မြင်တွေ့ခဲ့ရသူများ

သတိရတယ်..ဆိုမှတော့..ပျော်ရွှင်ကြည်နူး ဖူးတဲ့..အတိတ် နဲ့ ဆက်စပ် နေတော့မပေါ့။

သွားလာ ကူးခပ်..ခဲ့ဖူးတဲ့..ဒီနေရာ လေးမှာ.. အပြောင်းအလဲ တချို့ရှိနေပေမဲ့.. တကယ့် အတွင်း သဏ္ဍန် အစစ် ကတော့ ..ဟိုးတုန်းကလိုပါပဲလေ.. ဒီ အကြော်ဆိုင် လေး တွေ.. ဒီ ဒိန်ချည် ဆိုင်လေးတွေ.. ဒီ စတိုးဆိုင်လေး တွေ နဲ့..ဒီ လူတန်းစား အုပ်စု လေးတွေ ပါပဲ။ ဒီ လက်ဖက်ရည်ဆိုင်လေး တွေဘေးမှာတော့.. ကော်ဖီဆိုင် ယဉ်ကျေးမူ တခု သပ်သပ်ရပ်ရပ် နေရာယူ လာတယ်။ ဒီလောက်ပါပဲ။ ပိုပြီး ဖြတ်လတ် ခေတ်မှီ လာပုံ ပေါ်တဲ့..လူငယ်လေး တွေက.. သူတို့ ကျောပိုးအိတ် လေးတွေ ထဲမှာ..မျှော်လင့်ချက် တွေ..တနင့်တပိုး ထဲ့လို့.. ရင်ခွင် ထဲမှာ..ယုံကြည်ချက် ဖိုင်လေးတွေ ကို.. တင်းတင်းကျပ် ကျပ် ပိုက်လို့.. သင်တန်း တခုခု ဆီကို ဦးတည် သွားနေကြပုံ.. ဒါမှ မဟုတ်..ပြန်လာကြ တဲ့ပုံ။ သင်တန်းကျောင်း တွေ တန်းစီ နေတဲ့ တိုက်တန်းလျား ကြီး ကတော့.. မျက်နှာချင်း ဆိုင်က.. အလုပ်လက်မဲ့ ဖြစ်သွားတဲ့.. ကျောင်းတော် မဟာ ကြီး ကို အားနာ နေတဲ့ပုံ နဲ့...။ ဒါမဲ့ သူလဲ နွမ်းလျလျပါပဲ လေ..။

ပကတိ မပြောင်းလဲ တဲ့..ပလက်ဖောင်း အဟောင်း လေး ပေါ်.. ဟိုဒီ ရှောင်ရှား.. ငေး မောရင်း..စာအုပ် ဆိုင်လေး တခု ရှေ့မှာ ရပ်မိတယ်။
ခပ်မှောင် မှောင် စာအုပ် ဆိုင်လေး ထဲကို ၀င်လိုက်တော့.. ရိုးရိုးသားသား သနပ်ခါး ဘဲကျား နဲ့ လုံမ ငယ် လေး ၃ ယောက်လောက်က.. မတ်တပ်ရပ် ရင်း..ဘာစာအုပ် ရှာလဲ ..ကြည့်ပါ လို့ ခရီးကြိုပြုတယ်။

ဘာရယ် လို့တော့ မဟုတ်.. စာအုပ် အနှောင့် လေး တွေ ကို လက် နဲ့ ခပ်ဖွဖွ တခု ချင်း ပွတ်တိုက် ရင်း..တခုခုကို တွေ့လိုတွေ့ငြား ရှာဖွေ နေမိတယ်။ “ ဘာရှာတာလဲ အမ” ဆိုတော့လည်း.. မပြောတတ်။ “ ကြည်အေး” လို့..ပါးစပ်ထဲ ရောက်လာတာ ပြောလိုက် မိတော့.. “ ဒီဖက်မှာလေ.. ” လို့ သူလေး က..ဦးဆောင် ခေါ်သွားတယ်။ သူလေး ညွှန်ပြတဲ့ အပုံကို ကြည့်လိုက် တော့.. ဒေါက်တာကြည်မင်း ..ဆေးပညာ ဆောင်းပါး များ တဲ့..။ “ ကျေးဇူးပဲ ညီမလေးရယ်..လျှောက်ကြည့် လိုက် အုံးမယ်နော်...” ဆိုပြီး.. ကိုယ့်ဖာကိုယ်ပဲ.. ကြုံရာ ဆုံရာလေး တွေ ၀ယ်ဖြစ်ခဲ့ လိုက် တယ်။ တိုက်တိုက် ဆိုင် ဆိုင်.. ကြည်အေး ရဲ့ “ ကေဖွဲ့ဆိုသီ” လေးတော့.. ရ လိုက်တယ်။ ဒုတိယ အကြိမ်ပဲ ရှိသေးတာပဲ။


