စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၆)

မိန်းထဲမှာတော့..ကံ့ကော်နံ့ တွေ သိမ်း စ ပြုပြီ။ ခူးမဲ့ လူတွေ..မမြင် လိုက်လို့..ဒါမှ မဟုတ်..ခူးဖို့ရန် လက်လှမ်းမမှီ လို့.. ကျန်နေရစ် တဲ့.. အပွင့်လွန် လေးတွေ နဲ့.. အခုမှ..ဖူးငုံ ပြေရတဲ့..အပွင့်နှောင်း တချို့ သာ။
-
ဟိုမှာ..ဒီမှာ ကြွေကျ နေတဲ့.. ကံ့ကော် ရွက်ခြောက် တွေ ကို.. ဖြတ်နင်း ရင်း..အဓိပတိလမ်း ကြီးကို ဖြတ်.. ဂျပ်ဆင်ပေါက် စီ.. ဦးတည် ပြီး..အာစီတူး ကို ထွက် လာ ကြသည်။ ဂျပ်ဆင် ဘေး ဖက် နဲ့..သိပ္ပံဆောင်တွေ ဖက် သွားတဲ့..လျှောက်လမ်း တွေ တလျှောက်မှာ.. မုန့်ဆိုင်တွေ..ရေခဲရေ ဆိုင်တွေ.. အတော်များ လှသည်။ ဒီနေရာက.. လေးဖက် လေးတန် က.. လာတဲ့ လူတွေ ကြောင့်.. နေရာကောင်း လည်း ဖြစ်နေတာကိုး..။ မဖြူက.. ထုံးစံ အတိုင်း... မုန့်ဆိုင်တခုမှာ ရပ်ပြီး..အချဉ်ထုပ် ၀ယ် လိုက်သေးသည်။
-
ဒီနေ့..Physics အတန်း ရှိလို့.. သူနဲ့ မဖြူ နှစ်ယောက် ထဲ..စောထွက် လာခဲ့ တာ.. Practical တခု လည်း ထပ်စရာ ရှိသည်။ စာမေးပွဲ တွေ တောင် နီးလာပြီ ပဲ…
-
ဒုတိယ နှစ်..minor ကို..Physics နဲ့ Chemistry ခွဲ လိုက် တော့ Engineering တို့.. Mining တို့ဖက် ဆက်လိုက် ချင်သူ တွေက.. Physics ယူကြပေါ့.. မိန်းကလေး အတော်များများ ကတော့.. Mineralogy နဲ့ ဆက်သွား ကြ ဖို့..အကြောင်းများ မယ် ဆိုတော့.. Chemistry ယူကြ မယ် လို့ ဆိုကြတယ်။ သူ့အတွက်တော့..ဘာ နဲ့ ဆက်စခန်းသွား ရမှန်း..မသိနိုင်သေး ပေမဲ့.. Chemistry ကို မုန်းလွန်းလို့..စိတ်နာ လွန်းလို့.. Physics ပဲလို့ .. ဘာမှ တွေးတော တွက်ချက် မနေပဲ.. ချက်ချင်း ယတိပြတ် ဆုံးဖြတ် ခဲ့ တာ..။ အဲဒါ ကြောင့်ပဲ.. ခုနောက်ပိုင်း.. Physics ခြင်းတူ တဲ့.. မဖြူ နဲ့ သူ နဲ့ ပို တွဲဖြစ်နေပြီး.. Chemistry ယူလိုက်တဲ့..မစု နဲ့ ကလေး က..တတွဲ လို ဖြစ်နေသည်။ ရီမွန် ကလည်း.. သူ့ စာ နဲ့သူ..သူ့အရှိန်နဲ့..သူ့ဇော နဲ့ ။ သူတို့ အထဲမှာ..ဘယ်က ဘယ်လို ဖြစ် ပြီး.. အိသွယ် တယောက်သာ.. မြို့ထဲက .. ကြည်ပြာ နဲ့ သွား တွဲ ဖြစ် တယ် မသိ..။ အဆောင် ၀င် နောက်ကျ တာ ရော..အခန်း ဝေး သွားတာရော.. မို့..သူတို့ နဲ့. နဲနဲ အနေဝေးချင် သလို ဖြစ်သွား တာ ဖြစ်မည်..။
-
“ ဟဲ့..မဖြူ..အိသွယ် နဲ့..အဆောင် လိုက်လိုက် လာတဲ့..ကြည် ပြာ က..ချစ်စရာလေးပဲ နော်.. ဒါမဲ့..နာမည် နဲ့တော့..တခြားစီပဲ..ယောက်ျားဆန်ဆန်လေး.. အတန်း လည်း သိပ်မတက်ဘူး..”
...
...
..
..
..
..
..
..
..
..
.
.
.
.
.
.
.
.
.
.


