အတွေး တွေရဲ့ အဆုံး မှာတော့.. ငယ်စဉ်..ဘုရားပွဲ တွေ မှာ မြင်ရလေ့ ရှိတဲ့.. `နှစ်ကိုယ့်တစိတ်´ လို့ခေါ်တဲ့ တဲ့ စက္ကူ ခေါင်းပွ အရုပ်ကြီးတွေ ကတာကို မြင်ယောင် နေမိတယ်။ တခြမ်းက..တိုက်ပုံ ပုဆိုး ကွက်ကြီး နဲ့ လူကြီးတယောက် ပြုံးနေ တာ။ လှည့် ကလိုက်တော့..နောက်တခြမ်းက.. နှုတ်ခမ်းနီ အပြဲသား နဲ့ မိန်းမကြီး။ ဘယ်လို သဘော နဲ့ ထွင်ခဲ့ ကခဲ့ ကြသလည်းတော့ မသိပေ။ ဟန်ဆောင်ပိရိယယ် များတတ် တဲ့ လူ့သဘောကို သရော် ချင်ခဲ့သလား။ နှစ်မျိုး နှစ်ထွေ ဖြစ်တတ်တဲ့ လူ့စိတ် တွေ ကို..သရုပ်ဖော် ချင် ခဲ့သလား။
တွေးနေ မိတာ ကလည်း.. တခြားမဟုတ်ပါဘူး။ ကိုယ့် အကြောင်း ကိုယ်ပါ။ ကိုယ်က ဘယ်လို လူမျိုးလည်း..ဘယ်နေရာမှာ..အားသာ ပြီး..ဘယ်နေရာမှာ..အားနည်းလည်း ဆိုတဲ့ ဆန်းစစ်မူ မျိုးကို.. သူ့အရွယ်စဉ် အတိုင်း..လိုအပ်လာတိုင်း..စောကြော နေ မိတတ်သူ။
မူလတန်းကနေ.. ဆယ်တန်း အထိ..အရီ အပြုံး မရှိသလောက် နဲခဲ့သူ။ စာအုပ်နဲ့ မျက်နှာ ခွါလေ့မရှိသူ ။ တယောက်တည်း..မြို့ထဲကို ထွက် စက်ဘီး မစီး ၀ံ့သူ။ ဈေးမ၀ယ် တတ်သူ။ အလှူ ပွဲ လမ်း မဆင်နွှဲတတ် သူ။ အဲလို လူမျိုးကို Introvert (ဖာသာလ၀ါ နေတတ်သူ) လို့ ..သတ်မှတ် ရင်လည်း..တနည်းတော့..အကျုံးဝင်နေ မှာပဲ။ ဒါပေမဲ့..အဲလို ဘာသိဘာသာ နေတတ်တဲ့ မြုံစိစိလူမျိုး မဖြစ်ချင်တာတော့..သေချာသည်။
၅ တန်း နှစ်က စပြီး..ကျောင်းမှာ..အင်္ဂလိပ်ကဗျာ ရွတ်ပွဲ တွေကို..ဆရာကြီးက..စနစ်တကျ စလုပ်ပေး ခဲ့တယ်။ ။ အတန်းပတ်လည် အတွက်..ဆရာမ တွေက.. အားကိုးပေမဲ့.. မှုန်တေတေ မျက်နှာပေး ကြောင့် တကြောင်း..ကိုယ်တိုင်ကလည်း အကြောက်အကန် ငြင်းတာက တကြောင်း မို့.. မပါဖြစ်ခဲ့ဘူး။ အဲဒီ နှစ်က.. ကိုယ့်အထက်က..အမက.. Grandfather's Clock ဆိုတဲ့ ကဗျာ နဲ့..၀င်ပြိုင်တော့..တိုက်ပုံအကျီ င်္ နဲ့ နှုတ်ခမ်းမွေး နဲ့..နောက်မှာ..နာရီ ပုံကြီးလည်း..လုပ်ပေးထားတာ.. အကျ အန။ ပထမ ရပါလေရော။ သူက..အိမ်မှာလည်း..စာကျက်ဆိုရင်သာ..အိပ်ငိုက်တတ်တာ။ အပြင်သွားဖို့..ဘာဝယ်ဖို့ ညာဝယ်ဖို့ ဆို..ဖင်ကပေါ့။ မျက်နှာကလည်း..မပြုံးပဲနဲ့ကို...အလိုလိုပြုံးနေသလို မျိုး။ ဖြစ်ချင်တာကလည်း..ကာတွန်းဆရာမ တဲ့။