စာအုပ် ထုပ်လေး ကို ကိုင်ရင်း.. “ အမလိုချင်တဲ့..စာအုပ်တွေ ပြော..ရှာပေးလို့ ရပါတယ် ” လို့ ပြောလေ့ ရှိတဲ့..စာအားဖြင့် အမြဲ အကူအညီ ပေးလေ့ ရှိတဲ့.. တောကျောင်းဆရာ ကို သွားသတိရတယ်။ တဆက်တည်းလိုပဲ.. “ အမကို တွေ့ချင်တယ်” လို့ ပြောလေ့ရှိတဲ့.. မကြေးမုံလေး ကိုလည်း..တွေ့ချင်လာတယ်။ တကယ်ဆို..ဒီ- ကလေး နှစ်ယောက်ကို တော့..ငါ တွေ့သင့်တာပေါ့။

++++++

နေက..သိပ်ပူ လို့ ညနေခင်းကို ရွေးချယ်မိ ကာမှ.. အဲဒီ နေ့က.. မိုးက..သဲသဲမဲမဲ ရွာချပါလေ ရော။ မတတ် နိုင်ဘူးလေ..၅ နာရီ ခွဲ ဆို..ခွဲ ရောက်အောင် တော့ သွားရမှာပဲ။ ကလေး တွေ ရှေ့မှာ အချိန် မတိကျ လို့ မဖြစ်။ ဒီနေရာ ဒီအချိန်ကို ရွေးပေးမိတာကလည်း ကိုယ် ဆိုတော့ကာ..။ ကိုယ်ကလည်း ဘယ်သူ နဲ့ လာလာ..ဒီနေရာပဲ..။ ကန်စောင်းကို မေးတင် ထားတဲ့.. နံမယ်နဲ့ လိုက်အောင် စိမ်းလန်း စိုပြေ နေတဲ့ အဲဒီ ဥယျဉ် လေးကို အတော် သဘောကျ တာလေ။

အခုတော့.. ရှေ့ကိုတောင် မမြင်ရအောင် ရွာနေတဲ့..မိုးကြီးသည်းသည်း ထဲမှာ..။ ဆိုင် အမိုးအောက်ကို အမြန်ဝင် လိုက်ရင်း..ထီးကို လှေခါးထစ်က..ထီးထဲ့တဲ့ နေရာလေးမှာ ထောင်ထဲ့လိုက်တယ်။ ပြီးတော့..ဆံပင်ရေစို တွေ ကို လက်နဲ့ခါ လိုက်ရင်း..လူသိပ် မရှိလှ သေး တဲ့..ဆိုင်လေးထဲကို မျက်စိ ဝှေ့လိုက်တော့..
အဲ.. အဲဒါ..မကြေးမုံပဲပေါ့။

သူက..ထိုင်ရာက ထပြီး.. လက်ကို ဆွဲကိုင်လိုက်တော့မှ.. အချိန်ကာလ တခု စာ ဆောက်တည်ထားတဲ့..ချစ်ခင်ရင်းနှီးမူ တွေက..လှလှပပ စီးဆင်း သွား တော့တယ်။ သူပြဖူးတဲ့ ပုံလေးတွေ ထက် ပိုချစ်စရာ ကောင်းတဲ့.. ထက်မြက်ဟန်ရှိ တဲ့.. ပေါ့ပါးရှင်းလင်းတဲ့ ပုံစံလေးနဲ့.. မိန်းကလေး ကို မြင်လိုက်တာနဲ့.. သိလိုက်တယ်...ဒါ- ငါ့ ညီမကြီး အစစ်ပဲ ဆိုတာကိုပေါ့။

မိုးရွာလို့ နဲနဲ နောက်ကျသွားတဲ့ အကြောင်း တောင်းပန်နေတဲ့ အချိန်မှာ.. “ ဟိုမှာ..တောဆရာ လာပြီ ” တဲ့.. ။
ဒီတခါတော့.. ကိုယ်က ထပြီး လက်ဆွဲ နှုတ်ဆက်လိုက်တယ်။ ဘာမပြော ညာမပြော..ကျောပိုးအိတ် တလုံးစာ စာအုပ်ထုပ်ကြီးကို စားပွဲ ပေါ် ပြစ်တင် လိုက်ရင်း..“ ဒါ- အမ အတွက် လက်ဆောင်” ဆိုတဲ့..တောဆရာ ကိုတော့..ခုမှ မြင်ဖူးတယ်ပဲ ဆိုရမယ်။ သူ့ အသက်ထက် ပိုရင့်ကျက်နေတဲ့.. အတွေးအခေါ် ဝေဖန်စာ တွေကို ဖတ်မိ ထားလေ တော့.. ခု လူကို မြင်တော့.. ပိုအံ့သြသွားမိ ပြန်ရော။

