Sein Lei Tin

ကျိုက်ထီးရိုးကအဆင်း…စိမ်းလဲ့တင်


ကျိုက်ထီးရိုး  အပီး..စိမ်းလဲ့တင်လို့..(ပြောချင်လွန်းလို့..)စကားစပ်ထားပေမဲ့ ကြားဖြတ်အစီအစဉ်တွေတခုပီးတခုဝင်နေတာနဲ့..ခုမှပဲစိမ်းလိုက်ပါရစေတော့..ထွေထွေထူးထူးကြီးတော့လည်း ဟုတ်ပါဘူး..

လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကပဲ..ကျိုက်ထီးရိုးမရောက်ခင်ပေါ့..ဈေးကွက်ဂျာနယ်ထင်တယ်..အွန်လိုင်းမှာဖတ်လိုက်ရတာ..စိမ်းလဲ့တင်နဲ့ သူ့ရဲ့ပိုင်ရှင်အမျိုးသမီးအကြောင်းပါ…နံမယ်တော့မမှတ်မိတော့..ဒါပေ..အဲဒီအမျိုးသမီးရဲ့..စွန့်ဦးလုပ်ကိုင်မူကို..အမှတ်ထင်ထင်..ချီးကျူးအားကျမိလိုက်တယ်..သူက..အဲဒီကျိုက်ထိုမြို့စပ်က..လယ်ကွင်းတပိုင်း..ကိုင်းတောတပိုင်းကြီးကို..တော်တော့်ကိုဈေးပေါပေါနဲ့..အစောပိုင်းက၀ယ်ထားလိုက်သတဲ့..လူတွေက..သူ့ကိုအစတော့..နားတောင်မလည်ကြဘူးတဲ့…နောက်တော့မှ..တဖြည်းဖြည်းနဲ့..ကျိုက်ထီးရိုးမှာရွှေလမ်းငွေလမ်းတွေပေါက်ပီး..နိုင်ငံခြားသားခရီးသွားတွေအ၀င်အထွက်များလာချိန်နဲ့တိုက်ပီး..စိမ်းလဲ့တင်ဆိုတဲ့..တည်းခိုရိပ်သာကို..စနစ်တကျချဲ့ထွင်ခဲ့တာတဲ့..တိရိစ္ဆန်ရုံအသေးစားလေးနဲ့..ခေတ်မှီသပ်ရပ်တဲ့..ရေပေးစနစ်..စားသောက်ဆိုင်ဆိုတာတွေ..ဓါတ်ပုံနဲ့ဝေေ၀ဆာဆာမြင်ရတော့..သြော်..လုပ်တတ်လိုက်တာ..မြင်တတ်လိုက်တာ..လို့..မုဒိတာမပွားတပွားနဲ့..အားတွေလည်းကျပေါ့...


ဟုတ်တယ်လေ..ကိုယ့်တိုင်းပြည်မှာက..နိုင်ငံခြားသားခရီးသွားတွေလာရင်..လေဆိပ်စ၀င်ကတည်းက.နဲနဲကို့ယို့ကားယားလေးတွေရှိနေတော့..အဲလို..ရန်ကုန်ပြင်ပလည်ပတ်စရာနေရာတွေမှာ..သားသားနားနား..၀န်ဆောင်မူလေးတွေရှိနေတော့..၀မ်းသာစရာပေါ့..။

အဲဒါနဲ့ကျိုက်ထီးရိုးသွားမယ်ဆိုကတည်းက..အဲဒီစိမ်းလဲ့တင်ကိုဝင်ရောက်စပ်စုဖို့..စိတ်ကူးပီးသား။

