ဂီတ မိုးကောင်းကင် အောက်က...ဂီတ မိတ်ဆုံ

ဖေ့စ်ဘွတ် ရဲ့ ကောင်းမူ လို့ ပဲ ဆိုရတော့မည်။ တနေရာ မှာ... စန္ဒယား အောင်ဝင်း ရဲ့ .. နှင်းပျောက်တဲ့ နွေ... လက်သံ လေး ကို..နားထောင် ပျော်ဝင် မိ ရင်း.... သူ ကိုယ်တိုင် အသေအချာ စုဆောင်း တည်ဆောက် ထား တဲ့... ဂီတ ရိပ်မြုံ ၀ဘ်ဆိုဒ် လေး ဆီ ...ရောက် သွား မိ သည်။ 

အို..... အနုပညာ ရတနာ တွေ... အဆီ အနှစ် တွေ..။ 
မောင်ကိုကို... ရီရီသန့်... ၀င်းဦး..ကိုမြကြီး...မေရှင်..ပြည်လှဖေ.. ကိုသန်းလှိုင်....  ။ ကြာလေ ..ဟောင်းလေ.. ကောင်းလေ ဖြစ်တဲ့... ရှေး သီးချင်းကြီး တွေ.. ရှေးကာလပေါ် တွေ...။ တခု ပြီး တခု.. 
လျှောက်ဖွင့် ရင်း..နောက်ဆုံး မှာ..ကိုသန်းလှိုင် ရဲ့..  သီချင်း တွေ ပေါ် မှာ.. စိတ်ဝိညဉ် တွေ ကို.. အသာအယာ ဆင်းသက် နားခို လိုက် မိ တော့တယ်။

အချို ရှာနေတာ မဟုတ်သလို... သကာ အိုး ကြီး တွေ့ တာလည်း တော့ မဟုတ်ပါဘူး။ ဒါပေမဲ့..သေချာ တာတော့... အကြည်ဓါတ် ခမ်းခြောက် နေတဲ့ အချိန် မှာ... စိတ်ညွတ်နူး ဖွယ် စမ်းချောင်း အေးအေး လေး ထဲ... ရေဆင်းကူး လိုက် ရ သလို ပါပဲ...။  

ကိုသန်းလှိုင် သီချင်း တွေ နားထောင်ရင်း.. မေမေ့ ကို သတိရ လာ မိတယ်။ 

သူ တို့ ငယ်ငယ်က ဆို.. မေမေ လေ....ရေဒီယို မှာ..ကိုသန်းလှိုင် တို့.. မောင်မောင်ညွန့် တို့ လာ ပြီ ဆိုတာ နဲ့.. ရေဒီယို နား ပြေးကပ် သွား ကျယ်တော့ တာပဲ...။  ၆ နှစ်သမီး လောက် ဆို တော့.. နားမလည် တတ်...။ အိမ်မှာ အမြဲ လို လာလာ လည် တတ်တဲ့..မေမေ့ သူငယ်ချင်း ကျောင်း က..ဆရာမ တွေ က.. သူ့ကို ၀ိုင်းစ တတ်တယ်။ မောင်မောင်ညွန့်က.. နင့် မေမေ့ ရည်းစား တဲ့...။ အိုး..စိတ်တို လိုက်တာ..။ ဖေဖေ့ ကို.. လှမ်း ကြည့် တော့ လည်း.. သူ့ဖာသာ စာအုပ်တွေ နဲ့ အလုပ် ရှုပ် လို့...။ ဘာတွေ လည်း... ။ သူ.. စိတ်တို တာ ပဲ သိတော့ တယ်။ 

ခု နေ ပြန်တွေး တော့.. သီချင်းသံ ကြောင့်.. ညွတ်နူး နေတဲ့.. လူက.. အလိုလို ပြုံး မိ တော့ သည်။ 

ပြီးတော့.. ကြက်ဟင်းခါး သီး ..ကြိုက်တဲ့..မေမေ..။ ကြောင်လျှာသီး မီးဖုတ် ကို.. အရသာ ခံ စား တတ်တဲ့ မေမေ..။ ည..ည အိပ်ကာ နီး.. မျက်နှာမှာ.. နလိမ်ကျော် မြစ် မဲမဲ ပြစ်ပြစ် ကြီး တွေ ကို.. သူ ကိုယ်တိုင် လည်း လိမ်း.. ဖေဖေ့ ကို ပါ.. အတင်း လိုက်လိမ်း ပေး တတ် တဲ့.. မေမေ...။ အခု သာ ဆို..မေမေ.. Night Cream တွေ ၀ယ် လိမ်း မှာ ပေါ့ နော.. မေမေ..။ ဘာတွေ လုပ်နေမှန်း ကို မသိ ခဲ့ တဲ့.. မေမေ..။ 