“ ကျ နော်..ဟိုးဖက်က..ကုန်းပေါ် မှာ ထိုင်နေတာ ကြာပီ..ဒါ အမ ဖြစ်ရမယ် လို့တော့..ထင်နေသား...” တဲ့။ ကဲ- ကိုယ် ကပဲ..နောက်ကျသူ ဖြစ်ရ လေတော့.. စိတ်မကောင်း။
-
မိုးစဲ သွားတဲ့ ညနေ တခုက.. ထင်သလောက် မတောက်ပ တော့ ပေမဲ့.. ဆည်းဆာ တခု အဖြစ်နဲ့ လှလှပပ သာယာ နေပြန်တယ်။
-
အဲဒီ ညက..မထင်မှတ် လောက်အောင်..သုံးယောက်သား..စကားတွေ ဖောင်ဖွဲ့ ဖြစ် ကြတယ်။ ဒါပေမဲ့..စကားဝိုင်းကို ဦးဆောင်သူက တော့..တောဆရာ ပါပဲ။ မျက်မှန် ထူထူ .. ဝေါဟာရ တွေ ထူထူ နဲ့.. အကြောင်းအရာစုံ မလွတ်အောင် ပြောနိုင် တဲ့.. တောဆရာလေး ကို ကြည့်ပြီး.. တွေ့ရခဲလှ တဲ့..လူမှန် နေရာမှန် တခု အတွက်.. ရင်ထဲမှာ..စိတ်ချမ်းသာ လိုက်မိတယ်။

အိမ်ပြန်ရောက်တော့.. ညီမကြီး လက်ဆောင်ပေး တဲ့ ဗမာချည်ထည် တစုံစာ ရယ်.. တောဆရာပေးလိုက် တဲ့ ..စာအုပ် တွေ ရယ် ကို ကြည့် ရင်း.. ရင်ထဲမှာ ကြည် နူးနေမိတယ်။ ညီမကြီးရေ- ညီမကြီးပေးလိုက် တဲ့ ဗမာ့လက်မူ ချည်သား ရှော တဘက်လေးက တော့ .. အမ အကြိုက်ဆုံး တခု ဖြစ်သွား ပြီ။ ပြန်ကာနီး မှ..တွေ့ရ.. ရင်းနှီးရ တဲ့ အတွက်..ကိုယ့် ကို ကိုယ်ပဲ အပြစ်တင် ပါရစေ ကွယ်။

+++++

ရေပြင်ကျယ်ကြီး ပေါ်ပဲ ဆင်းချ တော့ မလို မြင်နေ ရတဲ့ ည မြင်ကွင်း အောက်မှာ.. ကျွန်းကလေးက.. မီးရောင်တွေ ပိုးပိုးပေါက်ပေါက် နဲ့ ကြိုဆိုနေလေရဲ့။ မြေပြင် အပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ် ဆိုပဲ..။ အားလုံး လှုပ်လှုပ်ရွရွ ပစ္စည်း တွေ ကေဗင်ပေါ်က..ချ တဲ့ အချိန်မှာ.. သူ့မျက် နှာဘေး မှာ ကပ်ပြီး ဘွားကနဲ မြင်လိုက်ရတာ..
ဂျူး..။
စာရေးဆရာမ ဂျူးပါလား။ သူကလဲ အိတ်တလုံးကို ဆွဲချဖို့ လုပ်နေတုန်း။ ကြည့်စမ်း..တလမ်းလုံး..နောက်က ကပ်ရပ်ခုံမှာ.. သူ နှစ်သက်တဲ့ စာရေးဆရာမ တယောက် ပါလာတယ် ဆိုတာ..မသိခဲ့ဘူး။

“ ဆရာမ ဂျူး နော်..”
လို့.. နှုတ်ဆက်လိုက်တော့.. ဆရာမက.. “ ဟုတ်ပါတယ်” လို့..သူ့ စတိုင် အတိုင်း ပါးစပ်ကလေးကို တင်းတင်းစေ့ပြီး ပြံးပြတယ်။ မပြောင်းလဲ တဲ့ ဆံပင်တို ရှင်းရှင်းလေး နဲ့ ခရမ်းဖျော့ ရောင် ဗမာဝတ်စုံလေးကို ၀တ်လို့။

