အတွေးစများ (၂)

ရက်သတ္တ (၂) ပတ်လောက် ပျောက် နေအုံးမယ် လို့.. ကြို ကြို တင် တင်ပြောပီး..ခုတော့..တပတ် လောက် အတွင်း မှာ ပဲ အင်တာ နက် ကောင်း ကောင်း ထိုင်သုံး နိုင် ပီမို့.. ဘလော့စပေါ့ ပေါ် ပြန်တက် လာပါ ပီ။


Thanks be to God for quick recovery


ကျွနုပ် ရဲ့.. Google Reader


ဆေး ရုံ မှာ (၄) ရက်လောက် နေပီး.. အိမ်ပြန် ရောက် ရောက် ချင်း.. Reader လေး ကို ဖွင့်လိုက်တော့.. ဖတ် ချင် စ ရာ ပေါင်းက.. အခု (၃၀၀) ကျော် တောင် ဖြစ် နေသည်။ အင်း..(၄) ရက် ကလေး တောင် ဒီလောက်။.. ဒီခေတ် ကြီး နဲ့ တော့..မလွယ်ပါ လား နော်။
မိနစ် ၂၀ လောက် တော့ ထိုင်ပီး..စိတ်ဝင်စား ဆုံး အရာ တွေ ကို အရင် ရှင်း ရတယ်။ ခ ဏ နေ ပြန် ထိုင် ဖတ်.. ။ နောက် နေ့ ကျ ..တနာ ရီ လောက် သုံး လိုက်.. နောက်တရက် ကျ.. ၃ နာရီ လောက် သုံး လိုက် နဲ့.. ခု တော့..ဘာမှ ဖတ် စရာ မကျန်တော့လို့.. Reader ကို ခဏ ခဏ refresh လုပ် နေရတယ်။

စီဘောက် ထဲမယ် ခပ်ကျဲကျဲ ရောက် နေတဲ့ ခင်မင်သူ တချို့ ရဲ့ ဆုတောင်း လေး တွေ အတွက် လည်း.. ကျေးဇူး တင်ပါ တယ်။ နောက်မှပဲ..ဖြည်းဖြည်း ချင်း လာပွား မယ်နော်။ တကယ် တော့..မတိုင် ခင် ..ဒီ ၂ လ လောက် အတွင်းထဲ ကကို.. မိတ်ဆွေ တွေ ရဲ့ စီဘောက် တွေထဲဆင်း ပီး.. ရယ်မော နောက်ပြောင် မူ တွေ ဆွံ့ အ နေခဲ့ရတာ။ စာ တွေကတော့..အမြဲ ဖတ် ပါတယ် ဘော်ဘော် တို့ရေ.. မယုံ မရှိနဲ့.. အဲဒီဘေး က.. ဘလော့လင့်တွေအကုန် လုံး Reader နဲ့ feed ယူထား တာ။

ပြည်သူ့ ကျန်းမာရေး

ကြို တင် ပြင်ဆင် ထား တဲ့ ခွဲစိပ်ကုသမူ အတွက်..ပီး ခဲ့တဲ့ ကြာသာပတေး က ဆေးရုံတက်တယ်လေ။ အဲဒီ နေ့ပဲခွဲတယ်။ ဗုဒ္ဓဟူး ည ကထဲက.. စိတ်ကလှုပ်ရှား..။ ဘော်ဘော် တချို့နဲ့ပြော ထားတာတွေလဲ..တခု မှ မလုပ် နိုင်... အနဲဆုံးတော့.. အဟောင်းလေး တခု တော့..မရ ရအောင် တင်မယ် ဆိုပီး.. ဟိုးအရင် ၀င်း နဲ့ရေး ထား တာကို ဇော်ဂျီပြောင်း... စာ အကျ အပေါက်တွေ ပြင် နဲ့..မထင် မှတ် ပဲ ညဉ့်နက်သွားတယ်။ မနက်ကျ..အစော ကြီး ၅ နာ ရီထ..မနက်စာ စား.. ပီး..နောက်ဆုံးပိတ် ရေ တခွက်ကို ၆ နာ ရီမှာ သောက်ရင်း..ခွဲစိပ် ဖို့ အတွက်..အစာ စ ရှောင် ရတော့တယ်။


