“ ငါလေ...နင့် ၀တ္ထုကို ဖတ်ပြီး တော့.. စိတ်ထဲမှာ တမျိုးပဲ..”
“ အ” စာလုံး ကို.. ခက်ခက်ခဲခဲ..ကွေ့ဝိုက် ညှပ်နေ ရင်း...ကပ်ကျေး ကို ခဏ ချ ပြီး.. မစု ကို လှမ်းကြည့် မိသည်။ မစု ဘာပြော ချင် တာလဲ...။
မစုက သူ့စကား ကို မဆက်သေးပဲ ... သူ ညှပ်ထားတဲ့.. ကြယ် ရောင်စုံ လက်လက် ကလေး တွေကို.. ရေတွက် ရင်း ထပ်စီနေ ပြန်တယ်။
ညောင်း နေတဲ့ လည်ပင်း ကို ဘယ်ညာ ချိုးလိုက်တော့..ဂျွတ်ကနဲ..။ တနာရီလောက် ကြာအောင် ခွေထိုင်နေမိ တဲ့ ခြေထောက် တွေ ကိုပါ..ဆန့် ထုတ် ပြစ် လိုက် ရင်း..
“ပြောလေဟာ.. ဘာ တမျိုး လဲ...”
“ နင့် ၀တ္ထု ထဲကလိုပဲ..ငါလည်း. နောက် ၂လ လောက် ဆို.. နယ် ပြန်ပြီ လေ...တောမှာ..ဆရာမ ဖြစ်ပြီ လေဟာ.. ”
သူ တို့ သိပါတယ်။ တလောက.. ကိုကြီး ပြန်လွတ်လာ တော့.. မစု ဖေကြီးက.. မိသားစု တွေကို မျက်စိ အောက်က.. အပျောက်မခံ ခြင် တော့ပဲ ..တစုတစည်း ထဲ ရှိနေ စေချင်တာ။ အထူးသဖြင့်..မစု တို့ ညီအမ တွေ ကိုပေါ့...။ သမီး တွေကို ဒီအရွယ် ကြီးတွေ ရောက်တဲ့ အထိ.. ကားလတ်မှတ် ဖြတ်တာက အစ..အဆောင်ကြေး သွင်းတာ အဆုံး...အကုန် စီမံ ပေး လာတာ..အခုလဲ.. မစုတို့ ညီအမ နှစ်ယောက်လုံး ကို..ကျောင်းဆရာမ အလုပ်တွေ.. ကျောင်းမပြီးခင် တည်းက.. ကြို လျှောက်ထား ပြီး ပြီ တဲ့ လေ.. ။
“ ပြီးတော့.. ဖေကြီး တလှည့်.. ကိုကြီး တလှည့်.. ထောင်ထဲ ရောက်နေတုန်း.. ငါတို့ အိမ်က ကျောင်းလေးလဲ အတော်အားနည်း သွားတာ.. အဲဒါကိုလည်း အဓိက ပြန် ဦးဆောင် ရမှာ ဟ...”
မစု စကား ကို တုန့်ပြန် အားပေး ဖို့... အားယူ လိုက်ရင်း..ဘေးဘီ ကို အရင် စောင်းငဲ့ ကြည့် လိုက်သည်။ လောလော ဆယ်ဆယ်... ဘုရားခန်း ထဲမှာ.. နောက်ခံ စာလုံး ကိုက် ပေးနေတဲ့...သူတို့ နှစ်ယောက် ရယ်.. ခပ်လှမ်းလှမ်းမှာ... အငြိမ့်ခန်း အတွက်.. နောက်ခံ ကားချပ် ဆွဲ နေတဲ့... ရွှေဘိုဆောင်.. လောဖိုင်နယ်က.. ပန်းချီ ဆွဲတဲ့ အကို ကြီးရယ်.. သုံး ယောက် သာ ရှိ နေသည်။ ဒီ စနေ မှာ လုပ်မဲ့.. အင်းလျား ဒင်နာ အတွက်.. အတန်းမရှိတဲ့ လူတွေ.. ကြုံသလို လုပ်အားပေး နေ ကြ တာ ဆိုတော့.. မနက်က.. နောက်ခံ စင်မြင့် တာဝန် ယူပေးတဲ့..ပင်းယဆောင်..အဖွဲ့ တွေက.. စာလုံး တွေ ကူ ကိုက် ပေးဖို့.. လူလို တယ် ဆို တာနဲ့...သူတို့ နှစ်ယောက်.. ဆင်း လုပ် ပေး နေ ကြတာ..။ ကလေးက.. လှည်းတန်းက..သူ့အမ အပြင်ဆောင် မှာ စာသွား ကျက်သည်။။ မဖြူ ကတော့...ဘယ် ထွက်သွား တယ် မသိ။
.........
