ပင်လယ်က စွဲဆောင်လှရဲ့...
ဆင်းလှည့်ပါ့...
သွယ်တန်းနေခဲ့..
တထစ်ချင်း..တထစ်ချင်း...
တထစ်ချင်း ဆင်း..
ဆင်း
..........ဆင်း
...................ဆင်း
............................ဆင်း
....................................ဆင်း
........................ဆင်း
..............ဆင်း
.....ဆင်း
.................ဆင်း
..............................ဆင်း
..................ဆင်း
.....ဆင်း
ဆင်း..........
ဆင်း..................ယ....
.....-----
---------------------
---------------------- ----
ဟော..ဒီမှာ..စာတမ်းတခုက..
`ဤလှေခါး၌- အတက်မရ´
(ကမ်းခြေခရီးမှ ဓါတ်ပုံများ လက်စသတ်တာပါ... လကုန်မှ ပြန်လာပါမယ်.. အားလုံး..ခဏ တာ့တာ ပါ)
◦
17 Comments:
လှလိုက်တဲ့ ရင်သပ်ရှုမောစရာ ပင်လယ်ကြီးပါလား။
အဆင်းပဲ ရှိပြီး အတက်မရတဲ့ လှေကားတဲ့.. ဒီလို လှတဲ့ ပင်လယ်ကြီးဆီသို့.. ဆိုရင်တော့ ပြန်မတက်တော့ပါဘူးလေ။ ခရီးဆုံးက လှပြီး စိတ်ချမ်းသာရဖို့သာ အဓိကပါပဲ။
one-way ticket ပေါ့လေ... အဲလိုလား...
ဘာပဲဖြစ်ဖြစ် ပြာလွင်နေတဲ့ ပင်လယ်ထဲကိုပဲ ပြန်တက်မရမှန်း သိသိကြီးနဲ့ကို ဆင်းပစ်လိုက်ဦးမယ်...
ပင်လယ်အော်သံ ကြားချင်လို့...
ဲအဲဒီ ဆိုင်းဘုတ် ဖြူတ်လိုက် ရင်တော့
ပြန်တက်လို့ ရမှာ မို့ လား...း)...
အဖော်ပါသွား ရင် အကြောင်းမဟုတ်..
လွမ်းစရာတွေ ကျန်နေခဲ့ ရင်..
ပြန် တက်မှ ဖြစ်မှာ လေ.....း)....
ဟီဟီး.. မိုက်၏ ဂွတ်၏
ဆင်းဦးမှာ အတက်အတွက် ဟယ်လီကော်ပတာခေါ်လိုက်မှာပေါ့...း)
ဟင်.. ဒါဆို .. ပင်လယ်ထဲပဲ ဆက်ဆင်းရမယ့် ပုံပဲ...
အတက်မရတော့လည်း ဆက်ဆင်းတာပေါ့..
တို့လည်းအမြင့်မကြိုက်တော့
မတက်ချင်ဘူး
ပင်လယ်ဆီပဲသွားမယ်။
ပြီးမှ ဟိုကလေးယူလာတဲ့
စက်တပ်ငှက်ကြီးနဲ့စိတ်ကူးရရင်ပြန်လိုက်သွားမှာပေါ့။
တာ့တာ...
(ကိုယ်ဘယ်ပြန်မယ်ဆိုတာသိတယ်နော်..)
အားလားလား..ပင်လယ်ကြီးနဲ့ နှုတ်ဆက်သွားတယ်..
have a nice trip ပါ အစ်မရေ...
ဓါတ်ပုံ လာငမ်းသွားမိတယ်။ အိုင်ဒီယာတွေ ကောင်းလိုက်တာနော်။
ပင်လယ်က ဖြားယောင်းနေတယ်။ ပုံဖော်ထားတဲ့ ကဗျာလေးကလည်း လန်းနေတယ်။
မြန်မြန်ပြန်လာခဲ့. ဒါပဲ။
ပြာနေတဲ့ ပင်လယ်ကြီးကိုလှမ်းမြင်နေရလို့ မဆင်းဘဲ မနေနိုင်ပါဘူး။
အဲဒါမှ ဒုက္ခ ၊၊အဆင်း ကောင်းကောင်း နဲ့ ဆင်းနေမိတာဗျာ ၊၊ ငါးစာကိုပဲ ကြည့်ပီး ငါးမျှားချိတ်ကိုမေ့သွားတယ် ၊၊ ပုံလေးလှတယ် အစ်မK
ကဗျာလေးကလည်း လှတယ်။ ပင်လယ်ကြီးကလည်း လှတယ်။ လှေကားထစ်တွေကလည်း လှတယ်။ ကောင်းကင်ကြီးကလည်း လှတယ်။ ဓာတ်ပုံဆရာမကလည်း လှတယ်။ ကဗျာဆရာမကလည်း လှတယ်။
ကေရေ… ပင်လယ်ကြီးက …..
တို့ တွေကလဲ ပင်လယ်ကြီးဆီရောက်ဖို့  မျှော်လင့်ချက်တွေနဲ့ ဆက်….
တကယ်တော့ အဆင်းတွေတဲ့လား… မျှော်လင့်ချက်ဆီ ဆင်းဆင်းသွားနေတာလား…
လှလိုက်တဲ့ဓါတ်ပုံနဲ့ လှလိုက်တဲ့စိတ်ကူးပဲ။ အတက်မရရင် လည်းဒီလောက်အဖော်တွေကောင်းနေမှ တော့ တို့လည်းဆင်းမယ် ချန်မထားနဲ့။
အာ.. အကုန်လုံးကလည်း..ဆင်းမဲ့လူချည်းပါပဲလား။
အဖော်ကောင်းရင်တော့..ကိုယ်လည်း ဆင်းပဲ ဆင်းတော့မယ်။
မချိုသင်း- ကိုအောင်သာငယ်- မမ- craton-ခေါင်ခေါင်- မနော်-လင်းဒီပ- ဇူလိုင်-ပန်ဒိုရာ- မီယာ - ကိုကြီးဝီ- ဟန- မတန်ခူး- မေ့သမီး
လာ- လာ.. ဆင်းကြမယ်။ အပြန်ကျမှ.. craton ခေါ်ထားတဲ့.. ဟယ်လီကော့ပတာကြီးနဲ့ ပြန်တက်မယ်။
း)
ဟိုဖက်နားမှာ အတက်လမ်းအတွက် နောက်လှေခါးတစင်း ရှိဦးမှာပါ။ အကောင်းမြင်ချင်နေတုံးပဲ၊ မတားပါနဲ့တော့း)
နုသွဲ့ရေ- လိုလျှင်ကြံဆ နည်းလမ်းရ..တဲ့။ ဒီခေတ်ကြီးမှာ..ဒီလောက်မခဲယဉ်းပါဘူးနော်.. ဆင်း သာဆင်း။း)
Post a Comment