နေ့လည် ၁၀ နာ ရီ ခွဲမှာ ဆေး ရုံသွား ။ ဒီ မြို့လေး မှာ မထင် မှတ်ပဲ သိ ကျွှမ်း ခင် မင် ကြတဲ့..ဗမာ အသိုင်း အ၀ိုင်း သေးသေးလေး ကလဲ.. ဆရာ ၀န် များသား မို့.. အားပေးမဲ့သူတွေ နဲ့ပေါ့။ ကံကောင်းချင် တော့..ဒီ နယ် ဆေးရုံ သေးသေး လေး မှာ တောင် ဗမာ ဆရာ ၀န် ၃ ယောက် ရှိတယ် တဲ့။ အင်း... ဘလိန်းဒလိန်း ပေါ့လေ။ ထပ် ကံကောင်း ချင်တော့.. ကိုယ့်ကို ခွဲမဲ့ အဖွဲ့ထဲမှာ တောင်..ဗမာ အလုပ်သင် ဆရာ ၀န် လေး ပါတယ်။ မေ့ဆေး ဆရာ ၀န် က.. ( လတ်တလော နိုင်ငံတကာ သတင်း တွေမှာ ကြား တာကို သံယောင်လိုက် ရင်း) ..စကားရော ဖော ရော နဲ့.. နင်တို့ နိုင်ငံက..ကျောက်စိမ်း တွေ..ပတ္တမြားတွေ တော်တော်ပေါ တာ ပဲလို့.. ခပ်နောက် နောက်ပြောပီး..ဆေးထိုး အပ်လဲ ဆွဲ အ ထုတ်..တဖက် ကို စောင်းကြည့် လိုက်တော့..ခေါင်းစွပ် မျက်နှာဖုံး တွေ ကြား က.. ပြုံးပြ အားပေး နေတဲ့..ဗမာ ဆရာဝန် ရဲ့မျက်လုံးလေး ကိုပဲ ၀မ်း သာ အားရ ပြန် ပြုံးပြ ရင်း အိပ်ပျော်သွား ပါတော့တယ်။

ဆေး ရုံက..ကျွေး မွေး တဲ့ အရသာ ရှိလှတဲ့ အစား အသောက် တွေကို စားရင်း.. ၄ ရက် မြောက် နေ့မှာ.. ပိုက်ဆံ တပြား မှ မကုန်ပဲ အိမ် ပြန် ရောက်လာပါတယ်။ အော်.. လူမူ ဖူ လုံရေး တွေ ပြည်သူ့ ကျန်းမာ ရေး အစီအမံ တွေ ကောင်းလှ တဲ့ အော်စီ အစိုးရ ကို စိတ် ထဲက..ကျိတ် ကျေးဇူး တင်ရင်း.. တချိန် ထဲမှာတော့..ရင်ထဲ မှာ တစစ် စစ် နဲ့ နာ ကျင် ကြေကွဲ နေမိတယ်။ ပီး ခဲ့တဲ့ လူထု ဆန္ဒပြပွဲတွေမှာ.. လက် မရွံ့သား တွေ ရဲ့ ရိုက်ချက်ကြောင့်.. ရပ်ကွပ်ထဲမှာ ကြိတ်ကု နေခဲ့ရ တဲ့.. တောင်ဥက္ကလာပ က.. ကိုကိုဝင်း ဆိုတဲ့ လူငယ်လေး လေ.. ။ အတွင်းကျေ သွား တဲ့ ဦး ခေါင်း ကို CT scan ဆွဲဖို့ ငွေ ၆ သောင်း ချက်ချင်းမရှာ နိုင် တုံး ရေ တိမ် နစ်ခဲ့ ရတာ။
`အို ..အသင်လော က ´ လို့သာ ဖာတလုံး ခေါင်းကျား လေသံနဲ့ အော် မိတော့တယ်။

မဖြူဖြူသင်း အတွက် ခံစားချက်

ကိုယ်ချင်းစာ တယ် ဆိုတာ ကိုယ် ကို တိုင် မဟုတ် တဲ့ အတွက် အနဲ နဲ့ အများ တော့..ပေါ့ပါး ပီး..အပေါ် ယံ ဆန် ချင် ဆန် နေပါ လိမ့်မယ်။
ဒါပေ မဲ့..မဖြူ ဖြူ သင်းရေ.. ကျ မသိတယ်။ ဒါ ဟာ ဘယ် လောက် နာကျင် ကြေကွဲစရာ ကောင်း မယ်ဆိုတာ။ ခု ချိန် မှာ တော့..ပြည်သူ့မေတ္တာ တွေ နဲ့သာ..မျက် ရည် တွေကို သုတ် လိုက်ပါ လို့ပြော နိုင်ယုံပါပဲ။

