Letter from my Friend(2)

ပေးစာ (၂)

ကေရေ..
တို့တွေ ရန်ကုန်ရောက်တဲ့ အချိန်က Mr Gambari ရှိနေတာမို့ လေဆိပ် အထွက် မှာ စစ်သား တွေကို လုံခြုံရေး ချထားတာပေါ့။ တို့ရဲ့ (၇) နှစ် အရွယ် တူမ လေး က..စစ်သား တွေကို လည်း မြင်ရော.. မိတ်ချာ တွေ..မိတ်ချာ တွေ လို့ မပီ မသ နဲ့ အော်ပါလေရော..။ နဂိုက..စကား မပီရတဲ့ ကြားထဲ.. ငယ်သွား လေးတွေ ကျိုးနေတဲ့ တူမလေး ရဲ့အသံကြောင့် တို့ တွေ ပြုံး မိသွားတယ်။

`သမီးရေ.. ဘုန်း ဘုန်း တွေ..ပြည်သူ တွေကို သတ်တဲ့သူ ..ပစ်မိန့်ပေး တဲ့သူ..နှိပ်စက်တဲ့ သူတွေ ကို မှ မိစ္ဆာ နော်.. မဟုတ်ရင်.. သူတို့ တွေကို မိစ္ဆာ လို့ မခေါ် ရဘူးနော်..´ လို့ ဆိုတော့... တူမလေး က..`ဟုတ်..ဟုတ်..´ နဲ့မျက်လုံးလေး တောက်ပီး နားထောင်နေ လေရဲ့။

တို့ ရဲ့ အစ်ကို တွေ..တူ တွေ ..ခင်မင်ရင်းနှီး တဲ့ ကလေး တွေက..ဆန္ဒပြပွဲ တွေမှာ ဘုန်းဘုန်း တို့နဲ့ အတူတူ သွား ဆန္ဒပြ။ ရိုက်ပီ..ပစ်ပီဟေ့ဆိုရင်..ပြေးကြနဲ့..အရမ်း တက်ကြွ ကြတာလေ။ ဒါပေမဲ့.. အောက် တိုဘာ လဆန်း လဲရောက်ရော..လမ်းပေါ်မှာ ကင်မရာ ပါတဲ့သူတွေ..ကင်မရာ ဖုန်းပါတဲ့သူတွေ..ကျောင်းသား အရွယ် လူငယ်တွေ မြင်ရင်..ဖမ်းဖမ်း ဆွဲလို့..သူတို့ တွေကို အပြင် မထွက် ခိုင်း တော့..တူလေး က..` ဘာလဲ..ကြောက်လို့လား´ တဲ့လေ။ တို့ က ပြန်ပြောလိုက်တယ်။ `ကြောက်လို့ မဟုတ်ဘူး.. ရှေ့ အတွက် အင်အားနဲသွားမှာ စိုးလို့´ လို့။

ဆန္ဒပြပွဲ တွေ ဖြစ်တုန်း က တော့.. သူတို့ တက္ကသိုလ် ကျောင်းသား လေး တွေက.. ကျောပိုးအိတ် လေး တွေလွယ်.. သူငယ်ချင်း တွေ စုစုပီး ..အင်အားသွားသွား ဖြည့် ကြတယ်။ ပြေးပေါက် ကိုလည်း တခါထဲ ကြည့်ထား ကြတာတဲ့။ ရိုက်ပီ..ပစ်ပီ ဆိုရင်.. လွတ် အောင် ပြေးနိုင်ကြတော့.. သူတို့မိဘ တွေကလည်း မတားကြ ဘူးလေ။ တခါ တော့..မျက်ရည် ယို ဗုံး မိလို့.. ရေ တွေ စိုရွှဲ ပီး..ပြန်ရောက်လာ ကြတယ်။

ကေ ရေ...
တချို့ ကလေး တွေက.. (၈၈) နောက်ပိုင်း မှာ မွေးကြတာ။ တချို့ဆို (၈၈) မှာ ဘာမှ မသိ သေးတဲ့ အရွယ်လေး တွေလေ။ အခု..သူတို့မှာ ရှိနေတဲ့ စိတ်ဓါတ် တွေကို ဘယ်သူတွေ က ..သတ်နိုင်မလဲ။..... ဒီလို လုပ်ရမယ် ဆိုတဲ့ နား လည်မူမျိုး တွေ စိမ့်ဝင် နိုင်အောင်..ဘယ်လို စည်းရုံး မူ မျိုး ..ဘယ်လို လိမ်လည်တဲ့ အခမ်း အနား မျိုးတွေ နဲ့ လုပ်ဆောင်လို့ ရနိုင်မလဲ... အာဏာ ပိုင် တွေကို မျက်လုံးတွေဖွင့်..နားတွေစွင့်ပီး..အမှန် မြင်အောင် ကြည့်တတ်စေချင် လိုက်တာ..။

