ကိုကြီးကျောက် ဖတ်ဖို့ ဆိုတဲ့ စာ..

 ဘာရယ် မဟုတ်.. ကိုကြီးကျောက်  ကင်ဆာ ဆိုတာ..သိသိရ ခြင်း.. အားပေး ပြီး ရေးလိုက်တဲ့ စာကလေးပါ။
အီးမေးလ် ထဲ မှာ..အခု မှ ပြန်ရှာ ရင်း ထွက်လာ လို့.. အမှတ်တရ.. ဘလော့ မှာ တင်ထား ပါရစေ..


ကိုကြီး ကျောက်

ပျော်တတ်တဲ့ သူကို အပျော် နဲ့ပဲ.. ပြောချင်တယ်..အကိုကြီး ရေ...
ခုပဲ...မငယ်နိုင် ဘလော့ ဂ် က..၀ိပသာနာ အကြောင်းလေး လည်း ဖတ်ရတယ်။ ကိုယ်တိုင်တောင်..စိတ်အတော်ငြိမ်းချမ်းသွားတယ်။ တလောကလည်း.. ဂျာနယ်ကျော် ဦးမိုးဟိန်း ရဲ့ ကင်ဆာကို.. ၀ိပသာနာ နဲ့ ရင်ဆိုင်သွားတာ..အားလုံး.. စိတ်ငြိမ်သက်စရာ ဖတ်လိုက် ရ တယ် ။

တကယ်တော့.. ပြောကြ ကြေး ဆို... လူတိုင်း လူတိုင်း.. အနှေး နဲ့ အမြန် အိပ်ပျော် ကြ ရမဲ့.. ခရီး တခု မှာ.. ဘယ်အချိန် အိပ်ပျော်မှန်း မသိရပဲ.. ၀ုန်း ဒိုင်း ဖြစ်သွား တာထက်.. ကုသိုလ်ကောင်းမူ နဲ့.. စိတ်တည်ဆောက် ဖို့.. အချိန်တွေ အများကြီး ရ တဲ့.. အတွက်.. တခု ၀မ်းသာ စရာပါပဲ။

နောက်ပြီး.. ဘ၀ မှာ.. အရှုပ်တွေ အထုပ် အထည် နဲ့.. နောက်ဆံငင်စရာ မလို တဲ့..လွတ်လပ် တဲ့ ဘ၀ တခု အတွက် လည်း.. တချက်.. စိတ်အေး စရာ ပါပဲ။

တကယ်တော့လည်း..  ၄ လ ၅ လ ၆ လ ဆိုတာ တွေ ကလည်း.. ပြောနကြ ကြားနေကြ စကား ကြီးတွေ ပါပဲ။ တလောက.. အင်္ဂလန်က..အသက်ရှင်ဖို့ ၃ လပဲ ကျန်တော့လို့.. လူသားခြင်းစာနာမူ နဲ့ လွှတ်ပေးလိုက်တဲ့.. လော့ကဘီး ဗုံးဖောက်သမားကြီး လစ်ဗျားကြီး ဆို..  ခုထိ ဘာမှ တောင် မဖြစ် လို့.... အမေရိကန်က..တောင် အင်္ဂလန်ကို ပြသာနာ ရှာနေ တဲ့ အဖြစ် မျိုး တွေ။

ကိုကြီးကျောက် လေးငါး ခြောက်လ ဆိုတဲ့ အချိန် အတွင်းမှာ.. လူကောင်း တယောက်က.. တပတ် ၂ ပတ် နဲ့.. မမျှောင်လင့်တာ တောင် ဖြစ်နိုင် တဲ့.. လူ့ ဖြစ်စဉ် တခု ရယ်ပါ။

ကိုကြီးကျောက်မှာ.. ခင်မင် ချစ်ခင် တဲ့.. မိတ်ဆွေ တွေ ရဲ့.. မေတ္တာတွေ နဲ့ နွေးထွေး လုံခြုံ နေမယ် ဆိုတာ..ယုံကြည်တယ်။ အေးဆေး မှ..ဖုန်းဆက်မယ်။

ကိုကြီးကျောက် ရင်ဖွင့်ချင်တာ..စကားပြောချင် တာ ရှိရင်..ဖုန်း ပြောလို့ လည်း ရတယ်။ ကျမလည်း ဗိုက် ၂ခါ ခွဲ ထားတာပဲ.. ကျန်းမာရေး ကတော့..ဒေါင်၂ မြည် မဟုတ်။ ဘုရားပေး သလောက်ပေါ့။း)

ကျမ တို့..ကျောက်ခဲ မောင်နှမ တွေ မို့..သူများတွေ ထက် ပိုချစ်ကြတယ် မဟုတ်လား..း)







Share/Bookmark

4 Comments:

အဖြူရောင်နတ်သမီး said...

ဒီစာလေးက ထာဝရ အမှတ်တရပေါ့ အမရယ်..
ဘလော့ဂ်မောင်နှမတွေအားလုံးလည်း ဘကျောက်ကို အမြဲအမှတ်တရရှိနေကြမှာပါ...

linn said...

ကိုကြီးကျောက် ကျမတို့ရင်ထဲမှာ အမြဲထာဝရ ရှိနေမယ်ဆိုတာ ခြွင်းချက်မရှိ ပါဘဲ မကေ ရယ် ...

mie nge

Thet Oo said...

ဝိပဿနာ ဟာ ဘုရားသာသနာအတွင်းမှာသာ ကျင့်ခွင့်ရတဲ့တရားလို့ လေ့လာမှတ်သားခဲ့ရပါတယ် - (မှတ်ချက် - ၀ိပသာနာ မဟုတ်ပါ)
ဝိ = အထူး၊ ပဿနာ = ရှူခြင်း။
ခန္ဓာငါးပါးရုပ်နာမ်တရားတို့ကို အထူးရှူမှတ်ရခြင်း ဖြစ်ပါကြောင်း၊

SHWE ZIN U said...

မကေ ရေ

အထူးဝမ်းနဲရပါတယ် အမြဲအမှတ်ရနေမှာပါ