Letter from my Friend(3)

ပေးစာ (၃)

ကေရေ...
ရန်ကုန်မှာ..ထောက်ခံပွဲ မလုပ်ခင် ညက.. မိုးတွေ က တ၀ုန်းဝုန်း နဲ့ကို ရွာတာ... ည (၁၀) နာ ရီ ..ရေဒီယို သတင်းတွေ ပြီးလို့ မိသားစု စကား စုပြော နေကြချိန်မှာ တို့ အစ်ကိုလတ်က..
` သူတို့ ပွဲပျက် အောင် .. ဒီမိုးက.. မနက်ကျမှ ရွာ သင့်တာ..´ လို့ပြောတော့.. တို့တွေ ရဲ့ ဖေဖေ က..` အတင်း အဓမ္မ သွားခိုင်းတာ ခံရတဲ့ ပြည်သူတွေ သနားပါတယ်..´ လို့လဲ ပြော ရော စကားဝိုင်း က ချက်ချင်းပဲ ငြိမ်ကျ တိတ် ဆိတ်သွားတယ်။

အဲဒီ ပွဲကို တာဝန် အရ သွားခဲ့ရတဲ့ တို့ အမ သူငယ်ချင်း နဲ့ တွေ့တော့.. သူ့အတွေ့အကြုံ တွေ ကြားရတော့လည်း ရီလိုက် ရတာ တအားပဲ..ကေရေ.. ။ မနက် အစော ကြီး မိုးဖွဲဖွဲကြား မှာ သွားရ တော့.. သူတို့တွေ က..စိတ်တိုတာပေါ့။ ဂိတ်(၁) ကနေ ၀င်ရ မယ် ဆိုလို့သွားတော့..မဟုတ်ဘူး..ဂိတ် (၈) တဲ့။ ဂိတ်(၈) ရောက်ပြန်တော့ လည်း မဟုတ် ပြန်ဘူး တဲ့။ ဒါနဲ့..သူတို့အုပ်စုက ..အဲလောက် တောင်ဖြစ်နေ တာ မ၀င်တော့ ဘူး ပြန်မယ် လို့ ပြော လိုက်ရော.. ဂိတ်စောင့်က.. အထဲကို လှမ်းပြော ပြီး..အင်အား ဘယ်လောက်လဲ လို့မေးတယ်တဲ့။ ပါလာတဲ့ လူတယောက်က.. (၅) ထောင်လို့ ဖြေ လိုက်တယ် တဲ့။ တကယ် ရှိတဲ့ အင်အား ထက် ပိုပြီး ဖြေတဲ့ ရည်ရွယ် ချက်က.. အထဲမှာ နေရာ မရှိတော့ ရင် ပြန်လို့ရအောင်လို့ပေါ့။ ဒါပေမဲ့..အင်အား များတယ် ဆို ပြီး `၀င်´ ဆိုတော့..သူတိုတွေမှာ..ငိုရခက်..ရီရခက် ဖြစ်ရ ရော တဲ့လေ။ ချီတတ် တဲ့ အဖွဲ ရဲ့ နောက်ဆုံးမှာ ရောက်နေတဲ့ သူတွေဆို မသိမသာ လှည့်ပြန် ကြ တယ်တဲ့။ အဲဒီ အမ နဲ့ အဖွဲ့ အထဲရောက် တော့..ကင်မရာ သမားတွေ အနားလာ တိုင်း..စာရွက်..ထီးတွေနဲ့..ကာကာပြီး..ကင်မရာ ထဲ မပါအောင် ကြိုးစားကြရ တယ်တဲ့။