တကယ်ရောက်တော့..အချိန်က..နေ့လည် ၁ နာရီလောက်..ရာသီဥတုကတော့..ထုံးစံအတိုင်း..နေပူကျဲတောက်မို့..ပူစပ်ပူလောင်..ပတ်ဝန်းကျင်မှာရော..လူမှာရော..ဖုန်နံ့ကတသင်းသင်း..နေ့လည်စာစားချိန်မို့ထင့်…ကားတွေတော်တော်များများရပ်ထားတာတွေ့တယ်..ခြံကြီးကတော့..တော်တော်ကျယ်မယ့်ပုံ…အမယ်..ကားတံခါးတွေဘာတွေလာဖွင့်ပေးလို့ပါလား..။ ၀င်ဝင်ချင်း..တိုင်ရင်းသား
အ၀တ်အထည်တွေ..မွန်ပြည်နယ်လက်ဆောင်တွေနဲ့ ခြံထွက်ဖြစ်ပုံရတဲ့ ကျွဲကော်သီးတွေရောင်းတဲ့ ဆိုင်ခန်းလေး… အဲဒါကိုဖြတ်တော့မှ..စားသောက်ခန်းမကြီး..။
ဝူးနိုင်ငံခြားသားတွေ..အများသားကလား..ကျိုက်ထီးရိုးအဆင်းတွေလား..အတက်တွေလားတော့မသိ..အေးကနဲဖြစ်သွားတယ်..အဲကွန်းကြောင့်ထင်တယ်..။
ခပ်တိုးတိုးလေးဖွင့်ထားတဲ့..ဗမာ့ဆိုင်းသံလေးကလည်း..ငြိမ့်ငြိမ့်လေး..ကောင်းလိုက်တာ..အလယ်ခန်းမှာ..စားပွဲတွေပြည့်နေတာနဲ့..ဟိုဟိုဒီဒီထိုင်ဖို့နေရာရှာရင်း..ဧည့်ကြိုကောင်လေးပြတဲ့အပြင်ဖက်ခြံထဲက..သီးသန့်အဆောင်လေးတွေကို..မျက်စိကျသွားတယ်..ဗမာဟန်အပြည့်နဲ့ဆောက်ထားတဲ့..အဆောင်လေးတွေက.သက်ကယ်မိုးလေးတွေနဲ့ချစ်စရာ....ပေါင်လည်လောက်ပဲရှိတဲ့..သစ်သားပွတ်လုံးတိုင်လက်ရမ်းကလေးတွေပဲကာထားတော့...သဘာဝအတိုင်းလွတ်လွတ်လပ်လပ်လည်းရှိတယ်…ကောင်လေးပြတဲ့..စားပွဲခုံမှာနေရာချရင်း..မီနူးစာရင်းကို..ဘိုးတော်လက်ထဲထဲ့..`ကဲ..ယူဖာသာ...ကြိုက်တာမှာ..´ ခြေဆေးလက်ဆေးလုပ်ရင်းလေ့လာလိုက်ဦးမယ်..။

သူ့ဖွဲ့စည်းပုံက..အလယ်ပင်မစားသောက်ခန်းကထွက်တဲ့..စင်္ကြန်လမ်းရှည်ရဲ့တဖက်တချက်မှာ..သီးသန့်ဆောင်လေးတွေနဲ့..ရေစင်..ရေကူးကန်..သန့်စင်ခန်း..ပီးတော့စတိုဆောင်တို့..၀န်ထမ်းဆောင်တို့ဘာတို့ဖြစ်မယ်..အိမ်သာရေချိုးခန်းတွေကလည်းတော်တော့်ကိုကောင်းတာပဲ..။ သစ်ပင်တွေတော့..အများသား..။ ဒါပေမဲ့.စိုက်ကာစမို့..အပင်လေးတွေက..ခပ်ပြတ်ပြတ်နဲ့ အရိပ်သိပ်မကောင်းလှသေး။

တိရိစ္ဆန်ရုံဆိုတာ..ဘယ်နားမှာပါလိမ့်…။

ဘာတွေလဲဟ..ဟိုမှာ..လူတွေကြွက်စိကြွက်စိနဲ့...

`အမလေး..´
မြွှေကြီးပါလား..စင်္ကြန်လမ်းပေါ်မှာဒီအတိုင်းချထားတာ..နဲနဲနောနောမဟုတ်..စပါးကြီးမြွှေလိုဟာမျိုးကြီး..အဖြူရောင်မှာ..အ၀ါရောင်အကွက်ကြီးတွေနဲ့…ကိုယ့်နဲ့ ခြေလှမ်းဆယ်လှမ်းစာလောက်ပဲဝေးတယ်..

