မြန်မာလယ်သမားကြီးများ နှင့် ဒေါင်းယက်ချောင်းက..ကိုမောင်ဝင်း


`ရွှေဝါရောင် ..တော်လှန်ရေး ပြီး ရင်.. လယ်သမား တွေ အလှည့်ပဲ..´
လမ်းပြကြယ်..ရှေ့နေကြီး ဦး အေးမြင့် ရဲ့ အသံ က..မိုးချိုမ်းသံလို.. ထစ်ထစ် ချူန်းချူန်း။

အာအက်ဖ်အေ သတင်း တွေ နားထောင်နေ ရင်း..မြန်မာပြည် က လယ်သမား ကြီး တွေ ရဲ့..လက်ရှိ ရင်ဆိုင် နေရတဲ့ ..မတရား မူ တွေ အတွက်..မချိတရိ။

လယ်ယာ မြေ မတရား သိမ်းယူမူ တွေကို လည်း..တရား သဖြင့်..ပြောဆိုစရာ နေရာ မရှိ။ တရား ရုံး ကို ဦးတိုက် လျှောက်တော့.. နံရံကို ခေါင်း နဲ့ တိုက်သတဲ့။ ခေါင်း ကွဲချင် ကွဲပါစေ.. သူတို့..တိုက်ခဲ့ ကြသည်။

လယ်သမား တွေ ..တောမှာ နေတယ် ဆိုလို့..အနုံအည တွေ လို့..မထင် လိုက်ပါ နဲ့..။ ကောက်စိုက် ယုံ..ငွေပေါ်ရင်..ရွှေတက် ၀ယ်ဖို့ သာ သိတဲ့ တောသူ တောင်သား တွေ လို့..မခွဲခြား လိုက်ပါနဲ့။ သူတို့ မသိ တာတွေ ရှိသလို..သိနေတာ တွေလည်း..အများ ကြီးပါ။ ပိုပြီး လည်း သိချင်နေ ကြပါတယ်။

ကိုယ် ကြီး ပြင်းခဲ့ တဲ့ ပတ်ဝန်း ကျင် ဟာ လည်း..လယ်သမား ကြီး တွေရဲ့ အသံဗလံ တွေ နဲ့..မနီး မဝေး ..မို့.. သူတို့ရဲ့..နိုးကြားတဲ့ အမြင် တွေ.. ပြင်ပ ကမ္ဘာ ကြီး ကို စူးစမ်း ဆင်ခြင်လို တဲ့ ရှာဖွေ ခြင်း တွေ ကို.. မကြာခဏ ဆိုသလို တွေ့ဘူး မြင်ဘူး နေ တာပါ။


သိပ်မကြာ သေးတဲ့ ကာလ ကပဲ..မြို့ကလေးဆီ..အပြန် ခရီး က.. ပြုံးချင်စရာ လယ်သမား တယောက် အကြောင်း ..ခေါင်းထဲ ရောက် လာ တယ်။

ထုံးစံအတိုင်း.. တနှစ် တခါ.. နှစ် နှစ် တခါ ဆိုသလိုမှ..ပြန် လေ့ရှိတော့.. မိသားစု နဲ့.. အမျိုး တွေ နဲ့..တွေ့ရ..ဆုံရ..စကား ပြော ရတာ..မပြီးနိုင်..မဆုံးနိုင်။ အကြောင်းအရာ တွေကလည်း..တမျိုး ပြီးတမျိုး..။ သူ တို့..ရပ်ရွာ က..အကြောင်း တွေ ပြော တာ..နားထောင်လိုက်..။ ကိုယ်ကလည်း..ရောက်တုန်း ရောက်ခိုက်..ဆရာကြီး လုပ်ပြီး.. ဟိုမှာလေ.. ဆိုတာက..အစချီလို့။ ဆန်းတော့..အဆန်းသား။ သူတို့က.. နိုင်ငံခြားက အကြောင်း တွေကို..သိပ် စိတ်မ၀င်စား ကြဘူး..။ ကိုရီးယား ကား တွေ ထဲမှာ လည်း..နိင်ငံခြား ဆိုတာကြီးကို ရိုး နေအောင်..မြင်ဘူး နေ ပြီ ပဲလေ..။ အဲတော့လည်း..သူတို့ ပြော တာပဲ..နားထောင်ပေး..။ တောက..အမျိုးတွေယူ လာတဲ့.. ပြောင်းဖူး..ပဲမြစ်..၀ါးဥ ဆိုတာက..စလို့.. မနက်ဆို..တိုဖူးသုတ်..နေ့ခင်း..ဘာဟင်း စားမလဲ..ညဖက်ဆို..ရေမုန့်နဲ့လက်ဘက်ရည်ပေါ့ကျ..။ ဗိုက်ကို ကားလို့။
တမနက် တော့..အိမ်ရှေ့မှာ..မော်တော်ဆိုင်ကယ်သံက..`ဘုတ်..ဘုတ်..ဘုတ်´ နဲ့ ရပ်သွားတယ်။ အိမ်ထဲ ၀င်လာတဲ့..အတွဲမှာ..ရွှေနီး မျိုးစပ် တော်တဲ့..ဒေါင်းယက်ချောင်း ရွာ က အမျိုးသမီး ကို သိပေမဲ့..သူ့ယောက်ကျား လို့ထင်ရတဲ့..အမျိုးသား ကိုတော့..မသိဘူး။