Share/Bookmark

24 Comments:

tg.nwai said...

ပျော်စရာတွေပါလား ကေရယ်.. ပထမနှစ်ကတည်းက ရေးတဲ့ စာလေးတွေက နုပျိုလန်းဆန်းနေမှာပေါ့လေ.. ဒင်နာအကြောင်းရော ပါဦးမှာလားဟင်..ဖတ်လို့ကောင်းလိုက်တာ.. အဆောင်ရှေ့မှာ လာသီချင်းဆိုရင်း အော်ချင်တာ လာအော်တတ်တဲ့ သူငယ်ချင်းတွေရယ်..လက်ဖက်သုတ်တို့ ကော်ဖီတို့ပို့ရင်း အတွင်းအပြင် ခြေဟန်လက်ဟန်နဲ့ ဆက်သွယ်အချက်ပြနေတဲ့ အဆောင်သူတွေကို ပြန်မြင်ယောင်ရင်း လွမ်းသွားတယ်..

မနော် ပြောသွားသလိုဆို.. ကေ လွမ်းအောင် လုပ်တယ်..:) ဒါပေမယ့်လည်း လွမ်းချင်နေတော့ ကေ့ ပို့စ်လေးတွေ ပြီးသွားမှာကို စိုးနေတယ်..

ATN said...

ပျော်စရာတွေနဲ့ အတူ လွမ်းစရာတွေရော ...
ရောနှောယှက်ထွေးလို့...

Moe Cho Thinn said...

တို့က စာရေးဆရာ မဟုတ်သေးပါဘူး ကေရယ်။ အဲဒီတုန်းကလဲ ခုလို ၀ါသနာပါလို့ စာတိုပေစ ကမြောက် ကခြောက်လေးတွေ ရေးတာပါ။ အဲဒီတုန်းက ကေနဲ့ မခင်ခဲ့ရတာ နာတယ်။ ဒါပေမဲ့ အဆောင်စွဲကြီးတဲ့ ကေက တို့ကို ခင်ပါ့မလား လို့။ ပါးဖောင်းဖောင်းကတော့ ဟုတ်ပါပြီ။ လူဖောင်းဖောင်းက ဘာတုန်း။ ;D

ဒဂုံဆောင် ပျိုးခင်း စာစောင်လေးလဲ တို့ မသိလိုက်ပါလား ကေ။ ပျော်စရာပါပဲလား။ ကေ့စာမူလေး ပြန်ဖတ်ချင်တယ်။ ခုထိ သိမ်းထားတာ ကြည်နူးစရာပေါ့။

အဆောင် ဒင်နာတွေလဲ တနှစ်မှ မတက်ဖူးလိုက်ပါဘူးကွာ။ ပျော်စရာကောင်းတာတော့ အမြဲသိနေခဲ့တယ်။

နုသွဲ့ said...

အခန်းဆက်တွေကို တထိုင်တည်း လာဖတ် ငေးမော တွေးတောသွားပါတယ်။ နောက်ထပ် အများကြီး ဆက်ဖတ်ချင်ပါသေးတယ်။

မေငြိမ်း said...

အင်း ဇာတ်လိုက်တွေ ပိုစုံစုံပါလာလို့ထင်ပါရဲ့.. ဒီတပုဒ်က ပိုဖတ်လို့ ကောင်းလာတယ်.. :)

tin min htet said...

ဇာတ်လိုက်တွေက လှည်းတစီးတိုက် ဖြစ်လာပြီ။ စောင့်မျှော် အားပေးနေပါတယ်။

ချိုသင်းကို လူဖောင်းဖောင်းလေး ဆိုတာတော့ ဘယ်ကောင်းမလဲ။ ခပ်လုံးလုံးလေးဆို တော်သေးရဲ့ :P

စိုးစိုးနဲ့ ကဗျာစာအုပ် ထုတ်တဲ့ အာအိုင်တီက ကောင်တွေဆိုတာ ကျွန်တော်တို့ ပဲလေ။ တီချယ်မေငြိမ်းလဲ ပါတာပေါ့။ ၀ယ်ပြီး အားပေးတယ်ဆိုလို့ ကျေးဇူးပါပဲ :)

ကျန်တဲ့သူတွေကတော့ နာမည်ရင်းတွေပဲ။ လင်းဦးမောင် ဆိုတာတော့ နာမည်ရင်း မဟုတ်ဖူး ထင်တယ်နော်။ (သူက ဒီဇာတ်လမ်းမှာ ဇာတ်လိုက် ဖြစ်မှာလား မသိ။)

MANORHARY said...