ထားပါတော့..။ နောက်နှစ်ကျ တော့.. ဆရာမ တွေက..` ကဲ..မမ တောင် လုပ်နိုင်တာ..ကြည့်စမ်း..သွား-အခုနှစ် ပါရမယ်´ဆိုပြီး ဖြစ်ရော။ စိတ်ထဲ မှာ လည်း...အင်း- သူများတွေ လည်း..လုပ်နိုင်တာပဲ.. ငါ့အမ တောင်လုပ် သေးတာ.. ငါလည်း ဖြစ် မယ် ထင်ပါတယ် ..ဆိုပြီး..၀င်ပြိုင် တော့တာပေါ့။ ငါ လုပ်နိုင် ရမှာပေါ့ ဆိုတဲ့ စိတ် ..တကယ့် နှလုံးသား ထဲကတော့..မရဲ တဲ့..မလုပ်ချင်တဲ့ စိတ် .. စိတ် နှစ်ခုက..တွန်းထိုး ငြင်းခုံ နေ ရင်း နဲ့ပဲ..စင်ပေါ် ရောက်သွား တော့တယ်။ ကဗျာလေးက.. Ms Polly တဲ့။ မှတ် မိသေးတယ်။ မစ္စပေါ်လီက..သူ့ ဒေါ်လီ အရုပ်ကလေး နေမကောင်းလို့..ဆေးခန်းသွား တာပေါ့။ ရုပ်ကလည်း..တကယ့် stone face မျက်နှာသေ နဲ့.. နေမကောင်းတဲ့အရုပ်ကို ပိုက်ထွေးပြရမဲ့ အစား..ဘုတ်ကနဲ အောက်ပြစ်ချ လိုက် မိ တော့ သွားတာပေါ့။ မရဲ ပဲ ကျွဲပြဲ စီး လိုက်တာ..အောက်က လူတွေမှာ..တ၀ါးဝါး တဟားဟား။ ဆရာမ တွေ မှာ.. နှစ်သိမ့်ဆု လေး မနဲ တပ်ပေး လိုက်ရတယ်။ အဲဒီ နှစ်က.. အမ ကတော့..ထုံးစံ အတိုင်း..မိကျောင်းခေါင်းစွပ်ကြီး စွပ်လို့.. Crocodile ကဗျာ နဲ့ ပထမပဲ။
တော်ပြီ။ သိသွားပြီ။ အဲဒါ မျိုး..လုံးဝ လုပ်လို့ မရ။ နောက်နှစ်တွေ လုံးဝ မပါတော့။ ဒါပေမဲ့လည်း.. အရွယ်ရောက်လာတော့..လှတ ပတ ၀တ်ပြီး..လပ်လျား လပ်လျား လုပ်ရတာ.. နဲနဲ တော့..စိတ်ဝင်စား လာ ပြန်သေးတာပဲ။ အင်းလျား ဆောင် ညစာစားပွဲ..အဖွင့် သီချင်းတွေ ဘာတွေ..တက်ဆို ဖို့ ဆိုရင်တော့..အုပ်စု နဲ့မို့.. မဆိုချင် သလို..ဆိုချင် သလို လုပ်ရင်း.. အပေါ် ရောက် သွားသေးတာပဲ။
တက္ကသိုလ် ရောက် ပြီ ဆို တော့လည်း..နဲနဲ တော့ တိုးတက်လာ ပြီ လို့ ထင်ခဲ့မိတာ။ တခါ တော့- လှိုင်နယ်မြေ ထဲမှာ လုပ်တဲ့.. မေဂျာ ပေါင်းစုံ ဘောလီဘောပွဲ မှာ- ဘူမိနဲ့ မြန်မာစာ ရဲ့ ဖိုင်နယ် ဗိုလ်လုပွဲ။ ဌါနမှူး ဆရာ ဦးကျော်ထင် က.. ကဲ တခန်းလုံး သွား အားပေး ကြ ဆိုတာနဲ့..ယက်ကန် ယက်ကန် ပါသွားပါရော..။ ပွဲက လည်း..ကောင်းသလား မမေးနဲ့။ ကိုယ်ကတော့..ဒီလိုပဲ..ကြည့်နေ တာပေါ့။ လူတွေ များလွန်းလို့.. တချက်တချက်တော့..စိတ် အိုက်သလိုလို။ ကိုယ်တို့ အပေါ် နားက..ခုံတန်းမြင့်လေး မှာ.. သူဇာ လေ။ အော်သလား မမေး နဲ့။ သူက အတန်း ထဲမှာ... စာလည်း တော်..လူလည်းသွက်.. ပိုက်ဆံကောက်.. စာအုပ်ရောင်း..