အရေးပေါ် ထွက်ပေါက်


ခရီး တိုလေး ၃ ရက်လောက် ထွက်နေ တုန်း.. ဗမာ သတင်း တချို့ နဲ့ အဆက် တွေ...ပြတ် လို့....။
ကြည့်ပါဦး...။ သတင်း တွေ မှာ.. ဘယ် လို ဖြစ် ကြ တာ တုံး...။ မီး တွေ ..မီးတွေ..လောင် လိုက် ကြတာ။
--
မန္တလေး ရတနာ ပုံဈေး ကြီး ဆို တာ..ခု မီးလောင် တဲ့ သတင်း တွေ ကြည့်တော့မှ.. မြင်ဘူးတော့တယ်။ အော်- ဒီပုံစံ ကြီး ပဲလား...။ ဟုတ်တယ် ကွယ်...။ ရန်ကုန် ဖက် မလဲ... ဘယ်အဆောက်အအုံ အသစ် ဆို ပြီး ကြည့်လိုက် ..ကြည့်လိုက်.. အဲဒီပုံစံ ကြီး တွေ ချည်းပဲ။ မှန် စိမ်းပြာ ပြာ နောက်နောက် ကြီး တွေ အပြည့်ကပ်.. အဖြူရောင် ကွန်ကရစ် ခံ နဲ့..။ ဒါတွေချည်းပဲ။ သိရိ မင်္ဂလာ ဈေး သစ် ဆိုလည်း ဒီပုံပဲ.. ဒီမှန် ကြီးတွေ ပဲ။ ရန်ကုန် မှာ လည်း.. ဒီ စိမ်းပြာ ပြာ မှန် ကြီး တွေ နေရာ တိုင်းပဲ။ သွင်းကုန် လိုင် စင် ယူ ထား တဲ့ လူ က.. ဘယ်လောက် တောင် ..ဈေးကွက် ကို ထိန်းချုပ် ပီး..ဒိုင်ခံ သွင်းနေလဲမသိ။ အဲဒီ အဆောက် အဦ အသစ် ဆို တာ ကြီး တွေကလည်း.. ဘယ်လောက် ကြာ အောင် ပဲ သစ်ဖို့ လို လည်း တော့ မဆိုနိုင်... တနှစ် ၂ နှစ် လောက် က ဆောက် တယ် သာ ဆို တယ်... ကွန်ကရိ အဖြူ ရောင် ကြီး တွေက..ညစ်ထပ် လို့။ ကြည့်တာ နဲ့.. ခန့်ညား ထယ်ဝါ မူ ကင်းမဲ့လို့။ အဲဆို လည်း..ဘာလို့များ.. ပိုက်ပိုက် တွေ အကုန် ခံ ပြီး ဆောက် နေ ကြ သလဲ.. ။ အင်းလေ.. ပိုက်ပိုက် တွေ ရဖို့ ဆောက် တာ ပဲ ... ကုန် မှာ က.. ဆိုင်ခန်း အသစ် တွေ ခဏ ခဏ ထပ် ထပ် လေလံ တင် ရတဲ့ ကုန်သည် ဈေးသည် တွေပဲ.. ကိစ္စ မရှိ။
--
လူ ကလည်း အကျင့် က မကောင်းဘူး... မြင်ပါ များ လာ ရင်.. မကြိုက်ချင် တော့ဘူး..မျက်စိ က နောက် ချင်ပီ။ အဲလို ပေါ်ပင် ..ပီးလွယ် စီးလွယ် အဆောက်အဦ ဒီ ဇိုင်း ကြီး တွေ ကို မကြိုက်သလို.. နောက်.. ရှိသေးတယ်။ ဟိုလေ... သစ်သား ကနုတ် ပန်း နဲ့ ဆက်တီခုံ ကြီး တွေ...။ တကယ် ပြောတာ.. အရမ်း ရွံတာပဲ။ ဗမာ ပြည် မှာ သစ်သား က..ပေါပေါ... လက်မူ ပညာ က ဈေးပေါပေါ နဲ့.. ချ နေ လိုက် ကြ တာ။ အသုံးပြု တဲ့ ..ထိုင် တဲ့ လူတွေ ကလည်း..ခုံ ကြီး တွေ နဲ့ အပြိုင် ခန့်ညား..။ နောက်တခု က..ဒစ္စကို ရွှေ တွေ..ကလက် တက် တက် ..နင်းကန် သုတ် ထား တဲ့.. အတွန့်အတက်..ဆုလစ် မွန်းချွန် အပြည့်နဲ့ အမိုး မုခ် ဦး ကြီး တွေ..။
တခါ တလေများ.. ဗာရာဏသီ ရောက် နေသလား အောက်မေ့ ရတယ်။ အဝေး ပြေး ကားလမ်း မကြီး တွေ ပေါ် က..မြို့ငယ် ဇနပုပ် ကလေး တွေ ကတောင်... မြို့အ၀င် ရွာအ၀င် ဆိုင်းဘုတ် ကလေး က..သစ်သား ပွတ် လုံးတိုင် လေး ထောက် လို့.. တွန့်တွန့်တက်တက်...။ တချို့ ရွာ လေးတွေ ဆို.. ဆိုင်းဘုတ် စိုက်ပီး ထဲက.. တခါ မှ ပြန် လှည့် မကြည့် အား တော့.. လမ်း ပခုံး မှာ.. တက်ပီး မျက် စား နေတဲ့..ကျွဲ အုပ် ကြီး တွေ နဲ့ အပြိုင် ရွံ့ တွေ ဖွေးလို့...။
--
လူလည်း.. နေရင်း ထိုင် ရင်း.. မြန်မာ့ ယဉ်ကျေး မူ အနု လက်ရာ တွေ ကို တောင် ..မခံစား နိုင် တဲ့ လူ့ဂွစာ ဖြစ် နေပီ။
--
ပြောရင်း နဲ့ ..စကား က ချော်လို့....
သတင်း တွေမှာ ပြောတာ.. မန္တလေး ရတနာ ပုံဈေးကြီး မီးလောင်တော့.. မီးသတ် တွေ..အထဲကို ၀င်လို့ မရဘူး ဆို...။ အပေါက် က သိပ်များ များ မရှိ တဲ့ အပြင်.. ကျဉ်းလည်း ကျဉ်း တယ် .. တခြား အရေးပေါ် လုံခြုံ ရေး အစီ အမံ တွေ လည်း တခု မှ ရှိ မနေ ဘူး တဲ့..။ ဒီလောက် တောင် လူ အများ ကြီး အသုံးပြု မဲ့ အဆောက်အဦ ကြီး ကို ..ပစ်စလတ်ခတ် ဆောက် ရက် သလား ကွယ်။
--
အသိ တယောက် ပြောလို့ ကြား ဘူးတာ တခု ရှိသေးတယ်။ တိုင်း နဲ့ပြည်နယ် တွေ မှာ ဆောက်ထား တဲ့..နည်းပညာ တက္ကသိုလ် အသစ် ကြီး တွေလေ.. ဟို ကြို့ကုန်း စက်မူ တက္ကသိုလ် ပုံစံ -- တိုင် ကြီး တွေ ထဲ့..ဒီဇိုင်းထုတ် ပီး.. တပုံစံ တည်း ဆောက် ကြတဲ့.. ကျောင်း သစ် ကြီး တွေလေ...။ သိလား.. ။ အဲဒီ မှာ.. ၀င်ပေါက် တပေါက် ပဲ ရှိတယ်..။ EXIT ထွက်ပေါက် လုံးဝ မပါ ဘူးတဲ့။ ကျောင်းသား တွေ ကျောင်းပြေး မှာ စိုးလို့ထင်ပါတယ်...။
---
ဘယ် နေရာမှာ ပဲ ဖြစ်ဖြစ်.. အရေးပေါ် ထွက်ပေါက် တခု တော့.. ရှိသင့်ပါတယ်။


