အတွေးစများ (၃)

နောက် ကျ ဆုတောင်း

နှစ်သစ် ကူး အချိန် ကာလ မှာ.. အင်တာ နက် သုံး ဖို့ အဆင် မပြေ တဲ့ နေရာ တခု ( ခရီး တခု) ရောက် နေတာ ကြောင့်.. ခင်မင် ရတဲ့ သူငယ် ချင်း တွေ..လာ ဖတ် နေကျ..မိတ် ဆွေ တွေ .. အားလုံး ကို ..၃ ရက် နောက် ကျ ပြီးမှ.. ဆုတောင်း ပေး လိုက်ပါတယ်.. ။ ဘာ ဆုတောင်း ရမလဲ.. ပျော်ရွှင် စရာ နှစ် သစ် ၂၀၀၈ ပေါ့.. ဒါကြီး ကလဲ..ရိုး နေပီနော်.. မျှော်လင့် ချက် တွေ အပြည့် နဲ့ ၂၀၀၈ ဆို ရင် ပို ကောင်းမယ်။ ကိုယ်လည်း..၂၀၀၈ မှာ..မျှော် လင့်ချက် တွေ..အများ ကြီး ရှိ နေတယ်။

ဒီလိုပါပဲလေ.. နှစ်သစ် တိုင်း မှာ တော့..အားလုံး ဟာ ..ပိုမို ကောင်းမွန် တာတွေကို ..စိတ်သစ် လူသစ် နဲ့ မျှော်လင့် တက် ကြတာပဲ။ မျှော်လင့် ခြင်း ကပဲ..လူတွေ ကို အသက် ဆက် ပေး နေ တာ လို့ ဆို ကြသကိုး။ ကိုယ့် ရဲ့ ၅ နှစ် အရွယ် တူလေး တယောက်က တော့.. လူကြီး မိဘ တွေ ပြော နေ..မျှော် လင့် နေ ကြတဲ့.. ၂၀၀၇ အကုန် ဆိုတာ ကို.. စိတ် ထဲ ဆွဲ နေပုံ ရတယ်။ ၂၀၀၇ ဒီဇင် ဘာ ၃၁ ရက် နေ့ ရောက် တော့..` မေ ကြီး..မဖြစ်သေးဘူးလား´ လို့မေးရှာတယ်။ သူ့အမေ က.. ည (၁၂) နာရီ ကျော်မှ..နှစ်ကုန်တာ သားရဲ့ လို့ချော့မော့ သိပ် လိုက် တော့.. မနက် မိုးလင်း တာနဲ့.. သူ့အမေ ကို လာမေးတယ်။
` မေကြီး..ည က..သူသေ လားဟင်..´ တဲ့။

သေ ဆုံး ခြင်း နဲ့ ရှင် သန် ခြင်း

သူ ကတော့..မသေ ပေ မဲ့.. မျှော်လင့်ချက် တွေ စုဆုံ ရာ.. ရုပ် ၀ိညဉ် တခု ကတော့.. ၂၀၀၇ ခု နှစ် ကုန် ကို.. ရုတ် တရက် နှုတ် ဆက် သွား ခဲ့ပါ ပြီ။