အိုး..အိုး..ကြည့်စမ်း..ခလေးမလေးတယောက်..မြွေကြီးကိုကောက်ကိုင်ပီးဓါတ်ပုံရိုက်နေတယ်..အော်..ဆိုင်ကကောင်လေးတွေတော့ရှိသား..ဘေးကရပ်စောင့်ကြည့်နေလို့တော်ပါသေး..ခလေးမလေးအမေဖြစ်ဟန်တူတဲ့အမျိုးသမီးက

`Oh! she is so brave.. she is so brave..´ လို့..ဂုဏ်ယ၀င့်ကြွားစွာအော်တော့..ဘေးစားပွဲတွေက..နိုင်ငံခြားသားတချို့..လက်ခုပ်လှမ်းတီးကြတယ်..ဓါတ်ပုံတွေလည်း..ထပ်ရိုက်ကြပြန်ရော..ပီးတော့မှ..အမျိုးသမီးက..သူ့အမျိုးသားဖြစ်ဟန်တူတဲ့လူကို..
`သမီးကိုခေါ်လိုက်တော့လေ..´ လို့..ဗမာလိုလှမ်းပြောတယ်..။ ပုံစံကြည့်ရတာ..ပြည်ပမှာနေတဲ့ ဗမာမိသားစုစတိုင်ပဲ..ဗမာပြည်မရောက်ဘူးတဲ့..ဗမာကလေးတွေကို..ဗမာပြည်လျှောက်လည်ပြတာနေမယ် ကလေးတွေကလည်း..တကယ့်ရဲရဲတင်းတင်း..သွက်သွက်လက်လက်ပုံစံလေးတွေ..။

ဟူး.. စားပွဲပြန်ရောက်မှ.. coke တဗူး အမြန် ဖွင့်ပီး မော့လိုက်ရတယ်..မှာထားတဲ့အစားအသောက်တွေတော့ရောက်မလာသေး..။ ဘေးဘီကိုလှမ်းအကြည့်..ဖြတ်ကနဲ..ဟိုဖက်စားပွဲက..အမျိုးသမီးနဲ့..မျက်လုံးချင်းဆုံသွားတယ်..။ ချက်ချင်းသိလိုက်တယ်..ဒါ..ဗမာမပဲဖြစ်မယ်..။ ဒါပေမဲ့..သူ့ရဲ့အသွင်အပြင်အဆင်တန်ဆာတွေက..အပြတ်ကို..သားနားပီး..တော်တော့်ကို မိုက်တယ် ပြောရမယ်..ပီး..သူ့ဘေးက..နိုင်ငံခြားသားနဲ့..ပြင်သစ်လိုလိုဘာလိုလိုပြောနေတယ်..။

ကဲ..ကဲ.. ဒီဖက် ပြန်လှည့်ရင်း.. ကိုယ်တို့ စားပွဲ ကို တာဝန်ယူ ပေးနေတဲ့ ကောင်လေးကို..ခုမှပဲ ပြုံးပြနှူတ်ဆက်မိတယ်။ တခြားစားပွဲတိုင်းမှာလည်း..ကောင်လေးတယောက်စီ..ရှိနေကြတယ်..။ သူတို့တွေအကုန်လုံး..ရှိရင်..၁၅ နှစ် နဲ့ ၁၈နှစ်ကြားအရွယ်လေးတွေချည်းပဲ။ လည်ကတုံးရှပ်လက်တိုအဖြူရောင်ဆင်တူနဲ့..တချို့လည်းမွန်ပုဆိုး..တချို့လည်းကရင်ပုဆိုးလေးတွေ..သပ်သပ်ရပ်ရပ်ဝတ်ထားကြတယ်...။

`ဟဲ့..ဒီမှာတိရိစ္ဆာန်ရုံတွေဘာတွေရှိတယ်ဆို..ဘယ်မှာလဲဟေ..ဟိုမြွှေကြီးကိုပြောတာလား..´

`ရှိသေးတယ်ခင်ဗျ..ဟိုဖက်ခြမ်းမှာ..ဒေါင်းတို့..၀က်ဝံတို့..ငှက်တွေတော့များတယ်..စပါးကြီးမြွှေက..၃ကောင်တောင်ရှိတယ်ခင်ဗျ..သွားကြည့်လို့ရပါတယ်..ဒီကောင်ကြီးက..ဧည့်သည်ကျတဲ့အချိန်မို့..ခဏထုတ်
ပြတာပါ´

အမလေး..၃ကောင်တောင်ဆိုပါလား။ကောင်လေးက..လက်ညှိုးညွှန်ပြရင်း..

