East, Autocracy, Lee Kwan Yew

အရှေ့တန်ဖိုး .. အော်တိုကရေစီ .. လီကွမ်ယူ

စင်ကာပူလမ်းလျှောက်ပွဲကတဆင့်..အာဆီယံအကြောင်းတွေးမိသည်။..မိုးသီးဇွန်ရဲ့..နာခံမူကို ဆန်းစစ်ခြင်း စာအုပ်ကိုဖတ်ဖြစ်သည်။ တမြန်နေ့ကပဲ..ကောက်လှန်ဖြစ်သော ၂၀၀၇ ဇွန်လ ထုတ် တိုင်းမ်စ်မဂ္ဂဇင်းပါ တဟုန်ထိုးစင်ကာပူ Soar Singapore ဆိုတဲ့ဆောင်းပါးကို နဲနဲမြည်းကြည့်သည်။ အဲဒီလိုနဲ့.လီကွမ်းယူဆိုသော..အောင်မြင်ကြီးကျယ်သော..စင်ကာပူနိုင်ငံ၏ဖခင်ကြီးအကြောင်း ဆန်းစစ်ကြည့်ဖို့.လုံလောက်သော အတွေးများရလာခဲ့သည်။

အောင်မြင်သူ

လီ..တကယ်ကိုအောင်မြင်ပါသည်။..စင်ကာပူအမျိုးသားနေ့လူထုအလှပြပွဲခင်းကြီးရဲ့အလယ်.. ပီသုံးလုံးပါတီရဲ့ အဖြူရောင်တူညီဝတ်စုံဆင်မြန်းထားကြသော.. တပည့်တပန်းများကြားမှာ.. ပြုံးပြုံးကြီး..ကျေနပ်နေသော..သူ့မျက်နှာသည်..မနာလိုချင်စရာကောင်းလောက်အောင်ကို.. ၀င့်ထယ်လှပါသည်။ ကြည့်ပါဦးလေ။ တိုင်းပြည်ကြီးကလည်း ပြည့်စုံလို့။ သားကြီးသြရသကလည်း သူ့အရိုက်အရာကိုဆက်ခံလို့။ သားငယ် သမီးငယ်တွေကလည်း..တိုင်းပြည်ရဲ့အရေးကြီးတဲ့..တာဝန် တွေကို အသီးသီးထမ်းဆောင်လို့။ ထက်မြတ်တဲ့ ငယ်ပေါင်းကြီးဖော် ဇနီးသည်ကလည်း အသက်ရှည်ရှည်..ခင်ခင်မင်မင်ဆိုသလို။...ပါလီမန်ကြီး တခုလုံး ကိုလည်း..ဂုဏ်ထူးဆောင်ရာသက်ပန်နာယကကြီးအဖြစ်နဲ့..မီးသေတုံး။ အင်..ကျန်သေးတယ်..၀န်ကြီးချူပ် ကတော်..ချွေးမကလည်း တနိုင်ငံလုံးရဲ့စီးပွါးရေးအချူပ်အခြာပိုင်ဆိုင်မူတွေကို..ထိန်းချူပ်ထားတဲ့...တီမားဆပ်.ဦးပိုင်လိမိတတ်ကြီးမှာ..ဥက္ကဠ။...မကြာသေးခင်ကမှ..အမေရိကန်အခြေစိုက်..ဓန..Fortuneမဂ္ဂဇင်းကြီးကနေပီးတောင်..ကမ္ဘာ့..နံပတ်သုံး..အအောင်မြင်ဆုံး..စီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးအဖြစ်..်ရွေးချယ်ခံလိုက်ရသေး။ ဒီလိုဘ၀မျိုးကိုမှ..အောင်မြင်ကြီးကျယ်တယ်မခေါ်လျှင်..ဘာကိုခေါ် ရတော့မလဲ။

အရှေ့တန်ဖိုးနဲ့..အနောက်တန်ဖိုး

မိုးသီးဇွန်ရဲ့..နာခံမူကိုဆန်းစစ်ခြင်းစာအုပ်မှာ..ဗမာလူမျိုးတွေ..တလျှောက်လုံး....လက်ကိုင်ပြုလာသော..လောကနီတိကျမ်းကြီးကို..ရဲရဲတင်းတင်း..ခွဲခြားသုံးသပ်ပြသွားသည်။...ဗမာလူမူအသိုင်းအ၀ိုင်းထဲမှာ..ဗုဒ္ဒဘာသာနဲ့အတူရောနှောစိမ့်ဝင်လာတဲ့..လောကနီတိရဲ့ကျမ်းရှင်..စဏတျကို..နိုင်ငံရေးဆရာကြီး..အာဏာပွဲစားကြီးအဖြစ်..ခပ်ကြမ်းကြမ်းလေးသရုပ်ဖော်သွားသည်။ ကောင်းပါတယ်။..ကိုယ်ကတော့..ကျမ်းတက်ပေတတ်လည်းမဟုတ်.လောကနီတိကိုလည်း..ဃဃနနမသိသူမို့..သူထောက်ပြသွားတဲ့ အချက်တော်တော်များများဟာ..လက်ခံနိုင်စရာတွေလို့ပဲ..မြင်မိပါတယ်။ စဏတျဟာ..သူ့ရှေ့က..နံမည်ကျော်ကြားခဲ့တဲ့..ကွန်ဖြူးရှပ်တို့..စွန်ဇူတို့လိုပဲ ..အရှေ့စံနှူန်းတွေကို နိုင်ငံရေးနဲ့လူမူရေးနယ်ပယ်မှာ သူ့စိတ်ကြိုက်ပြဠန်းသွားခဲ့ပါတယ်။ ခုထက်ထိလည်း..မြန်မာ့အလင်း သတင်းစာမျက်နှာဖုံးမှာ တနေ့တမျိုးတွေ့မြင်နေရဆဲပါ။

တကယ်တော့..၆၀၀ဘီစီနဲ့...၃၀၀ဘီစီအကြား..အရှေ့တိုင်းမှာ..ကွန်ဖြူးရှပ်တို့..စွန်ဇူးတို့..ခု..စဏတျ တို့လိုပညာတတ်ပုဂ္ဂိုလ်ကြီးတွေရဲ့..အရှေ့တိုင်းစံနှူန်းတွေ...ထွန်းကားခဲ့တာနဲ့.မရှေးမနှောင်းဆိုသလိုပဲ..ဆိုကရေးတီးတို့လို..ပလေတိုတို့လို..တွေးခေါ်ပညာရှင်ကြီးတွေကလည်း..ဒီမိုကရေစီသဘောတရား


