ပထမဆုံး အကြိမ် စင်ပေါ် တက်ခြင်း..ပထမ အကြိမ် နိုင်ငံခြား ခရီး စဉ်... ပထမ ရည်းစား စသည်ဖြင့်.. ဘ၀ မှာ..ပထမ တွေ များ လှ သည်။
များ သော အား ဖြင့် လည်း ..ပထမ အကြိမ် တွေ ဆိုတာ..အဆင် ချော လှ တာ မဟုတ်။ This is not the first time လို့ပင်..ဆို စကား ရှိ သည် မဟုတ် လား ။ ဒါ တောင်..ဖြစ်စဉ် ခြင်း ကတော့..တူတူ ပေမင့်.. ဒီ ဒေသ ဒီ နိုင်ငံ ထဲမှာ မှ..ပထမ အကြိမ် ..ခရီးထွက် ခြင်း.. ပြောင်းလိုက် တဲ့ အလုပ် ထဲ မှာ မှ..ပထမ ဆုံး ရုံးတက်တဲ့ နေ့ ဆိုတာ တွေ လည်း.. ရှိ သေး သည်။
အဲဒီ ပထ မ အခေါက် ဆို တာ တွေ တိုင်း မှာ လည်း.. စိုးရိမ် ပူပန် မူ တွေ..လူတိုင်းမှာ..။ ဘာ တွေ တွေ့ကြုံ ရမယ်.. ဆိုတာ မှ မသိနိုင်ပဲ လေ..။ ကြိုတင် ပြင် ဆင် ထား သလောက် မ ခက် ခဲ သလို..ထင် သလောက် မလွယ် တာ တွေ ကလည်း..ရှိ ခဲ့ ကြ ပေ မည်။ ပြီး တော့လည်း.. အရာ ရာ ဟာ..သူ့ဟာ နဲ့သူ..အသား တကျ ရှိသွား ခဲ့ သည်သာ။ ဖြတ်သန်း ခဲ့ ရတဲ့..ပထမ အကြိမ် တွေ ကို သာ.. နှလုံး နွေး စရာ တွေ .. အသဲ အေး စရာ တွေ.. ရှက် နောင် တ တွေ.. သင်ခန်း စာ တွေ.. အဖြစ် နဲ့ ...သိမ်း ဆည်း ထား လိုက် ပေတော့။
ပထ မ ဆုံး အကြိမ် ကျောင်း သွား တဲ့ နေ့..
အမေ က..ကျောင်း ဆရာ မ မို့ ..ကျောင်းတက် နေ ရ လို့..အဒေါ် လိုက်ပို့ သော.. ၀လုံးတန်း ( သူငယ် တန်းမရောက်ခင်) အခန်း ငယ် လေး ထဲ က.. ခုံ လေး တွေ ရယ်.. ချော့မော့ လေ့ ရှိ တဲ့..တရုတ် ဆရာ မလေး ရယ်..ကိုသာ..မပီ ၀ိုး ၀ါး... မှတ် မိ တော့ သည်။
ပထ မဆုံး အကြိမ် တက္ကသိုလ် တက် တဲ့ နေ့...
အတိ အကျ မမှတ် မိ တော့ပေမဲ့.. နယ် မြို့ လေး က..ရောက်လာ တဲ့.. အူကြောင်ကြား ကောင်မလေး တယောက် ရယ်.. ဘာ မှန်း မသိ ခဲ့ တဲ့.. ဒါပဲ သင်ခွင့် ရှိတယ် ဆို တဲ့.. ကျောင်း သင်ခန်းစာ တွေရယ်.. သူငယ်ချင်း အသစ် တွေ ကို ဘယ်လို မိတ်ဖွဲ့ ခင်မင် ရမှန်း မသိ ခြင်း တွေ ရယ်... ငိုချင် စရာ ကောင်း နေခဲ့ တာ တော့..သေချာ လိုက် သမှ။ နောက် တော့လည်း..ဒီ ကျောင်း ကြီး ကို မှ မခွါနိုင် ခဲ့..ဒီသူငယ်ချင်း တွေကို မှ..မခွဲ နိုင် ခဲ့။
ပထမ ဆုံး အကြိမ်.. ရည်စား ထား ခြင်း.