အကုန် သူဇာပဲ။ သူက သံချပ်လိုလို တိုင်လိုက်.. သူ့ဘေးက.. သူငယ်ချင်း တသိုက် ကြီးက..ဝေး ဆို လိုက်အော်လိုက်။ ကိုယ့်ဘေး ၂ ဖက် ပြန်ကြည့်တော့လည်း..အကုန်လုံးက.. ကွင်းထဲ ကို..လူတောင် ၀င်လု ခမန်း ။ ဘူ မိ ဖက်က..တလုံး သွင်းလိုက်တိုင်း...ခုန်ဆွ..အော်ဟစ်နေကြတယ်။ ဒါဆို- ကိုယ် လည်း အော် ပြီး..အားပေး သင့်တာပေါ့..။ ဒါပေမဲ့..ပါးစပ်က..ဘာသံ မှ ထွက် မလာ သလို..ကိုယ်တီး လိုက်တဲ့ လက်ခုပ် ကို တောင်..ကိုယ်ပြန် ငုံ့ကြည့်နေ မိတယ်။ တကယ် စိတ်ပါ လက်ပါ တီး နေတာ..ဟုတ်ရဲ့လား။ နောက်ဆုံး တော့..လူတွေကြားထဲက..အသာ သျှို ပြီး..ကစားကွင်းနဲ့ ဝေးရာ ကို ထွက် လာလိုက်တော့မှ- စိတ် ထဲ မှာ ပေါ့သွားတော့တယ်။ သိ ရ ပြန်ပြီ တခါ။ သူဇာ့လို မျိုး cheer leader လုပ်ဖို့ မပြောနဲ့.. လူရှုပ်ရှုပ်ပွဲ တွေ ထဲ မှာ ဆို..ဝေလေလေ တောင်.သူ မရ ပါလား။
ဒါပေမဲ့လည်း..သူ တကယ် ပျော် ပြီ ..ခင်ပြီ ဆိုရင်လည်း ၊ တရွှတ်ရွှတ် တနောက်နောက်..ရှိနေ တတ် ပြန်ရော။ ပုန်းနေတဲ့ ဗီဇ အခံ စိတ် တွေလား တော့ မသိ။ ကွင်းဆင်းဖော် အမ တွေ ဖြစ်တဲ့..မချော တို့ဆို..ကိုယ်က ရီစရာ တွေ ပြောတတ်..လုပ်တတ်လွန်းလို့တဲ့။ ကိုယ် တကယ် ပျော်ပြီး..စက်ကျ ခဲ့တဲ့..မိုးကုတ် ကွင်းဆင်း တုန်းကဆို.... တအုပ်စု လုံး ရဲ့..အော်တိုစာအုပ်တွေ မှာ..ကယ်ရီ ကေးချား ပုံ တွေဆွဲ..ပေါက်ကရ တွေ ရေး နဲ့.. လူနောက် လို့ ပြောခံရ ပြန် ရော ။ အဲ တော့လည်း..ကိုယ့်ကို ကိုယ်..တအံ့တသြ နဲ့ ပြောင်းပြန်ကြီး ပြန်တွေ့ နေရ သလိုပဲ။
စကား ပြောတာ လည်း.. မနူးညံ့ဘူးတဲ့။ ရည်းစား ကို စကားပြော တာတောင်..တောက်ဆက်ဆက် မာရေ ကျော ရေ နိုင် လို့ဆိုပြီး.. ဘေးက..သူငယ်ချင်း တယောက်က..မနေနိုင် မထိုင် နိုင်..ငါသာဆို..နင့်ကို ထားပြစ်ခဲ့တာ ကြာ ပြီ လို့.. ဖေးဖေး မမ ပြောရှာတယ်။ ဒါပေမဲ့ လည်း..တရော်တုံး လို့..နံမယ်ရ အောင်..ချွဲတတ် ခဲ့တာ ကို..အိမ်က..အမ တွေ အသိဆုံး။ အိမ်က..ဘိုးတော်ကတော့.. ဘယ်လို ကောက်ချက် ချမည် မသိ။