အပါအ၀င် အနောက်တိုင်းစံနှူန်းတွေကို အုတ်မြစ်တည်ခဲ့ကြပါတယ်။
အဲဒီ..အရှေ့လား အနောက်လား .. ဇတ်လမ်းတွေက ခုထိမပီးသေးပါ။ လီကွမ်ယူအပါအ၀င် ယခု အာဆီယံခေါင်းဆောင်အများက ..ဒီမိုကရေစီဆိုတာ အနောက်တိုင်းတန်ဖိုးသတ်မှတ်ချက်မို့.. ပုံတူကူးချစရာ မလိုဘူးဆိုတဲ့အမြင်များရှိနေကြတယ်။..ဒီမိုကရေစီဆိုသောစကားကိုနိုင်ငံတကာဘောင်ဝင်အောင်...ကြားကောင်းအောင်သာ..အော်နေကြသော်လည်း..တကယ့်တကယ်မှာတော့..ဦးနေ၀င်းကြီးထွင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဆိုသလိုမျိုး...ကိုယ့်နည်းကိုယ့်ဟန်..ဒီမိုကရေစီလုပ်နေကြ ခြင်းပါပဲ။ မိုးသီးဇွန်ပြောသလို.. ပုံဖျက်ထားသောဒီမိုကရေစီ (သို့မဟုတ်) တပါတီတည်းကသာ..ထပ်ပြန်တလဲလဲ အာဏာရနေသော Autocracy အော်တိုကရေစီ များကခပ်များများ ဖြစ်နေကြပါတယ်။
စင်ကာပူကိုပဲကြည့်ပါတော့။ ပီးတော့..သူတို့ အာစီယံနိုင်ငံအကြီးအကြဲတွေ..ဘာလုပ်များ..ဒီလောက်တကမ္ဘာလုံး နားပူနားဆာလုပ်နေတဲ့ မြန်မာနိုင်ငံအရေးကိစ္စကို.. နားထိုင်းနေကြသလဲ။ သိက္ခာတွေလည်း ကျနေတာရစရာမရှိတော့။ ဘာဖြစ်လို့များ ဒီလောက်တောင် ပေတေတေကြီးတွေ ဖြစ်နေကြတာလဲ။ အဲဒီထဲမှာမှ လီကွမ်ယူ ဟာ..ကွန်ဖြူးရှပ်ရဲ့..အရှေ့တိုင်းဥပဒေသတွေကို စံထား ကျင့်သုံးသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။


လီဟာ အနောက်တိုင်းတက္ကသိုလ်ထွက်ဖြစ်ပီး..အနောက်ကနည်းပညာတွေနဲ့ အနောက်ပုံစံငယ် နိုင်ငံလေး ကိုဖန်တီးနေပေမဲ့..အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကို သတိနဲ့ချည်းကပ်သူဖြစ်ပါတယ်။ ကြုံရင်ကြုံသလိုလည်းဝေဖန်ပါတယ်။ သူဟာမျိုးချစ်စိတ် မာနရှိသူဖြစ်ကြောင်းနဲ့.. westernization ကိုတွန်းလှန်နေသူဖြစ်ကြောင်း မသိမသာမြင်နိုင်ပါတယ်။ စင်ကာပူပါလီမန်ထဲက..ပီသုံးလုံးပါတီဝင်တွေဟာ..ဘယ်တော့မှ..အနောက်တိုင်းဝတ်စုံမ၀တ်ကြပါဘူး။ အမျိုးသားဝတ်စုံလည်းသတ်သတ်မှတ်မှတ်မရှိတဲ့အတွက်..အနွေးထည်လိုလို ဂျာကင်လိုလို အကျီင်္မျိုးကိုဝတ်ဆင်ကြတာ..ပြုံးချင်စရာပါ။.


ကမ္ဘာ့ဇာတ်ခုံပေါ်မှာ..အဲလိုဖော်ပြနည်းမျိုးကို.. ထင်ရှားတဲ့အမေရိကန်ဆန့်ကျင်ရေးသမားတွေဖြစ်တဲ့...ကျူးဘားသမ္မတ Castro အီရန်သမ္မတ..Ahmadinejad..ပီးတော့..ဗမာပြည်က..နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်တို့ပြသခဲ့ကြပါတယ်။ အဲလိုပဲ..အနောက်တိုင်း ဒီမိုကရေစီအသိုင်းအ၀ိုင်းကလည်း လီကို သိပ်ပီးလူရာသွင်းဟန်မပြပါဘူး။ စင်ကာပူနိုင်ငံတိုးတက်အောင်မြင်နေတာ..မြင်နေလက်ခံနေကြပေမဲ့လည်း..လီရဲ့စွမ်းဆောင်ချက် တွေကို ဂုဏ်တင်ချီကျူးလေ့မရှိပါဘူး။

လီကွမ်ယူနဲ့ဗမာပြည်

လီထူထောင်ခဲ့တဲ့ စင်ကာပူနိုင်ငံကြီးနဲ့..ဗမာ့အသိုင်းအ၀ိုင်းကြားမှာ..ဆက်စပ်မူတွေအလွန်များပြားခဲ့ ပါတယ်။ တချို့လဲဆိုတယ်။ စင်ကာပူ မြို့ပြစီမံကိန်းကို ဦးနုရဲ့ပြည်တော်သာစီမံကိန်းက လွှမ်းမိုးခဲ့တယ်ဆိုတာမျိုး။ ဗမာပညာရှင်တွေများစွာနဲ့ စင်ကာပူနိုင်ငံကြီးကို အားဖြည့်ခဲ့ကြတယ် ဆိုတာမျိုးလို။ ခုချိန်မှာလည်း ဗမာ့လူသားရင်းမြစ်တွေကို ပွဲလန့်တုန်းဖျာခင်းပီး..သိမ်းကျူံး ကောက်ထဲ့နေတယ်ဆိုတဲ့အမြင်မျိုး ။ (အကောင်းမြင်မယ်ဆိုရင်လည်း..ရနိုင်တဲ့အခြေအနေပါ)
ပါးစပ်ရာဇ၀င်တွေအရတော့..လီ ဟာ ဦးနေ၀င်းနဲ့ အပေးအယူလုပ်ခဲ့ပီး အရှေ့နဲ့ အနောက် ရေကြောင်း ဆက်သွယ်ဖို့ တူးမြောင်းကြီး တနသာင်္ရီတိုင်းကိုဖြစ်ဖေါက်ဖို့ စီမံကိန်းကို ပယ်ဖျက်နိုင်ခဲ့တယ် လို့လည်း ဆိုကြတယ်။ အဲဒီအတွက်..စင်ကာပူရဲ့ဆိပ်ကမ်းစီးပွါးရေးကြီး အကြီးအကျယ်အကျိုးအမြတ်တွေရခဲ့ပီး
ဦးနေ၀င်းကတော့ မိသားစုပိုင် မြေကွက်တချို့ စင်ကာပူ မှာရခဲ့တယ်လို့ဆိုပါတယ်။

