မေ့တဲ့မနေ့

ဒီတနှစ် တော့.. မွေးနေ့ ကို မေ့ချင်ယောင် ဆောင်တော့ မယ်လို့.. အတော် စော ကတည်းက.. စဉ်းစား နေ မိတယ်။ မွေးနေ့ ဆိုတာ မျိုးက.. ကြာလေ..ကြာလေ..မေ့ချင် စရာ ကောင်းလေ မဟုတ်လား…။ အဲဒါ နဲ့.. ဖေ့စ်ဘွတ်ခ် က.. အချက်အလက် တွေ ပါ..အကုန် ဖြုတ်ချ ထားလိုက် တယ်။ သူငယ်ချင်း တွေ..လက်ညောင်း..မျက်စိ ညောင်း မှာ ကို.. စိုးရိမ် တယ် လေ..။ မျက်နှာ ဘုတ်အုပ် ကြီး မှာ.. မျက်နှာ တွေ ကြားထဲ.. မျက်နှာ အပ်ရင်း.. မျက်နှာ ညောင်း..ပေမဲ့.. မျက်နှာ မနာ ရအောင် လည်း..“ကြိုက် ” ကလေး တွေ လုပ်.. ဆုလေးတွေ တောင်း.. ဆိုတဲ့.. မဟာ တာဝန် ကြီး တွေ က.. ကြီးလေး မှန်း သိတယ်လေ..။

ခက် ပုံက.. မမေ ဆို တဲ့.. ဟို တယောက် ပေါ့..။ သူငယ်ချင်း အရင်း ကြီး ဆို တော့လည်း.. အီးမေးလ်နဲ့.. ဆုတောင်း ပေးတာ တင် အားမရ လို့.. မျက်နှာ တွေ ကြားထဲ မှာလည်း.. လာအော် သွား လေ ရဲ့…။ နောက် တော့.. သူ့ အမေ ရဲ့ မွေးနေ့ နဲ့ တိုက်တိုက် ဆိုင်ဆိုင် တရက်တည်း ဖြစ်နေ တယ် ဆိုတဲ့.. ကျောက်ခဲ အကို..ကိုအောင်သာငယ်..။ နောက်…သူ့ မွေးနေ့ နဲ့..တရက်ထဲ မှန်း.. မနှစ် ကတည်းက.. မှတ်မိ နေတယ် ဆို တဲ့.. Alvin..။ သူ့ နာမည် ဗမာလို ဦးရည်မွန် လို့ ခေါ်တယ် ဆိုတာ..ဖျပ် ကနဲ မျက်နှာ တွေ ကြား မှာ တွေ့ လိုက် မိ တယ်။ နောက် တော့...ဒီ ဆုတောင်းတွေ... မြင်သွား ကြ ပြီး..တယောက် ပြီး တယောက်...။
-
တကယ် တော့.. ပြီးခဲ့ တဲ့ တပတ်လုံး..အလုပ် ရှုပ်နေ ခဲ့ တာပါ..။ ၆ ရက်ပဲ ကွာတဲ့.. အကျင့် မကောင်း တဲ့..မွေးနေ့ ရှင် နဲ့..မွေးနေ့ တခါ တည်း ပေါင်း ကျင်းပ လိုက် တော့.. ကိုယ့် နေ့ ကြ တော့.. ဘာမှ မလုပ် ချင် တော့ တာ လည်း ပါတာပေါ့လေ..။ အဲဒီ မွေးနေ့ ရှင်က.. ဒီ တခါ တော့..အကျင့် ကောင်း ရှာတယ်။ မွေးနေ့ ၂ ရပ် ပေါင်းပြီး..ဒံပေါက် အလှူ နဲ့..ဒါန ပြု ပေး ရှာတယ်။
-
ဒီနေ့ မှ..နည်းနည်း အားတာ နဲ့.. အီးမေးလ် တွေ အကုန် သေချာ စစ်.. မျက်နှာ ကမ္ဘာ ထဲ သွားပြီး..ပြုဖွယ် ဆောင်တာ တချို့ ပြု ရင်း..
ဟယ်.. မထူးပါဘူး ဟ.. ဖုံး လို့ လည်း မရ ဘူး ဆိုပြီး.. မွေးနေ့ ပြီး နောက် တရက် မှပဲ.. သူငယ်ချင်း မိတ်ဆွေ တွေ အားလုံးကို..ကျေးဇူးတင် ကြောင်း နောက်ကျစွာပဲ.. ပြောပါရစေ တော့…။
-

