အင်တာနက်ကဖေးကို ခံစားခြင်း

ဒီနေ့.. ကောင်းကင် က.. စာတိုလေး တပုဒ်ကို ဖတ်ပြီး.. သဘောကျနေ မိတယ်။ စာရေးသူ “ငယ်သွေး” ပေး လိုက် တဲ့ ရသ ကိုတင်မက.. သရုပ်ဖော် လိုက်တဲ့ မြင်ကွင်း.. အငွေ့အသက်.. အထိအရှ တွေကိုပါ.. အတိုင်းသား မြင်တွေ့ ခံစား လိုက်ရတယ်။ ၂ မျက်နှာလောက် စာတိုလေး ထဲမှာ.. ခေတ် နဲ့လူမူဘ၀ တွေကို .. အသာ အယာလေး ရေးခြယ်သွား လိုက်တာ.. ဘာမှ မဟုတ်သလိုပဲ။ တွေးကြည့် တော့မှ… ဟုတ် လိုက်တာ..။ မြင်ကြည့်တော့မှ..လူတွေ..ဘ၀တွေ..ဒီကဖေး ဆိုင်လေး နား မှာပဲ..။
“အစ်ကို .. အင်တာနက်ကြီးမှာ ကြိုက်တာ လုပ်၊ ကြိုက်တာမေးလို့ ရတယ်ဆို။ ..
ဟုတ်လား။”
“အင်း .. ရတယ်လို့ ပြောလို့ ရတာပေါ့ကွာ။” ဟု ခပ်လေးလေး တွေးတွေးပင်
ကျွန်တော် ဖြေလိုက်သည်။ ဒါနဲ့ သူက ဆက်ပြီး …..
“ဒါဆို အဲဒီ ကောင်ကြီးကို
ကျွန်တော့် အဖေ ဘယ်မှာလည်းလို့ မေးလို့ ရမလား။”
“ဟင် … ”
ကျွန်တော်
ငိုင်ကျသွားည်ဟု ထင်ပါသည်။
“အလကား လျှောက်ပြောတာပါဗျာ။ ကျွန်တော်လည်း ရှာလို့
မရနိုင်လောက်ဘူးလို့ ထင်ပါတယ်။ ဆိုင်ရှင် လှမ်းခေါ် နေပြီ။ သွားတော့မယ်ဗျာ။” ဟု
ဆိုကာ ပြေးထွက်သွားသည်။


သမရိုးကျ ဆန်စွာပဲ အရာရာ နောက်ကျ နေခဲ့တဲ့.. လူမူ ဘ၀ တွေ ထဲကို.. အင်တာနက် ဆိုတဲ့.. ပဉ္စလက် စက္ကောမ ကြီးတခု ရောက်လာ လေ တော့.. အုတ် အုတ်သဲသဲ.. ရှုပ်ရှုပ် ခဲခဲ ဖြစ် နေ ရတဲ့.. အဖြစ်တွေပါ။ သူ့ဟာလေး ဖတ်လိုက်မှ..ပြီးခဲ့တဲ့ လတွေထဲက.. မြန်မာပြည် အထက်ပိုင်း မြို့ကြီး တခု က..အင်တာနက် ကဖေး မှာ ခဏ အင်တာနက် ၀င်သုံး တုန်း ကြုံခဲ့ရတဲ့..ရီစရာ လေးကို လည်း သတိရသွားတယ်။