မြန်မာပြည်မှာလည်း...လူကြိုက်များတဲ့...လီကွမ်ယူအတုပတ္တိစာအုပ်ကြီးဟာ..နှစ်လက်မလောက်ထူပါတယ်။ ကိုယ်တိုင်တော့မဖတ်ဘူးပေမဲ့ ကောက်နုတ်ချက်တခုမှာ တွေ့လိုက်ရတာတော့ အဲဒီစာအုပ်ထဲမှာ လီက..


ဦးနေ၀င်းကို ချီးကျူးရေးသားပြောဆိုထားချက်တွေပါတယ်ဆိုတာရယ်... မြန်မာပြည်သားတွေဟာ..ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူးလို့....သုံးသပ်ထားတယ်ဆိုတာကတော့ အတော်စိတ်ဝင်စားစရာပါ။

ခုန်နေသောပင့်ကူများ

ဘားမားတူဒေးအင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ဘူးပီး နယူးယောက်အထက်ပိုင်းဗမာလူငယ်များ ရေးသားတဲ့ ခုန်နေသောပင့်ကူများ ဆိုတဲ့ဆောင်းပါးကို စိတ်ဝင်တစားဖတ်ခဲ့ဘူးပါတယ်။ တရုတ်လူမျိုးနွယ်စုတခုဖြစ်တဲ့..ဟက်က(Hakka)ဆိုတဲ့..အဓိပ္ပယ်ရင်းကို....တင်စားဖွင့်ဆိုထားခြင်းဖြစ်ပီး နံမယ်ကျော် ဟက်က လူမျိုးများ အကြောင်း ဆက်စပ်ဖော်ပြထားပါတယ်။ မှတ်မိတာတော့ မော်စီတုန်း လီကွမ်ယူ ဦးနေ၀င်းနဲ့ ထိုင်းဝန် ကြီးချူပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့ပါပဲ။ မျိုးနွယ်ခြင်းတူလို့ပဲလား....စိတ်ဓါတ်ခြင်းတူလို့ပဲလားတော့မသိ..လီဟာ..ဦးနေ၀င်းနဲ့အပေးအယူမျှခဲ့သလို...သက်ဆင်နဲ့လဲ...သတင်းလွေ့ခဲ့ကြပါတယ်။..သက်ဆင်ရဲ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့တဲ့.. ရှင်းကော်ပိုရေးရှင်းအရောင်းအ၀ယ်ကိစ္စမှာ ပါင်ပတ်သတ်နေခဲ့တာဟာ လီတို့မိသားစုချူပ်ကိုင်ထားတဲ့..စင်ကာပူနိုင်ငံရဲ့ထိပ်တန်း တီမားဆက်ဦးပိုင်လီမိတတ်ကြီးပါပဲ။
အကြီးအကျယ်အဝေဖန်ခံခဲ့ရတဲ့....နိုင်ငံဥလျှောင်ကြီးတွေရဲ့ဥပဒေလက်တလုံးခြားလှည့်..အရောင်းအ၀ယ် ကြီးအဖြစ် သမိုင်းတွင်နေပါတယ်။

တဟုန်ထိုးစင်ကာပူ

ဘယ်သူတွေဘာပဲပြောပြော စင်ကာပူကတော့ တဟုန်ထိုး တိုးတက်လာနေပါတယ်။
အခုနောက်ဆုံး Marina Bay Sands ဆိုတဲ့ Casino စီမံကိန်းနဲ့ Sentosa Cove ဆိုတဲ့အထူးအဆင့်မြင့်..(ရိုးရိုးအဆင့်မြင့်မဟုတ်ပါ)..အိမ်ယာစီမံကိန်းသစ်တွေဟာ..နောင်လာမဲ့နှစ်အနည်းငယ်အတွင်းမှာ..စင်ကာပူရဲ့ပုံရိပ်ကို...လုံးဝပြောင်းလဲသွားစေမယ်လို့..ခန့်မှန်းမျှော်လင့်ထားကြပါတယ်။ စင်ကာပူနိုင်ငံမှာ လောင်းကစားခြင်းကို တရားဝင်လုပ်သင့်မလုပ်သင့် ပါလီမန်မှာ အတော်ကြာ ငြင်းခုံနေခဲ့ကြပါတယ်။ နောက်ဆုံး လီက တချက်ပဲဝင်ပြောလိုက်တယ် ။ ဘယ်တရုတ်လူမျိုးဟာ လောင်းမကစားပဲနေမှာလဲကွ ဆိုတော့..ကာစီနိုလောင်းကစားဥပဒေဟာ ချက်ချင်းဆိုသလို အတည်ပြုလိုက်နိုင်ပါတော့တယ်။



(Scale model of the development together with the Singapore skyline on display in the URA Gallery. Source: )


ခုဆို ဗမာလူငယ်တွေလဲ..စင်ကာပူ ကာစီနိုကိုအကြောင်းပြုလို့...ကျောင်းတွေတက်ဖို့လမ်းပွင့်ကြသည်။..အလုပ်အကိုင်တွေတိုးပွါးလာသည်။ ကျောင်းပွဲစားတွေလည်း ပျော်ကြသည်။ ဒါပေမဲ့ လူတွေရင်ထဲမှာ စိုးရိမ်မူတွေရှိနေကြသည်။ လောင်းကစားကြောင့်ရှုပ်ထွေးလာမဲ့...လူမူရေးပြသာနာတွေကိုတွေးပူကြသည်။
ဒါဆိုအရှေ့တောင်အာရှက..ကျောင်းသားတို့ပညာရှာရာ...နိုင်ငံတကာက..ပညာရှင်တို့သာယာ ကြည်နှူးရာ..ဒီကျွန်းကလေးသာ..မကာအိုလိုလူဆိုးဂိုဏ်းတွေများလာမယ်ဆိုရင်..ဘယ်လိုလုပ်ကြ မလဲဆိုတာ..စဉ်းတော့ စဉ်းစားစရာပါ။


( Sentosa Cove Bunglow Model from its website)



လူဆိုးဂိုဏ်းတင်မက.. မီလျံနာတွေလည်းရောက်လာကြလိမ့်မည်။..