တို့အမြင် မှာ တော့..ပြည်သူ တွေဟာ..နိုင်ငံရေး အမြင် ပိုကြွယ်ဝ လာကြသလိုပဲ။ (၈၈) တုန်း က..ဘာသိ ဘာသာ နေတတ်ခဲ့ကြတဲ့ အချို့ သော မိသားစု တွေလည်း..အခု အချိန်မှာ နိုင်ငံရေး ကို စိတ်ဝင်စား နေကြတာ..တွေ့ခဲ့ရတယ်။ ရိုသေ လေးစား ကိုးကွယ် ရတဲ့ ဘုန်း ဘုန်း တွေ ကို ထိ လို့လည်းပဲ ပို နာ နေကြတယ်။ လူတွေရဲ့ ဒေါသနဲ့ နာကျင်မူက အတော့်ကို ကြီးမား နက်ရှိုင်း နေကြတယ်။ အားကိုး စရာ လည်း အတော့ကို မဲ့ နေကြတယ်။

ညရောက်တော့.. အိပ်မပျော်ဘူး ကေရေ..။ ဒီမှာ ရှိစဉ် ကတည်း က..အစာ စား ခါနီးတိုင်း ..အိပ်ယာ
ဝင်တိုင်း.. မြန်မာ ပြည်တွင်းက..ပုန်းအောင်းပီး ..တိုင်းပြည်အတွက်..လှုပ်ရှား နေတဲ့သူတွေကို.. သတိ ရမိလွန်း လို့ ..စားဖို့ တွန့်တွန့်သွားမိတာ..အိပ်လို့မရ တာ တွေက ဖြစ်နေ တာလေ။ ဟိုရောက်တော့.. ပိုဆိုး တယ် ။ ကျိုက္ကဆံ ၀င်း တို့..အင်းစိန် GTI ၀င်း တို့ မှာ ထိန်းသိမ်း ထားတဲ့..ဘုန်းဘုန်း နဲ့ ပြည်သူ တွေကို သမံတလင်း မှာ ဒီအတိုင်း ထားတာတဲ့။ အဲဒီရက် တွေမှာ မိုး ကလည်း ရွာလိုက်တာ ဟယ်... တို့တွေက..မိုးတွေရယ်..တိတ်ပါတော့လို့ အမြဲဆုတောင်းတယ်။ သူတို့တွေ အထဲမှာ.. ဘယ်လို နေကြမှာ ပါလိမ့်လို့..တွေးမိတိုင်း.. အိပ်မပျော် လို့.. ထထ ထိုင် နေမိတယ်။ ကာဖျူး ကလည်း ရှိနေ တော့.. အိမ်ရှေ့ မှာ စစ်ကား တွေ ဖြတ်ဖြတ် သွားတိုင်း ထထ ချောင်းတယ်။ အိမ်က လူတွေက..ဘာလို့ မအိပ်လဲ..မေး တော့..ရင်ထဲက..ထိခိုက် နာကျင်မူကို ဖော်ပြဖို့..စကားလုံး ရှာ လို့ မရ ဘူးကွယ်။ သူတို့ နှိပ် စက် လို့ လူမသေ တဲ့ နေ့ဆိုတာ ရှိမှရှိ ရဲ့လား လို့ တွေး မိတယ်။

အဲဒီရက်တွေက.. ညတိုင်း.. အဖမ်း အဆီး တွေ စိပ်နေတဲ့ ရက်တွေပေါ့။ ပြည်သူ တွေဟာ..ဘယ်တော့များ ကိုယ့်အိမ်ကို လာ ၀ိုင်း မလဲ.. ဘယ်သူ တွေကို လာခေါ် သွားမလဲ.. နဲ့..စိုးရိမ် ထိတ် လန့် နေကြရတာ။ အဖိုးတန် ပစ္စည်း တွေကို ဖွက်သင့် တဲ့ နေရာ မှာ ဖွက်နဲ့..တကယ့် မင်းမဲ့စရိုက် တွေ လွှမ်း နေ တာပါပဲ ကွယ်..။
လက်နက် ကိုင် အာဏာ ပိုင် တွေ ကိုယ်တိုင် က ဒီလိုလုပ်နေတော့..ဘယ်သူ့ကို မှ သွားတိုင်လို့ လဲ မရ နေကြဘူးလေ။