`ဟိုးဖက်ခြမ်းမှာက..တည်းခိုဆောင်တွေလည်းရှိသေးတယ်ခင်ဗျ..အဲဒီနောက်မှ..ကျွဲကော်ခြံ..နဲ့တခြားဥယျဉ်တွေရှိတယ်..လျှောက်ကြည့်လို့ရတယ်ခင်ဗျ..´

`အေး..တော်ပါပီဟယ်..မကြည့်တော့ပါဘူး..ဒါနဲ့..တည်းခိုခန်းခတွေက..ဘယ်လောက်လောက်ရှိလဲ.´

ကောင်လေးက..ခဏစဉ်းစားရင်း..

` သေချာတော့မသိဘူးခင်ဗျ..တညကို ၃သောင်းကနေ..၅ သောင်းအထိရှိမယ်ထင်တယ်..´

ဟူး..ဈေးကဘယ်သေးလို့လဲ..။ကဲ..ဘိုးတော်လည်းပြန်ရောက်..အစားအသောက်တွေလည်းရောက်လာပီ..။ ဘာတွေတုံး..ဟင်း..ထုံးစံအတိုင်း..သူ့အကြိုက်..၀က်အူတွေ..ဒါက..ကိုယ့်အကြိုက်..ငါးပေါင်း။

`ဒါက..ဘာလဲဟေ…´

`အဲဒါ..ဒီဆိုင်က..နံမယ်ကြီး..ဟင်းပေါင်းပါခင်ဗျ.. စီးဖု..၀က်သား..ကြက်သားအစုံပဲခင်ဗျ..´

`ကဲ..ကြီးတော်…တနှစ်မှတခါ..ကြုံတုံးရောက်တုံးစားထား..သိပ်စပ်စုမနေနဲ့..ဈေးလည်းမမေးနဲ့..´

ကိုယ့်ဘိုးတော်က..အကြောင်းသိမို့..တခါတည်းပိတ်ပြောလိုက်သည်။

စားလို့ကတော့..ကောင်းမှကောင်း..အား..စပ်လဲစပ်..ပူလဲပူ..အစားအသောက်က..အင်နာဂျီတွေထွက်လာလားမသိ..ပူလိုက်တာ..တစ်သျှူး…တစ်သျှူးပေးပါ..

`အော်..ပန်ကာတွေရပ်သွားတာပဲ…….ညီလေးရေ……..´

ဘိုးတော်စကားမဆုံးခင်..ကောင်လေးက..စပ်ဖြဲဖြဲနဲ့..` ဟို..မီးစက်ပိတ်လိုက်လို့ပါ..အကို´ ဆိုပီး..ယပ်တောင်တွေသာ..အတင်းလာခပ်ပေးနေတော့တယ်..

အင်..ဟုတ်ပ..ခုန..ငြိမ့်ငြိမ့်ငြောင်းငြောင်း..ဗမာ့ဆိုင်းသံလည်း..အသံပျောက်လို့…ဗိုက်ဆာဆာနဲ့အသကုန်တွယ်နေတာ..လုံးဝသတိမထားမိလိုက်ဘူး..တိတ်တိတ်ဆိတ်ဆိတ်ကြီးကိုဖြစ်လို့..ဘေးစားပွဲက..အတွဲလည်းမရှိတော့..အော..ဟိုအလယ်ခန်းမထဲက..နိုင်ငံခြားသားဝိုင်းတွေလည်း..ဘယ်အချိန်ကထွက်သွားကြလဲမသိ..ဟုတ်ပ..ကိုယ်တို့ဝိုင်းရယ်..ခပ်လှမ်းလှမ်းတဲတခုထဲက..ဗမာလူမျိုး အဘိုးကြီး.၃ယောက်ဝိုင်းပဲရှိတော့တယ်…

` ဘိုးတော်ရေ..ငါတို့ကတော့..ဗမာတွေမို့..ဒီဇယ်အကုန်ခံပီး..မီးစက်မမောင်းပေးတော့ပါလားဟေ့..´ကောင်လေးက..အားနာစွာနဲ့..` ဖွင့်တာကြာလို့..ခဏရပ်တာပါခင်ဗျ..´ လို့ဖာဖာထေးထေး ပြောရှာတယ်။ ဒီကောင်လေးပုံစံကတော့..တကယ့်မွန်မွန်ရည်ရည်လေး..