အဲဒါ လည်း..ငိုချင် စရာ ကောင်းခဲ့သည်။ ဘာ ကြောင့် လည်း မသိ..ပန်ဒိုရာ ပြောသလို ..ရည်းစား ထား ခြင်း သည် ..အပြစ် တခု လို့.. ဦးဏှောက် ဆေး ခံ ထား ရ လို့ လား မသိ။ ဒါ တောင် တက္ကသိုလ် နောက် ဆုံး နှစ် မှာ မှ..ထား မိ တာပါ။ နောက် တခု က.. သူငယ်ချင်း အုပ်စု တွေ နှင့်.. အီကြာ ကွေး တွေ..ပလာတာ တွေ ရိုက် ကာ.. သောင်းကျန်း လို့ အကောင်း ဆုံး အချိန် မှာ..နံပတ် ချိတ် လိုက် မိတာကို.. ကိုယ့်ဖာ သာ နှ မြော နေ တာ လည်း ဖြစ် မည်။ သေ ချာ တာ တော့.. ဒီ ရည်း စား က..ငါ ထင် သလောက် ..သင့်တော် သူ ဖြစ်ပါ့ မလား ..ဆို တဲ့..စိုးရိမ် ပူပန် မူ ပါ။ ဆိုင် က..ဖရဲသီး တလုံး ကို.. ဇွန်း လေး နှင့် အပေါက် ဖောက် ၍ သာ..ကြည့် ၀ယ် ခဲ့ ရပေမဲ့.. အိမ် ရောက် မှ ပဲ..အထဲကို ခွဲ ကြည့် နိုင် တာကိုး။ ( အင်း..ခွဲ ကြည့် လို့ ရတော့ လည်း.. ပြီး တော့ လည်း...ပြီးသွား တာပါပဲ )
ပထမ ဆုံး အကြိမ်.. နိုင်ငံ ရပ် ခြား ခရီး.
စထွက် တုန်း က... ထုံး စံ အတိုင်းပါပဲ..မိသားစု ဆွေမျိုး တွေက..သိုက် သိုက် ..သိုက် သိုက် နဲ့ လိုက်ပို့ကျ..။ လေ ဆိပ် ဆင်းဖို့..စပါယ်ရှယ် ချုပ်လုပ် ထားတဲ့ အ၀တ်အစား တွေက..ခပ် တောင့် တောင့်..။ ဖိနပ်က ပေါက်ချင် သလို။ ဗိုက် ဆာ သလို။ ဟို ရောက် ရင်.. လေယဉ် ပေါ် က..နေ..ပြွန် ကြီး နဲ့ ဆင်း လိုက်.. တခါ ထဲ..လေဆိပ် ထဲ ရောက် သွားရော.. သူ များ တွေ သွား သလို လိုက် သွား လို့..ဦး လေး လုပ် သူ က ပြော လေ.. ဘယ်လို ပုံစံ ကြီး မှန်း..မြင်ယောင် ကြည့် လို့..မရလေ.. စိုးထိတ် မိလေ..။ အရေး ထဲ.. မိသား စု ကို ကြည့် ပြီး ငိုချင် နေရ တာ က..တမှောက်။ နောက် တော့ လည်း..ဒီ လေယဉ် ကြီး တွေ ..လေဆိပ် ကြီး တွေ ကို.. သာမန် အ၀တ် အစား နဲ့..ပေါ့ပေါ့ပါး ပါး ...အကြိမ် ပေါင်း များ စွာ ဖြတ်လို့။
ပထမ ဆုံး အလုပ်...