ခု တော့... သူ လည်း.. ကြက်ဟင်းခါး သီး ကြိုက် တတ် ခဲ့ ပြီ။ ကြောင်လျှာသီး မစားရတာ.. နှစ် တွေ ချီ ကြာ ခဲ့ပြီ မို့... ဒီ တခေါက်..မေမေ့ ကို တွေ့ ရင်တော့.. ကြောင်လျှာသီး ကြော် အတူတူ စား ပြစ်မယ် လို့.. တေး နေ မိ သည်။ အသက် ၇၀ ကျော် တဲ့ အထိ...  ကိုသန်းလှိုင် သီချင်း တွေ ကို မျက်ရည် လေး တလည်လည် နဲ့.. နားထောင် တတ်တဲ့..မေမေ့ ကို.. သူ တို့ တွေ.. မလှောင် ကြ တော့ ဘူး လို့.. တိတ်တိတ်လေး.. တွေး နေမိ သည်။  

ဂီတ အနု ပညာ ဆိုတာ... အကန့်အသတ် မဲ့ တဲ့.. အဆုံး အစ မရှိ တဲ့.. ကောင်းကင် မိုးကုပ် စက်ဝိုင်း ကြီး မဟုတ်လား...။ ဘယ် အချိန်..ဘယ် နေရာ ကပဲ.. လှမ်း ကြည့် လိုက် .. ကြည့် လိုက်.. သူ့ ရင်ခွင် ကြီးက..ကျယ်လွင့် လို့... စွဲဆောင် လို့... ။ 

ကျမ တို့ ကလည်း ..ညွတ်နူး ဖို့.. အမြဲ အသင့် ရှိ နေ တော့တာပဲ မဟုတ်လား.....



++++++++++++++++


အနှစ် နှစ်ဆယ်သို့ ဂီတ မိတ်ဆုံ

Jul 29, 2009

…… ကိုယ်တို့ ငယ်ငယ် ဟိုအခါတုန်းက..ပြောမရ ဆိုမရ မိုက်ကြတဲ့ အခါတွေ... ချစ်သောဖေဖေ.... ချစ်သော မေမေ….. ဂရုဏာ ဒေါသော နဲ့ ရိုက်နှက်ဆုံးမတဲ့ အခါ..ကျတဲ့ မျက်ရည်.. မျက်ရည်..မျက်ရည်..အသဲ ဘ၀င်မှာ ...မနာတတ်သော အရွယ်ပေ…-

မီးပူ ခလုပ်လေးကို cool အထိ တွန်း ပို့လိုက်ရင်း..အ၀တ် နောက် တတည်ကို ဆွဲယူ ပြီး အ၀တ် လျှော်စက်က ကပ် ပါ လာတဲ့ အမှုန် လေးတွေကို ကပ်ခွာ ဖိလုံးလေး နဲ့ အသာ ကပ် လိုက်သည်။ ပါးစပ် ကတော့..VCD Player ထဲက ထွက်ပေါ် နေတဲ့..မာမာအေး ရဲ့ သီချင်းသံ ကို အမှီ လိုက်ဆိုရင်း.. စိတ် တွေက..ကြည်ကြည်နူးနူး နွဲ့နွဲ့ ပျောင်းပျောင်း။ ဂီတ က..လူ့ စိတ်ကို နူးညွတ်ေ စတယ် ဆိုတာ.. အကြိမ်ကြိမ် အထပ် ထပ် ထောက်ခံ နေ မိတယ်။ နူးညွတ် တယ် ဆိုတဲ့ အဓိပ္ပါယ် ထဲမှာ..၀မ်းနည်း တာတွေ..သတိရ တာတွေ..ကြည်နူး တာတွေ..အားလုံး ပါဝင် နေ သလို ပါပဲလေ..။ အခုပဲ.. သီချင်းလေး ထဲမှာ..ငယ်ဘ၀ တွေ.. ပြီးတော့..လက်တွေ့  ဘ၀တွေ..

-
....ခုတော့ မှလေ..သူနဲ့  တွေ့ရင်..မငြိုငြင်  ပါဘူး..မငြူစူ ပါဘူး..သို့သော် လဲ လေ.. အလိုလို ၀မ်းနည်း တတ်တယ်လေ..သူ့ကို တွေးနေ.. သတိရ နေတိုင်း.. မြမျက်ရည်..ပုလဲ မျက်ရည်..စိမ့်စမ်းသွယ် မျက်ရည်..သို့သော် အစဉ် ပူနွေးနေ..





Share/Bookmark

11 Comments:

ရွှေရတုမှတ်တမ်း said...