ရန်ကုန် လိုတော့ မဟုတ်..။ ဆိုင်ထဲမှာ..တကယ် အမှန်အကန် အင်တာနက် သုံးသူက.. ရှိလှမှ.. ကိုယ်နဲ့ဆို ၃ ယောက်လောက် ရယ်။ ကျန်တာတွေက.. အပူ ရှောင်ရင်း.. မအေးလှ တဲ့..လေအေးခန်း ထဲမှာ..ဂိမ်းစ် ဆော့နေကြ တဲ့.. ခလေး..တွေ။
-
ခဏနေ တော့.. ချွေးတွေ သံတွေ နဲ့ လူတယောက်.. ဆိုင်ထဲ ၀င်လာတယ်။ လက်ထဲမှာ လည်း စာရွက် တရွက် နဲ့.. အလော သုံးဆယ် ပုံစံ..။ ဆိုင်က ကောင်လေးကို စာရွက်ပြပြီး တော့..
-
“ ကို+++ က ခိုင်း လိုက်လို့.. ဒီ နံပတ် နဲ့ သူ့ အီးမေးလ် ကို ဖွင့်ပြီး စာရွက် တခု ထုတ်ခဲ့ ပါတဲ့..”
-
ဆိုင်က ကောင်လေးက.. အသေအချာ ယူ ဖတ်ပြီး.. ခပ်ဖွဖွ ရွတ် ကြည့် တယ်။
-
“ ****** @ yahoo.com ”
-----
“ အင်း.. ဒါပေမဲ့.. အဲဒီ လိပ်စာ ကို ဖွင့်ဖို့.. တကယ့် လျှို့ဝှက် နံပတ် တခု လိုတယ်..အဲဒါရော ပေးလိုက်သလား..”
-
ဆိုတော့.. အရေးကြီး ပုံ ပေါ်နေတဲ့.. ဟိုလူ ခမျာ..
-
“ ဟာ- မသိဘူး ဗျာ.. ဒါပဲ ရေးပေးလိုက်တယ်.. စာ တခု ထုတ်ခဲ့ လို့ပဲ.. ပြောလိုက်တယ်”

အဲဒီ မှာ.. ရွာလည် တော့တာပဲ။ အင်တာနက် ဆိုင် က ကောင်လေးက.. ရှင်းပြလေ..ဟိုလူခမျာ..ခေါင်းကုတ်လေ.. ။
ကိုယ့်မှာတော့.. ပြုံးလည်း ပြုံးချင်.. လှောင် လည်း မလှောင် ရက် ဆိုသလို ဖြစ်နေတော့တာပါပဲ။

+++++
-
နောက်တခါ.. ရန်ကုန် ပြန်ရောက်တော့.. ဦးထွန်းလင်းခြံ လမ်းလေး ထဲက.. Wave ဆိုတဲ့ အင်တာနက် ကဖေး ဆိုင် ခပ်ကျဉ်းကျဉ်း လေး ထဲ ..တခါ သွားသုံး ဖြစ်တယ်။
ဆိုင်က ကျဉ်းတော့..တယောက် နဲ့ တယောက် အတော်နီးကပ် ရတဲ့ ကြားထဲ.. ဘေးက..ခလေးမ လေးမှာ.. ဆိုင်က ကောင်လေး နဲ့.. အတော် အလုပ် ရှုပ် နေပုံ ။ မသုံး တတ်ရှာ ဘူး ထင်ရဲ့လို့.. ခေတ်မီမီ ၀တ်ထားတဲ့..ရန်ကုန်စတိုင် မိန်းမငယ်လေး ကို တချက် လှမ်းကြည့် ဖြစ်တယ်။ နောက်တော့..ဆိုင်က ကောင်လေး လဲ..ဟိုဖက် ပြေးလိုက်..ဒီဖက် သွားလိုက် နဲ့.. အနားကို ရောက်မလာ တော့ဘူး။ ခဏ နေတော့..ကောင်မလေးက.. ဘေးက…သစ်သား အကာ လေးကို ခေါင်း ကျော် ပြီး..

“ အမ.. ကျမကို ဒါလေး ဘာသာ ပြန်ပေး ပါလား..” လို့ ဆိုလာတယ်။

ကဲ.. ဘာတွေများ.. ခက်ခဲ အလုပ် ရှုပ်နေ ပါလိမ့်..။ ကျောင်းလျှောက် တာလား။ အင်္ဂလိပ်စာ ကို သေချာ မဖတ် နိုင် လို့ လား..ဆိုပြီး.. သူ့ စက် ဖန်သားပြင် ကို ခေါင်း ပြူ ကြည့်တော့… ချက်တင်း ၀င်း ဒိုးလေး ထဲ မှာ-
-
“ saunt nay mae… bae hmat taing mhar twae ma lae ” တဲ့။
သေလို့ရပြီ။


Share/Bookmark

23 Comments:

Moe Cho Thinn said...

တို့ကတော့ သူတို့နဲ့ သိပ်မကွာလှပါဘူး ကေရေ..

အီးမေးလ် လိပ်စာပေးတာ သူ့ password ပါ အတင်းပေးနေတဲ့ သူငယ်ချင်းတယောက်နဲ့တော့ ကြုံဖူးတယ်။ ကိုယ်က မလိုဘူး၊ ဒါ မလိုဘူး နဲ့ ခြေခါ လက်ခါ ငြင်းခဲ့ရသေးတယ် အဟဲ..။

MrDBA said...