ပြီးတော့ထိုင်နေရင်းနဲ့ မိုးတွေသဲသဲမဲမဲ ရွာချပါစေလို့ … ဆုတောင်းနေတာတဲ့။ ပွဲပျက်ရင်လည်းပျက်၊ ဒါမှမဟုတ်ရင်လည်း စင်ပေါ်မှာထိုင်နေ ရ တဲ့သူတွေ ရွှဲရွှဲ စိုရအောင်လို့တဲ့။ ဒါနဲ့...တို့ကဝင်ပြောတာပေါ့ “အမတို့တွေ မိုးမိမှာစိုးလို့ကျွန်မတို့တွေ .... မိုးရွာပါစေလို့တောင် ဆုမတောင်းရဲဘူ့း “ လို့ ဆိုတော့ “အမလေးတို့တွေက ထီး ဆောင်းလို့ရတယ်၊ ... စင်ပေါ်ကသူတွေသာ..ထီးဆောင်းခွင့် မရတာ၊ ဒါကြောင့်...တို့အုပ်စုတွေက... မိုးသဲသဲမဲမဲရွာပါစေလို့ … ဆုတောင်းတာပေါ့” တဲ့လေ။

သူတို့ ကျောင်း တွေမှာ ကျောင်းသားတွေကို အရပ်ဝတ် ၀တ် ပီး တတ်ခိုင်း တယ်တဲ့။ (၉) တန်း ကျောင်းသား တွေ ကို အဓိက ထားခေါ် တယ်တဲ့။ တချို့ ကျောင်းတွေက.. နေ့တ၀က် ကျောင်းတွေ ဆိုတော့..အကြောင်းကြား စာ အချိန်မီ မရောက်လို့..အဖြူ အစိမ်း နဲ့ပဲ ကွင်းထဲ ရောက်သွား ကြတယ်တဲ့။

အဲဒီ ထောက်ခံပွဲမှာ လူ အင် အား လုံလောက်အောင် မခေါ် ပေး နိုင်လို့ .. ဆန္ဒပြ ပွဲတွေမှာ နှိမ် နင်း ဖို့ စွမ်း အားရှင် အလုံအလောက် မပို့ပေး လို့ ..၀န်ကြီးချုပ် အတွက် ၀မ်း နည်းခြင်း အထိမ်း အမှတ် နေ့ရက်တွေမှာ ရ၀တ ရုံး မှာ ..အလံတ၀က် မချ လို့ ဆိုပြီး.. ရ.၀.တ ဥက္ကဌ အချို့ ပြုတ်ကြတယ်။ ထောက် ခံပွဲကိုသွား ဖို့ ..ဆန္ဒပြပွဲ တွေမှာ ဖမ်းထား တဲ့ လူ တွေကို တင်ဖို့..အာဏာ ပိုင် တွေက..ကား တွေကို ချောဆွဲ ကြ.. ကားသမား တွေက နေ့တွက် မကိုက်လို့ စိတ်ညစ် ကြရ တာပေါ့။ လိုက် ရ ရင်လည်း ကား နံပတ်တွေကို ပိတ်ကာ ပီးမှ လိုက်ကြတယ်တဲ့။ ကား ဂိတ်တွေမှာ ဆို..ဂိတ်မှုး တွေ နဲ့ ညှိထား ပီး.. ကား တော့ ထိုးထားတယ်.. ခရီးသည် တွေ တဖြည်း ဖြည်း ချင်း တက် နေချိန် မှာ ကားသမား တွေက ရှောင် နေကြတယ်။ ချောဆွဲ ဖို့လာမေးရင်.. ဂိတ်မှူးက ကားသမားတွေ မရှိဘူးလို့ ညာပေးတယ်။ ခရီးသည် တွေပြည့်ရင်တော့ ..အချက်ပေးလိုက် ရင်..ကားသမား တွေ ထွက်လာပါလေရော တဲ့။ အလုပ် လုပ် စား ရ တာလည်း မလွယ် ပါလား ကေရေ..။