တောင်ဥက္ကလာ မှာ ဖြစ်တုန်းက ဆို..ပြည်သူ တွေက.. `တို့ တွေကိုဘယ်သူ မှ..မကယ်နိုင် ကြတော့ဘူးလား ...ဘယ်သူ့ကို မှ အားကိုးလို့ မရတော့ဘူးလား ´ လို့..အော်အော်ပီး..ငိုကြတယ်တဲ့။

သူငယ်ချင်း တွေနဲ့ တွေ့တော့လည်း..သူတို့တွေ..သိသမျှ ပြောပြကြတယ်။ တောင်ဥက္ကလာ မှာ အကြီးအကျယ် ဖြစ်တဲ့နေ့က.. ကားတစင်းက..ဆန္ဒပြ နေတဲ့ လူအုပ်ကြီး ကို ဖြိုခွင်း နေတာနဲ့ သွားကြုံတယ်။ ကားမောင်းတဲ့ သူက..လူတွေကို တိုက်မိ မှာ စိုးလို့ ဟွန်းတီး ပီး နောက်ဆုတ် တာ.. အနောက်က..ရောက်လာတဲ့..စစ်ကားက..သူတို့ကို မထီမဲ့မြင် လုပ်ပါတယ် ဆိုပီး.. အဲဒီ ကားမောင်းသမား ကို ရိုက်သတ် လိုက်တယ်တဲ့။ ပြီးတော့ ဆွမ်း သွတ် စရိတ် (၂) သောင်း ပေးပီး..မိသားစုဝင်တွေပဲ ..အသုဘ ရှုခွင့် ရတယ်တဲ့။ အဲဒီ ကားသမား လေးရဲ့ အမျိုးက..တို့ သူငယ်ချင်း နဲ့ တရုံးထဲမို့လို့ အဲဒါတွေ သိရတာ။
ဟူး.... ကေရေ.. သူတို့ လက်ထဲမှာ ပြည်သူ တွေဟာ ကြက် ကလေး..ငှက်ကလေး တွေ လိုပါပဲ ကွယ်။

အင်းစိန် GTI ၀င်း ထဲက လွတ်လာတဲ့..အသက် (၆၅) နှစ် ရှိပီ ဖြစ်တဲ့ အဘ တယောက် ကိုတော့.. မိသားစု တွေက..စိတ်ရောဂါ ကု ဆရာဝန် နဲ့ပြဖို့ လုပ်နေကြတယ်။ အဲဒီ အဘ ဖမ်းခံထိ တုန်းက.. အရူးတယောက်ပါ ကြားညှပ် ပါသွားတယ်တဲ့။ အစောင့်တွေ ထင်တာက.. တမင် ရှုးချင်ယောင် ဆောင် တယ် ပေါ့။ တကယ် ကတော့..အရူးအစစ်တဲ့။ အဲဒါ ကို သေအောင် ရိုက်သတ် တာကို မျက်မြင် တွေ့ခဲ့ ရတဲ့ သူက ..သွေးမပျက်ပဲ နေမလားကွယ်..။ အဲဒီ အဘ ..လွတ်လာပီး ကတည်းက.. ဘုရားစင် ရှေ့ က ကို မထ တော့ဘူးတဲ့။

တကယ်တော့.. သူက ဆန္ဒပြတဲ့ အထဲမှာ မပါဘူး။ မြို့ထဲကို ကိစ္စ ရှိလို့ သွားရင်း နဲ့ လူအုပ်တွေနဲ့ ရောသွားလို့ ဖမ်းခံထိတာ။ GTI ၀င်းထဲရောက်တော့.. (၂) ရက် ထမင်းမကျွေး ဘူးတဲ့။ အဲဒီအ ဘ နေရ တဲ့ အခန်း ထဲမှာ သာမန် ပြည်သူ တွေ အပြင် .. ကိုရင် (၂) ပါး လည်း သီတင်းသုံးတယ်တဲ့။ အဲဒီမှာ.. အဘ က..ပိုက်ဆံရှိ နေတာနဲ့.. အစောင့် စစ်သားကို..မုန့်ဝယ်ပေးပါ ဆိုတော့.. အဲဒီ နေ့ က..ကျတဲ့ အစောင့် စစ်သားလေး က..စိတ်ကောင်း ရှိတော့..၀ယ်ပေးတယ်တဲ့။ ကိုရင် တွေကိုလည်း မုန့်ကပ်နိုင်ခဲ့တယ်လို့ပြော ပြတယ်။