ဟီးဟီး ..သဘောကျတယ်ဗျ။ ရီရတယ် တကယ်။ ကျွန်တော်လဲ မချိုသင်းလို ကြုံဖူးတယ်။ password မလိုဘူးလို့ အတင်းပြောပြရတယ်။ ဒါတောင် အင်တင်တင်နဲ့ စာမှပို့ပါ့မလားနဲ့ မယုံချင်သေးဘူး။ ဟီးဟီး။

လင်းဒီပ said...

ကျွန်တော်တို့ဆီမှာ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးတတ်လာဖို့ရယ်
အကျိုးရှိရှိ အသုံးချတတ်ဖို့ရယ်တော့ အချိန်ပေးပြီး လုပ်ယူရမှာပါ အစ်မ...

“စောင့်နေမယ် ဘယ်မှတ်တိုင်မှာတွေ့မလဲ” ဆိုတာမျိုးလေးတွေပဲ လောလောဆယ်တော့ များနေသေးတယ်။

မယ့်ကိုး said...

မရဲ့  စာလေးတွေကို လာဖတ်ဖြစ်ပါတယ်။ စာလေးတွေ သိပ်ကောင်းလို့  ကျေးဇူးတင်ကြောင်းပြောချင်နေတာ။

အခုမှ ရယ်စရာလေးတွေ့ လို့  ... စာထဲက ကောင်မလေးနဲ့ ကျွန်မသိပ်မကွာလို့ ... မြန်ဂလိ မဖတ်တတ်လို့ ... :)

mgphonemyint said...
This comment has been removed by the author.
mgphonemyint said...

ma thay par nal ohn lay .....;)

မီယာ said...

အိမ်ကအဒေါ်တယောက် အင်တာနက်ကဖေးမှာ ဂျီတော့ပြောတာ တဆိုင်လုံးကြားလို့ မျက်နှာ ဘယ်နားထားရမှန်းမသိဘူး။ ပြီးတော့ သူကပြောသေးတယ် မောလိုက်တာတဲ့။

mirror said...

တို့များ ဘာမှ မပြောတော့ပါဘူးကွယ်..။ :D

tg.nwai said...

ချိုသင်းကော်မန့်ဖတ်ပြီး အရင်ဆုံးရယ်လိုက်ရတယ်။ တို့လည်း အဲဒီလိုရေးထားတာဆို ဖတ်ရတာ သိပ်စိတ်ညစ်တယ်..မဖတ်တတ်လို့လေ။

ThuHninSee said...

အောက်ဆုံးအပိုဒ်ကို ဖတ်ပြီး အရမ်းရီသွားတယ်။

MANORHARY said...

အဲလိုရေးတဲ့သူ
ကိုယ်နဲ့ကီးမကိုက်ဘူး
မဖတ်တတ်ပါဘူးပြောရင်
မယုံချင်တတ်သေးဘူး
ကြီးကြိးကျယ်ကျယ်တဲ့
နင်ကဘယ်လောက်အင်္ဂလိပ်စာတတ်နေလို့လဲက
ပြောခံရသေးတယ်း(
သေချာတာက ခေါင်းကိုက်စေပါတယ်
အဲဒီဘာသာစကားပျက်က...

မမသီရိ said...

မမ ကတော့ မြန်မာအွန်လိုင်း သူငယ်ချင်းတွေ ကိုပြောထားတယ် အဂ်လိပ် လို ကြိုးစားရိုက်ပြပါ
ဒါမှ မဟုတ်လဲ မြန်မာ font ကို သုံးပါ လို့
သူတို့ မြန်ဂလိပ်တွေနဲ့ပြောလာရင်တော့
ရိုင်းတယ်လို့ ထင်ချင်ထင် ဆောရီး ပြောချလိုက်တာပဲ


မြန်မာစကား သင်ထားတဲ့ ဂျပန်ကောင်လေး
တယောက်ကျတော့ အဲဒီမြန်ဂလိပ် ကို
ဖက်ရှင်တခုတောင် ထင်နေတာ
သူ့ မြန်မာသူငယ်ချင်းတွေ နဲ့ ချက်တင်း
လုပ်ရင် အဲဒီမြန်ဂလိပ်နဲ့ ရိုက်တာ ရှင်
မမ ကို လဲ လာပြောတော့ ဆောရီး
ပြောရတော့တာပေါ့..း)
အစ တုန်းက တော့ အာနာနာ နဲ့ ကြိတ်မှိတ်သီးခံနေခဲ့ရတာ
သူနဲ့ စကားပြောရင် ခေါင်းတွေ ကိုက်ရော
နောက်ဆုံးတော့ မင်း မြန်မာလိုရေးတာ
ငါ နားမလည်ဘူးကွ လို့ ပြောလိုက်ရတော့တယ်..း)

Anonymous said...