.............
◦
စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၈)
15 Comments:
ဖိုင်နယ် အဆောင်ဒင်နာတောင်လုပ်နေပြီ။ ဇာတ်သိမ်းသွားရင် နှမြောစရာ။
လင်းဦးမောင် ဆိုတာ စိုးစိုး သူငယ်ချင်း (ဓနုဖြူကလား မသိ) ကို ပြောတာလား။
မြကျွန်းညိုညို နဂိုဗားရှင်း ရှိတယ်ထင်တယ်။ အိမ်ကျ ပြန်ရှာပေးမယ်။
ဒီမှတ်တမ်းကြီး ပြီးတဲ့ အခါ ပြီးပြည့်စုံတဲ့
တက္ကသိုလ်ကျောင်းရဲ့ အတိတ်ပန်းချီကားတချပ် ဖြစ်လာတော့မယ်..
မကေ ရေးခဲ့တဲ့ အဲဒီကာလ ဟာ တက္ကသိုလ်ရဲ့ ရွှေ ရောင်လွှမ်းသော ..နောက်ဆုံး ကာလ တွေ မို့
သမိုင်းမှတ်တမ်း တခု အနေနဲ့ လဲ ကျန်ရစ်ခဲ့လိမ့်မယ် လို့ ထင်မိပါတယ် မကေ
မကေ... အဆောင်ဒင်နာတွေကလည်း လွမ်းစရာပဲနော်... သူများအဆောင်ဒင်နာသွားခဲ့သမျှ ကိုယ့်ဒင်နာမှာ ဖိတ်ရတာ မသက်သာ။
အင်းလျားက မိုးဇလက ပျက်လုံးတွေက ရီရတယ်။ မှတ်မိတာ မိုးလေ၀သ ဘယ်လိုခပ်မှန်းသလဲဆို ဖား ၁၀ ကောင်မွေးထားတယ်ဆိုတဲ့ ပျက်လုံးလေ...
အဆောင်ဒင်နာတွေ မတက်ဖူးခဲ့လို့ ကေ့အရေးနဲ့ပဲ တွေးရင်း ပျော်နေမိတယ်။ တကယ် ပျော်စရာကြီး။
ကေက မိုးမိုးအင်းလျား ဆု ရတယ်နော်။ မိုးမိုး (အင်းလျား)က တို့ အကြိုက်ဆုံး စာရေးဆရာမထဲက တယောက်ပါပဲ။ သူ့လို ဖြစ်ချင်ခဲ့တာ..ငယ်ငယ်ကတည်းက။ ခြေဖျားတောင် မမီဘူး :))
"ရနံ့ ထုံသင်း တဲ့...ပန်းကြွေတောမှာ..
လေးနှစ်တာ အိမ်မက်ရှည် မက်ခဲ့ ပြီလေ.."
အဲဒါ သျှိုင်းအောင် ပထမဆုံးစဆိုခဲ့တဲ့သီချင်း..
အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်..
အဲဒီအချိန်တွေတုန်းက ပြန်ခါနီးတိုင်း.ကိုခင်ဝမ်းရဲ့
" နှုတ်ဆက်ခဲ့ပါတယ်..
ကျွန်တော်သွားတော့မယ်..
လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို.."
ကိုငြီးနေကျ..အခုလဲထပ်ငြီးရင်း ကျောင်းကြီးကိုထပ်လွမ်းသွားတယ်..
ငထက်..ဟုတ်ပ..ငါတို့စာအုပ်ထဲက ပင်လယ်ရေးတဲ့
နီမာရှင်း ကသူ့ဘော်ဒါ..သူမိတ်ဆက်ပေးလို့..
အဲဒီကဗျာအရမ်းခိုက်ပြီး..