တခါ တခါ လည်း.. မာ တယ် ထင်ပြီး..ပျော့နေ တတ်ပြန်သည်။ အပျော် အပါး မကြိုက်ဘူး လို့ ခပ်တည်တည် ကြေငြာ ပြီး.. စတတ် နောက်တတ် နေတတ်ပြန်သည်။ ထိန်းချုပ်နိုင်တယ်လို့ မော်ကြွားနေရင်းကပဲ.. စိတ်အလျဉ် တွေ နောက်မှာ.. အတိုင်း အဆမရှိ မျောပါ နေ မိ တတ် ပြန်သည်။ ကိုယ်က..ဘယ်လို လူမျိုးလည်း.. Introvert လား extrovert လား..။ ခုထက်ထိ မခွဲခြားတတ် ပါ။ လက်တွေ့သမားလား..အိမ်မက်လမ်းလျှောက်သမားလား.. ဒါလည်း..အဖြေ မကွဲပါ။ သေချာတာတော့.. ၀ိရောဓိ သဘောအခြေခံ နဲ့ ဖြစ်တည်နေတဲ့.. နှစ်ကိုယ့် တစိတ်..(သို့) တကိုယ့် နှစ် စိတ် ဖြစ် နေတဲ့.. လူစစ်စစ် တယောက် ဆိုတာ ပါပဲ လေ။
ဂျူးရဲ့စာတပုဒ် မှာတောင်..တွေ့လိုက် မိသေးတယ်။ လ မှာ တောင်..အမှောင်ဖက်ခြမ်း ဆိုတာ..ရှိသတဲ့။ ဟုတ်တာပေါ့နော်။ လပြည့် ..လကွယ်..လဆုတ်..လဆန်း..။ လရဲ့ အတိမ်းစောင်း အကျဉ်းအကျယ် အမျိုးမျိုး နောက်မှာ..အလင်း စွမ်းအား တွေသာ တိုးလိုက် လျော့ လိုက် ဖြစ်နေပေမဲ့..အဲဒီ နောက်မှာတော့..အမှောင်ခြမ်းလေး က..အမြဲ ရှိနေ တာပဲ ။ ကိုယ်တို့လူတွေ လည်း.. အစွမ်းကုန် တောက်ပ နေရင်း မဲမှောင် လို့။ ကြည်လင် ရွှင်ပြ နေ ရင်း ပဲ..နောက်ကျိ ရှုပ်ထွေးလို့။ အပြုံးတွေ ဝေ နေရင်းပဲ..အမုန်းတွေက လည်း..စပ်စပ် ထိမခံ။ လောက လူ့ဘောင်အလိုအရ.. ဒါတွေ ဒီလို လုပ်ရ ဦးမယ် ဆိုတာ သိနေပေမဲ့.. အထဲတနေရာက..တွန်းထိုး ငြင်းဆန် လို့..ဒါမှမဟုတ်..ပျင်းရိ ဖင့်တွဲ လို့။ အဲဒါ..ဦးဏှောက် နဲ့ နှလုံးသား ရဲ့ မတူညီ တဲ့ လုပ်ဆောင်မူ တွေလား။ သိ စိတ် နဲ့ မသိစိတ် ရဲ့.. ယှဉ်ပြိုင် အနိုင်ယူ မူလား။ အတွင်းလူ နဲ့ အပြင်လူ ရဲ့ သဟဇာတ မဖြစ်မူ လား။

-
တိုက် ဆိုင် ကြုံ ကြိုက် လို့..Hush ဆိုတဲ့ စာဖတ်သူ တယောက် လာပေးတဲ့.. စာချိုး လေးတခု ကို.. ဘာသာပြန် ကြည့် လိုက်တယ်။

KNOCKING FROM THE INSIDE
I HAVE BEEN LIVING ON THE LIP OF INSANITY
WANTING TO KNOW REASONS
KNOCKING ON A DOOR
IT OPENS
I HAVE BEEN KNOCKING FROM INSIDE
( Runi)
( Runi)
အတွင်းလူ ရဲ့ တောင်းဆိုမူ
အကြောင်းပြချက်တွေကို သိချင်လွန်းလို့..
ငါ ရူးသွပ်မတတ်ပါပဲ။
တံခါးကို ခေါက် ကြည့်လိုက်တော့
တံခါးပွင့်သွားတယ်။
အခုတော့- အထဲက တောင်းဆိုနေတာ..ငါကိုယ်တိုင်ပေါ့။
အဲဒီလိုပြန်ပေးလိုက် ပြီး နောက်တနေ့.. Hush က..သူကိုယ်တိုင် ပြန်ထားတဲ့ ဘာသာပြန်လေးကို.. ကွန်မန့်မှာ လာပြတယ်။
အတွင်းထဲက တံခါးခေါက်သူ
ရူးသွပ်မူ ရဲ့ နှုတ်ခမ်းပါးလေးပေါ်မှာ..
