ဒုက္ခပါပဲ..
စာတွေ ကလည်း..ခေါင်းထဲမှာ အကုန် ရော ကုန်ပြီ...
ဒီ..ဧရာဝတီ ဖော်မေးရှင်း ကြီးကလည်း.. အိုးဘိုတွေရော ..ကျောက်ကုတ် တွေရော ..Reddish brown.. ...yellowish brown... ရှုပ်နေတာပဲ...။ purple plain လို့ပဲ... ဖြေ ပြစ်လိုက် တော့ မယ် ။ ဟုတ်တယ်… စိတ်တိုလာပြီ....။ literature တွေ ဘာတွေ ယူလို့ ရခဲ့ ရင်လဲ ကောင်းသား။ တော်ပါပြီ...ခုမှတော့.. လွမ်းမနေပါနဲ့တော့... ကျောင်းပြီးဖို့ပဲ တတန်း ကျန်တော့တာ..။ ၈ တန်းထဲက..ဘာမှန်းလဲ မသိ..သိပ္ပံ.. သိပ္ပံ နဲ့…ဖြစ်နေ ရတာ။
တော်အုံးမယ် ကွာ... တော်နေကြာ ၉ နာရီ ထိုးရင်..လက်ဖက်ရည် နဲ့ မုန့် ပေးတော့မှာ..။ အဲဒါ ပြီးမှ ပြန်ကျက်တော့မယ်...။ အလိုလို မှ..ဒီနေ့ ဘာဖြစ်နေ တယ်ရယ် မသိ.. ဘာကိုမှ စိတ်မပါ ချင် ဖြစ်နေတာ..။
စာအုပ်ကို ခဏ ပိတ်...အကြောဆန့်ရင်း..အပြင်ဖက် လှမ်းကြည့်တော့.. မဖြူတယောက်..၀ရံတာမှာ..ဟိုဖက် လျှောက်လိုက်..ဒီဖက် လျှောက်လိုက်...။ မဖြူက..အသံ နဲနဲ ထွက်ပြီး..အလွတ်ကျက်သူ..။ သူကတော့...ခပ်ဖွဖွ ပြောရင်း..စာအုပ် မှာ ချရေးပြီး ကျက်သူ။ စာအုပ်တော့...တော်တော်ကုန်သည်။ တချို့ တော့..ကျောက်သင်ပုန်း..ကျောက်တံ တဒေါက်ဒေါက် နဲ့ ချရေး ကျက်တာ တွေ့သည်။ ကျောက်သား ခြင်း ထိတဲ့.... အသံက.. ကျလိ..ကျလိ နဲ့ အူယားချင်စရာ ကောင်းသလို..နားလည်း ငြီး လှသည်။

~~ မာလာနဲ့ … အင်းလျားဖက်မှာ ..
တေးကလေး ကြွှေးကြော်သူတွေရယ်
နှုတ်ဆက်မျက်ရည် ~~~
အလွမ်း သီချင်းလေး တွေ သီဆို ခဲ့..ဘ၀ သောင်ယံ ~~
..တေးသမားလေးတွေ...သီကျူးရင့်သံ~~~
အဲ...ဒီရက်ကြီး ထဲမလဲ...ဘယ် သကောင့်သား တွေ ...အဆောင်ရှေ့ လာ သီချင်း ဆို နေနိုင် ကြ သေး လဲ မသိဘူး။ အပြင် က လူ တွေ ပဲ ဖြစ်မှာ ပေါ့ ...။
........
...
..
..
..
..
..
21 Comments:
ဖတ်ရတာ ပိုကောင်းလာပြီ.. မြန်မြန်ရေးပါဗျို့.. စာမေးပွဲနီး အဲဒီသီချင်းသံကြားရင် ကျောင်းပိတ်ရက်အတွက် ကြိုလွမ်းနေမိတယ်...
အဆောင်သူကျောင်းသားဘ၀က ပျော်ဖို့ကောင်းလိုက်တာ မမကေသွယ်ရေ ညီမလေးတို့ကျောင်းတက်ရတာတော့ ချွေးတလုံးလုံးနဲ့ ကျောင်းကြီးကလည်း သူစိမ်းအရမ်းဆန်တယ်..
စိန်ပန်းပို့စ်တွေကို အကြွေးထားထားတယ် မကေရေ...
နောက်မှ အားလုံးစုပြီး လာဖတ်မယ်...
mie nge
အဲဒီတုန်း က အဆောင်သူလေးတွေ က ခုချိန်မှာ..
လွမ်းချင်စရာ မရှိတော့ဘူး...
ငယ်ငယ် ကသူငယ်ချင်းတွေ..နမူနာပြရရင်..
ဝင်းဝင်းမြင့် (နန်းတော်ရှေ့).. နုနုရည် (အင်းဝ )..
ခုကြည့်ရင်းတောင် ..တရားရလာတယ်..း))
မကေရေ..