အဲဒီ မှာ ရေလည်း မချိုးရဘူးတဲ့.။ ဆီး..၀မ်း..တွေလည်း..အဲဒီ အခန်းနားမှာ ပဲ..သွားရတော့..နံစော် နေတာပဲတဲ့။ (၂) ရက် ကြာတော့..ထမင်းနဲ့ ဟင်းကို ကျွပ်ကျွပ် အိပ် နဲ့ထုပ်ပီး လာပေးတယ်တဲ့။ လက်ဆေး ဖို့ ရေ လဲ မရ ဘူးတဲ့။ သောက် ရေ လည်း လုံလောက် အောင် မပေး ဘူးတဲ့။ (၇) ရက် အကြာ မှာ တော့..အဘ လွတ်လာပါတယ်။

ကေရေ.. အဘ တို့ကို ကူညီခဲ့တဲ့..စိတ်ကောင်းရှိတဲ့..စစ်သား လေးတွေ ရှိသလို... လူတွေကို ရိုက်ရ တာ အရသာတွေ့ နေတဲ့ သူတွေ လည်း ရှိတယ်ကွယ်..။ ဘုန်းဘုန်း တွေကို ရိုက်ရာ မှာ နာမည် ကြီးပီး..ရပ်ကွက်ထဲမှာ အများပြည် သူ ရဲ့ မုန်းတီး ခြင်းကို ခံနေရတဲ့ ကြံ့ဖွံ့ အတွင်း ရေးမှူး တယောက် ကတော့.. ည တ နာရီ လောက်မှာ..အရက် ဆိုင် က..အထွက်..ရဲလေး ယောက် ၀ိုင်းရိုက် တာ ခံလိုက်ရတယ်။ ကာဖျူး ရှိ နေတဲ့ အချိန်မှာ သူတို့ တွေပဲ ထွက် ခွင့် ရကြတာလေ။ တော် တော် လေး..ဖူး ယောင် သွားတယ်လို့.. ကြားတယ်။ အိမ် မှာပဲ ဆေး ကြိတ် ကုနေတယ် တဲ့။ ကြံ့ဖွံ့ တွေ ..စွမ်းအားရှင် တွေ ဆိုတာက.. တခါတရံ ရဲတွေထက် တောင် ပါဝါ ရှိ နေသလို လို ဆိုတော့..သူတို့ အချင်း ချင်း ကြားမှာ လည်း ပြသာနာ ရှိဟန် တူတယ်။

အမလေး..ကေရေ..စွမ်း အားရှင် မှာ တောင်..(၂) မျိုးရှိ တယ် တဲ့။ စစ်တပ် က..စွမ်း အားရှင် နဲ့ အရပ်ဖက် စွမ်း အားရှင် တဲ့။ စစ်တပ် အချို့မှာ ..တံဆိပ် အနီ..အသေးလေး တွေ ပေးထားတယ်တဲ့။ အဲဒီ တပ် တွေကို ရန် ကုန် ကို ခေါ်လာပီး.. အရပ်ဝတ် နဲ့.. အကျီ င်္ ကော်လာ မှာ တံဆိပ် အနီလေး တွေ တပ်လို့ ဆန္ဒပြ သူတွေ ကြားထဲ ထည့်ထားတာတဲ့။ အဲဒီ အစီအစဉ် ကို စစ်တပ် အချင်းချင်းပဲ သိတယ်တဲ့။ ပိုက်ဆံနဲ့ ပေးခေါ် ထားတဲ့ အရပ် ဖက် စွမ်း အား ရှင် တွေက..မသိကြဘူးတဲ့။ တို့တွေ နဲ့သိတဲ့ အမကြီး ရဲ့မောင်က..စစ်တပ် ကမို့ လို့ သူပြောပြ လို့သိရတာ။ သူတာဝန် ကျ နေတုန်း..သူတို့ တပ် က..ဗိုလ်ကြီး တွေ ကို ဆန္ဒပြ သူတွေကြားထဲ တွေ့ လို့ လှမ်း ခေါ် မလို့ လုပ်ေ တာ့.. မခေါ် နဲ့ ဆိုပီး ..အဲဒီ ဗိုလ်ကြီး က အချက် ပြ တယ်တဲ့။ အစ်မ လုပ်သူကတော့..သူ့မောင်ကို ` ဘုန်း ဘုန်း တွေကို တော့..မပစ်ပါနဲ့ဟယ်.. သံသရာ ဘေးကို ကြောက်စမ်း ပါ´ လို့ မှာ လိုက်တယ် တဲ့။ ပစ်ခတ် ပီးခါစ ရက် တွေမှာ တော့..တပ် တွေကို လူမြင်ကွင်း ထဲ ချထားပီး..နောက်တော့..ကမ်းနား က ဂိုဒေါင် တွေနားမှာ.. ကိုယ် ရောင် ဖျောက် ထားတယ် လို့ပြောကြတယ်။