အပြင် မှာ တော့..သတင်းတွေကို အင်တာနက် မှာ ကြိုက် တဲ့ အချိန် နားထောင်လို့ရပေမဲ့ ပြည်တွင်း က ပြည်သူ တွေကတော့.. လွှင့်တဲ့ အချိန်မှာ ပဲ နားထောင် ကြရ တာ ဆိုတော့..လူ တွေမှာ ညနေ ၅ နာ ရီ ခွဲကနေ ည ၁၀ နာ ရီလောက်ထိ ..တောက် လျှောက် မအား ကြရ ဘူး။ မျက် မြင် သတင်း တွေ အတွက် ဆို ရင်တော့..DVB ကို ကျေးဇူး တင်ရမယ်။ စလောင်း ရှိရင်.. DVB ကို ဖမ်း လို့ ရတာ ဆိုတော့ နယ်က..လူ တွေလည်း အမှန် တွေကို မြင် ကြရ တာပေါ့။

သတင်း စာ တွေက..ရေး သာ ရေးတာ..ပြည်သူ တွေက..ဖတ်ကြတာ.မဟုတ်ဘူး။ တချို့ ဆို ပြောင်းပြန် ယူ ပီး ဖတ် ရင် အမှန် လို့ ဆိုပီး ဖတ် ကြ တာတွေတော့ ရှိတယ်။ အိမ် တချို့ ဆို ..သတင်း စာ ပို့သမား ကို ` နာ ရေး ကြော်ငြာ ပါတဲ့ စာရွက် ပဲပေး ခဲ့.. ကျန်တာ မင်းရောင်း စားလိုက်..´ ဆြိုပီး ပြန် ပေး လိုက် ကြတာတဲ့။

ကေ ရေ..သူ တို့ပြော ခဲ့တဲ့.." No one is above the law. " ဆိုတာ မှတ်မိဦး မယ် ထင်တယ်။ ဒီမှာ မကြာ သေးခင် ကမှ ကျောင်းသား တွေ ဦး ဆောင်ပြီး လုပ်ခဲ့တဲ့ ပွဲတပွဲရဲ့ အငြိမ့် မှာ လူ ရွှင်တော် တယောက် က ပြတ်လုံး ထုတ် တယ်ကွယ်.. သူက နောက် လူရွှင် တော် တယောက်ရဲ့ ပခုံးကို သတင်းစာ လိပ် နဲ့ ရိုက်.. ရိုက်ပြီး..` ဒီကောင် က.. အင်္ဂလိပ်စာ သိပ်တော် တာကွ´ လို့ ဆိုတော့..နောက် တယောက်က.. `ဆိုပါဦး ကွ´ နဲ့ ၀င်ထောက် တယ်။ `ဒီကောင့် အင်္ဂလိပ်စာ တော် ချက်က တော့ကွာ..No one is above the law. ကို ဖတ်လိုက်တာ Number one is above the law. တဲ့ကွာ´ ..တဲ့။ …. ဝေါက နဲပြို ကျ လာ တဲ့ ရီသံနဲ့ လက်ခုပ် သံ တွေ ဆိုတာ တော်ရုံ နဲ့ မစဲဘူးကွယ်။ ဒါကိုများ ကြားသွား သလား တော့မသိဘူး.. သတင်းစာ ဆောင်းပါး တွေမှာ ..အခု တော့.. " No man is above the law." လို့ပြင် ရေး ထား တာ တွေ့ ခဲ့ရ လေရဲ့။

နေပြည် တော် အ၀င် မှာ ထု ထား တဲ့ ကြာဖူး ကို လူတွေက..` နေပြည်တော် ကြာဖူး´ လို့ အမှန် ကို အမှန် အတိုင်း ခေါ် ကြ တော့လဲ.. ခု..ကြာပွင့် ပုံ စံ ပြောင်းလိုက် တယ် ဆိုပဲ။ ‘နေပြည်တော် ပြောင်းဖူး’ လို့ အော် ရောင်းတဲ့ ပြောင်းဖူးသည်တောင်.. (၇) ရက် ဖမ်းချုပ် ခံရ တယ် တဲ့လေ။ အဲဒါ တကယ့် အဖြစ် အပျက် တွေလို့..ဒေသ ခံ တွေက..တို့ အကို ကို ပြောပြတာ။