`အေးပါ..အေးပါ..ရပါတယ်..ဒါနဲ့..မင်းတို့က..ကျိုက်ထိုက..မွန်တွေပေါ့..´

`မဟုတ်ဘူးခင်ဗျ..ကျနော်က..ကျောက်ပန်းတောင်းကနေ..လာလုပ်တာပါ..´

`ဟယ်..ကျောက်ပန်းတောင်းကနေပီးတောင်..ကျိုက်ထိုထိတောင်..လာလုပ်တယ်..´

အလိုက်မသိ..ထပ်မေးနေတဲ့ကိုယ့်ကို..ဘိုးတော်က..လှမ်းဟန့်တယ်…

`အေးပေါ့ကွာ..အဆင်ပြေတဲ့နေရာလုပ်ရတာပေါ့..´

အင်း..ကိုယ်တွေတင်..migration လုပ်သလားအောက်မေ့တာ..သူတို့လည်း.. migration ပဲ..Internal migration ပေါ့လေ..

`ဟဲ့..ဒါနဲ့..ဒီဆိုင်ပိုင်ရှင်အမျိုးသမီးက..ဒီမှာပဲနေတာလား...´
`ခင်ဗျာ..´
အူကြောင်ကြောင်ဖြစ်သွားတဲ့ကောင်လေးက..

`ဟို..ဒီဆိုင်ပိုင်ရှင်က..အမျိုးသမီးမဟုတ်ဘူးခင်ဗျ..ဗိုလ်မှူးကြီးစံတင်ပိုင်တာပါ…´
`ဟင်..ဟုတ်လား..အစ်မသိတာ…..´
`အေးလေ..မင်းဖတ်ဘူးတဲ့ပိုင်ရှင်အမျိုးသမီးဆိုတာ..အဲဒီဗိုလ်မှူးကြီးစံတင်ရဲ့မိန်းမ..မြန်မာ့အမျိုးသမီးစွမ်းဆောင်ရှင်တယောက်ဖြစ်မှာပေါ့..´

အင်း..ဟုတ်သား..ဘိုးတော်ပြောလိုက်မှပဲ ရှင်းသွားတော့တယ်..။

--------

ကျိုက်ထီးရိုး ဓါတ်ပုံများ


Share/Bookmark

11 Comments:

ခင်မင်းဇော် said...

ကေ ပိုင်လိုက်တာ ရေးပုံက
အမတော့ အဆုံးသတ်မှာ ရယ်လိုက်ရတာ ။
တော်ပါပေ့။

Ye-Mon said...

မကေ ရေ
“ ... ” တွေကြောင့် စာစု (word) တွေက အားလုံး တဆက်တည်းလို ဖြစ်ပြီး နောက်တစ်ကြောင်းကို ဆင်းမလာတော့ဘူး (wrap မလုပ်ဘူး)။ Feed Reader မှာ ဆိုရင် စာကြောင်း အပြတ်တွေပဲ မြင်ရတယ်။ ဖြစ်နိုင်ရင် တစ်ခုလောက် အကြံပေးချင်ပါတယ်။ စာစု နဲ့ “...” ကြားမှာ space လေး တခုလောက် ထည့်ပြီး ရေးကြည့်ပါလား။ ဥပမာ -
ကျိုက်ထီးရိုးအပီး..စိမ်းလဲ့တင်လို့... ရေးမယ့်အစား
ကျိုက်ထီးရိုးအပီး .. စိမ်းလဲ့တင်လို့ ... ဆိုပြီးတော့ပေါ့။
ကျေးဇူးပါ။ ကျွန်တော်လည်း စိမ်းလဲ့တင်ဆိုင်ရဲ့ နေရာနဲ့ အဆင်အပြင်လေး သဘောကျတယ်။ အခုလို ဖတ်ရတော့ လွမ်းစရာ တစ်ခုတိုးတာပေါ့။

Anonymous said...