“ တွေ့ရတာ ၀မ်းသာလိုက်တာ.. အခုတောင် အိတ်ထဲမှာ ဆရာမ စာအုပ်တွေ ၀ယ်လာတာ ” လို့ မိတ်ဆက်လိုက်ရင်း.. ရှေ့က..တန်းစီနေတဲ့ လူတွေ ကို စောင့်နေတဲ့ အချိန်လေး မှာ.. ဘယ်မှာ နေတာလဲ..ဘယ်သွားမှာလဲ.. စသဖြင့်.. စကားနဲနဲ ပြောဖြစ်သွားတယ်။ အမျိုးသမီး နောက်တယောက် နဲ့ အမျိုးသား ၃ ယောက် လောက် ပါတဲ့ ဆရာမ တို့ အုပ်စု ကတော့..အလည်ပါပဲ လို့ ပြောတယ် ။ သူ့စာတွေ ထဲမှာ ပါလေ့ရှိတဲ့..သူ့အချစ်ဆုံး မိတ်ဆွေ တွေပဲ ထင်ပါရဲ့။ လေဆိပ်ထဲ ဆင်းတဲ့ လမ်းတလျှောက်.. ဆရာမ ဘေးက..မသိမသာ ကပ်လျှောက်ရင်း.. စကား နဲနဲ ပြော ဖြစ် ခဲ့သေးတယ်။ ခရီးသွား ဟန်လွှဲသာ မဟုတ်ခဲ့ လို့ကတော့.. သူ အင်မတန် ခင်မင် မိတ်ဖွဲ့ချင် ခဲ့ တဲ့..စာရေးဆရာမ ဂျူး ကို .. ကြိုးနဲ့သီဖို့ မလို တဲ့ အချစ်တွေ အကြောင်း .. ရုပ်ရှင်တွေ အကြောင်း.. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူ တွေ အကြောင်း.. အန်ဂျီအိုတွေ အကြောင်း.. ဖြစ်နိုင်ရင်.. သူ စိတ်အ၀င်စားဆုံးဖြစ် တဲ့..ဆရာမ ရဲ့ life style အကြောင်း.. မေးကြည့် လိုက် ချင်ပါရဲ့။

+++++

ထရန်စစ် ဆင်းတဲ့.. ဒီတရက်လေးထဲမှာ.. လုပ်စရာ ရှိတာတွေ အပြီးလုပ်..၀ယ်စရာ ရှိတာ ၀ယ်..တွေ့စရာ ရှိတဲ့.. ဆွေမျိုးတွေ သွားတွေ့.. ပြီးတာနဲ့.. စိတ်လှုပ်ရှားစရာ အကောင်းဆုံး ညနေခင်းက.. ရောက်လာ တော့တာပဲ။

မကြေးမုံပေးလိုက် တဲ့ ရှောတဘက်လေး နဲ့ လိုက်အောင် ဘယ်လို ၀တ်ရင် ကောင်းမလဲ.. ။ ဒါလေးကို သိပ်ခြုံချင် နေတာ ဆိုတော့ကာ.. ဒီ ထုံးခြောက်ရောင် အကျီ င်္ လေး ကိုပဲ ၀တ် တော့မယ်။ ရေချိုးတော့ ရင် ကောင်းမလား..သိပ်စောနေသေးသလား.. စိတ်က လှုပ်ရှား နေသည်။
-
ကြည့် အုံးလေ.. တွေ့မဲ့ လူတွေ ကလည်း.. ဟိုး တခါ သူ စိတ်ကူးယဉ် ရေးခဲ့ ဖူးတဲ့..ဆော်လမွန်ငါးတို့ အပြန် ထဲက..သူတို့ အုပ်စု မှ သူတို့ အုပ်စု ကွက်တိ..။ တကယ်ကတော့..အပြင်မှာ..တခါ မှ မမြင်ဖူးသေးတဲ့.. ဘလော့ ကာ သူငယ်ချင်းတွေ..။ အဲလို တွေ့ အောင် လုပ်ပေးတာက .. ဘလော့ကာ မဟုတ်ပဲ..ဘလော့ တွေကို သံယောဇဉ် တွယ်နေ တဲ့.. သူ့ ချစ်သူငယ်ချင်း ကြီး - မမေ။


သူ သွားတဲ့ ခရီးစဉ် တွေကို အကုန်သိ ထားတဲ့.. မမေ က..ဒီည ချန်ဂီ နဲ့ နီး တဲ့ သူ့အခန်း မှာ အိပ်ပြီး.. လေဆိပ် ဆင်းပါတဲ့။ မဆင်းခင်..သူတို့ အားလုံး တွေ့ကြမယ် ..
ဧရာဝတီကို လာခဲ့ တဲ့။ ကိုယ်လည်း ပေါ့ပေါ့ပါးပါး ခရီးဆောင် အိတ်တလုံး ပဲ တွန်းရင်း..ညနေ ၇ နာရီ မှာ..ထွက်ခဲ့တယ်။ တော် သေးတယ်.. အိတ်အကြီးက.. မနေ့ ညထဲက.. left baggage counter မှာ ထားခဲ့တာ။