ငါနေထိုင်ခဲ့တယ်။
ဘာမဆို သိလိုဇောနဲ့..
ရှာဖွေခြင်းတံခါးကိုအဆက်မပြတ် ငါခေါက်ခဲ့တယ်။
အခုတော့ ပွင့်ပြီ။
သြော်- ငါဟာ အတွင်းထဲက ခေါက်နေလာခဲ့ တာပါလား။
(Translated by Hush)
(Translated by Hush)
မူရင်း ပိုင်ရှင် ကတော့..ဘယ်လို ခံစားပြီးရေး ခဲ့သည် မသိ။ ဘာသာ စကား ဖလှယ်မူ မှာတော့..အနဲငယ်..လွဲချော်မူတွေ တော့ ရှိနိုင်လိမ့်မည်။ ဒါပေမဲ့..မလွဲ နိုင်တာကတော့..အားလုံးမှာ..အတွင်းလူတယောက်..ပုန်းအောင်းလျက် ရှိနေသည်။ ဒါမှမဟုတ်.. အသေအချာ..သိမ်းဖွက်ထား ကြ ရသည်။
13 Comments:
အင်း...ကိုယ့်ကိုယ်ကိုဝေဖန်ပိုင်းခြားထားတာ
စိတ်ဝင်စားစရာ...၀တ္ထူဖတ်ချင်တဲ့ ကေ့အတွက်
ဘာတင်ပေးရမလဲဆိုတာသိသွားပြီ
မကြာမီ..လာမည်..မျှော်..
(တချို့က စာကူရိုက်မလားမေးရင် မကြားတတ်ဘူး..ဒါကြောင့်ပါ)
ပျော်နေတယ်ထင်ရသူတွေမှာလည်း ပျင်းရိဖွယ်တွေရှိနေတတတ်သလို
သတ္တိရှိပြီး ရဲရင့်လှတဲ့သူတွေမှာလည်း ကြောက်စိတ်တွေ ရှိနေတတ်တယ်ထင်ပါရဲ့...
လူဆိုတာကိုက အဲသလို ဒွန်တွဲထားတဲ့ အရာလားမှ မသိနော်
း)
ဒါကြောင့်လည်း ဟိန္ဒူတွေက လောကကြီးကို ဒွန္နယာ-လို့ ခေါ်ကြသကိုးဗျာ.
ဒါကြောင့်ပြောတာပေါ့..လူတွေကို အပေါ်ယံကြည့်ပီး အကဲခတ်လို့မရဘူး။
မြတ်နိုးမှာလဲ ဆန့်ကျင်ဖက်တွေ အများကြီးပိုင်တာပဲ
ဆန့်ကျင်ဖက်တွေနဲ့ ဘ၀ကို enjoy လုပ်ရတာကိုက စိတ်ဝင်စားစရာ တမျိုးပါ။ ဒါကြောင့် လူ့စိတ်က ဆန်းကြယ်တယ်လို့ ပြောတာ။
မချောနဲ့ field ဆင်းတယ်ဆိုတော့ ချောချောအောင် ကိုပြောတာလား။ သူက တို့ best friend !
ဒီလိုပို့စ်မျိုးကို ကြိုက်တယ် ကေ။
Hi Kay
The way you write reminds me of Emily Dickinson whom I used to like so much when I was young that my sisters and brothers even asked me if I clearly understood. I replied "No". Let's play translation game. Here is one of her poems. You Lady First...
I'm nobody! Who are you?
Are you nobody, too?
Then there's a pair of us — don't tell!
They'd banish us, you know.
How dreary to be somebody!
How public, like a frog
To tell your name the livelong day
To an admiring bog!