Sentosa-Coveမှ အထူးလုံးချင်း အိမ်ယာ များက ဒေါ်လာသန်း ၂၀ တန်အထိတောင်ရှိပါတယ်တဲ့။ သန်း ၂၀ ဆိုတော့..ဘယ်လိုလူမျိုးတွေ...၀ယ်မှာလဲ ဆိုတာ..မေးစရာမလိုပါ။...ကမ္ဘာတ၀ှမ်းက..ငွေမဲတွေ ပေါနေ သော သူဠေးများ..အာဏာရှင်များနဲ့..ရင်းနှီး မြုပ်နှံမည့် သူများသာ ၀ယ်နိုင်ပါလိမ့်မည်။ အဲဒီအတွက်ကြောင့်..နိုင်ငံခြားသား မြေယာပိုင်ဆိုင်မူ ဥပဒေတွေကိုလည်း...မနှေးအမြန်ပင် စီစဉ်လိုက်သည်။


ငွေ နဲ့ သိက္ခာ

လောကမှာ..ငွေနဲ့ သိက္ခာ..ဘယ်ဟာမှန်သလဲ ဆိုရင်..ဖြေဖို့ခက်ပါလိမ့်မည်။ Reality ကဘာလဲ..ငွေရှိမှလူရာ
ဝင်တာ..လူတိုင်းငွေရှိချင်တာပဲ ..မင်းကော ငွေမမက် ဘူးလားလို့ မေးခဲ့ရင် .. အင်း..ဟုတ်သားပဲလို့ ဖြေမိမလား။ ငွေ နဲ့ သိက္ခာ အလဲအလှယ်လုပ်ရမယ်ဆိုရင်တောင်... သိက္ခာတွေ အလိုက်တောင် ပေးဦးမယ့်.လူတွေမရှားပါ။...ဒါပေမဲ့..အသိုင်းအ၀ိုင်းတခုအလယ် ရပ်တည်မူတခုနဲ့. တင့်တယ်စွာ နေချင်သူများ အတွက်တော့ အဲဒီ နာမ်ပုဒ် နှစ်ခုကို ညီမျှအောင်ထိန်းသိမ်းဖို့..အတန်ငယ်ခက်ပါလိမ့်မည်။ ဒီနေ့ခေတ်..ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ human right တို့ humanity တို့ Integrity တို့လို သံတမန် စကားလုံး လှလှလေးများ အတော်အရေးပါလာပါပီ။ အဲဒါကြောင့်..ကမ္ဘာ့အသိုင်းအ၀ိုင်းကြီးက..အာစီယံ ဘယ်လဲ ဘာလဲလို့..တမေးတည်းမေးနေကြသည်။ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသော အဖြေသည်..မလုံလောက်မှန်း ..မခိုင်လုံမှန်းလည်း..အားလုံးသိကြပါသည်။ သို့သော်....။

လီကွမ်ယူ နှင့် စင်ကာပူနိုင်ငံကရော.. ။ ဆက်စပ်မူတွေများပြားလှသော..အိမ်နီးချင်း မြန်မာနိုင်ငံအတွက်..ဘယ်လို..သံတမန်ရေးရာမူဝါဒတွေကို ဆက်လက်ဆုပ်ကိုင်ထားဦးမလဲ။ မသိကျိုးကျွံပြုစရာများကိုပြု၍..သိသိသာသာအကျိုးအမြတ်ရမည့်ကိစ္စများကိုသာ..အာရုံစိုက်တော့မည်လား။ လီ တယောက် .. ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ တက်ေ၇ာက်ယူရာနိုင်ငံတွေမှာလည်း..ဆန္ဒပြမူများ..ကန့်ကွက်မူများ..ရင်ဆိုင် ခဲ့ရဘူးသည်။ အောင်မြင် ကြီးကျယ်သော်လည်း မြင့်မြတ်တည်ကြည်ဖို့များ လိုနေသေးသလားဆိုသော..မေးခွန်းများလည်း ရှိနေပါသေးသည်။

Related Links
http://burmatoday.net/article2005/070121_aungmoewin.swf
http://en.wikipedia.org/wiki/Kra_Isthmus
မိုးသီးဇွန်ရဲ့ နာခံမူကိုဆန်းစစ်ခြင်းစာအုပ် (ရွက်မွန်စာမျက်နှာမှ)




Share/Bookmark

22 Comments:

ခင်မင်းဇော် said...

ကေ အောင်မြင်ကြီးကျယ်သော်လည်း မြင့်မြတ်တည်ကြည်ဖို့များ လိုနေသေးသလား.......
အဲဒါကြောင့်လည်း ကိုမိုးသီးက နာခံမှုကို ဆန်းစစ်ခြင်း ရေးခဲ့တာထင်ပါရဲ့။
တခါတရံမှာ အရှေ့ အနောက် စံပြုချက်တွေ ကွဲလွဲခဲ့တာ....
နောက် တခါ နိုင်ငံရေးနယ်ပယ်အတွင်းက အောင်မြင်တယ်ထင်တာတွေဟာ..
တချိန်မှာ ကျဆုံးဖို့ ဖြစ်ရတာ...
(ထိုင်းနိုင်ငံက ၀န်ကြီးချုပ်တပ်ဆင်)
အားလုံးကတော့ ....
အော်တိုကရေစီတွေပါပဲကွယ်....
ဒီထဲမှာမှ ပြည်သူတွေရရှိတဲ့ အကျိုးကျေးဇူးနဲ့ ထပ်တိုင်းရဦးမယ်ထင်တယ်....
(ဟီး.. တွေးမိတွေးရာ ရေးမိရေးရာပါ)

Anonymous said...

The Kra Isthmus is the narrow landbridge which connects the Malay Peninsula with the mainland of Asia. The east part of the landbridge belongs to Thailand, the west part belongs to the Tanintharyi division of Myanmar. To the west of the Isthmus is the Andaman Sea, to the east is the Gulf of Thailand.

Ref: http://en.wikipedia.org/wiki/Kra_Isthmus

Anonymous said...