ဧရာဝတီ ဆိုတာ..ခု နောက်မှ ဖွင့်တဲ့ ဆိုင် အသစ်တွေ ဆိုတော့.. သိပ်မကျွမ်းဘူး။ အရေးထဲ ၀င်ပေါက် မှား နေသေးတယ်။ တဆိုင်လုံးက..လူ အပြည့်။ ဖြန်းကြည့် လည်း.. အရိပ်အယောင် မတွေ့။ တစားပွဲ ချင်း မသိ မသာ ကြည့်လည်း.. တယောက်မှ ဟုတ်ပုံ မရ။ စိတ်ညစ် ညစ် နဲ့ ပြန် ထွက် ဖို့ လုပ်တော့မှ..

အား.. ဒါ..သူ .... သူပဲ။ ယဉ်ပါးနေတဲ့..သူ့ မျက်နှာလေး..။
ပန်ဒိုရာ ပေါ့။ ပန်ဒိုရာ နဲ့ မျက်နှာချင်း ဆိုင် ထိုင်နေတဲ့.. သူကိုတော့.. ကိုပီတိမှန်း သိလိုက်ပြီ။ ဘာလို့ဆို..ဒီည တွေ့မဲ့ အုပ်စု ထဲမှာ..သူ တယောက်ပဲ.. ယောက်ျားလေး ကိုး။ နောက်ပြီး..ကိုပီတိက..တခါ မှ ကို မမြင်ဖူးသေးပေမဲ့.. စိတ်ထဲက..ရင်းနှီးနေတဲ့ မိတ်ဆွေ။ သူ့ပုံစံက..စိတ်ထဲမှာ ရင်းနှီးထားတဲ့ ပုံစံ အတိုင်းပါပဲ။ သိပ် မကွာခြားလှ။ သဘောကောင်း ဖော်ရွေ လွန်းတဲ့.. ပုဂံသားမို့.. ကျန်စစ်သား နဲ့ တောင် အမျိုးတော် မလား ထင်ရ လောက်အောင်..ပုံစံ ဟန်ပန်က..ဗမာဆန် ဆန် ကြည့်ကောင်း တာပဲ။

“ ဟေး.. သူများတို့ ရောက်လာပြီ ..” ဆိုတဲ့ ဖော်ရွေ လှိုက်လှဲ တဲ့ အသံ တခု ကို..အရင် ကြားလိုက်ရတယ်..။ လှည့် ကြည့်လိုက်တော့.. ညီမလေး စိုး နဲ့..ဒီည အစီအစဉ် မှူး ဖြစ်တဲ့ ..မမေ ။ အားလုံး.. ပျော်ရွှင် သွား ကြတယ်။

ဟင်းပွဲ တွေလည်း စုံပြီ။
ညီမလေး က.. သိ ထားတာ ထက်ကို..ပိုပြီး ရွှင်မြူး သွက်လက် .. ချစ်စရာ ကောင်းတဲ့ မိန်းကလေး တယောက်ပဲ။ ပွင့်လင်းတဲ့.. သူ့ စကားလုံး တွေ ကြောင့်..တ၀ါးဝါး အော်ရီ လိုက်ကြတိုင်း..ဘေး စားပွဲ တွေက.. လှမ်း လှမ်း ကြည့် ကြတယ်။ ပန်ပန် က ကျတော့..စကား အများကြီး မပြော ပေ မဲ့လို့.....သူ့ ကဗျာလေး တွေ လို စူးရှ တဲ့.. မျက်လုံး တောက်တောက် လေး တွေ နဲ့.. အသာ နားထောင် လို့။ ကိုယ်လဲ ပျော်ပြီး စိတ်လှုပ်ရှား နေတာ နဲ့ ဘာတွေ စားမိ မှန်းလဲ မသိတော ပါဘူ့း ။ အားလုံး နဲ့ သိနေပြီးသား ဖြစ်တဲ့.. မမေ ကြောင့်ပဲ ပွဲက ပိုမြိုင် နေ တော့တယ်။ ခဏ နေတော့.. စု ဆိုတဲ့..ဘလော့ကာ ညီမငယ် လေး လည်း ရောက် လာတယ်။ သူ လာတော့.. မိတ်ဆက်ရင်း..ပြောစရာ စကား တွေ ပိုများလာတယ်။ တကယ်တော့..သူတို့ လေးယောက်လုံးက.. အရင်ထဲက..အခါ အားလျော်စွာ တွေ့ တက်ကြသူ တွေ ဆိုတော့.. ငယ်ပေါင်း ကြီးဖော် တွေ လို ဖြစ်နေ ကြ တာပေါ့။ ကိုယ်ကတော့..သူတို့ကို ကြည့်ပြီး ပျော်နေတာ ပါ ပဲ။