ပြည်တွင်း မှာ တနှစ် လောက် လုပ်ခဲ့ သည်။ တွေ့ ရပါ့.. နားမလည် ခြင်း တွေ.. ရှက်စရာ တွေ..အမှား တွေ.. အပုံလိုက်။ အလုပ်ကို ကိုယ် ပြင်ဆင် တာက တခြား.. အင်တာဗျူး ခန်း ထဲ ရောက် မှ..မျက် လုံးစိမ်းစိမ်း နဲ့ ဘို မကြီး တွေ့တော့..လန့်လိုက်တာ။ အိုး မနင်း..ခွက် မနင်း ယုံ လေး ပဲ။ နောက်ထပ်..အလုပ် တွေ..။ ပထမ ဆုံး အလုပ်ဆင်း ခြင်း တွေ။ ဆက်ဆံ ရေး အသစ် တွေ.. ။ အလုပ် သွားဖို့.. ကားလမ်း ကြောင်း အသစ် တွေ။ အခက် အခဲ အသစ် တွေ။ စိုးရိမ် မူ အသစ် တွေ။ ပြီး တော့ လည်း..ပြီး ပြန် တာ ပါပဲ။
အခု လည်း.. ပထမ ဆုံး တခု စီ ခြေ လှမ်း ပြင် မိပြန် ပြီ။ ဖြတ်သန်း ရ ဦး မည်။ စိုး ရိမ် ပူ ပန် ရ ပြန် သည်။ တွေ့ ဆုံ ခြင်း တွေ.. ပြော ဆို ခြင်း တွေ.. လေ့လာမူ တွေ..ရေး ရ ချွတ် ရ မည့် အရေး တွေ။ ပြီး တော့ လည်း .. ရိုးသွား.. ယဉ် ပါး သွား မည့် ကာ လ တခု ကို ရောက် သွား မှာပါ လေ လို့.. ကိုယ့် ဖာသာ အားပေး ပေါ့။
ပထ ဆုံး အကြိမ် တွေ မှာ ကြုံ ရ တတ် တဲ့..ရင်ဖို ခြင်း တွေ အကြောင်း တွေးရင်း.. အီစတာ တနင်္ဂ နွေ ပိတ်ရက် ကို စိတ် ရှိ လက်ရှိ ခံစား နေမိသည်။ အီစတာ ဆို တာ ဘာမှန်း မသိပေမဲ့..အီစတာ တနင်္ဂ နွေ ဆိုတာ တော့.. Good Friday မှာ ကားတိုင် တင် အသတ် ခံ လိုက် ရတဲ့..ခရစ်တော် ယေရှု ..ရှင် ပြန် ထ မြောက် ရာ.. သုံး ရက် မြောက် နေ့ ဆို တာ တော့ သိသည်။ အဲဒီ အချိန် တုန်း ကလည်း..ခရစ် တော် တယောက်..ပထမ ဆုံး အကြိမ်..သေခြင်း တရား..နာခြင်းတရား နှင့် ရင်ဆိုင် ကြုံ တွေ့ ရမည့် အရေး.. ဥယျဉ် ထဲက..သစ်ပင် အောက်မှာ..ညဉ့်ဦးယံ တလျှောက်လုံး.. တယောက် တည်း .. ကြောက်လန့် တုန်လှုပ် နေခဲ့တာ.. Passion ရုပ်ရှင် ထဲ မှာ.. ကြည့်ခဲ့ ရဘူးသည်။ ခု တော့ လည်း.. သူ ရှင်ပြန် ထ မြောက် ခဲ့သည်။ သူ..ရင်ဆိုင် ဖြတ်သန်း ခဲ့ သည်။ ပြီးစရာ တွေ..ပြီး မြောက် သွား ခဲ့ ပေ ပြီ။
( Ester Memorial)
6 Comments:
အစ်မရဲ့ ပထမဆုံးတွေ...
ခုလိုပြန်ပြော၊ ပြန်တွေးတော့လည်း..