တို့တွေ ရောက်သွားတဲ့ အချိန်မှာ..ရန်ကုန် မှာ လူပြော များ နေကြတာ ကတော့..မိုး ကြိုး တွေ ထစ်ချုန်း တဲ့အကြောင်းပဲ။ ပထမ ဦးဆုံး ဘုန်းဘုန်း နဲ့ ပြည်သူ တွေကို စပစ် တဲ့ နေ့က ..ဘုန်း ဘုန်း တပါး ပျံလွန် တော်မူပီး..မိနစ် အနည်းငယ် အကြာမှာ..မိုး ကြိုးတွေ ..ထစ်ချုန်း ပါလေရော တဲ့။ တချို့မြို့နယ် တွေမှာဆို.. မိုးက မရွာပဲ နဲ့..မိုး ကြိုး လည်း ချုန်းရော.. ပြည်သူတွေက..` ပစ် …..ပစ်…. သူတို့ကို ထိအောင် ပစ်….. မိစ္ဆာ တွေကို ထိ အောင်ပစ်…..´ လို့ အော်ကြတယ်တဲ့။ ကိုယ့် အစ်ကို တွေ ဆို ..၀ရံတာ ကိုထွက်ပီး..အဲလို အော်ကြတော့..စောင့် နေတဲ့ စစ်သား တွေ..မျက်နှာ ဘယ်လို ထားရမလဲ မသိ ဖြစ်နေကြတယ်တဲ့။ သူတို့တွေ ရဲ့ ကြောက်ရွံ့မူ ကိုလည်း..မြင် နေရတယ်တဲ့။

ကေရေ.. အဲဒီ မိုး ကြိုး တွေ ထစ် ချုန်း တဲ့ သတင်း လဲကြားရ ရော.. ၁၉၉၀ က..တဂျိမ်း ဂျိမ်း နဲ့ ချုန်း ခဲ့တဲ့ မိုးကြိုး ကို သတိရ သွားတယ်။ အဲဒီတုန်း က..ကံဆောင်ထားတဲ့.. ဘုန်းဘုန်း တွေကို စစ်အစိုး ရ က..သပိတ်လှန် ဖို့ ...ရာဇသံပေးထား တဲ့ နောက်ဆုံး ညမှာ.. ရန်ကုန်မှာ လုံးဝ မိုးမရွာပဲ.. လျှပ်စီး တွေ လက်..မိုးကြိုး တွေက..တနေရာ ရာ ကို ပစ် သလိုလို နဲ့ အကျယ် ကြီး ကို ..ထစ်ချုန်း တာလေ..။ တို့တွေရဲ့ မေမေ ကတော့..` ဘုရားတော့ ရိုက်ပါပီ´ လို့ မှတ်ချက် ချ တာကို ချက်ချင်းပဲ သတိရ မိသွားတယ်။

ဘုန်း ဘုန်း တွေ ကို ရိုက်နှက် ပစ်ခတ်လို့..စိတ်တွေ အရမ်း ဆိုး နေတဲ့ အထင် ကရ ဘုန်းကြီးကျောင်း ရဲ့ ဒကာ ရင်းဖြစ်တဲ့ အဘ တယောက် ပြောပြ တာတော့.. ဘုန်းကြီး လူထွက် ဦး အံ့ မောင် က..ဆရာတော် ကြီး တွေကို လျှောက်တယ်တဲ့...` ဘုန်းကြီး တွေ ဆိုတာ..သတ်လို့ရတယ်... ပီး ရင်..အာပတ် ဖြေ လို့ ရတယ်´ တဲ့။ အဘ ကတော့.. ဒီစကားကြောင့်..တော်တော် ဒေါသ ထွက်နေတယ်။ တို့တွေ ပြန် မလာခင် မှာ.. ကြားရတာတော့.. ဆရာ တော်ကြီး တွေကို..သူရ မြင့်မောင် ပထမ ဦးဆုံး လျှောက်ထား တဲ့ နေ့က..အခွေ ထွက် နေတယ်တဲ့။ အဲဒီ အခွေသာ ကြည့်ရ ရင်တော့.. ဆရာ တော် ကြီး တွေရဲ့ သဘောထား အမှန်ကို ပြည်သူတွေ သိခွင့်ရမှာပါပဲ။ အခု ထိတော့.. သတင်းတွေမှာ..သူတို့ဘက်က..လျှောက်တာတွေပဲ ရေး ထားတာ ဆိုတော့ ..ပြည်သူ တွေ လည်း ဆရာ တော်ကြီး တွေရဲ့..သဘောထား ကို သိချင်နေကြတယ်။