ထင်မိတာကတော့ အဲဒီကဗျာလေးက ဖောက်ထွက်ကြည့်ဖို့ပြောတာ။ အတွင်းကပဲ ရှာဖွေနေမိခဲ့တယ် လို့ ပြောချင်တာလို့ ထင်မိတယ်။
ကိုယ့်ကာရိုက်တာမှာ ဆန့်ကျင်ဘက်နှစ်မျိုးကွဲတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်လည်း တချို့က သွက်တယ်ပြောကြ. တချို့က အေးတယ်ပြောကြနဲ့။ ကိုယ့်ကိုယ်ကို သေချာနားလည်ဖို့ဆိုတာလည်း လွယ်တာမှမဟုတ်တာ။ နားလည်ရင် အောင်မြင်တဲ့လူတယောက် ဖြစ်နေပြီ။
မနော်ရေ- ဘာပြောလိုက်တာလည်း..မကြားလိုက်လို့- အော်- စာကူရိုက်ပေးဖို့- ခဏလေးနော်..ပြန်လာခဲ့မယ်-း)
ဇနိ တို့ရေ- လူတွေက..ဒွန်တွေပဲ..အမှန်- အခြမ်း၂ ခြမ်းတောင်..အချိုးညီစွာ ဒွိယံ ဖြစ်နေတာ ကြည့်။ ကိုအောင်သာငယ် ပြောသလို ဆို- ဒွန္နယာ လောကကြီး ဆိုပဲ ကိုး။
မချိုသင်း နဲ့ မြတ်နိုး- ဆန့်ကျင်ဖက် တွေနဲ့ ကျမ တို့ အားလုံးပေါ့။ မချိုသင်းရေး- မချောအောင်က..မချိုသင်း အချစ်ဆုံး သယ်ချင်းမှန်း..ကျမ သိပါတယ်။ အချောအလှတွေ များတဲ့ နှစ်က..အချောအလှ ၂ ယောက်လေ။ ဟုတ်တယ် မလား ။း)
Hush - ကျမတော့..ဘလော့ပေါ်ကို တင်ပြီး..ဘာသာပြန်လိုက်ပြီ။း) စိတ်ဝင်စားစရာ စာသားလေး တွေ အတွက်- တကယ် ကျေးဇူးပဲ။ မြန်မာ လိုရိုက်တက်အောင် လုပ်ပြီး.. ဘလော့ လုပ်ပေတော့။း)
ပန်ပန်ရေ- ဟုတ်တယ်။ အဲဒီ နောက်ဆုံး အသိမ်း လေးက..နက်နဲတယ်။ အဲဒီလို လည်း ဖြစ်နိုင်တယ်နော်။
ဆန့်ကျင်ဖက်သဘောလား။ ပန်ဒိုရာ ဟာသ ဥဏ် ရွှင်သလို- စိတ်ကူးနူးညံ လေးတွေနဲ့ တည်ငြိမ် တတ်တာ ဘလော့မှာ- တွေ့နေရတာပဲ။ တို့ ရွှတ်တတ် နောက်တတ် တာတော့..ပန်ပန် သိမှာပါ နော်။း)
ကေရေ...
အရမ်းကောင်းတဲ့ အတွေးလေးနဲ့  ပိုစ့်လေးပါ...။
ဟုတ်တယ်... သေချာတာကတော့ လူတိုင်းမှာ အတွင်းလူ တစ်ယောက်ရှိနေတယ် ဆိုတာပါဘဲ...။ အချိန်တော်တော်များများမှာ အတွင်းလူနဲ့  အပြင်လူတို့  တကယ်ကိုဘဲ သဟဇာတ မဖြစ်ကြပါ။ ပြီးတော့ တွေဝေမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေဟာလဲ သူတို့ ချင်း မသင့်မြတ်လို့  ဖြစ်ကြရတာ မဟုတ်လား...။
စာရေးတတ်တဲ့၊ တွေးစရာတွေ အမြဲပေးတတ်တဲ့ ကေ ရဲ့  ဒီပိုစ့်လေးကို အလွန်နှစ်သက်မိပါတယ်...။
မကေ က တော့ လုပ် ပြီး ငယ် ငယ် တုန်း က ရင်း အ ပြင် မှ မ ထွက် ဘဲ ဗျ။ အ မှန်ဆို အ ပြင် ကို သေသေ ချာချာ အ ရင် ကြည့် ပြီး မှ အ ထဲ မှာ နေ သင့် တာ ပါ။ ဟုတ် လား တော့ မ သိ ဘူး ဗျာ။ ဇွတ် ပြော လိုက် ပြီ။
သက်ဝေ ရေ- ပြောတတ်ပါ့။ တွေဝေမူ- ထိန်းချုပ်မူ တွေဆိုတာ..သူတို့ ၂ယောက် အသွင်မတူ လို့ ဖြစ်လာတာပေါ့။ အမှန်ပဲ။
အညတြ ပြောတာလည်း ဖြစ်နိုင်တယ်။ တို့က..ငယ်ငယ်က..အပြင်မထွက်တော့- ကြီးတော့မှ..အရမ်းထွက်နေမိတာထင်တယ်။း)
Post a Comment