ဒီကြားထဲ ရီစရာ လဲကောင်း..သေချာ တွေးကြည့်ရင်..ရင်နာ စရာ လဲကောင်း တာကတော့.. တနေ့ တို့ နဲ့ တူမလေး မြို့ ထဲ လျှောက်နေတုံး ဂျာနယ်တွေ လက်ပွေ့ရောင်းတဲ့ ဦး လေး က..ဂျာနယ် တခု ရဲ့ သတင်း ခေါင်းစဉ် ကို အော်ပြီးရောင်းတယ်..` ကမ္ဘာလှည့်ခရီးသည် များ မြန်မာ နိုင်ငံသို့ အလည်အပတ် အရောက် နည်းပါး နေခြင်းသည် ..အခိုက်အတန့်သာ ´ လို့အော် လိုက်တယ်။ ပြီးတော့မှ.. ` သြော်..ဧည့်ခံ တာ ကလည်း ကောင်းတာကိုး..´ တဲ့။

ရွှေတိဂုံ ဘုရား အရှေ့ဖက် မုခ် နား က..အိမ် တွေကိုဝင်စီး တဲ့ ညကလည်း..ငယ်ရွယ် တဲ့ ကလေး တွေက လွဲရင်.. အိမ်လုံးကျွတ် ခေါ် သွား ကြတယ် တဲ့။ မိသားစု တစု ဆို..လသားအရွယ် ကလေး အမေက.. ဒီကလေး ပါ ခေါ် မှာ လိုက်မယ် ပြောတော့မှ..ထား ခဲ့တာတဲ့။ နောက်မိသားစု တစုကတော့..အရွယ် မရောက်သေးတဲ့ ကလေး (၃) ယောက် ပဲ ချန်ပြီး..အဖေ ရော အမေရော ခေါ် သွား တယ် တဲ့။ တို့ အကို တွေ ခန့်မှန်း တာ တော့.. ပြီး ရင်.. အိမ် တွေကိုရွှေ့ပစ်.. ရှင်းပစ်.. မျက်မြင် သက်သေ တွေမရှိအောင်..လုပ်ပစ်မဲ့ပုံပဲတဲ့။

ရွှေတိဂုံ ဘုရား မှာ တပ်တွေ စွဲထား တုန်း မို့လို့..တို့တွေ..ဘုရားကို အဝေး ကပဲ လှမ်း ဖူး ခဲ့တယ်။ သာ သနာ့မြေမှာ တပ်စွဲထား တယ် ဆိုတာ..ဘယ်လိုမှ..လက်ခံလို့ မရ နိုင် တာမို့..မသွားချင် ဘူးလေ..။ ကေရေ.. ထူးခြား တာ လေး တခုဖြစ် ခဲ့တယ် ..သိလား..။ တို့တွေ လေယာဉ် စီး တိုင်း တတ်နိုင်သမျှ.. ပြတင်းပေါက် နား က ..ထိုင်ခုံ ကို တောင်း လေ့ရှိတယ်။ အခေါက် တိုင်းမှာ တို့ ထိုင် ရ တဲ့ အခြမ်းကပဲ လွဲ နေလို့လား တော့ မသိဘူး။ ဘယ်တော့မှ..ရွှေတိဂုံ ကို ဝေ ဟင် ကနေ..ဖူးခွင့်မရ ဘူး။ ဒီတခေါက် အပြန် မှာ တော့.. စိမ်း ညို့ နေတဲ့ သစ်ပင် တွေကြားမှာ ရွှေတွေနဲ့ ၀င်းအိ နေတဲ့ ရွှေတိဂုံ ဘုရားကြီး ကို ဖူးခဲ့ရ တယ် ကေရေ..မြေပြင် မှာ..အားရပါးရ.. ဖူးခွင့် မရ ခဲ့လို့ပဲ..နောက်ထပ် ဖူးမြှော်ခွင့် တကြိမ် ထပ်ပေး တာ လား လို့တောင် ထင်ခဲ့မိတယ်။ ရှာ နေကျ..အင်းစိန် ထောင် ကိုတော့..မတွေ့ခဲ့ရ ဘူးကွယ်.။ ဘုရားကို လက်အုပ် ချီ ပြီး အားလုံး အတွက်..ဆုတောင်းမေတ္တာ ပို့သပေးခဲ့ပါတယ်။