အတော်ကလေးရသဆန်တာပဲဗျ..
လူတိုင်းအကုန်လုံးဖြတ်သန်းရမယ့် အရာတွေကို...
အမလည်းအောင်မြင်စွာဖြတ်သန်းခဲ့ပြီးသွားပြီပဲ...
နောက်ဖြတ်သန်းရမယ့်ဟာတွေလည်း အဆင်ပြေသွားမှာပါ..
သိတယ်မဟုတ်လား....
ဒီလောက်တွေးနိုင်ရုံနဲ့တင် အောင်မြင်ခြင်းကို...
ရာနှုန်းပြည့်နင်းမိနေပြီးသားပဲဖြစ်မှာပါ..
ဘာမှစိပူမနေပါနဲ့ ဖြစ်သွားမှာပါ
ခင်မင်စွာဖြင့်
မကေသွယ်ရေ.. ရီးစားထားတာကို ဖရဲသီးဝယ်သလို ဥပမာပေးတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ တချို့ဖရဲသီးတွေက ဆိုင်ပေါ်မှာကတည်းက ခွဲးပြီးသားတွေ။ တချို့ဆို အတုံးလေးတွေတောင် တုံးပြီးသား။ အဲလိုမဟုတ်ရင်လည်း မိန်းမရှာတဲ့အခါ ဖရဲသီးဝယ်သလို သေသေခြာခြာ ခွဲကြည့်ပြီးမှ ၀ယ်ခွင့်ရဖို့ ဆုတောင်းရမလို ဖြစ်နေပြီ။ ဟီး...
နောက်တာနော်အမ ဒီပို့စ်လေးကောင်းတယ်။ ပြန်အမှတ်ရသွားတဲ့ အကြောင်းတွေ အများကြီးပဲ။ ခရစ်တော်အကြောင်းလည်း တွေးမိတယ်။ ကျေးဇူးအမ။
ကောင်းလိုက်တဲ့ စာလေးဗျာ။ ရသမြောက်ပါတယ်။
ကေသွယ်ရေ...
သက်ဝေဆီကို လာလည်သွားတာ ကျေးဇူးအထူးပါ။
ဘ၀မှာ များလှတဲ့ ပထမ တွေကို ဒီပိုစ့်လေးကြောင့် ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ စာရေးကောင်းတဲ့ ကေသွယ်ရဲ့  ပိုစ့်အသစ်တွေ မျှော်နေပါတယ်။
P.S. နောက်တစ်ခါကျရင် ကေသွယ့်ရဲ့  ဖရဲသီးလေး အကြောင်းရေးပါလား... :-P
ဆိုင် က..ဖရဲသီး တလုံး ကို.. ဇွန်း လေး နှင့် အပေါက် ဖောက် ၍ သာ..ကြည့် ၀ယ် ခဲ့ ရပေမဲ့.. အိမ် ရောက် မှ ပဲ..အထဲကို ခွဲ ကြည့် နိုင် တာကိုး။ ( အင်း..ခွဲ ကြည့် လို့ ရတော့ လည်း.. ပြီး တော့ လည်း...ပြီးသွား တာပါပဲ )
..
ပြောတတ်လိုက်တာ မကေ။ အဲဒါကို သဘောကျတယ် ခွိခွိ..။ ခွဲပြီးစိတ်ပြီး မြည်းကြည့်ပြီး ကြိုက်မှဝယ်ရင် ..
အဲလိုရောင်းတာရှိလား.. သိဘူးလေ။
ဖရဲသီးကို ထပ်ခွဲမလို့ လုပ်တာ။ အခုမှ မတ်လ တုန်းက တခါ ခွဲထားဖူးတာတွေ့လိုက်လို့ မခွဲဖြစ်တော့ဘူး။ အသက်တွေက ကြီးပြီဆိုတော့ ခွင့်လွှတ်ကွာ။
Post a Comment