ဟားဟား ..

ဟုတ်ပ ၊ နောက်ဆုံးစာကြောင်းကတော့ တကယ် သေလို့ရတယ် ...

Anonymous said...

ဟားဟား ..

ဟုတ်ပ ၊ နောက်ဆုံးစာကြောင်းကတော့ တကယ် သေလို့ရတယ် ...

(ညီမ)

Phyo Maw said...

အမရယ် ရန်ကုန်တုန်းက ကိုယ်ကိုယ်တိုင်တောင် email ပေးရင် ရှေ့က www.---@gmail.com ဆိုပြီးပေးမိခဲ့ဖူးတယ်။
အဲတုန်းက www မပါမှန်း သိကို မသိခဲ့တာပါ။ =]

ရွက်လွင့်ခြင်း said...

ရန်ကုန်မှာတောင် အဲလိုဖြစ်နေရင် နယ်တွေဆို ပိုဆိုးပြီပေါ့
အချိန်အတိုင်းအတာတစ်ခုထိတော့ ယူရဦးမယ်

rose of sharon said...

ပြုံးပြီးဖတ်သွားပါတယ်...

Anonymous said...

အမလဲ ဘားဂလိစ်ကို မဖတ်တတ်ဘူး။ အဲလိုရေးလာရင် အချိန်အရမ်းယူပြီးဖတ်ရတယ် ဟိဟိ အင်္ဂလိပ်စာ ကလဲ ဂဂျိုးဂဂျောင်ဆိုတော့ အဲဒီကောင်မလေး နီးပါးပါပဲ ၊
ချိုသင်းလိုပဲ အီးမေလ်းလိပ်စာနဲ့ ပတ်စ်ဝက် ပေးတာ တို့လဲ ကြုံဖူးတယ်။ ဟဲ့ အဲဒါနင်ပဲ သိရမှာလေ ။ သူများတွေ လျှောက်မပေးရဘူး လို့ ပြန်ပြောလိုက်ရတယ် ။
အမ ခင်မင်းဇော်

ဒူကဘာ said...

ကိုယ် ဖြေရှင်းလို့ မရတဲ့ ဘာသာရပ်များ ပါလား ကွယ်ရို့ရယ်....ထူးဆန်းလေစွ၊ ဒါလည်း သူတို့ ခေတ်နဲ့ သူတို့ စနစ်ပဲလေ ( ဟာ ... နိုင်ငံရေးတွေ ပါလာပြီ ) ဒါပါပဲ။

ဆောင်းယွန်းလ said...

ရယ်ရခက်ငိုရခက်ကြီးပါလားမကေရေ....

Ko Boyz said...

ဟား.. ဘယ်မှတ်တိုင်မှာ စောင့်နေမလဲ ပဲ သဘောကျတယ်။
ခုနောက်ပိုင်းကို မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လို ဖြစ်ဖြစ် မပြောရင် မချက်ဘူးပဲ။
အဟုတ် ခေါင်းကိုက်လွန်းလို့။

Anonymous said...

ဘာပဲဖြစ်ဖြစ် lovely lovely! ဟုတ်တော့ ဟုတ်တယ်၊ ဒီရေးနည်းကို မြန်မာလိုမှန်အောင် ဖော်ရတာ မနပ်ရင် တော်တော် ဦးနှောက်စားတယ်။ အဆင်ပြေကြပါစေဗျာ။

သက်ဝေ said...

မြန်မာလို ရိုက်တတ်တဲ့သူတွေ များလာရင် ခုလို သေချင်စရာ စာရိုက်နည်းတွေ တဖြည်းဖြည်း ပျောက်သွားမယ်လို့ မျှော်လင့်ရတာပါပဲ ကေရေ...
ကိုယ်လဲ အဲဒီလိုစာမျိုးတွေ တွေ့ရရင် ခက်ခက်ခဲခဲ ဘာသာပြန်ရင်း သေချင်တာပါပဲ...