မျိုချ

မျိုချ
မှန်ချပ်ကိုမျက်နှာလွှဲ
ပွဲလန့်တုံးဖျာခင်းသူတွေကိုလဲ
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲ
မျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
သူတို့ဘ၀ကိုချနင်းခံနေတဲ့ ကြယ်အစင်းစင်းကိုဦးညွှတ်ရင်း
မျိုချ
အချိန်ကျရင်
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။


(နီဇူလိုင်)


Share/Bookmark

19 Comments:

tin min htet said...

I like the rhythm of this poem.
And meaningful.

မမသီရိ said...

ဘာမှမတတ်နိုင်သေးတဲ့ အခိုက်အတန့်လေးတွေ အတွက်
ဘာမှ တတ်နိုင်သေးတဲ့ အခြေအနေတွေ အတွက်
မချင့်မရဲ မြိုချ သွားတယ်.. ကေ..

မြိုချ ခဲ့ရတာတွေ များ ပါပြီ

ဂျူနို said...

ဟုတ်တယ် မကေရေ
ဘ၀ တလျှောက် ဟိုအကြောင်းကြောင့် ဒီအကြောင်းကြောင့် မြိုချခဲ့ရတာတွေ အနည်းဘူး။

ခုတော့ တော်ရုံမမြိုနိုင်တော့လို့ ခု ဘလော့ပေါ် အန်ချနေတယ်။:)))



မအယ်

ဒူကဘာ said...

သြော် ... သူက ဒါမျိုးလဲ မှော်အောင် သေးသကိုး။ ဂွတ်ထး)))))))

pandora said...

တိုတိုနဲ့ ထိတဲ့ ကဗျာလေးပါ။

စာလုံးပေါင်းက မျိုချ ဖြစ်ရမယ်နော်။

http://www.ayinepan.com/literature/spelling/index.php?mygroup=မျို

P.Ti said...

ဒီကဗျာကိုလည်း ဟစ်ဟော့ လို မျိုချ... :P

Rita said...

အစာကြေဆေးလေးပါ တွဲပြီးတော့ မျိုချ...
:D

rose of sharon said...

ဟုတ်တယ်ကေ...မျိုချနေရတာကြာပြီပေါ့...မျိုချနေရဆဲဘဲ...

Eaindra said...

မကျေညက်နိုင်ဘူးးးး
မချေဖျက်နိုင်ဘူးးးး
ဒါပေမယ့် မျိုချနေကြရ...

kay said...

ပြင်လိုက်ပြီ..ပန်ပန်ရေ.. တွေ့တဲ့အတိုင်း ကမန်းကတန်း မျိုချ လိုက်တာ.. ကျေးဇူးပဲနော်။

ကျန်တဲ့..သူတွေအားလုံးလည်း.. ကျေးဇူး..ဒူကဘာ ကတော့..အထင်မှား နေတယ်..။ ကျမ စပ်တာ မဟုတ်ပါဘူး..း)

MANORHARY said...

စိတ်ဆာတိုင်းမျိုချ
ခန္တီစ ဘလိတ်ဒါးတွေ ...
ဆိုတဲ့ ဇုံနီ့ကဗျာလေး သွားသတိရတယ်
ရင်ဘတ်တွေလည်း ချင်းချင်းကိုနီလို့ ...

little brook said...

အမရေ .. ဒီတခါတော့ မျိုချရတာ နင်တယ်ဗျး)

ရွှေရတုမှတ်တမ်း said...

ရေမကူပဲ မျိုရပေါင်းများလို့..
ပဲကြီးလှော် စားရသလို..ကျင့်သားရနေပြီ

neking said...

အမြဲတမ်းတော့..မျိုမျိုမချနေပါနဲ့ဗျာ... ဖြစ်နိုင်သလောက်လေး shortcut သုံးကြည့်ပေါ...
စတာပါဗျာ.... အဲဒိအဖွဲ့လေးကိုကြိုက်တယ်.. ကျွန်တော်လဲတခါတလေအဲဒိလိုရေးတတ်တယ်...
ဝါသနာတူပဲဗျ

LRDP said...

အံမယ်လေး ညီမလေးရေ မျိုမျိုချနေရတာ ကိုယ်ပဲမှတ်တယ် ဘုရားစူး မျိုချခဲ့ရတာတွေ ပါပဲလေ
ကောင်းလိုက်တဲ့ ကဗျာ

NangNyi said...

မျိုချရလွန်းလို့ ပြန်တောင် အန်အန်ထွက်နေပါပေါ့ အစ်မရယ်

အိမ့်ချမ်းမြေ့ said...

ပေါက်ကွဲပါတော့မယ်... :D

တန်ခူး said...

မျိုချရလွန်းလို့  ၀ါးတတ်တဲ့အကျင့်တောင် မေ့နေပါရောလား ကေ ရယ်

Moe Cho Thinn said...

တို့ကတော့ ဘာကိုမှ မမျိုချ ချင်ဘူး။
အစာမကြေ ဖြစ်ရင် ဘ၀မှာ နေလို့ပျော်မှာ မဟုတ်လို့..