အဲဒီ ညက.. ဆိုင်ပိတ်ချိန် ၁၀ နာရီ ဘယ်လို ထိုးသွား မှန်း မသိ ပေမဲ့.. အပြင်မှာ အသေအချာ တွေ့လိုက် ကြုံလိုက်ရတဲ့..ဘလော့ကာ သူငယ်ချင်း တွေကို တော့..ရင်ထဲ မှာ နက်နက်ရှိုင်းရှိုင်း ခင်မင် သွားမိတာ.. အသေအချာ သိလိုက်သည်။

မနက်ကတောင်..အပြင်သွားကာနီး..မှန်ရှေ့မှာ.. ပန်ပန် လက်ဆောင်ပေးလိုက် တဲ့.. နှုတ်ခမ်းနီ အကောင်းစားလေးကို ဆိုးဖို့..အဖုံးလေး ကို အသာဖွင့် ရင်း .. ခင်မင် ရင်းနှီး မူ တွေ အကြောင်း..အလေးအနက် တွေး နေ မိ သေးတယ်။ ဘ၀ မှာ ခရီးသွား ဟန်လွှဲ ပဲဖြစ်ဖြစ်..ရှေး ရေစက်ပါလို့ပဲ ဖြစ်ဖြစ်.. မိတ်ဆွေ သူငယ်ချင်း တွေ မကြာခဏ ဆိုသလို ရ တတ်ပေမဲ့.. ကြောင်းကျိုး တိုက်ဆိုင်ပြီး တကယ်ခင်မင် ရင်းနှီးဖို့ ဆိုတာ လွယ်တာ မဟုတ် ဘူး နော်..။

အဲဒီ ညက..သူတို့ တွေ နဲ့ လမ်းခွဲ ပြီး အပြန်မှာ.. တကူးတက.. ဘူတာမှာ လာထိုင်စောင့်ရင်း.. ည ၃ နာရီ ထိ.. မမေ အခန်းမှာ.. ၃ ယောက်သား စကားတွေ မမောတန်း ပြောဖြစ်ခဲ့ ကြတဲ့.. အမ တယောက်လို ခင်မင်ရတဲ့ မခက် ကိုလည်း.. ကျေးဇူး တင် နေ မိတယ်။

Make new friends but keeps these olds ဆိုတဲ့ ကဗျာ ပိုဒ် ကလေးကို ခပ်ဖွဖွ ဆိုရင်း.. တိုးပွားလာတဲ့.. မိတ်ဆွေ သူငယ်ချင်းတွေကို လက်ချိုးရေ နေ မိတော့တယ်။
++++++++++++

( မတန်ခူး ရေးခိုင်းတဲ့ “ မြင်တွေ့ချင်သူများ” ဆိုတာလေး အတွက်.. ရေးလိုက်ပါတယ် )


Share/Bookmark

18 Comments:

tune said...

တွေ့ချင်သူတွေကို တကယ် အပြင်မှာ တွေ့ဆုံနိုင်ပါစေလို့ပဲ။
မဂျူးကို အပြင်မှာ ဆုံဖြစ်တော့ စကားပြောလို့ မထွက်ဘူး။
ရယ်ရတယ်။
သူ မေးတာပဲ ဖြေနိုင်တယ် :P

Anonymous said...

အစ်မကေရေ..လက်ချိုးရေလို့ရတဲ့ မိတ်ဆွေတွေထဲမှာ..
ညီမကိုထည့်သွင်းပေးတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းပါ..။
ပြောခဲ့ဖူးသလို..ရေစက်ပေါ့ အစ်မရယ်..(မီးစက်ကတော့ပျက်နေလို့..:P ဟဲဟဲ နောက်တာပါ..။)

လေးစားခင်မင်စွာ...
ညီမ မကြေးမုံ

ATN said...

ပျော်ရွှင်ကြည်နူးမှုတွေကို နည်းနည်း ဖဲ့ယူသွားတယ်... ခွင့်လွှတ်ပါ...

MANORHARY said...

ကေ
မနာလိုစရာတွေရေးပြန်ပြီ..း)
ကိုအောင်သာငယ်လိုပဲ နည်းနည်းထပ်ဖဲ့ယူသွားတယ်

ခင်မင်းဇော် said...