သီချင်းလေး နားထောင်သွားပါတယ်။
မွန်းအောင်ဆိုတုံးက "လွင့်မျော" ကို "လွမ့်မျော" လို့ဆိုတာလေ အစ်မ။
အခုရော မွန်းအောင်အသံပဲလား ၊ အဲဒီသီချင်းလေး အမ်ပီသရီးလိုချင်နေတာ..။
အစ်ကိုကြီးနေကျောက်ခဲ မတရားပြောတယ်.. ဆရာမ နုနုရည်ကဖြင့် လှနေတုံးပဲ။ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) ကိုသာ မမြင်ဖူးလို့။
ဒီအခန်းကတော့ စာမေးပွဲနီးနေတဲ့ အပိုင်းမို့ အရင်ကလိုပဲ ရင်တုန်ခြောက်ခြားချင်စရာ...:)
အကိုကြီးက အခုတော့ ပြောပြီပေါ့လေ..ဟဲဟဲ
ဒီအခန်းကတော့ စာမေးပွဲနီးနေတဲ့ အပိုင်းမို့ အရင်ကလိုပဲ ရင်တုန်ခြောက်ခြားချင်စရာ...:)
အကိုကြီးက အခုတော့ ပြောပြီပေါ့လေ..ဟဲဟဲ
တကယ်မြင်နေရသလိုပဲ။
ရုပ်ရှင်ကြည့်ရသလိုပဲ။
မင်းသားတော့ ဖျောက်မပစ်လိုက်ပါနဲ့နော် မကေ။
တို့အခန်းဖော်ကလည်းအော်ကျက်တတ်လို့ တို့ သူများအခန်းမှာသွားအိပ်ကျက်ရတယ်။ တော်သေးလို့ အဲဒီအခန်းက သူငယ်ချင်းက တို့ကုတင်မှာ သွားအိပ်ပေးလို့ပေါ့။
စာမေးပွဲကြီးနီးလာတော့
အရင်က ရင်ခုန်သံကိုပြန်ကြားလာရသလို..း)
စာတွေအတူစုကြည့်ကြ စာရှင်းပြကြ ...
အဆောင်မနေဖူးပေမယ့် အဆောင်မှာသွားအိပ်လိုက်
ကိုယ့်အိမ်မှာလာစုအိပ်လိုက်မို့ သူငယ်ချင်းတွေနဲ့
နေ့ညနေခဲ့ဖူးတဲ့ဘဝကို ခု ပြန်လွမ်းနေတယ်။
လွမ်းလွန်းလို့ မဖတ်ချင်တော့ဘူး.. ငိုပဲ ငိုချင်နေတော့တယ်...။
ခုနေ...ဘယ်အသက်အရွယ် ဘယ်ဘ၀ကို ခဏပြန်လိုချင်လဲ မေးရင်..
အဆောင်သူဘ၀ပဲ မကေ...
အမှတ်ရစရာ..သီချင်းတွေ ကဗျာတွေကြားတိုင်း
မျက်ရည်ဝိုင်းချင်စရာပေါ့..
မျှော်....နေ..ပါ..တယ်...၁၄ ကို
လွမ်းစရာတွေချည့်ပါလား...
လက်ဖက်ရည်နဲ့ ဆိတ်သားပါ့ဖ်လေး တခုလောက်..ကေ။
ဒီလောက် စောင့်ဖတ်နေတဲ့အထဲက ၁၃ ဆိုတာ မြင်လိုက်ရမှ ၁၂လွတ်သွားတယ်ဆိုတာ သိလိုက်ရတယ်… တော်သေးရဲ့… ၁၂က လွတ်လို့ မဖြစ်ဖူးလေ… ကေ့မင်းသားက ဘယ်သူဖြစ်မလဲ… ၁၂ထဲမှာ ခပ်ပါးပါးလေး ပုံဖော်သွားသလားလို့ … ကိုယ်ပါရောယောင်ရင်ခုန်သွားမိသေးတာ…
စာမေးပွဲနားနီးတဲ့ ဖီလင်လေးတွေပြန်ဝင်သွားတယ်… တော်သေးရဲ့… ကေနောက်ဆုံးနှစ် မရောက်သေးတော့ ဆက်ဖတ်ရဦးမှာပေါ့… ကိုယ်တိုင် အဆောင်သူမဖြစ်ခဲ့ပေမယ့် အဆောင်သူဘ၀လေး လွမ်းသွားတယ်… သီချင်းလေးနဲ့ အတူပေါ့… တခုကေ့ကို အံ့သြတာ… အဖြစ်အပျက်တွေကို သေသေချာချာကို မှတ်မိသေးတယ်နော်… ခုဖြစ်နေတာကို ရေးနေသလိုပဲ… စိန်ပန်းနဲ့ ကံ့ကော်ဖတ်ပြီး ကျောင်းသူဘ၀ကို ပြန်လွမ်းမိပေမယ့် ကေ့လောက် အသေးစိတ်သတိမရတော့ဘူး… အေးလေ… အသက်က စကားပြောပြီကိုး….
ဂျီဟောကတော့ .." ဂျီဟောသူကိုမလိုချင် ဗီယက်နမ်ပင်သွားလိုက်ချင်သေး" တဲ့။ အင်းလျားကရော ဘာစာချိုးရှိလဲ :P
လွမ်းနေကြသူတွေကြားမှာ ဆိတ်သားပတ်ဖ် လာတောင်းစားတဲ့သူလဲရှိသေးတာကိုး :)
ဒီ Post လေး အရမ်းကြိုက်တယ်..
Thanks for posting.. :-)
အော် ... နောင်တော်ကြီးများက အင်းလျားဆောင်ရှေ့ သီချင်းဆိုဖူးသေး .. ခုခေတ်တက္ကသိုလ်တွေ အဆောင်မရှိတော့ ဘယ်နားသွားဆိုရမလဲ ...
I can't find the last part of this story. I would like to know why. I love deadly to read that part. How can I do to read that?
Dear Taw Win.. which part you are not seeing. Part 13 or last part ( 21). I'm not quite clear what's problem are you having? pls reply me so that I can find out the problem. :) thks.
aww.. I found the faulty link ( post 14) isn't it? I fix it already Taw Win. :)
Post a Comment