ကေရေ
ဆက်လွမ်းအောင်ရေးပေးလို့ကျေးဇူးပါနော်။
အဆောင်မှာသီချင်းတွေလာဆို လ္ဘက်သုတ်ချပေး ရေချပေးနဲ့ ပျော်ခဲ့ရတဲ့ညတစ်ညအကြောင်း သတိရလိုက်မိသေးတယ်။
ိစိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ် ဆိုတဲ့အတွက်
မန္တလေးဆောင်လောက်ထိပဲထင်ပါတယ်နော်
UFL ထိတော့သယ်မလာလောက်ဘူးထင်တာပဲး))
တို့လည်းကေ့ဝတ္ထုထဲကဇာတ်ကောင်ဖြစ်ချင်လို့ပါး))

:P said...

ပုံတွေကို ကလစ်ပြီး အကြီးချဲ့ကြည့်တာ မရဘူး အစ်မရေ....။

ရွှေရတုမှတ်တမ်း said...

ဓါတ်ပုံထဲကလက်ရေးက မကေ လက်ရေးလား
ဒီလိုဆိုရင် ငါ့ နှမ ကစာရေးကောင်းသလို..
လက်ရေးလဲလှတာပဲ....
လူကတော့..??????? :)))

မေ့သမီး said...

အမရေ ဆက်ရေးပါနော်။

အိန္ဒြာ said...

ရေးပါ မကေရယ်...

ဆက်ရေးပါ...

တကယ့်ကျောင်းသားဘ၀ရဲ့ အပူအပင်မရှိလွတ်လပ်ပျော်ရွှင်နေကြတာတွေနဲ့...
စာပေအနုပညာကို ၀ါသနာပါရူးသွပ်နေတဲ့
တက္ကသိုလ်ကျောင်းသူပေါက်စမလေးရဲ့..စိတ်အစီးအဆင်းတွေက ပြေပြစ်လှပလွန်းနေတယ်...

စကားပြေလှလှလေးတွေ မဖတ်ရတာကြာပြီ..
စိတ်အဆာတွေပြေလိုက်တာ...
ကျေးဇူးတင်လိုက်တာ

ချစ်ခင်လေးစားစွာ

နှင်းနဲ့မာယာ said...

မကေရေ
ဒီတစ်ပုဒ်က ပိုကောင်းလာပီ...
မကေရဲ့ အခန်းဆက်ဝတ္တုရှည်က အရှိန်ရနေပီနော်...
ဆက်ရေးမယ့် စာတွေကို စောင့်နေတယ်နော်...

နှင်း

Rita said...

ချစ်စရာ autobiography ကလေး။

Dr. Yi Yi Win said...

ကလောင်နာမည်ကို K (အင်းလျား) လို့ စောစောတည်းက ပေးလိုက်ပြီးရောပဲ။ တို့ ဆိုရင် ယုဝတီ ဆောင်လေးတစ်ခုနေဖူးတာကို ယူသုံးပစ်လိုက်ကော။
ပျော်စရာ ကျောင်းသားဘ၀ကတော့ စာဖွဲ့ လောက်စရာမရှိသလောက်ပါပဲ။ အားကျမိတယ်။

ကိုလူထွေး said...

ဒါနဲ့ လက်ဘက်သုတ်ထဲမှာ တစ်ရှုးတွေ ဆံစတွေက တကယ်ပါသွားတာလား...

းဝ)

kay said...