ကျနော်ဖတ်ရတာ ညဘက်အစွန်က စာကြောင်းတိုင်း ပြတ်နေတယ်။

Anonymous said...

မကေ
တင်ပြပုံကောင်းပါပေတယ်…အဆုံးက ဖြစ်ရပ်မှန် မြန်မာအမျိုးသမီး စစရှင် များ အသင်း ကဗိုလ်မှုးကြီး စိမ်းလဲတင်နဲ့ အဆုံးသတ်ထားပုံကြောင့် equality and fair business right မရှိတဲ့ မြန် မာ့ ရှုခင်းမြန်မာ မြင်ကွင်းလေးက ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်း ရှိလှပါပေတယ်…

Thet Oo said...

စာတွေဖတ်ရတာ သိပ်အဆင်မပြေပါ။ စာကို MS Word မှာ ရိုက်၊ justify လုပ်၊ copy လုပ်ပြီးမှ blogger မှာ ပို့စ် လုပ်တာ မဟုတ်ဘူးလား။ အင်တာနက် ဘရော့ဘမ်းရရင်လည်း အော်လိုက်အုံးနော်။

kay said...

အားလုံးပဲခင်ခင်မင်မင်အကြံပြုကြတဲ့အတွက်ကျေးဇူးပါ။
ဘာလို့..စာတွေကောင်းကောင်းမပေါ်တာလဲမသိနော်..။
Word မှာအရင်ရိုက်ပီးမှ..ပြန်တင်တာပဲ..
ကိုယ့်ဖာကိုယ်ပြန်စစ်ကြည့်တော့လည်း..reader မှာရော
ဘာရော..ကောင်းကောင်းပေါ်သား။ Browser နဲ့များဆိုင်မလား။
ကျမကလဲ..စာရေးရင်..ပုဒ်ထီးပုဒ်မထက်..အစက်တွေအပျောက်တွေနဲ့ပဲ
ရေးတာအားသန်တယ်..ကိုရဲမွန်အကြံပေးသလို..နဲနဲခွါပီးရေးကြည့်မယ်လေ။

ATN said...

Oh! My! What a life!

little brook said...

ဟားဟားဟားလို့ပဲ တအားရယ်သွားတော့တယ် အမရယ်

rose of sharon said...

လာဖတ်သွားတယ်ကေရေ.... အဲဒီမြွေသုံးကောင်ကို ချက်စားပစ်လိုက်ကြပြီထင်တယ်.... :)

khin oo may said...

အဲသည်ဟာ မဖတ်ဘူးသေးဘူး ကျေးဇူးကေ. အဟိ

phyu phyu htun said...

အမ
အမှန်တော့ အဲဒီကအိမ်သာတွေက သိပ်မသန့်ဘူး။ အစားအသောက်ကလဲ အရသာတော်ရုံပါပဲ။ အဲဒီလမ်းကို အမြဲသွားနေတော့ အဲဆိုင်ကိုလဲ (ခဏ)2 ရောက်တယ်။ ကလေးတွေကတော့ ပျော်တာပေါ့။ ဇူးလဲ ရှိတယ်ဆိုတော့။ တခါတော့ မျောက်တွေထားတဲ့ လှောင်အိမ်နားမှာ သမီးလေးကိုသွားပြတာ အထဲက မျောက်ကြီးက လက်ထုတ်ပြီး ကလေးခေါင်းကို လှမ်းဆွဲတာ။ တော်သေးတာပေါ့ မျက်နှာတွေ မျက်လုံးတွေကို မခြစ်မိသွားတာ။ ကျွန်မမှာတော့ ဒေါသတွေထွက်လိုက်ရတာ။ လှောင်အိမ်ကို သူတို့လုပ်ထားပုံ စနစ်မကျလို့သာ အဲဒီမျောက်က လက်ထုတ်ပြီးလှမ်းဆွဲနိုင်တာပေါ့။ ခြုံပြောရရင် စိမ်းလဲ့တင်ကို မကြိုက်ဘူး။ ဒါပေမယ့် ရန်ကုန် မော်လမြိုင်လမ်းမှာက စားသောက်ဆိုင် ကောင်းကောင်းနဲ့သန့်သန့် မရှိတော့လဲ သူ့ကိုပဲ သုံးနေရတာ။