မကေ.. ဒီပို့စ်ကို အတော်လေး နှစ်သက်ပါတယ် ။ ဆက်စပ်တွေးတောထားတာလေးတွေ ကြိုက်တယ် ။

ပထမဆုံးမှာ လီ့ကို အောင်မြင်သူဆိုတာ ရေးထားတာလေး အတော်ကြိုက်တယ် ။ အရေးအသားက ဒဲ့ဒိုးမဟုတ်ဘဲ ပြောချင်တာကို ပြောထားတယ်လို့ ကျမ ခံစားရပါတယ် ။ အမပြောခဲ့တဲ့အချက်တွေကြောင့်လည်း စင်္ကာပူက ခေတ်ပညာတတ်လူငယ်တချို့ဟာ ၊ elitism ဆိုတာကို ၊ လက်ညှိုးထိုးလာကြပါပြီ ။

ဒါနဲ့ လီရဲ့ ဆရာဝန်သမီးတစ်ယောက်အကြောင်း ရေးတာ ကျန်ခဲ့တယ် ။ သူ့ သမီးကလည်း ဒီနိုင်ငံရဲ့ neuro research စင်တာ အကြီးစားမှာ နေရာယူထားပါတယ် ။ လီရဲ့ သားအငယ်ဟာလည်း private sector ရဲ့ အထင်ကရ နေရာတခုမှာ ရှိပါတယ် ။

လီပါဝင်ခဲ့တဲ့ သမိုင်းကြောင်းကို ကျောင်းမှာ သင်ယူခဲ့ဖူးတယ် ။ သူ့ အတွေးအခေါ်တွေဟာ အမပြောခဲ့သလို ၊ မျိုးချစ်စိတ်ကြီးတယ် ၊ အနောက်တိုင်းကို သိပ်အထင်မကြီး (သို့ပေမယ့် အနောက်တိုင်းရဲ့ ကောင်းတာတွေကို ၊ အရှေ့တိုင်းစနစ်နဲ့အညီ ကျင့်သုံးဖို့ ပုံဖော်ယူတတ်တယ်) ၊ တခါတလေ သူ့ နိုင်ငံကောင်းကျိုးတွက်ပဲ အလေးထားလေ့ရှိတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါတွေကြောင့် သူ့ ကို စင်္ကာပူနိုင်ငံဖခင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ပေးသင့်တယ်လို့ ထင်ပါတယ် ။

လီဟာ လူတော်တော်များများတွက်လည်း most fascinating leader ဖြစ်နေတာကိုတော့ ငြင်းရမယ် မထင်ပါဘူး ။ အသက် ၈၀ကျော်အထိ ကျန်းမာရေးကောင်းမွန်ပြီး ၊ သူ့ စကားတစ်ခွန်းဟာ သြဇာထိရောက်တုန်းပါ ။ ဒါကလည်း သူ့ ကိုကြောက်နေကြတယ်ဆိုတာထက် ၊ သူ့ အပေါ် သူ့ အာမခံချက်အပေါ် အများအားဖြင့် ယုံကြည်ကြတာလို့ ဆိုနိုင်ပါတယ်

တချိန်တည်းမှာ... စီးဝိုင်းတဘက်ကကြည့်မယ်ဆိုရင်
မီဒီယာမှာ အတိုင်းအတာတခုထိပဲ လွတ်လပ်မှုပေးထားတဲ့ ကိစ္စ ၊ အသရေဖျက်မှုဆိုပြီး ရှိဖူးတဲ့ ကိစ္စတွေတွက် ၊ စင်္ကာပူရဲ့ ခေတ်သစ် လူငယ်တချို့က စင်္ကာပူမှာ လွတ်လပ်ခြင်းဆိုတာ တကယ်မရှိဘဲ ၊ လှောင်အိမ်ထဲမှာ ပြည့်စုံခြင်းပကတိနဲ့ လှပတဲ့ဘ၀တွေကို ဖန်ဆင်းပေးခံရတယ်လို့ ဆိုကြပါတယ် ။ ဒါပေမယ့်လည်း တကယ့်လက်တွေ့ မှာ ဒီနိုင်ငံရဲ့ လူကြီး လူငယ်တော်၂များ၂ဟာ ၊ အဲဒီ အတောင်ပံညှပ်ခံရတဲ့ဘ၀မှာပဲ ပျော်ရွှင်အေးချမ်းလို့ ၊ နေသားကျလွန်းနေပြီ ။

ကျမအမြင်ကိုပြောရရင်တော့ ဘာသယံဇာတမှမထွက်နိုင်တဲ့ အနီစက်နဲ့ ဒီကျွန်းလေးဟာ အမြဲတမ်း သူ့ survival အတွက်ပဲ ၊ အလေးထားမယ်လို့ ထင်ပါတယ် ။ သူ့ အစိုးရမှာလည်း ပြည့်စုံချက်တွေ လိုအပ်ချက်တွေ ဒွန်တွဲနေတယ် ။ သူတို့လမ်းစဉ်တွေဟာ မှားတယ် မှန်တယ်ဆိုတာကတော့... လူအသီးသီးမှာ အတွေးအခေါ်အမျိုးမျိုး ရှိကြမှာပါလေ ။ ဒီနိုင်ငံက လူတွေတွက်တော့ ၊ နှစ်စဉ်နှစ်တိုင်းေ၇ွးကောက်ပွဲမှာ ၊ နှစ်ပေါင်းများစွာ တိုးတက်အောင်လုပ်ပေးထားတဲ့ ပါတီကိုပဲ မဲပေးကြတယ် ။ လူဆိုတာလည်း comfort zone တခုကို ပျောက်သွားမှာ သိပ်စိုးရိမ်တတ်ကြတာကိုး ။

P.Ti said...

တော်တော်လေးဖတ်လို့ကောင်းတဲ့ အရေးအသားနဲ့ အတွေးလေးပါပဲ။ ကျွန်တော်တောင် လူပိန်တွေး တွေးမိသေးတယ်။ ဦးနေ၀င်းနဲ့ လီကွမ်ယူ နဲ့ ကွာတာ ပညာရှိတာနဲ့ ပညာမရှိတာပဲ လို့။ ပညာမရှိတဲ့ ဦးနေ၀င်းက သူ့အတွက် တသက်စာပဲလုပ်နိုင်တယ်။ ပညာရှိ လီကွမ်ယူကတော့ အဆက်ပေါင်းများစွာ အတွက်လုပ်နိုင်ခဲ့တယ်။ အခုလူတွေတော့ တသက်တောင် ရပါ့မလားပဲ။
ဘာပဲပြောပြော သူဟာ စင်ကာပူနိုင်ငံအတွက် အများကြီးလုပ်ပေးနိုင်ခဲ့တယ်။

ညီညီ(သံလွင်) said...