` ဘူ တို ..ဘူ တို..ဘူတို.............´

လို့... ချစ်ခင် လေးစား မူ အပြည့် ..မျှော် လင့် ချက် တွေ တဖိတ် ဖိတ် တလက် လက် နဲ့.. အော်ဟစ် ကြို ဆို နေကြတဲ့.. ပါကစ္စတန် ပြည် သူ တွေ ရဲ့ အလယ် မှာ.. ပြည်တော် ၀င်လာ ခဲ့တဲ့.. သတ္တိ ရှင်..ဘယ်နာဇီယာ ဘူ တို တယောက်.. ဟော ဒီ မိုက်မဲ တဲ့.. ကောင်းမြတ် တဲ့.. ရက်စက် တဲ့ ..ကြင်နာတဲ့.. ၀ိရောဒိ လော က ကြီး ထဲ က.. ထွက်ခွာသွားခဲ့ပါပြီ။ မတရား မူ တွေကို.. တရား မျှတ မူ တွေနဲ့.. အနိုင်သိမ်း နိုင် ဖို့တော့..မဟုတ်... အမှောင် တိုက် ထဲကို.. အလင်း ရောင် တစ ..ထွန်း ညှိရ အောင်.. ပီးတော့..ဆက်လက် ပွားများ ကြ ရအောင်.. သူ လုပ် ဆောင် ခဲ့တာပါ။ သူ သေ ဆုံး သွားပေမဲ့..သူ ထွန်းညှိ ခဲ့တဲ့ အလင်းရောင်..ကတော့..ဆက် လက် ရှင် သန် နေဆဲပါ။ သူမ ရဲ့ရုပ်ကလာပ် ကို သယ်ဆောင် ရင်း.. ၀မ်းနည်း ငို ကြွေး နေကြတဲ့..ယောက်ကျား ရင့်မကြီးတွေ ရဲ့ မဆည် နိုင်တဲ့ မျက် ရည် တွေ နဲ့အတူ.. အားလုံး ရဲ့ မျှော်လင့်ချက် တွေ ဟာ ..တခဏ တော့..ထုံ ထိုင်း ရပ် တန့် သွား ခဲ့ပါတယ်။
ကိုယ့်မျက် လုံး ထဲမှာ လည်း မျက် ရည် တွေ....။ ဒါပေ မဲ့.. အားလုံး ပဲ.. ရှေ့ဆက် သွား ကြ ရ ဦး မယ်။

ရှေ့ ကို ဆက် တက်.. ကော် သူးလေ.. ( ထော် ..ကော်သူးလေ..ထော်)

ရှေ့ က..စင်မြင့် ငယ် ပေါ် မှာ.. အားမန် ပါပါ နဲ့.. ကရင် တိုင်း ရင်းသား လူငယ် တချို့ တေး တပုဒ် ဆို နေ ကြတယ်။ နားလည် တာတော့.. ရှေ့ကို ဆက် တက် ..ကော်သူး လေ တဲ့။

ကိုယ် ရောက် သွား ခဲ့တာ.. သြစတြေလျ အရှေ့ခြမ်း က.. ကရင် နှစ်သစ် ကူး နေ့ အခမ်း အနား လေး တခု ပါ။ ဖိတ်ကြား ထား တဲ့..ဂုဏ် ထူး ဆောင် သြစကြေလျ အမတ် တချို့.. အသင်း အဖွဲ့ကိုယ်စား လှယ် တချို့ အပါ အ၀င်.. လူ ဦး ရေ.. ၂၀၀ ကျော် ၃၀၀ လောက် တော့..ရှိမယ် ထင်တယ်။ လူဦး ရေ.. လေး ပုံ တပုံ လောက်က တော့.. ကလေး ငယ် တွေ ပေါ့။ ကရင် မိသားစု တွေ..ကလေး တော်တော် ပေါ ကြပါတယ်။ နယ်စပ် မှာ နေခဲ့ကြ တာဆိုတော့ လည်း.. မွေး နိုင် ကြ ပေ မပေါ့။ မဆီ မဆိုင် လား..ဆီဆီ ဆိုင် ဆိုင်လား..တွေး နေမိတာက.. ထော် ..ကော်သူးလေ..ထော်´ အစား.. `ထော် ..တတိယ နိုင်ငံ..ထော်´... ဖြစ် နေကြ ပါကလား။ ဘယ် တတ် နိင် မလဲနော်.. အရှိ တရား ဆို တာကြီး ကို..အတ္တ ကြိုး တွေ နဲ့ချည် နှောင် ထုပ် ပိုး ပြီး.. အခြေ အနေ တွေက..ဆွဲ ခေါ် သွား တာ ဆိုတော့လည်း၊ ဒရွတ် တိုက် ပါသူ ကပါ... ပြေး နိုင်တဲ့သူ က..ရှေ့ကရောက် အောင် ပြေး ပေါ့။ ယုံ ကြည် စူးနစ် မူ ကြိုး တွေ နဲ့ တုပ်နှောင် ထား ခံရတဲ့သူ တွေ ကလည်း..လက်ပြ ကျန်ခဲ့။ တီးတိုး ဆိုကြ။ ၀မ်းသာ ကြ.. ၀မ်းနည်း ကြ။
ဒါ..တကယ့်က မ္ဘာ ကြီး ကိုး။