ကေရေ.. တို့ တွေ အစ်မ က..သူတို့ ရုံး က..ကြားခဲ့ ရ တာတွေကို ပြန်ပြော လို့သိခဲ့ရ တာတော့လေ.. မြို့ထဲ မှာ အစောင့်ချထားတဲက စစ်သား လေး တွေက..မနက်ကျရင်..မုန့်ဟင်းခါး သည်ဆီမှာ တောင်းစားတယ်တဲ့။ သူ တို့ဆီမှာ ပိုက်ဆံမရှိလို့ပါတဲ့။ ဆာလဲ ဆာလို့ပါ တဲ့။ တို့လည်း..` ကျွေးလိုက်ပါဟယ်..သနားပါတယ်.. ပြီး တော့..ပြည်သူ တွေဖက် ပါအောင်လည်း စည်းရုံး ဖို့..မုန့်ဟင်းခါး သည် ကိုပြောလိုက်ပါ ´ လို့ မှာ လိုက်တယ်။ လစာ နဲ့ ရိက္ခာ ကို တပ်က..မိသားစု တွေမှာ ထားခဲ့ရတော့..စစ်သား လေးတွေ အဆင်မပြေ ရှာဘူး နဲ့ တူတယ်။

ဘုန်း ဘုန်း နဲ့ပြည်သူ တွေကိုပစ်လို့..သွေးဆူ နေကြ ချိန်မှာ လူတွေ က..စစ်သား တွေကို ဒေါ သနဲ့ ဆဲဆို ကြပေမဲ့ သွေးအေး တဲ့ အချိန်တွေမှာ တော့.. အောက်ခြေ စစ်သား လေး တွေကို သနားကြတယ်.။ သူတို့လည်း နီးရာဓား ကြောက် နေကြ ရတာကိုး။ ပြည်သူ တွေထဲက..ဖွား တဲ့ ပြည်သူ့သား တွေပဲကွယ်။ ပြည်သူ တွေက မချစ်ပဲ နေပါ့မလား။ ဒီ လူနေမူ အဆင့်အတန်း..ဒီကုန် ဈေးနှုန်း တွေကို အတူ တူ လည်စင်းခံ ရ သူ အချင်းချင်း ပဲလေ။ ဒါပေမဲ့လည်း ပြည်သူတွေကို ရက်ရက်စက် စက် လုပ်ရက် တာကို မြင် ရတော့လည်း.. ဘယ်လို နားလည် ပေး ရမှန်း ကို မသိ နိုင်အောင် ပဲကွယ်။