`အေးးးးးးး..နင် ..ရောက် နယ် ဆိုလို့..ဟယ်..။ ကြည့် ပါအုံးဟယ်.. မှတ်တောင် မမှတ်မိဘူး.. အသား တွေ ကို ဖြူလို့..အနန့်´

သူ့လက်ထဲက.. ယာထွက်..လတ်လတ်ဆတ်ဆတ် ပြောင်းဖူး တွေကို..အိမ်နောက်ဖေး ထိ..ယူလာ ရင်း.. သူ့ အမျိုးသား ကို..`နိုင်ငံခြား မှာ နေတာ ..´ လို့ပြော ပြ တယ်။ မိတ်ဆက် တဲ့ သဘောပေါ့။ ပြီးတော့..`အဲဒါ..ငါ့ အမျိုးသား..ကိုမောင်ဝင်း..ဟဲ့ ´ တဲ့။

ဂျင်းဂျာကင် ၀တ်ထားတဲ့.. ကိုမောင်ဝင်း တို့ လင်မယားကို ကြည့်ရတာ.. ပြောင်ပြောင် လက်လက် နဲ့..လယ်တွေ ကိုင်းတွေ..အဆင်ပြေ ပုံပါပဲ။ ကိုမောင်ဝင်း ကပဲ စပြီး.. စိတ်ဝင်တစား အမူအရာ နဲ့..ဘယ်နိုင်ငံမှာ နေတာလဲ..လို့မေးတယ်။ သြစတြေလျ မှာ ဆိုတော့..`အော်.. အေး..မနက်က..ရေဒီယို သတင်းမှာ တောင်..သြစတြေလျ နိုင်ငံခြားရေး ၀န်ကြီး က..ဗမာပြည် အရေး အတွက်.. တိုက်တွန်းတယ် လို့..ကြားလိုက် တယ်တဲ့..။

အားပါး။ အလာကြီးပဲ။ နဲနဲ တော့..ဖြုံသွားတာ အမှန်။ သူ့ပုံစံက..သိတဲ့ အတိုင်း..တကယ့် တောသား လူရွယ် ပုံစံ။ ဒီလောက်ကြီး တော့ ..စိတ်ဝင် စားလိမ့် မည် မထင်လေ။ အဘိုးကြီး ဆိုလည်း ထားတော့။

ပြောကာမှ..ပို..စိတ် ၀င်စားလာတဲ့ ဟန် ..ခုံကို ရှေ့ တိုး ..နေရာရွှေ့လိုက်ရင်း.. `အေး..အဲဒီမှာ..ဘာတွေစားလဲဟေ.. ဆန် တော့...ဘယ်ရှိ မလဲ နော်´ တဲ့..။
ပြီး တော့..ဆက်တိုက်လာ တဲ့..သူ့မေးခွန်း တွေက..စိုက်ပျိုးရေး တွေကို ဘယ်လို လုပ်သလဲ တဲ့..။ အဲဒီမှာ..စစ်တပ် ကို ဘယ်လို ဖွဲ့ထားလဲ တဲ့။ အေ အိုင် ဒီအက်စ် ရော ဂါ ရော ရှိလား တဲ့..။ ၂လုံး ထီ လို မျိုး..လောင်းကစား တွေ ရော ရှိလား တဲ့။

လေးလေးနက်နက် ရှိလှတဲ့..သူ့မျက်လုံး တွေ ကို ကြည့်ရင်း..ကိုယ် လည်း တတ်သလောက်..မှတ် သလောက် တော့..ဖြေလိုက်ပါတယ်။

သူတို့ပြန်သွား တော့မှ.. အိမ်က..အဒေါ် ကို မေး ကြည့်တော့..အဲဒီ ကိုမောင်ဝင်း က.. အတန်းပညာ ၆ တန်း လောက်ပဲ တတ် တာတဲ့။ အင်း..အတန်းပညာ နဲ့.. ဆင်ခြင် သုံးသပ် နားလည် ခြင်း ဆိုတာ ကလည်း..သိပ်တော့..တိုက်ရိုက် အချိုး မညီပါလား လို့..ကိုယ်လည်း..ထပ်ဆင့် ဆင်ခြင် မိရင်း.. ကဲ..သူမေးတဲ့ မေးခွန်း လေး တွေဟာ..ဘယ်လောက် အခြေခံကျ လဲ.. လို့..တစိမ့်စိမ့် တွေး နေခဲ့ မိတယ်။

အကြောင်းတိုက်ဆိုင် လာ တိုင်း ..ဒေါင်းယက် ချောင်း က..ကိုမောင်ဝင်း ကို အထင်ကြီး စရာ လယ်သမား တယောက် အနေ နဲ့..ခုထက် ထိ..သတိ ရနေ မိပါတယ်။


Share/Bookmark

2 Comments:

ဆောင်းယွန်းလ said...

အတန်းပညာတွေသိပ်များပြီးတလွဲအတွေးအခေါ်ရှိနေ
တဲ့လူတွေထက်စာရင်.ကိုမောင်ဝင်းလိုလူမျိုးလူဖြစ်လာ
တာပိုပြီးအဓိပ္ပာယ်ရှိတာပေါ့ဗျာ.
အမြဲအားပေးနေပါတယ်.မကေသွယ်ရေ

Anonymous said...

ခေတ်ရေစီးထဲက ကိုရင်မောင်ဝင်း

လယ်သမား လဲ ၊ ထယ်သွား ထွန်တုံး
နွားနဲ့ရုန်းရင်း ပြုံးပျော်လှူတန်း
နိဗ္ဗာန်မှန်းရွယ် ၊ နေချင်မယ် ပေါ့ ..။