တကယ့်ကမ္ဘာ မှ.. ဒုတိယ ကမ္ဘာ သို့အပြန်

တကယ့် ကမ္ဘာ ထဲမှာ.. ၄ -၅ ရက် နေ လိုက် တော့လည်း..မြင်ကွင်းကျယ် ရုပ်ရှင် တခု ကြည့်ရသလို လို.. ပြဇာတ် ထုပ် တခု တည်း..၀င် ကရသလို လို။ အခု တော့..ကိုယ့် ရဲ့ ဒုတိယ ကမ္ဘာ လေး ထဲ ပြန် ရောက် လာ ပြန်ပြီ။
ဂျီ တော့ လေး ဖွင့် လိုက် တာနဲ့.. သူငယ်ချင်း တွေ ..တပလုံ ..ပလုံ နဲ့ တက် လာ ကြ ပါရော။ ဘ လော့ ရပ် ကွက် ထဲ မလဲ..ဘာတွေ ထူး ကြ သလဲ..။ စာ ဗုံးလေး ဖွင့် ပြီး... နှစ်သစ် နှုတ် ခွန်း ဆက် တချို့ ကို ကြည့်။ သတင်း ခေါင်းစဉ် တွေ ..အမြန် ဖတ်။ ၄-၅ ရက်စာ ကြီး ဆိုတော့လည်း..အကုန် ပြန် မဖတ် နိုင် တော့.. ။ ပီး တော့မှ..ကိုယ့် ဘလော့ လေး ကို ပြေး ဖွင့်။ ခရီးသွား မယ် လို့..ဘယ်သူ့ ကိုမှ မပြော ခဲ့ မိတော့.. ငြိမ် နေတာကို..တမျိုးတမည် ထင် နေ အုံး မယ် လေ။ စီ ဘုံး ထဲမှာ လည်း.. နှစ်သစ် ဆု တောင်း တချို့.. မိတ် ဆွေ သစ် တချို့.. မိတ်ဆွေဟောင်း တချို့.. အမယ်လေး.. ဖိုးတေကြီး ဆို တာနဲ့.. ကို ဂျေ နဲ့ ကလည်း.. ကလေး တွေ လို..အပြန် အလှန် ဘို ကျား ပြစ် နေ ကြသေး။ အင်း..ပျော် စရာ ပေါ့လေ။ ခု နောက်ပိုင်း.. စီဗုံး ထဲက.. နှုတ် ဆက် တွေ..မှတ်ချက်တွေကို တခု စီ..ပြန် မရေး ဖြစ် ဘူး။ တခြား ကြောင့်တော့..ဟုတ်ပါဘူး။ အချိန် နဲတာရယ်.. အဟင်း.. ရှင်း ရှင်းပြော ရရင်..အဲလို ပြန် ရတာ.. ကိုယ့်ဖာသာ.. ဇတ်လိုက် လိုလို..ဘာလိုလို ကြီး ပဲ။ ကြုံ ရင် ကြုံသလို တော့.. ဘလော့ တိုင် ယာ ရောက် ပြန် ပြီး.. နှုတ် ဆက် ပါတယ်။ ကိုယ် ဘာမှ မပြန် တာကို..တမျိုး မထင် ကြပါနဲ့နော်.. အပေါ်မှာ ရေး ထားသလို.. အဲဒီစာ လေး တွေကို မြင် ရတာ..အရမ်း ပျော် ပါတယ်.. ။ အရမ်း လဲ..ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင် ..ဂုဏ်ယူပါတယ်.. ပြည်သူ့အချစ် တော် ကိုဇာဂနာ

အားပါး... ပါး.. ဇာဂနာ ဆိုပါလား။ဇွဲ ဆို တဲ့ ပို့စ် လေး အောက် မှာ.. လတ် လတ် ဆတ်ဆတ် ရေး သွား တဲ့..ပြည်သူ့အချစ် တော် ကို ဇာဂနာ ရဲ့ ..ဖြည့်စွက်ချက်..ကလေး တခု။
Zarganar said...
အထက်ပါစကားရည် မြွက်ကာကြားသည် ကြံကာစည် နိုင်ငံခြားက စံထားရပေမည်။ပင်လယ်ပြင်ကူးခတ်သည်တကယ်ပင်ထူးမြတ်သည် သူဇွဲကောင်းလို့အောင်ပါသည် အလောင်းတော် ဇနက္က ပြုမူချက်သည် ယောင်္ကျားလုလ္လအသုံးချလို့ထီးနန်းစံရသည် (အဲဒီပမာထုံးကိုအစဉ်သုံးဖို့ကျွန်တော်နှိုးဆော်သည်)၂ ဆိုတဲ့တစ်ပိုဒ်လုံးပြုတ်ကျန်နေပါတယ်။ဇွဲကို ၁၉၄၁ စက်တင်ဘာမှာ အသံသွင်းတာပါ။ဇွဲ နဲ့တေးသွားတူ သိကြားသာသနာကတော့၁၉၃၈မေလ မှာ ခင်မောင်ရင်ဆိုပြီးအသံသွင်းခဲ့တာပါ။ရေးသူကရွှေတိုင်ညွန့်ပါ။ဒါကြောင့် မြကလောင်ဟာ ရွှေတိုင်ညွန့်ရဲံ သံစဉ်ကို ယူပြီးစာသားသွပ်ခဲ့တာသာဖြစ်လို့တေးရေးမဟုတ်ပါ။စာသားမြကလောင် တေးသွားရွှေတိုင်ညွန့်ပါ။ကျွန်တော်မောင်သူရပါ။
December 29, 2007 5:16 AM