Share/Bookmark

3 Comments:

ညိမ်းညို said...

အန်တီရေ ဆီပုံးမှာ ၀င်လို့မရလို့ ဒီမှာနှုတ်ဆက်သွားပါတယ်ဗျ။ အတွေးစများ ၆ နဲ့ အရေးပေါ်ထွက်ပေါက် ကိုဖတ်သွားပါတယ်။ အန်တီစာတွေဖတ်ရတာ အမြဲတမ်း ရှုထောင့်အသစ်ကနေ မြင်ရတယ်။ ကျေးဇူးတင်ပါတယ်ဗျ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :)

sawphonelu2010@hotmail.com said...

ကျောင်းသစ်တွေမှာ အရေးပေါ် ထွက်ပေါက် ဆိုတာ မပါဘူးဆိုတာ ကျွန်တော် မသိဘူးဗျ ။

Anonymous said...

ကျနော်မြင်ခဲ့တာကတော့ နည်းပညာကျောင်းသားပီသစွာ လက်ရန်းကို ခွကျော်ကြပါသည်။ ကောင်မလေးများကလည်း အားကျမခံ အမှိုက်ပုးကို လိုသလိုသုံးပြီး ကျော်ပါသည်ခင်ဗျား ။နည်းပညာ ကျောင်း၊ ကွန်ပြူတာကျောင်း အားလုံးသည် ဒီဇိုင်းနာ(အာခီတက်) တစ်ယောက်ထဲ၏ ဒီဇိုင်းများသာဖြစ် သည်ဟုထင်မြင်ပါကြောင်း ။ မြန်မာပြည်ဖြစ်၍ Safety အလွန်ကာင်းသောကြောင့် Emergency Exit မလိုဟု မြန်မာပီသစွာ ယူဆသွားသည်ထင်ပါကြောင်းခင်ဗျာ။