အတော့်ကို လေ့လာပြီး ရေးသားထားမှန်း သိသာပါတယ်။ အခုလိုမျိုါ် ဗဟုသုတရဖွယ် အတွေးပွားဖွယ် ပို့စ်လေးတွေ နောက်ထပ် ဖတ်ရဖို့ မျှော်လင့်ပါတယ်ဗျာ။

kay said...

အမခင်မင်းဇော်..ဂျင်မီ..ဂျစ်တူး..ပီတိ..ကိုညီ..
အားလုံးပဲ..ကျေးဇူးထပ်တင်လိုက်တယ်.
ဂျင်မီပေးတဲ့..လင့်လေးကို..ထပ်ထဲ့လိုက်ဦးမယ်။
စင်ကာပူလက်ထွက်ကလေး..ဂျစ်တူးရဲ့ အတွေးအမြင်
လေးတွေက..ဒီစာကိုပိုပီး..အားဖြည့်..အတွေးပိုစေပါတယ်။ ဂျစ်ပြောသလို.. စလုံးကျွန်းလေး
ဟာ..ဘာမှမရှိတဲ့အတွက်..သူ့ရပ်တည်ချက်ကို..
နည်းအမျိုးမျိုးနဲ့ ကြိုးစားရတယ်ဆိုတာ..နားလည်နိုင်
စရာပါ။ နောက်ပီ..လူဆိုတာမျိုးဟာ..သက်တောင့်သက် သာ ဘ၀ကိုသာနှစ်သက်ကြတယ်ဆိုတာ..Reality ပါ။
ကိုယ်လည်း..ဘ၀ကို Reality နဲ့ အမြဲချဉ်းကပ်လေ့ရှိတယ်။ ဒါပေမဲ့..တခါတော့..ထပ်
တွေးမိတာ.. Reality နဲ့ချဉ်းကပ်ခြင်းသည်..အမြဲသင့် တော်ပါ့မလားလို့လေ။ ဘာလို့ဆို.. လူသားရဲ့ Reality က..အပစ်သားလို့..မှတ်သားယုံကြည်မိထားလို့လေ။ အင်း...အဲလို..တွေးရတာကိုက..အရသာ...အရသာ။

Anonymous said...

Good commentary on Singapore and Lee.

Thet Oo said...

အတွေးရော အရေးပါ good တယ်ဗျာ။

Dr. Junior said...

ကျနော်အတွက်တော့ ရင်ထဲမှာ ဟာတာတာကြီး ကျန်ခဲ့ပါတယ်။ လီရဲ့ စင်ကာပူ ဟာ ကြီးပွားလာချိန်မှာ ကျနော်တို့ မြန်မာကရော။ ခေါင်းဆောင်ခွင့် ရခဲ့ချိန်မှာ ဘာလို့ သူတို့ မကြိုးစားဘဲ သမိုင်းကို လိမ်ဖို့ ကြိုးစားနေကြတာ နားမလည် နိုင်အောင်ပဲ။တစ်ချိန်ချိန်မှာ ဆိုတဲ့ အတွေးတွေနဲ့ ပဲ .....

MgThaJan said...

အလွန်ကောင်းတဲ့ ပို့စ်ပါပဲဗျာ

ကလိုစေးထူး said...

မကေသွယ်…
နွယ်နီဆောင်းပါး တပုဒ် ဖတ်လိုက်ရသလိုပါပဲလား။ ဒါပေမယ့် နွယ်နီမှာတော့ ထည့်လို့ မရလောက်ဘူး။ :) ဒီလို ပုံစံလေးတွေ တင်ဆက်လေ့ ရှိတဲ့ ကိုမောင်ရင်ကိုတောင် သတိရလိုက်မိသေးတယ်။ လီ ရဲ့ မြန်မာပြည်သားတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးပါဘူး ဆိုတာကိုတော့ သိပ်လက်မခံချင်မိဘူး။ ထိုက်တန်နေတာ ကြာလှပေါ့ လို့ တောင် ပြန်ပြောချင်သေးတယ်။

clef said...

အတွေးရော၊ အရေးပါ အရမ်းကောင်းတဲ့ ပို့စ်လေးတစ်ပုဒ်ပါ။ ဒိပြင့်နေရာတွေမှာ မြင့်မြတ်တည်ကြည်ဖို့ လိုသေးတယ်ဆိုပေမဲ့ တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ စေတနာ နဲ့ စိတ်ဓာတ်မှာတော့ ပြည့်ဝတယ် ဆိုရမှာပါ။ စေတနာမှန်ပြီး အရည်အချင်းရှိတဲ့ သူ့ကြောင့် ကမ္ဘာမှာ ကျွန်းနိုင်ငံလေး စင်ကာပူ က လူတွင်ကျယ် စာရင်းဝင်ခဲ့တယ် ဆိုရမလားပဲ။ အတွေးလေးတွေ ဝေမျှတဲ့ မကေ ကို ကျေးဇူး အထူး။

Anonymous said...

မကေသွယ်ရေ

ဝေဖန်ပေးပါဦး ဆိုတာနဲ့ ရောက်လာပါတယ်။ လီကွမ်ယူအကြောင်း ဖတ်ရတာ ဗဟုသုတရပါတယ်။ မဂျစ်ပြောသလို သူ့နိုင်ငံနဲ့ သူ့အကြောင်း ချိန်ညှိရတာတွေတော့ ရှိမှာပါ။ လောလောဆယ် အများစုက ကျေနပ်နေတယ် ဆိုရင်ပဲ မဆိုးဘူးလို့ ပြောရမှာပေါ့။