နောက်..ဒီ..ပို့စ် ကို မရေး မဖြစ် ရေး ရ တဲ့..နောက် တချက်က.. မွေးနေ့ လက်ဆောင် တခု ကြောင့် လည်း ပါပါတယ်။ အဲဒါ ကတော့.. ဘလော့ စာ ဖတ် မိတ်ဆွေ ဖြစ် တဲ့.. ကဗျာဆရာ ကိုခင်အောင်အေး ရဲ့… “ပျော်ရွှင်ဘွယ် ရေးခြစ်ခြင်းများ ” ဆိုတဲ့.. ကဗျာ..e-book လေး ပါ။


တခါက.. မိတ်ဆွေ.. ကဗျာ ဆရာ မကြီး တယောက် ပြော ပြ ဘူး တယ်..။ စကားဝိုင်း တခု မှာ.. လူတယောက်က..သူ့ကို ခရီးသွား ဟန်လွှဲ ..မေးခွန်း တခု မေး သတဲ့...။
“ ဆရာမ က.. မော်ဒန် ရေးတာ လား..ပို့စ်မော်ဒန် ရေးတာလား..” ဆို တော့...
“..တုံးလိုက်တာ..” လို့.. နှာခေါင်း ရှုံ့ မိ သတဲ့။
-
အဲဒါကြောင့်.. ကိုယ်လည်း..အခု..လက်ဆောင် ပေး လာတဲ့… ကဗျာ စာအုပ် ကို… ဘာမှ မှတ်ချက် မပေး ပဲ.. မေးခွန်း မထုတ်ပဲ... ကဗျာ ပိုင်ရှင် ရဲ့ ဆန္ဒ အတိုင်း .. တင်ပြ လိုက် ပါတယ်။






ပျော်ရွှင်ဘွယ်ေရးခြစ်ခြင်းများ


ကျေးဇူးတင်စွာဖြင့်-


Share/Bookmark

26 Comments:

ywartharlay-ytu said...

ပို့စ်အဟောင်းတွေ ဖတ်ထားတဲ့သူတယောက်ကို
မွေးနေ့ဖျောက်ဖျက်ဖို့ မကြိုးစားပါနဲ့ ကြီးကေ...

Unknown said...

မွေးနေ့က ကြာလေ ကြာလေ မေ့စရာကောင်းလေပေါ့ ဟုတ်တယ်ဗျာ အနော်တို့ကတော့ နောက်ဆို အမြဲတမ်း countdown နည်းဘဲ ရေတွက်တော့မယ်
ထာဝရ ပျော်ပါစေ စာတွေများများရေးပေးပါ

ခင်မင်စွာဖြင့်
seesein

Maung Myo said...

Happy Birthday တီကေ/ မွေးနေ့ဆိုတာ ကြာလေ မေ့ထားချင်လေနော့် ဟုတ်ပါ့ တော်တော် မှန်တဲ့စကားး)

ကလူသစ် said...

အော်....မွေးနေ့တောင်မေ့ထားချင်တဲ့အရွယ်ရောက်ပြီကိုး။ :)

အိမ့်ချမ်းမြေ့ said...

ကေ...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပေါင်းများစွာသို့........
သခင်နှင့်အတူ...

ချစ်သော..
မလေး

ကိုအောင် said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေ မကေ။

မေဓာဝီ said...

မကေရေ မင်္ဂလာရှိသော မွေးနေ့များစွာ ကြုံတွေ့နိုင်ပါစေ ...

khin oo may said...

ပျော်ရွင်ပါစေ. K

သက်ဝေ said...