မသိဂီင်္-ဒင်နာအကြောင်း ပါမှ ဖြစ်မှာပေါ့..ဒါနဲ့..မ-က.. ရန်ကုန်ကဟုတ်.. သဇင်မှာ တမင် သွားနေတာလား..။ ( စပ်စု)း))

ကိုအောင်သာငယ်- ဘ၀ ဆိုတာ..အဲလိုပဲလေ.. အထွေးလိုက်ကြီး..း(

မချိုသင်း- အဲတုန်းက..မဟေသီ မှာ ပါနေပြီလေ.. မှတ်မှတ်ရရ- စိတ်တစ ( စိတ်တဇ္ဇ) ဆိုတာ..မ ရေးတာလား.. မ- အမ ရေးတာလား မသိ.. မှတ်မိနေတာ.. နောက်ပြီး..အတန်းရှေ့မှာ..မချိုသင်းကို တခါ မြင်ဖူးလိုက်တာ..အဲဒီ ၀တ်စုံလေး အတိုင်းပဲ.. ခုထိ မှတ်မိနေသေးတယ်.. ( ကောင်လေးတွေ ၀ိုင်းနေတာလေး တခုပဲ..၀တ္တုထဲ မပါတာ ) အင်း..အတန်းထဲကလဲ..ကောင်လေးတွေပဲ ရှိတာကိုး..နော်..း)
လူဖောင်းဖောင်းလေး ဆိုတာ..အကျီ င်္က.. အပွလေးမို့ထင်ပါတယ်.. ကိုတင်မင်းထက်ပြောသလို..လုံးလုးံလေး လဲ ဟုတ်တာပဲ..လုံခြည်မှာ..ဘောလုံးလေးတွေ..း)


မနုသွဲ့- ကျေးဇူးပဲ..ထွက်သလောက်တော့..ရေးဖြစ်မယ်ထင်တယ်..။

မမေငြိမ်း- အင်း..ဒီဇတ်လိုက်ဆရာမ နဲ့သာ..သင်ရလို့ကတော့..ဇတ်က..ဒီ့ထက်ပိုကောင်းမှာ..း)

ကိုတင်မင်းထက်- ဇတ်လိုက်တွေ ကျန်သေးတယ်..လှည်းတစီး နဲ့ မဆန့်လို့..ထော်လာဂျီ နဲ့တင်လာတာ..ကန်လန့်ကာ နောက်မှာ..စောင့်နေကြပြီ..း)
အဲဒီတုန်းက..ကဗျာစာအုပ်လိုက်လိုက်ရောင်းရင်..ထွက်ပြေး ရတာလေ.. စိုးစိုးကို မြင်ရင် ကြောက်နေရော..း)

မနော်- UFL ထိ ဆက်ရရင်တော့.. အမယ်မင်းးးးး
မနော် အကြောင်း..လှလှလေးတွေ အများကြီး ရေးပြီပီလေ.. UFL မှာ..ဗမာဝတ်စုံလေး နဲ့.. ထူးခြားစွဲဆောင်မူ ရှိပုံလေး..။ မရဘူး..မနော်ဆီမှာပဲ..ဇတ်လိုက်ပြန်လုပ်တော့မယ်.. ရေးပေး။း)

ဆင်ဆင်ရေ-..ဒီအတိုင်းလေးပဲ ထားလိုက်ပါတော့ကွယ်..ငါ့ညီမလေး..ဖတ်စရာတွေ များလို့..မျက်စိညောင်းနေမှာစိုးလို့..း)

ဦးရွှေရတု- လူကတော့လား... လက်ရေးလောက်ပါပဲလေ..း))

မေ့သမီး- ဆက်ပြီ..

အိန္ဒြာ..စိတ်အစီးဆင်း.. အင်း..ဟုတ်တယ်.. အဲဒီ အတိုင်းပဲ.. ကဗျာဆရာမ ရှာပေးမှ..တကယ့် စကားလုံးတွေ့သွားတယ်။ ကျေးဇူးပဲကွယ်..

နှင်း..ရီတာ-..ကျေးဇူးပဲနော်
ဆရာမ ရီ ကလည်း..ဒါဆို တခါတည်း..ယုဝတီပဲ လုပ်လုက်ပြီးရော.. ယုဝရီ ( ယုဝ--- ရီ ) ဘယ်လို အသံထွက်ရမလဲ.. မသိဘူး..း)

ကိုလူထွေး.. ဒါကတော့..ချင့်ယုံ.. :D

rose of sharon said...

လွမ်းစရာလေးတွေ လာဖတ်သွားတယ်ကေ

Nay Lin said...

ညနေခင်းရဲ့လေပြေထဲမှာ...
မင်းဆံနွယ်တွေတောင်ပံဖြန့်တဲ့အခါ..
ပန်းပွင့်ကလေးတွေရှက်သွေးဖြာ..
ကျေးငှက်ကလေးတွေတေးမဆိုတော့ပါ...
......
......
http://www.youtube.com/watch?v=da0fMtOWe0E

Dr. Yi Yi Win said...

