာ.. ။ မုန့် လဲစား..စကား တွေ လည်း ပြော ပေါ့။ ကိုယ် တို့ နယ် တွေ ဖက် မတော့..အမျိုးသား တွေက..ခြံ ထဲ မှာ ထိုင် ကြ ပြီး..အမျိုး သမီး တွေ ဆို..အိမ် ဦးခန်း..ခင်းကျင်း ထား တဲ့ နေရာ မှာ ထိုင် ကြ တယ်။ ကျွေး တော့လည်း..စားပွဲ ၀ိုင်း အပု လေး တွေ..ခင်း ပြီး ကျွှေးတာ ပါ ။ တခု တော့ ရှိ တာ ပေါ့..ကြမ်း ပြင် မှာ ..တနေ ရာ ထဲ ငြိမ် ထိုင် ရ တော့.. ညောင်း တယ်..။ ပြီး တော့..ဟို သွား ဒီသွား လုပ် လို့ သိပ်ကောင်း တာ မဟုတ် ဘူး...ကိုယ့် နား ကျ တဲ့ လူ ပဲ..စကား ပြော ရ တာ။
` ဟယ်..အငယ် မလေး..ဆယ် တန်း အောင် သွား ပြီ ဆို..ဂုဏ် ထူး ပါ သေး လား..´ ...` အိမ် က..အကြီး ကောင် တော့.. စင်ကာပူ ထွက် သွား ပြီ လေ..´ ဆို တာ မျိုး တွေ ပြော ကြ ပေါ့။ ပွဲ နေ့ ပွဲ ထိုင် ထုတ် ၀တ် တဲ့ ..လက် ၀တ် ရ တနာ တွေ က.. စားပွဲ ၀ိုင်း အပေါ် ပိုင်း မှာ..တဖိတ် ဖိတ် နဲ့..ရောင် ပြန် မြူး လို့ပေါ့။ တချို့ လည်း..၀တ် နေ ကျ မဟုတ် တဲ့..လက်စွပ် ချောင် ပြီး..လည်နေ လို့.. ကျောက် ပွင့် စိန်ပွင့် တွေ ကို ..စားပွဲ အောက် မှာ.. ပြန်ပြန် လှည့်ပေး နေ ရ တတ် တာ လည်း.. တွေ့ဘူးတယ်။

တကယ့် တကယ် တော့..အိမ် မှာ အလှူ လုပ်တာ ရော..ပါတီ လုပ် တာ ရော..သဘော တရား ခြင်း ကတော့..အတူတူ ပါပဲ။ တွေ့ဆုံ မိတ်သဟာ ယ ပြု ခြင်း အပေါ် မှာ အခြေခံ တာပါပဲ။ ဗမာ့ ယဉ် ကျေး မူ မှာ တော့..ပါတီ ဆို ရင်...နဲနဲ တမျိုး ဖြစ် သွား တတ် ကြ တာ ... ကိုလိုနီ စနစ် ရဲ့.. အမာ ရွတ် ကြောင့် လား မဆို နိုင်။

အင်း..၀ိသာခါ ကျောင်း အမ ကြီး တို့ ခေတ် က..အလှူ တွေ ဆို ရင် လည်း..ဘယ်လို များ နေ မလဲ နော်။



Share/Bookmark

3 Comments:

စူး said...

ဟုတ်တယ်အမ ရယ်.. လွမ်းတယ်။
အိမ်မှာ အလှုလုပ်ရင် နောက်ပိုင်း မြတ်နိုးက ဂျီကျတယ်။
မလုပ်ဖို့လေ..။ လူတွေက လာပီး အချင်းချင်း ကြွားဝါ ပြိုင်ကြ ပီးရင် ဝေဖန်ရေးဆင်းကြလွန်းလို့။ အလှူပီးတော့တခါ သိမ်းရဆည်းရနဲ့ ပင်ပန်းလွန်းလို့ပါ။
မြတ်နိုးက မိဘမဲ့ဂေဟာ တွေ ပရဟိတကျောင်းတွေ တရားစခန်းတွေမှာပဲ လှူချင်တာ။ အတိုက်အခံတော်တော် ပြောယူရတယ်။ သင်္ကြန်ရောက်တဲ့ အခါ
အလှူ တွေ ပေါတဲ့ မြန်မာပြည်ကို သတိရတယ်အမရာ။
လွမ်းပီး ပြန်သွားတယ်။

Unknown said...

ပို့စ်ဖတ်ပြီးတော့ အလှူလုပ်ရင်း ကြွားကြတာတွေ မျက်လုံးထဲမြင်လာတယ်.. ဟိ..ဟီ.. အင်း ကျွန်တော်လည်း သတိရတာက အလှူက ကျွေးတဲ့ ထမင်းပဲ မကေရေ.. အလှူချက်ဆိုရင် ဘယ်လို စားကောင်းမှန်းမသိဘူး။ မုန့်ဟင်းခါးလည်း အဲဒီလိုပဲ။ ဘာကွာလည်းတော့ မပြောတတ်ဘူး။ ကျွန်တော်က လူတောမတိုးဘူးလို့ အဖေက ခဏခဏပြောတယ်။ အလှူတို့ မင်္ဂလာဆောင်တို့သွားမယ်ဆိုရင် ခေါ်မရလို့.. နောက်တော့လည်း မသွားချင်တဲ့ အလှူတွေ မင်္ဂလာဆောင်တွေ ကိုယ်တိုင်သွားရတာပါပဲ။

ဒီက ပါတီကတော့ ရှင်းတယ်။ ၀တ်ချင်တာ ၀တ်သွားလို့ရတယ်။ မကေပြောသလို လက်ကလည်း မုန့်ဖြစ်ဖြစ် အစားအသောက်တခုခုပါရတာပေါ့လေ။ သူတို့က ဖိတ်ကတည်းက အိမ်ရှင်က ဘာတွေပြင်ဆင်ထားမယ်။ ပြီးတော့ ဘာတွေ ၀ယ်လာခဲ့ပါ ဆိုပြီးပြောတယ်။ အိမ်မှာ ပါတီလုပ်တာကလည်း နိုင်ငံခြားသားတွေပဲ လုပ်ကြလားမသိဘူး။ ဂျပန်တွေက တော်ယုံလေ ဘယ်သူမှ အိမ်လည်မခေါ်ကျဘူး မရ.. အခုရောက်တာပဲ ၁ နှစ်ကျော်ပြီ ဂျပန်အိမ်ကို တခါမှ မရောက်ဖူးဘူး။ ဂျပန်တွေကသာ ကိုယ့်အိမ်ကို လာလည်ကြတာ..

khin oo may said...

i also remembering golden days