ဟယ်.. မထူးပါဘူး ဟ.. ဖုံးလို့လည်း မရဘူး...

ဟုတ်တယ် ကေ... မရဘူး...း))

ပျော်စရာ မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ...

P.Ti said...

မကေအကျင့် မကောင်းဘူး။ မေ့ချင်ယောင်ဆောင်လို့ရမလား... :P

ပျော်ရွှင်သောမွေးနေ့ဖြစ်ခဲ့ပါစေ။ (နောက်ကျသွားလို့)

စန္ဒကူး said...

Happy Belated Birthday မK..
ပျော်ရွှင်သာယာတဲ့ဘ၀ ဆက်လက်လျှောက်လှမ်း နိုင်ပါစေ။

MieMie said...

ကေ့အတွက် နှစ်တိုင်း ဆုတောင်းပေးနေမယ် ...
ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေနော် ....

mie nge

MANORHARY said...

Happy Belated Birthday K ..

ချစ်ကြည်အေး said...

HAPPY BIRTHDAY DEAR K.....:)

TURN-ON-IDEAS said...

Sister, please accept my belated wish.."HAPPY BIRTHDAY".

Happy to see your photos. You look like aunt su, very charming and brave myanmar woman.

Also saw couple photo. Very smart and sweet couple.

T T Sweet said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ... မကေ ။

မွေးနေ့၂ခု နီးကြတယ်လား။ တော်သေးတယ်။ "မကေ အကျင့်မကောင်းပုံ"ဆိုပြီး ဟိုကမရေးလို့ ။း))

rose of sharon said...

ံHappy Birthday K, Facebook မှာ wishလုပ်ပြီးပြီနော်... နောက်မကျဘူး... မွေးနေ့ရှင်ရဲ့ ပို့စ်ကနောက်ကျနေတာ :)

အင်ကြင်းသန့် said...

အယ်...မွေးနေ့ဆိုတာ မမေ့ထားကောင်းဘူးလေ။း))

နောက်ကျသွားတယ် မမ။ ခွင့်လွှတ်ပါ။

ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ။ ပျော်ရွှင်ဖွယ်ရာမွေးနေ့ပေါင်းများစွာကို နောက်ထပ်လည်း ပိုင်ဆိုင်နိုင်ပါစေ....။း))

ခင်မင်းဇော် said...

မသိချင်ယောင်ဆောင်ပေးထားတယ်။ ဒါနဲ့စကားမစပ် တလွှားလွှားလုပ်ဖို့ မမှီတော့ဘူးဖြစ်သွားတယ်နော်။

မမသီရိ said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကေ
နောင်မွေးနေ့ပေါင်းများစွာ ကိုလဲ ကျန်းမာပျော်ရွှင်စွာ နဲ့ ဆုံတွေ့နိုင်ပါစေ

pandora said...

နှစ်ဆယ့်ရှစ်နှစ်မြောက် မွေးနေ့မှသည် ထာဝရ နုပျိုလန်းဆန်း လှပနိုင်ပါစေ.. :)

Shinlay said...

happy birthday...

မေငြိမ်း said...

၁၈နှစ်မြောက် (မင်္ဂလာသက်ကို ပြောတာမဟုတ်) :P
မွေးနေ့မှသည်.. ချစ်သူနှင့်အတူ.. နှစ်များစွာ.. တိုင်စေ....... :)

Thant said...

နောက်နှစ်...နောက်နှစ်တွေမှာလည်း ပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ မကေ....း))

susu said...

‌ကေ...
ယ‌နေ့ မှစနှစ်တစ်ရာတိုင်..‌မွေး‌နေ့ များစွာကိုကိုယ့်
‌ချေ့ သူနဲ့ ‌ပျော်ရွှင်စွာ‌လျှောက်လှမ်းနိုင်ပါ‌စေ။

Nge Naing said...

Happy Birthday ပါ။ မွေးနေ့ကို မသိလိုက်လို့ နောက်ကျမှ ဆုတောင်းရတာ ဆောရီးပဲ မေကေရေ.
မွေးနေ့နှစ် တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။