ကျွန်တော်တစ်ဦးတည်း အမြင်အရကတော့ ဒီကျွန်းကလေးက အသက်ရှူကျပ်တယ်။ ပိုပြီးလွတ်လပ်ချင်တယ်၊ ဒါ တစ်ဦးတည်း အမြင်ပါ။ စီးပွားရေး နည်းနည်း (နည်းနည်းနော်၊ အများကြီးမဟုတ်ဘူး) နောက်ကျစေဦးတော့ အခုထက်တော့ ပိုပြီး လွတ်လပ်ချင်တယ်။ လွတ်လပ်မှုနဲ့ ပိုက်ဆံကို trade လုပ်ဖို့ သိပ် ၀န်မလေးဘူး။ (“သိပ်” ၀န်မလေးတာနော်၊ လုံးဝ ၀န်မလေးတာတော့ မဟုတ်ဘူး။) နောက်ပြီး ပိုက်ဆံရော၊ လွတ်လပ်မှုရော တပြိုင်တည်း မရနိုင်ဘူးဆိုတာဟာ မမှန်တဲ့နေရာ အများကြီးရှိတယ်။ ဒီဆင်ခြေကို အစိုးရတွေက ဆီသည်မ လက်သုတ်လို လျှောက်သုံးနေကြတာ၊ တကယ်မှန်တာထက် အများကြီး ပုံကြီးချဲ့ ခံထားရတယ် ထင်တယ်။ စီးပွားရေးရော၊ လွတ်လပ်မှုရော၊ နှစ်ခုလုံးကို အလျှော့မပေးချင်တာ ကျွန်တော့်လောဘပဲ။ ကျွန်တော်ကတော့ နှစ်ခုလုံးလိုချင်တယ်၊ မရမက လိုချင်တယ်၊ လောဘကြီးတယ်ပဲ ဆိုပါတော့။

ကျွန်တော့်လို တစ်ဦးချင်း အမြင်တူသူတွေ အများကြီး ရှိနိုင်ပါတယ်၊ ဒါပေမယ့် စုလိုက် ပေါင်းလိုက်တဲ့ အခါမှာတော့ group dynamics အရ အကုန် အားနည်း ပြောင်းလဲ ကုန်ပါတယ်။ ဗိုလ်ချုပ်တို့ခေတ်က “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ” လို့ ပြောခဲ့သလို၊ အခုကလည်း “စီးပွားရေးသည် ပထမ၊ စီးပွားရေးသည် ဒုတိယ၊ စီးပွားရေးသည် တတိယ” ပဲ။ လူအများစုရဲ့ သဘောက ဒါပါပဲ။ တစ်ဦးချင်းစီက တမျိုးမြင်ဦးတော့၊ အားလုံးပေါင်းရင် အားလုံးရဲ့သဘောက ဒါပဲ။ အဲဒီတော့ စီးပွားရေး တိုးတက်နေရင်၊ နေလို့ထိုင်လို့ ရနေရင်၊ တန်သင့်သလောက် လွတ်လပ်နေရင်၊ “အားလုံး ကောင်းပါတယ် ခင်ဗျား” လို့ ပြောရမှာပဲ။

အဲဒါတွေပြောပြီး (that being said)၊ မြန်မာပြည် အကြောင်းပြောရရင်တော့ စီးပွားရေးရော၊ လွတ်လပ်မှုရော၊ ဘာမှ မရဘူး။ လီကွမ်ယူက လွတ်လပ်မှုကို ထိန်းချုပ်ပြီး စီးပွားရေး တိုးတက်အောင် လုပ်နိုင်တယ်၊ နအဖက ကျတော့ လွတ်လပ်မှုကို လုံးဝ ပိတ်ပင်ပြီး စီးပွားရေးကျတော့လည်း နာလန်မထူဘူး။ (လွတ်လပ်မှုကို ပေးပြီး စီးပွားရေးတိုးတက်မှုကိုသာ ၀ယ်လို့ရမယ် ဆိုရင်၊ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်တော့မှာပဲ။) အဲဒီတော့ မြန်မာပြည်ကို နအဖက ကိုင်တွယ်နေပုံက၊ စင်္ကာပူ ပုံနဲ့လည်း ဝေလာဝေး၊ တရုတ်၊ ဗီယက်နမ်ကိုလည်း ခြေဖျားမမီ၊ ထိုင်း၊ အိန္ဒိယနဲ့လည်း တခြားစီ။ အနီးစပ်ဆုံးက မြောက်ကိုရီးယားတို့၊ အာဖရိကက တချို့ စစ်ဘုရင်တွေတို့ ဖြစ်နေတယ်။ နောက်ပြီး အာဏာရှင် အစိုးရတွေဆိုတာ အင်အားကြီးတွေနဲ့ တည့်အောင်ပေါင်းနိုင်မှ တိုင်းပြည်ချောက်ထဲ မကျတာ၊ ဥပမာ - ပါကစ္စတန်၊ အင်ဒိုနီးရှား။ နအဖကျတော့ ဘာနဲ့မှလည်း ကောင်းကောင်း မတည့်။ ချုပ်ရရင် အရှေစံ၊ အနောက်စံ၊ အလယ်စံ၊ အောက်စံ၊ မြောက်စံ၊ ဘယ်စံနဲ့ တိုင်းတိုင်း၊ နအဖက ဘီဟိုင်း (behind) ပဲ။

အခုလောက် စစ်တပ်နဲ့ နအဖအတွက် စေ့စပ်လို့ ကောင်းတဲ့ အခြေအနေလည်း မရှိဘူး၊ အခုလောက်ကောင်းတဲ့ အချိန်အခါလည်း မရှိဘူး။ ပေါက်ဖော်ကြီးတောင် ပါးစပ်ပိတ်ပြီး မနေသာလို့ ပြောနေရပြီ။ အရှေစံကို သွားချင်တယ် ဆိုရင်လည်း၊ ပီပီပြင်ပြင် အရှေ့စံနဲ့ အရှေ့ပုံစံကို သေသေချာချာ သွားဖို့လိုတယ်။ အနည်းဆုံး နိုင်ငံရေး တည်ငြိမ်ရမယ်၊ ဖိနှိပ်လို့ မတည်ငြိမ်နိုင်ဘူး၊ အခုလောက် နိုင်ငံတကာ အာရုံစိုက်မှုအောက်မှာ သူတို့ လုပ်ချင်ရာ လုပ်လို့မရဘူး ဆိုတာ သိသင့်ပြီ။ တပ်ထိပ်ပိုင်းက အဖိုးကြီးတွေ မသိဘူးဆိုရင် တပ်ထဲက လူငယ် ပညာတတ်တွေ သိသင့်ပြီ။ အရှေ့ဆိုလည်း အရှေ့၊ အနောက်ဆိုလည်း အနောက် ပီပီပြင်ပြင် လုပ်ဖို့ လိုနေပြီ၊ လိုနေတာ ကြာလှပြီ။ ပိုကြာရင် ဘယ်မှ မရောက်ဘဲ သူများနောက်မှာပဲ ကမ္ဘာပျက်အထိ နေနေရလိမ့်မယ်ဗျာ။

ပုထုဇဉ်

Anonymous said...