ကေရေ..ဆန္ဒပြပွဲတွေ ဖြစ်တုန်း က သတင်းပေး တွေ သုံးတဲ့ ကုဒ်က..ဘုန်းကြီး တွေဆို လိမ္မော် သီး တဲ့။ ပြည်သူ တွေဆို အာလူးတဲ့။ လိမ္မော်သီး က ဘယ်လောက်.. အားလူးက..ဘယ်လောက်နဲ့ သတင်းပို့ ကြတယ်တဲ့။ တချို့ တွေဆို..စပီကာ တွေကို ဖွင့်ပီး ပြော နေကြတာတဲ့။ ဘုန်းကြီး ကျောင်း အတော်များ များကို ၀င်စီး ပြီး ချိန်မှာ တော့..တို့အကို ၀မ်းကွဲ တွေ နေတဲ့..တောင်ဥက္ကလာ မှာ အမြဲကြွ နေတဲ့ ဘုန်းဘုန်း က..မကြွ တော့ပဲ..ဘုန်းကြီး အသစ်..ကျောင်းသား အသစ် က..ဆွမ်းခံလည်း ကြွရော တလမ်းလုံး.ဘယ်သူမှ ဆွမ်း မလောင်းကြ ဘူးတဲ့။ ဆန္ဒပြပွဲ ထဲမှာ ပါပါ..မပါပါ..နယ်ကလာ တဲ့ ဘုန်းကြီး ဆို နယ်ပြန်ပို့ဖို့ပဲ ဖိအား တွေ ပေးနေတော့..ကျောင်း တွေမှာ..အတော့်ကို ဘုန်းကြီး နဲ နေတယ်။ လူတွေက ပြော နေကြ တာတော့.. နောင် ဆိုရင် ..ဘုန်းကြီး ကျောင်း တွေကို လည်း..တက္ကသိုလ် တွေလိုပဲ မြို့ပြင် ထုတ်မယ် ထင် တယ် တဲ့။

ကေ ရေ.. ကြားရ တဲ့ သတင်း..မြင်ရ တဲ့ မြင်ကွင်း တွေ အားလုံးဟာ ရင်နာ စရာ ချည်းပဲလို့ ဆိုရပေမဲ့ အကောင်းလေး တခု ကတော့..အသစ် ဖွင့်လိုက်တဲ့..လေ ဆိပ် က အတော်လေး ကို သန့်ရှင်းသပ်ရပ် တယ်။ ဖွင့်တာ မကြာ သေးလို့လား တော့ မသိဘူး။ လေ ဆိပ် ဆိုတာ..အိမ် တအိမ် ရဲ့ ဧ ည့်ခန်း နဲ့တူတာမို့ ဆက်လက် သန့်ရှင်း နေပါစေ..ကောင်းမွန်စွာ ဆက် လက် ထိန်းသိမ်း ထား နိုင်ပါ စေ လို့ဆန္ဒပြုမိတယ်။

လေယဉ် ကွင်း အသစ်ကိုလည်း မြင်ရော..ဓါတ်ပုံတွေ..ရိုက်ချင် လိုက်တာ။ ကင်မရာ ထုတ် ..ဓါတ်ပုံ ရိုက်လိုက်ကာမှ..စစ်တာ မေးတာ ခံနေရ ရင်..ပါလာ တဲ့ ပုံတွေလဲ ဆုံး..ခရီးလည်း နှောင့်နှေး မှာ စိုးတာနဲ့ပဲ..မရိုက်ဖြစ်ခဲ့ပါဘူး။ တ ခါတုန်းက အင်တာနက် ပေါ် မှာ မရောက် သေးတဲ့ အန်တီစု ပထမဦး ဆုံး အကြိမ် အကျယ် ချူပ် မကျခင် ရက်ပိုင်း အလို မှာ သား (၂) ယောက် နဲ့ ရိုက်ထားတဲ့ ရှားပါး ဓါတ်ပုံ တွေကို ခိုးထုတ် ဖို့လုပ်တော့..တို့ အစ်မ ကပြောတယ်။ `ဓါတ်ပုံ သယ် ရုံ နဲ့ ထောင်ထဲဝင် ရရင် တော့ မတန် ပါဘူးဟယ်.. ထိထိ ရောက်ရောက် တခု ခု တော့ လုပ်ပီးမှ ထောင် ထဲ ၀င်စမ်း ပါ´ တဲ့။ ` အဲဒီ စကား ကို သတိ ရသွား တာ နဲ့ပဲ ကင်မရာ ဆီလဲ လက် မရောက် ဖြစ်ခဲ့ တော့ ပါဘူး၊