စင်ကာပူ ရဲ နဲ့ မြန်မာ့ဇွဲ

လတ်တလော ဟော့ နေတဲ့..စင်ကာပူ ဆန္ဒပြပွဲ သတင်း..အာဆီယံ သတင်း တွေကို သေချာ ဂရုစိုက် ကြည့်မိတယ်။ စင်ကာပူ လို ခက်ခဲတဲ့ အခင်းအကျင်း နဲ့.. ကြွားဖို့ လောက်ပဲသိ တဲ့ အများစုသော ဗမာ တွေ..စလုံး တွေကြား ထဲမှာ ..ဒီလို လုပ် နိုင်..လုပ်ရဲကြတာ.. တကယ် မလွယ်ပါ ။ အဲဒီ ထဲက.. ကိုကျော်စိုး ဆို တဲ့ တယောက်ကို.. တီမားဆပ် ပိုလီ သင်္ကြန် ပွဲတွေ မှာ တည်းက.. ချီးကျူး သတိထား မိနေခဲ့တာ။ Bravo ပါ ဗျို့။
စင်ကာပူ ဒီမိုကရက်တစ် ပါတီက.. ချီး ရဲ့ ညီမ ကို ရဲဖမ်း တဲ့ ဖိုင် ကိုကြည့်ရတော့.. အဟင်း..ရဲလေး တွေ..ရဲမလေး တွေမယ်.. ငယ်ငယ်လေး တွေရယ် အူလည်လည်နဲ့..။ သူတို့ဆရာ ကြီး ဆိုတဲ့ ရဲကြီး ကတော့..တကယ့်စလုံး စတိုင်ပဲ။ ၉ ခေါက်ချိုး ထားတဲ့ မျက်နှာ ရော.. ဆတ်တောက် မာခလောက်နေတဲ့ လေသံရော။ ဟို.. ကိုပေါ ဆိုတာ ရေး လို့..ဘားမားတူဒေးမှာ ဖတ်လိုက် တာ..။ ဗမာ ၅၀ လောက်က.. ချက်ချင်း အတန်း လိုက် ရပ်လိုက် တဲ့ အခါ.. စင်ကာပူ ရဲတွေ လဲ..ဘာလုပ်ရမှန်း မသိ.. တပုံစံထဲ..မျက် နှာချင်း ဆိုင် ရပ် လိုက်တာ.. ဘောလုံးသင်း ၂သင်း လိုဖြစ်သွား တယ် တဲ့။ မျက်စိထဲမယ်.. မြင်ယောင်ပီး..ပြုံးချင် နေမိတယ်။ စလုံး ရဲလေး တွေမယ်..မကြုံ စဘူး တွေ ကြုံ နေရတာပေါ့။ ဟိုးတခါ.. ပူလာ တပ်ကုန်း ကျွန်း ကလေး ကို အင်ဒိုနီးရှား က..ဓါးပြ ၃ ယောက်လား ၀င် ပြေးသွား လို့..စင်ကာပူ စစ် တပ် ..တပ်ခွဲတခု လုံး သွား ၀ိုင်း ကြတာ ပြန် တွေး မိတယ်။ ရီတော့ရီ ရတယ်။ သတင်း တွေမှာ.. အဲဒီ ကိုသွား မဲ့ စစ်သား လေး တွေ ရဲ့ မိဘ တွေ နဲ့ ဗျုး ထား တာတွေလေ..ရင်ထဲမှာ ဘယ်လို ခံစား ရသလဲ တို့..ဘာ တို့.. အကြီး အကျယ်..။
ပီး..အဲသူခိုးက.. ၃ယောက်က ၂ ရက်လောက် ရှိတော့မှ..ဗိုက်ဆာ ပီး..ထွက် အဖမ်းခံ သွားတယ်။ (လှောင်တာ မဟုတ်ပါဘူး။ ရာဇ၀တ် မူ နဲပါး တဲ့..နိုင်ငံရေး တည်ငြိမ်တဲ့..စင်ကာပူ နိုင်ငံ ဟာ တကယ်တော့ ဂုဏ်ယူစရာပါ) ။ ဒါပေမဲ့..ခုတော့ လဲ..စလုံးရဲတွေ မယ်..ရွှေဗမာ နိုင်ငံ ကြီး အတွက် အပို တွေ ရှုပ်နေ ရတာပေါ့။ နောင်ဆို.. ဗမာ ရေး ရာ ဌါန တွေ ဘာတွေ သပ်သပ် ဖွင့်ပီး..ထရိန်နင် ပေး ကြ တော့မယ် ထင်တယ်။




Share/Bookmark

1 Comment:

Anonymous said...

Be well!

The story about Singapore police made me smile :)