မကေ ပို့စ်နဲ့တော့ မဆိုင်ပါဘူး။ မကေ လာမေးခဲ့တဲ့ ညလေးရဲ့ ရောင်စုံလင့်ခ်လေးတွေ ထည့်ထားတဲ့ coding ပြောဖို့ကို မကေဆီ မလှည့်အားတာနဲ့ ခုမှပဲ လာပြောဖြစ်တော့တာ။ စိတ်မဆိုးပါနဲ့။

*span style="color: #804000;"* မမလေးတို့ရဲ့ ဘလော့ဂ်ကို သွားလည်ကြရအောင်*/span*

*div style="text-align: justify;"*
*a href="http://maydar-wii.blogspot.com" target="_new"**span style="color: rgb(0, 155, 155);"*မမေဓာဝီ*/span**/a*

*a href="http://kthwe.blogspot.com" target="_new"**span style="color: rgb(0, 100, 100);"* မကေသွယ်*/span**/a*

*a href="http://www.ayotemalay.blogspot.com" target="_new"**span style="color: rgb(0, 0, 250);"* အရုပ်မလေး*/span**/a*
*/div*

(* တွေကို html < > တွေ ပြောင်းထည့်ပေးပါရန်)

ညလေးက ဒီလိုရေးထားပါတယ်။ စာလုံး အရောင်ပြောင်းချင်ရင်တော့ ကာလာနေရာမှာ ကြိုက်သလို ထည့်နိုင်ပါတယ်။

text align ကိုလဲ ညလေးက justify လုပ်ထားတာ တွေ့မှာပါ။ အပေါ်က စာကြောင်း မပါချင်တဲ့အတွက် လိုချင်တဲ့ နေရာကစလို့ ပေးထားပါတယ်။ */div* မပိတ်ခင်မှာ လိုချင်တဲ့ လင့်ခ်တွေကို ထပ်မံထည့်သွင်းနိုင်ပါတယ်။

ကော်မက်မှာ html code တွေ ထည့်မရတာ မသိဘူး အားရပါးရ ရေးနေတာ ဟူး ဘယ်လိုမှ ထည့်မရတဲ့အဆုံး ကြယ်ပွင့်လေးတွေနဲ့ ပြလိုက်ပါတယ်။ မျက်စိရှုပ်သွားမလားပဲ။

kay said...

ကိုလွင်မိုး ကိုသက်ဦး ဝေယံ ကိုသင်္ကြန် ကိုစေးထူး မ ( CLEF.. ခေါ်လို့ အဆင်မပြေ ဘူးနော်) ပီးတော့ ကိုပုထုဇဉ် .. တို့အားလုံး လာအားပေးတဲ့အတွက် ၀မ်းသာပါတယ်။
အထူးသဖြင့် ကိုပု ရဲ့ အတွေးအမြင်လေးတွေကို အချိန်ကုန်ခံ စိတ်ရှည်လက်ရှည် လာပြောပြပေးလို့ ကျေးဇူးအထူးပါ။ တကယ်ကိုပဲ ..အရှေ့လဲမပီပြင် အနောက်လဲ မပီပြင် ပဲ ပစ္စုပန်ကို တဲ့တဲ့မရှု .. အတိတ် သမိုင်းထဲကိုသာ အတင်းပြန်ဆုတ် ကိုယ်လိုသလို ဆွဲထုတ်နေ တာ အတော်ဝမ်းနဲစရာ ပဲနော်။

kay said...

အိမ့်ချမ်းမြေ့:
အရှေ့တန်ဘိုးကို ဖတ်ပြီး ပြောစရာတွေ အများကြီးနဲ့ ပြန်သွားတယ်။ သန်းခေါင်ကျော်နေလို့ နောက်မှ လာရေးတော့မယ်.. အချိန်အများကြီးပေးပြီး သေသေချာချာရေးထားတာပဲကေ.
ကောင်းလိုက်တဲ့ ပိုစ်ပဲကေ. ခက်တာက အရှေ့နိုင်ငံတွေ ဘယ်လောက်တိုးတက်တိုးတက် အနောက်က စီးပွားရေးမြေပြင်လောက်ပဲမြင်တာပါလား၊ တိုးတက်တယ်ဆိုတာကလဲ americanization နဲ့ မကင်းနိုင်ကြဘူးကိုးလေ..

( copy from chat box)

TZA said...

ဗဟုသုတတလှေကြီးရစေတဲ့ပို့စ်ပါ၊ ကျေးဇူးပါမကေသွယ်။

Anonymous said...

A good post but the cannel you mentioned is nothing to do with Burma. It was supposed to do with Thailand and Singapore government managed to persuade Bangkok not to build that cannel. But now, China is the financial backer behind that cannel to make sure its oil supply lines were not joked by the presence of the US navy in the Malacca strait with the pretext of suppressing the pirates.

Anonymous said...

Kra Canal

http://www.thaipro.com/thailand_00/109_kra_canal.htm

Anonymous said...

I will be glad if you could translate that news in Burmese. It is not wise to lead less informed Burmese with here says.
We Burmese have a problem with that and no wonder that MM Lee said we are not worth of full fledged democracy yet. There will be a day, our day will come, but with our mindsets, abilities, herd like organizational behavior where no one has balls to say "No", with a craving for respects and greed for unearned benefits, we are not worth of anything good yet.

kay said...

Dear Annynomous

Thanks for your comments and information.
Yes! I was wondering why Kra Canal might beneficial to Burma. Probably this area is shared by both side or may be alluring boder trade is the one reason. ( it needed detail documents and research)

But in current situation, China's pipe dream over Burma through Sittwe Port is more pragmatic and about to come true. In anyhow, Burma is very strategic for China geopolitcally or economically. And many countries in the region especailly Singapore concern this 'would be' largest trade route.

littlebrook said...

သေချာတာကတော့ လီဟာ သူ့နိုင်ငံအကျိုးကိုပဲကြည့်မှာပါ ကိုယ့်ကျင့်စံနှုန်းတွေ အမှန်တရားတွေထက်ကို သူ့နိုင်ငံအကျိုးရှိမယ်ဆို ဘာဖြစ်နေနေမျက်ကွယ်ပြုနေမှာ အမှန်ပါပဲ