ထိုင်းကို လာမယ်ပြောပြီးတော့ ရောက်မလာဘူး။
ဒီမှာ လည်ပင်း ညောင်ရေအိုးးးးးး။
ဟွန်းးးးးး

တန်ခူး said...

ကေရေ… စိတ်ဝင်စား၊ ရင်ခုန်စရာနော်… မမြင်ဖူးပဲ ခင်မင်နေတဲ့ ကိုယ်တွေ့ ဖူးချင်သူတွေနဲ့ တွေ့ ခွင့်ရတာ ဘယ်လောက် ရင်ခုန်စရာကောင်းလဲနော်… ချစ်စရာပို့ စ်လေးအတွက် ကျေးဇူးပါကေရေ…
ဖတ်ပြီးတော့ မချင့်မရဲဖြစ်မိတယ်… ဒီကိုရောက်လာခဲ့ပြီးမှ တွေ့ ခွင့်မရလိုက်လို့ လေ… နောက် ဒီကိုလာဖို့ ရှိရင် တို့ လဲတွေ့ ချင်မိတယ်… cmyayt@gmail.com ကို အီးမေးလ်ပို့ လိုက်နော်… နောက်ဆို ပန့် ကို ပြောထားမှ… အဲဒါမှ ပန်နဲ့ ကပ်လိုက်ပြီး တွေ့ ခွင့်ရမှာ… ကေ့စာတွေ ဖတ်ပြီး ကေ့ပုံကို မှန်းကြည့်မိတယ်… ကိုယ်မြင်ဖူးချင်တဲ့သူက ကိုယ်မှန်းထားတဲ့ပုံလေးနဲ့  သိပ်မလွဲဘူးဆို သိပ်ပျော်စရာကောင်းမှာနော်…

နွေးနွေးသဲမွန် said...

ရေးတဲ့ပုံစံလေး ကတမျိုးနဲ့ ..သိပ်စွဲဆောင်မှုရှိပါတယ်... :-)

P.Ti said...

မကေ ရေ...
မမေက ပြောထားတာက ကျွန်တော့်ကိုတွေ့ချင်တဲ့လူရှိတယ်တဲ့ အဲဒါ သောကြာနေ့အားအောင်လုပ်ထားပါ လို့ပြောထားတာလေ။
အဲဒါကို စိုးကထပ်ပြီး ပြောသေးတယ် တွေ့ချင်တာက ကောင်မလေးတဲ့ ချောချောလေးဆိုတာက ပါသေးတယ်။

နောက်တော့ တွေ့ဖို့ ချိန်းထားတာက မကေ ဆိုတာသိလိုက်ရတော့ ကောင်မလေးကိုတွေ့ရမှာထက်တောင် ပိုပြီး ရင်ခုန်မိနေသေးတယ်။ အဟိ..
မကေရဲ့စာတွေဖတ်ပြီး ခင်မင်ရင်နှီးနေမိတာ။ ပြီးတော့ ဒီလောက်စာရေးကောင်းတဲ့ မကေ ဘယ်လို ပုံစံလဲဆိုတာကိုလည်း သိချင်နေမိတာကြာပြီလေ။

တွေ့လိုက်ရတော့ ထင်တာထက်တောင် ပိုပြီးချောမောလှပ ပြေပြစ်ပြီး စကားပြောကောင်းတဲ့ အမကြီး ဖြစ်နေတာလေ။ မကေရေ... တကယ်တော့ စကားပြောရတာ မ၀သေးဘူး။
မကေ ဒီထက်အချိန်ပိုရရင် ကောင်းမှာပဲလို့တောင် ပြောနေကြသေးတာ။ နောက်တစ်ခါလာရင် စကားတွေ အကြာကြီးပြောလို့ရအောင် ညနေကနေ နောက်နေ့ မနက်အထိ အားအောင်လုပ်ထားပါ။

အပြင်မှာ မတွေ့ဖူးသေးပေမယ့် ခင်မင်နေမိတဲ့ ညီအကိုမောင်နှမတွေနဲ့ တွေ့ချင်မိပါသေးတယ်။
အကောင်းလေးတွေ ရေးထားတာ ကျေးဇူးပါ... ဟဲဟဲ...
ကျန်စစ်သားနဲ့ အမျိုးတော်တယ်လို့ ထင်ရမှာပေါ့ ကျန်ရစ်သား ဖြစ်ဖြစ်နေတာကိုး.. :P

Anonymous said...

စောင့်ဖတ်သွားတယ်ခင်ဗျ။

မင်းအောင်သီချင်းလေးဆိုပြီး ပြန်သွားပါတယ်

အမကေ ပျော်ရွှင်ပါစေ

Anonymous said...