ကေရေ.. တို့ ရောက် နေတဲ့ အချိန် တုန်းက..ရန်ကုန်မှာ ကန်ဇွန်းရွက် တစီးက..(၁၀၀) ..မုန့်ဟင်းခါး နဲ့စားတဲ့ပဲကြော် တခု (၁၀၀) လက်ဖက် ရည် တခွက် (၂၅၀) ဆိုတဲ့ ဈေး တွေလည်း ကြားရော..တို့ တွေလန့်သွားတယ်။ အစ်မ ဈေးဆွဲ ခြင်း ထဲက..လက်ဝါး သာသာ ခ၀ဲသီး လေးကို ဆွဲထုတ်ပြီး..ဒါရော ..ဆိုတော့..(၁၅၀) တဲ့။ အမလေး..ကေရေ.. တို့ တွေ အော်ငို မိမတတ် ဖြစ်သွားတယ်။ လက်လုပ် လက်စား တွေ..အရမ်း နွမ်းပါး တဲ့ သူတွေ ဘယ်လို စား နေကြပါလိမ့်လို့ တွေး မိတော့..အရမ်း ငိုချင်သွားတယ်။ ဒါ နဲ့ပဲ နွမ်းပါး တဲ့သူတွေ ဆီ အရောက်သွားလို့ တွေ့ခဲ့ရ တဲ့မြန်မာပြည် က အခြေခံ လူ တန်းစား တွေရဲ့ လက်ရှိ လူနေမူ အဆင့်အတန်း ကိုဝေမျှ လိုက်တယ်။



ပြီးခဲ့တဲ့ တနင်္ဂ နွေ က..ဒီမှာ လုပ်တဲ့ ကထိန်ပွဲ တခု ကိုသွားခဲ့တယ်။ ဘုန်းဘုန်း တွေကို ထိုင်ြပီး ဦးချ မိချိန်မှာ ရင်ထဲမှာ လှိုက် ကနဲဖြစ်မိတယ်။ ပြည်တွင်း မှာ ..ဒီလို ကထိန် ပွဲမျိုး ကျင်းပခွင့် ရ မှာ မဟုတ် တဲ့ ၊ မကျင်းပ နိုင် တဲ့ ဘုန်းကြီး ကျောင်း တွေကို သတိရ သွား မိ လို့ပါ။ ထောင် တွေထဲမှာ သီတင်း သုံးနေ ရမဲ့ ဘုန်း ဘုန်း တွေကိုလည်း တွေးမိရော.. ရင်ထဲဆို့သွားတယ်။



သာသနာ တော် အတွက် တိုင်းပြည်အတွက်.. အသက်ပေးလှူ ခဲ့ တဲ့ လူတွေ အတွက်ရော..လက်ရှိမှာ ဒုက္ခ ခံစား နေရ တဲ့ သူတွေ အားလုံး အတွက်ရော ဆုတောင်းမေတ္တာ ပို့ အမျှဝေ ခဲ့ပါတယ်။ အစား အသောက် အလှူ ရှင် တွေက..အများကြီးပဲ ကေရယ်။

အစား အသောက် တွေ လှိုင်နေတော့..ပြည်တွင်း က..ထမင်းနပ် မမှန် တဲ့ ..နပ် မှန် ဖို့ကို မနဲ ကြိုးစား ရုန်းကန် နေကြရ တဲ့ သူ တွေကို သတိရမိပြန်ရော..... ဆာလောင်ခြင်းဆိုတာ အဆိုးရွားဆုံးဝေဒနာလို့ဆိုကြတယ်။ တို့ပြည်သူတွေဟာ ... ကျန်းမာရေး ... ပညာရေးကို နောက်ထား၊ ဒီဆာလောင် ခြင်း ဝေဒနာကိုဖြေရှင်းဖို့ နေ့တဓူဝခက်ခဲပင်ပန်းစွာ ကြိုးစားနေကြရတာ။ အဲဒီတော့လည်း..... မဖြစ်သင့်မဖြစ်ထိုက်တဲ့ အကျင့်စာရိတ္တ ပျက်မှုတွေကလည်း ဖြစ်လာပါလေရော။ ... ဒီဒုက္ခတွေအားလုံးကလွတ်မြောက်ဖို့ကတော့..... စနစ်တစ်ခုလုံးကို ပြောင်းလဲပစ်မှပဲ ရတော့မယ်။