ကျေးဇူးပါပဲ..ကို သူ ရ ရေ.. ။ ကျမ ဘလော့ လေး ကို အခု လို တကူး တက.. လာရောက် လည် ပတ် ဖတ် ရှု ပြီး.. ဗဟုသု တ တချို့ ထပ်မံ ဖြည့်စွက် ပေး သွား တာ။ တန်ဖိုးရှိတဲ့.. သမိုင်း နောက်ခံ အချက် အလက်.. ဂုဏ်ပြု ထိုက် တဲ့ ..ဖန်တီး မူ တွေ ကို..ကျမ တို့..သိ ထား ဖို့ တကယ် လို အပ်ပါတယ်။ ဟုတ်တယ်..သီချင်း အခွေ တွေမှာ.. စာတမ်းထိုး တွေမှာ..တေးရေး ဆရာ နံမယ် မပါ ရင်.. အင်မတန် စိတ် မကောင်း ဖြစ် မိ တယ်။
မလွတ် လပ် သေး တဲ့... လွတ်လပ်ရေး နေ့
မနက်ဖြန်..ဇန်န၀ါရီ လ (၄) ရက် နေ့။ ဘယ် နှယ် ကြိမ်တောင် မြောက်ခဲ့ ပြီလဲ...။
အကြိမ် ( ၆၀).... အ နှစ် (၆၀) မြောက် ခဲ့ပီ။
ကဲ..မနက်ဖြန်.. အနှစ် (၆၀) မြောက် ..လွတ်လပ်ရေး နေ့မှာ..ဘာတွေ ပြော ကြမလဲ..ဘာတွေ ရေး ကြမလဲ..ဘာ တွေ လုပ် ကြမလဲ...။ မလွတ်လပ် ခြင်း အကြောင်း တွေ ပြော ကြ ရအုံးမယ်..။ ဖိနှိပ် ချုပ်ချယ်ခြင်း တွေ အကြောင်း ..ရေး ကြ ရ အုံးမယ်။ လွတ်လပ်ရေး အတွက်.. ဆက် တိုက်ပွဲ ၀င် ကြ ရ အုံး မယ်။


Share/Bookmark

2 Comments:

Mr. Z said...

သိပြီးပလား။ K တို့ရဲ့သူငယ်ချင်း ဓာတ်ပုံသဒင်းဒေါက် ထိုင်းကို ရောက်နေပြီလေ။ မသေကောင်း မပျောက်ကောင်းပေါ့ဗျာ။ သေပြေးရှင်ပြေး ပြေးခဲ့၊ ပုန်းခဲ့ရတယ် တဲ့။ ခုတော့ အဆင်ပြေပါတယ်။ လုံခြုံပါတယ်။ ပိုပြီးလုံခြုံတဲ့နေရာရောက်ဖို့လည်း သိပ်ကြာကြာစောင့်စရာ မလိုတော့ပါဘူး။ ကွန်ပြူတာတော့ သိပ်မသုံးဘူးထင်တယ်။ သူ နဲ့ ဟိုတလောက ဆုံဖြစ်တယ်။ နောက်လ ထပ်ဆုံဦးမယ်။
Z-Win (MoeMaKa)

Anonymous said...

Gostei muito desse post e seu blog é muito interessante, vou passar por aqui sempre =) Depois dá uma passada lá no meu site, que é sobre o CresceNet, espero que goste. O endereço dele é http://www.provedorcrescenet.com . Um abraço.