အမယ် အမယ် ... ကိုပီတိကြီးက သူ့ကို ဗမာဆန်၂ကြည့်ကောင်းတယ်ပြောလို့ ပီတိတွေဗလဗွနဲ့ ကွန်မန့်အရှည်ကြီးကိုရေးထားပါလား ။

သူရေးထားသလို မကေက ဓါတ်ပုံထဲထက် အပြင်မှာပိုချောတယ်ဆိုတာကတော့ အမှန် အမှန်။

မကေရေ .. နောက်တခေါက်လာဖြစ်အောင် လာခဲ့ဦးး)

-ညီမလေးစိုး-

Moe Cho Thinn said...

အားလုံး ဆုံကြတဲ့တနေ့..
ဆုံကြတဲ့အခါ လင်းချင်း သာယာတဲ့ ကောင်းကင်အောက်မှာလေ..
မမြင်ရတဲ့ မှောင်ထဲမှာကတည်းက ချိတ်ဆက်ပြီးသား ရင်းနှီးပြီးသား ဖြစ်နေကြတဲ့ ညီရင်းအကိုမောင်နှမတွေ ပြန်ဆုံကြရတဲ့ အရသာမျိုး..

တို့လဲ ဆုံချင်တယ် ကေ..

သက်ဝေ said...

ကေ အစုတ်ပလုပ်လေး......
ဒီလို တိတ်တိတ်လေးလာပြီး ကြိတ်ဝိုင်းလေးလုပ်သွားတာ ကောင်းသလား...
ဟင်... မေးနေတယ်လေ... ဖြေပါ ဖြေပါ...

ဟို ပန်စုတ်လေးကိုလဲ သတ်ချင်တာ... မပြောပါနဲ့တော့
အဲဒီနေ့က G Talk မှာ ဒီညနေ စောစောပြန်မယ်.. သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုတာ ကေ နဲ့ တွေ့ဖို့လို့ လုံးဝပြောမသွားဖူး...
သိမယ်... သိမယ်... ဟင်း...

တွေ့ကြသေးတာပေါ့ကွာ... ဟဲဟဲ..

သက်ဝေ said...

ကေ ချောတယ် ဆိုတာကတော့ တို့သိနေပြီးသားပါ...။

Sue said...

အမ

"ဟယ် ဒီတယောက်ကြီးလာပါလား" ဆိုတဲ့ ဟိုအမ အလန့် တကြား ထအော်ချင်း ခံရတဲ့ တယောက် ..

ဟီးးး

Anonymous said...

အမရယ် - ပြောရောပေါ့

ခရေဖြူ

khin oo may said...

တကယ်ထင်လို့ ပြောတတ်လိုက်တာ။

kay said...

ကျွန်း နဲ့ ဂျူး တွေ့ကြသည်ပေါ့လေ။း)
မကြေးမုံ- မီးစက်က..တရုတ်လုပ်ကြီးထင်တယ်။
ကိုအောင်သာငယ်- နည်းနည်းပဲ ယူ..မနော်ကပါ..ထပ်ယူအုံးမှာ။
အမခင်မင်းဇော်- လာမှာ..လာကို လာအုံးမှာ-
မတန်ခူး- နောက်ခါဆို..အိမ်မှာ လာတည်းမှာ-
ညီမနွေး- ကျေးဇူး
ပီတိ နဲ့ စိုး- ဒီ ၂ယောက်တော့..ငါ့ကို ထောင်နေကြတယ်ပေါ့လေ- သူများတွေ ကြားရင် ဟားနေပါအုံးမယ်။
ရွာသားလေးရေ- ကံကောင်းလို့ မတွေ့တာလို့ မှတ်ပါကွယ်။
မချိုသင်း- မသက်ဝေ- ဒီ၂ ယောက်တော့..တပြိုင်တည်းကို တွေ့မှာ-
စုရေ- ခုတောင် ဘလော့မှာ ပြေးကြည့်တာ..ပို ကြီးလာသလိုပဲ။း)
မမကွန်- လာမနောက်နဲ့လေ။ တကယ်ပါဆို-

kay said...

ပို့စ်အဟောင်းလေး ပြန်ဖတ်ရင်း..ကွန်မန့်တွေမှာ..ခရေဖြူ ကို ကျန်ခဲ့တာ..တွေ့သွားလို့..။ ခရေဖြူ ကို..သံလွင်မှာ ရေးတာလေးတွေ သဘောကျနေတာ..ဘလော့ ရှိလားတောင် လိုက်မေးသေးတယ်။ ညီမရေ- မျက်စိလျှမ်းကျန်ခဲ့တာ.ခွင့်လွှတ်ပါ။း)