အသံထွက်ရ ခက်ရင် “ရူးပြီ” လို့ သာလွယ်လွယ်ထွက်လိုက်တော့ကွယ်။ သိပ်ပင်ပန်းနေမှာကို အားနာပါတယ်လေ :D (စောစောစီးစီး ဒေါ်ကေကိုလာနောက်တာ)

Moe Cho Thinn said...

အော်...တို့ကို ကေ မှတ်မိတာ စိတ္တဇ တဲ့။ ဘုရား ဘုရား..အားငယ်လိုက်တာကွယ်၊ တခါမှ စိတ္တဇ ဆိုတာ မရေးဖူးပါဘူး။ ;D ။ စာတွေကတော့ ဆယ်တန်းစာမေးပွဲ ဖြေပြီးကတည်းက မဂ္ဂဇင်းတွေမှာ ဟိုတစ ဒီတစ ပါခဲ့တာပါ။

အကျီ င်္ဇာအဖြူလေးနဲ့ နက်ပြာရောင်ခံ အဖြူလုံးလေးတွေနဲ့ ထမိန်ကိုတော့ အဲဒီတုန်းက ၀တ်တတ်ပါတယ်။ ဖောင်းတာထက်စာရင် လုံးတာက တော်သေးတယ် မှတ်တယ်။ ကားလေးတွေ လုံးနေရင် မော်ဒယ် မြင့်လို့ ဆိုလား (ကြားဖူးတာပဲလေ..)

Nay Lin said...

ချိုသင်း..

၉၂..၉၃ လောက်ကဆိုတော့ လုံးကာမှလုံးရော
မော်ဒယ်နှိမ့်နေတာ ကြာလှပြီပေါ့...:)))))

kay said...

မနော်ဖော..လွမ်းစေ ---း)

ဆရာမ..ရူးပြီ.. ( အဲ.. ဘွာတေး) ယုဝရီး)

မချိုသင်း ရဲ့..တခြားစာတွေ လည်းဖတ်မိပါတယ်..ခေါင်းစဉ်နဲ့ တွဲမှတ်မိနေတာက..အဲဒါလေး..အဲဒီတုန်းက..မ တို့ ညီအမ တွေ.. အမေ ဆုံးတဲ့ အကြောင်းလေးတွေ ရေးကြရင်း..တော်တော်လေး ဖတ်ဘူးလိုက်တယ်လေ.. ခုန..စိတ်တစ က.. မိုးနှင်း လား ဘူလား မသိ.. ( မဟုတ်ရင်တော့..ဆောရီး ) နှစ်တွေကြာပြီ..ဒီလောက်ထိ မှတ်ထားရတာ.. အကျီ အဖြူဇာလေးနဲ့..လုံခြည်နက်ပြာဘောလုံးလေးတော့..မှန်ပါတယ်နော်..။ စာကို အချောပြန်သပ်တော့မှ.. လုံးလုံးလေး လုပ်လိုက်တော့မယ်..

ကိုမောင်လင်း ကလဲ.. ၉၂-၉၃.. မော်ဒယ်မြင့်တုန်းပါ.. ၀ိုင်းနေတာပဲ..း) အော်..ဆောရီး..အကိုကြီး မျက်စိလဲ မမှိတ်နိုင်..ခေါင်းလဲ မရမ်းနိုင်အောင်ကို.. ဖြစ်နေပီ..
စိုးလွင်လွင် သီချင်းလေး သာ..ငြိမ်ပြီး နားထောင်လိုက်..သက်သာသွားအောင်.. :D

Moe Cho Thinn said...

ဟုတ်ပါတယ် ကေရေ
မနှင်းရေးတာပါ။ မနှင်းက တို့ အမ အငယ်ပါ။ သူက ကဗျာလဲစပ်၊ စာလဲ ရေး၊ တို့ ညီအမတတွေထဲမှာ အရေးအကောင်းဆုံးပေါ့။ တို့က အညံ့ဆုံး။ :(

ကိုနေလင်း ... သီချင်းဆိုမှာ ဆိုနေတာ မဟုတ်ဘူး။ တွေ့ကြသေးတာပေါ့.. :))

သက်ဝေ said...

ကေ (အင်လျား) လေး...
တဆက်တည်းဖတ်ချင်လို့ နောက်တခေါက် လာဖတ်တယ်နော်...