ညီသစ်ကိုဘာသာပြန်ခိုင်းခဲ့တာလေကွာ.
(အင်း..အသက်တွေလဲကြီးပြီကိုး.:).
Honors Class နဲ့ နိုင်ငံကျော်အဆိုတော်ဖြစ်မဲ့
ဘဝကိုလဲတာဒီကောင်ပေါ့
ဟုတ်တယ်ဟုတ် KLO? hahaha
(ငါ့ကို မင်း တိုင်ပင်တုံးက ငါပေးခဲ့တဲ့လမ်းကဘာပါလိမ့်:))
အခု..Geology Dpet. မှာ Dr. KLO ဖြစ်နေတယ်..
font က mozilla နဲ့မှမြင်ရတယ် crome နဲ့ဆို ကျန်တဲ့ ပို့စ်တွေမြင်ရပြီးနောက်ဆုံးပို့စ်မမြင်ရဘူးး))
အဆောင်ဒင်နာဆိုလာချင်လွန်းလို့ဖိတ်မယ့်သူလည်းမရှိ ခဲ့တာ ခုတော့ဒင်နာရောက်ခဲ့သလိုပဲ ...း)
မကေ တို့ခေတ် Dinner ပွဲတွေမှာ အပြင်က တီးဝိုင်းတွေ အဆိုတော်တွေ မငှားရတော့ဘူးပေါ့
ဒီအပိုင်းလေး ဖတ်ပြီး ကေ့ကို မြင်ယောင်ကြည့်နေမိတယ်… ဇာအစိမ်းရောင်လေးနဲ့  ဖြူဖြူသွယ်သွယ် မြန်မာဆန်ဆန် စာရေးဆရာမလေးတွေမှာ ရှိတတ်တဲ့ လေးနက်နက်မျက်ဝန်းတွေနဲ့  ကောင်မလေးတယောက် မျက်လုံးထဲမှာ မြင်ယောင်လာတယ်… မှန်လားတော့ မသိဘူးနော်… ကေက တော်လိုက်တာနော်… သံတူကြောင်းကွဲဆိုတဲ့ ၀တ္ထုလေးဖတ်ချင်လိုက်တာ… ကျောင်းတောင်ပြီးတော့မယ်… ကေ့နှလုံးသားကို ခန့် မှန်းလို့ မရသေးဘူး… ယုန်သွားလေးကလဲ ခပ်ပါးပါးပါ… ဆုံမိတဲ့မျက်ဝန်းတစုံနဲ့ … ကေရေ… ဆန့် တငံ့ငံ့နဲ့ တော့ ကျောင်းပြီးပြီဆိုတာ အကြောင်းပြပြီး မရပ်လိုက်နဲ့ နော်… အိမ်အထိလာမေးမှာ… ဘာကြောင့်မှန်းမသိဘူး… ဒီအပိုင်းကို ဖတ်ပြီး တို့ လဲ ငူငူငိုင်ငိုင်ကြီး… ကျောင်းမပြီးချင်သေးဘူးကေရေ…
အဆောင်ဒင်နာမှာ တ၀ကြီး ၀င်ပျော်ရင်း လွမ်းသွားပါတယ် ကေ ရေ... နောက်ဆုံးနှစ်ဆိုတော့ ပိုလွမ်းရပြီပေါ့ ကေ...
ခုမှ ဖတ်ပြီးတယ်။ နောက်တပိုင်း ဆက်လိုက်ဦးမယ်။
မကေရဲ့ စိန်ပန်းနဲ့ ကံ့ကော်တွေ အကုန် လာဖတ်သွားပါတယ်။
အင်းလျားဆောင်ဒင်နာကိုတော့ ကျမလည်း မမေ့ဘူး။ အကတိုက်ကတည်းက လာလာကြည့်ရတာ အမော။ ဒင်နာညလည်း လာသေးတယ်။ ပျော်စရာ ချစ်စရာကောင်းတဲ့ အမှတ်တရ ညပါပဲ။
This post(just the story) can be seen as a million of small squares. I don't know why.
Dear Taw Win
yes this post has some problem because of different source.
Please wait for a few days. The whole story will be posted in PDF format ( ebook) so that you will be more convenient to read it in just one go.
Thanks for your patient :)
OK! Ma Kay. Thanks for your reply.
Post a Comment