ကဲ..ကေရေ.. စာ လည်း နဲနဲ ရှည်သွားပီ... တို့ အစ်မ သူငယ် ချင်းတယောက် ပြန် ပြောပြ တဲ့..ငိုအားထက် ရီအားသန် ဖြစ်ခဲ့ရတဲ့..ထောက်ခံပွဲ တက် အတွေ့ အကြုံ တွေရယ်.. ပြည်သူတွေ ရင်ဆိုင် နေရတဲ့.. ကုန်ဈေးနှုန်း တွေ..အခက် အခဲ တွေအကြောင်း တော့..နောက်တစောင် ကျမှပဲ ရေးတော့မယ်ကွယ်...

သတိရ လျက်...
မမေ


Share/Bookmark

7 Comments:

thamudayanwe said...

ပြန်ဖတ်တိုင်းပြန်ခံစားရတယ်
သူတို့အသက်ပဲတန်ဖိုးထားကြတဲ့အကောင်တွေ
အခုဆိုနိုင်ငံရေးနားမလည်သူတွေတောင်ဝင်ပါကြတာ
သာသနာကိုစော်ကားလို့ပဲ
ဆွေစဉ်မျိုးစက်တသက်လုံဒမကျေဘူး
သမိုင်းမှာကြောက်စရာအကောင်းဆုံးအမဲစက်က
ကျတော်တို့မြန်မာဆိုတဲ့သမိုင်းမှာထင်ကျန်ခဲ့အောင်ရေးခဲ့တဲ့
အမျိုးယုတ်တွေ
..အာဏာရှင်စစ်ခွေးတွေအမြန်ဆုံးကျရှုံးပါစေ

thamudayanwe said...

ပြန်ဖတ်တိုင်းပြန်ခံစားရတယ်
သူတို့အသက်ပဲတန်ဖိုးထားကြတဲ့အကောင်တွေ
အခုဆိုနိုင်ငံရေးနားမလည်သူတွေတောင်ဝင်ပါကြတာ
သာသနာကိုစော်ကားလို့ပဲ
ဆွေစဉ်မျိုးစက်တသက်လုံဒမကျေဘူး
သမိုင်းမှာကြောက်စရာအကောင်းဆုံးအမဲစက်က
ကျတော်တို့မြန်မာဆိုတဲ့သမိုင်းမှာထင်ကျန်ခဲ့အောင်ရေးခဲ့တဲ့
အမျိုးယုတ်တွေ
..အာဏာရှင်စစ်ခွေးတွေအမြန်ဆုံးကျရှုံးပါစေ

Nay Nay Naing said...

အစ်မရေ... နှစ်သက်မိပါတယ်။ ပေးစာ အသစ်တွေတွေနဲ့  တခြားပိုစ့်အသစ်တွေကိုပါ စောင့်မျှော်ဖတ်ရှု့ နေပါတယ်။

Anonymous said...

I get tearful when I was reading the letter from my friend(2).
I feel so sorry for the people who faced the terrible situation at that time.

ခင်မင်းဇော် said...

ကေ့သူငယ်ချင်းကို အရမ်းသဘောကျမိတယ်။
ပြောပြလိုက်ပါကွယ် သူရေးတာတွေထဲက တချို့ကို အမတို့ သိတောင်မသိဘူး။ စစ်တပ်စွမ်းအားရှင်နဲ့ အရပ်ဘက်စွမ်းအားရှင် ဆိုတာမျိုးတွေလေ။
ကျေးဇူးကေရေ ခုလိုမျှဝေပေးတာ။

Anonymous said...

မကေ သူငယ်ချင်း (မမေ) ရဲ့ နောက်ထပ် ပေးစာတွေကို စောင့်မျှော်လျက်ပါး)

Unknown said...

pls , want to read other parts, hurry