ကေရေ.. စာ လဲ တော်တော်ရှည်သွားပီ..။ နောက် ဆုံး အနေနဲ့..တို့တွေ စုထားတဲ့ အဆိုအမိန့်တွေထဲက.. နှစ်သက်လှတဲ့ တို့ဗမာ အစည်းအရုံး ရဲ့ တိုက်တွန်း ချက် ကို မျှဝေ လိုက်ပါတယ်။


လိမ္မာခြင်း ဆိုသည်မှာ..


သူရဲဘော နည်းခြင်း..ကြောက်ခြင်း..သွေးမရှိခြင်း..


သတ္တိနည်း ခြင်း..ဒူးတုန်ခြင်း.. တကိုယ်ကောင်းဆန်ခြင်း..


အမေ နှင့် ငါ မာလျှင် ပြီးရော ဆို သည့်စိတ် ရှိခြင်း..


ကိုယ့်အိမ် ကို မှ ကိုယ်မှတ် တတ်ခြင်း..


ကိုယ့်အကျိုးစီးပွား တခု တည်းကို သာ ကြည့်ခြင်း..


ရှေ့လာမည့် ဘေး ကို စည်းရုံး ၍ ခုခံရ မှန်း မသိခြင်း ဖြစ်ပါမူ....



အို အချင်း တို့…. ငါ တို့ သည် မလိမ္မာလိုပါ။

မိုက်သာ မိုက်လိုပါ၏၊။

ငါ တို့အား မိုက်ခွင့်ပြုကြပါကုန်။

ငါတို့ မိုက်ပါရစေ။

( တို့ဗမာ အစည်းအရုံး၏ တိုက်တွန်းချက်)


ကဲ..ကေရေ.......
တို့တွေ ရိုသေ လေးစားကိုးကွယ် ရ တဲ့ သာသနာ တော်ကြီး အတွက်…
တို့တွေချစ်တဲ့ မြန်မာပြည် ကြီးနဲ့ မြန်မာ ပြည်သူ ပြည်သား တွေအတွက်…
တို့တွေ ဆက် မိုက် ကြရ အောင်... မိုက်နေ တဲ့ သူတွေကိုလည်း..ဆက်ပြီး..အားပေး ထောက်ခံ ကြရ အောင်…

မဝေး တော့တဲ့အချိန်မှာ ကေနဲ့တကွ..အားလုံး ကို ချစ်တဲ့ အမိမြေမှာ ပြန် ဆုံ ချင်ပါတယ်။

ဆန္ဒမွန်ဖြင့်…
မမေ


Share/Bookmark

6 Comments:

Mintasay said...

I am a foolish man too.

Thet Oo said...

ပေးစာလေးတွေ ဖတ်လို့ကောင်းတယ်။ ဓာတ်ပုံထဲက ဆင်းရဲသားရပ်ကွက်ကလည်း အသက်ဝင်ပါပေတယ်။

Anonymous said...

i think this is a nice letter, describing what life is like in Burma.

Anonymous said...

Thank you for sharing the letter about Current Burma situation. Everybody can get to know the lesson of Foolishness of Junta Regime.

thamudayanwe said...

တကယ်ပဲမြန်မာပြည်မှာကထိန်လုပ်ခွင့်ကို လုံ့ခြုံရေးအကြောင်းပြချက်နဲ့လုပ်ခွင့်မပေးဘူး
ဒီစာတွေကခံစားချက်မျိုးစုံပေးတယ်

nu-san said...

စာပိုဒ်တိုင်းဟာ မြန်မာပြည်ရဲ့ တကယ့် လက်ရှိအခြေအနေ ကို ပီပီပြင်ပြင် ဖော်ပြပေးထားတယ်နော်..
ပေးစာတွေ မျှဝေပေးတာ ကျေးဇူးပါ မကေ။