သိတ်လွမ်းလေ့ လွမ်းထ မရှိတာရယ်..အချစ်ဆိုတာကို သိတ်အလေးအနက်မခံစားတတ်တာရယ်( တယောက်ပစ်သွားတော့ နောက်တယောက်အသစ်ရတာပေါ့ စိတ်က အမြဲလိုဖြစ်တတ်တော့) အကိုတွေ ဆွေးဆွေးမြေ့မြေ့ တရှိုက်မက်မက် ကြိုက်ကြတဲ့ ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ စန္ဒယားထွန်းညွန့်၊ မောင်မောင်ညွန့် ၊ရေနံ့သာစိုးလှိုင်တို့ကိုကိုမြကြီးတို့ ကိုမင်းနောင်တို့မောင်မောင်ကြီး တို့လို မကြိုက်တာအမှန်..ခုလဲမကြိုက်ပေါင်..၊ ချွဲချွဲပစ်ပစ်ဆိုနေတာကြားရင် စိတ်ကုန်လွန်းလို့..ဂီတနက်သန်ကိုစောညိန်းသီချင်းတွေဆို လူတွေ သိတ်ကြိုက်ကြတာကို ကိုယ်ကသိတ်ခံစားလို့မရဘူးဖြစ်နေတာ..သူတို့ကငိုပြလေ..ကိုယ်က ဟာသ အနေနဲ့အတွေးတွေပေါ်လာလေပဲ..

kay said...

ကိုယ့် အကိုကြီး ချွဲ၂ ပြစ်၂ တွေ မကြိုက်မှန်း သိတယ်လေ..။

( နို့....နေအုံး )
တို့ အကိုကြီး ကြိုက်တဲ့..ချွဲပြစ်၂ ဘလော့ တခု တော့ တွေ့မိနေပါလား။

ဒါ...ဒါ...
သိချင်တဲ့ သူ.. မေးလ် နဲ့ မေးပါ..။ လင့် ပေးပါ့မယ်း))

Nge Naing said...

မကေရေ အကြိုက်ချင်းတော့ တူနေပြန်ပြီ။ ကျွန်မအမေတော့မဟုတ်ဘူး ကျွန်မထက် ၁၀ နှစ်ကြီးတဲ့ အစ်မတယောက်ဆို ကိုတင်လှိုင်တို့ ကိုသန်းလှိုင်တို့သီချင်းကို ရေဒီယိုမှာ အမြဲနားထောင်တတ်လို့ ကျွန်မလည်း သူတို့ခေတ်က သီချင်းတွေကိုပဲ စွဲသွားတယ်။

လင်းဒီပ said...

ကိုသန်းလှိုင်တချို့သီချင်းလေးတွေတော့ နားထောင်ဖူးတယ် ...။

mks said...

ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ မောင်မောင်ညွန့် ၊ တွံတေးသိန်းတန်။ ကိုမြကြီးတို့ မောင်မောင်ကြီး ကြိုက် .. စိုးပိုင် သိန်းတန် သန်းနိုင် ဘိုဘိုဟန် စိုင်းထီးဆိုင် ကြိုက် ခင်ညွန့်ရည် ပြန်ဆိုတွေလည်းကြိုက် .. ဘဓရ ကွင်းဆင်း .. camp မှာ ဓါတ်ခဲရေဒီယို လေးဖွင့် လို့ ကိုတွံ သီချင်း လာတာ ကြုံရင် အဲဒီနေ့တော့တန်သွားပြီ ..

Sonata Cantata said...

ဂီတ ရိပ်မြုံ ၀ဘ်ဆိုဒ် လေး ဆီသွားလိုက်တယ်။
ဒီကလည်း ချက်ရင်းပြုတ်ရင်း လှီးရင်းချွတ်ရင်း ပါးစပ်ထဲ ရောက်လာတဲ့ သီချင်း ဆိုလိုက်တာပဲ...

♫♪ အိမ်တော်ရာ စေတီဦး အတူဖူးလည်း အားမရနိုင်ပေါင် ♪♪
♫♪ ရန်ကုန်လာ ရွှေတိဂုံဘုရား အတူဖူးဦးမတဲ့ ပြောတဲ့ မန်းမောင်မောင် ♪♪

♫♪ မန္တလေးကျုံးရေ မခမ်းသရွေ့ချစ်မယ် တကယ်စကားတတ်တဲ့ မန်းမောင်မောင် ♪♪
♫♪ မန္တလေးကျုံးရေ မခမ်းသေးပဲလေ ~~ မင်းရဲ့အချစ်တွေ ခမ်းပလား မန်းမောင်မောင် ♪♪

တာဆွိ

စူးနွယ်လေး said...

မောင်...မျှော်မှန်းမိလွမ်းတော့တယ် အချစ်ရယ်
အို...နေ့တိုင်းပဲ ချစ်စိတ်တွေ ၀ဲလည်
အသက်ပေးချစ်သူကို မှာချင်လှတယ်...

ဒီသီချင်းတွေ ပြန်ရချင်နေတာကြာပြီ
ကျေးဇူးပဲ ကေ....:)

Mi Tay 4 said...
This comment has been removed by the author.
Mi Tay 4 said...

ကေ့အမေနဲ့ တို့အမေတူလိုက်တာနော်...တထပ်တည်းပဲ။

Moe Cho Thinn said...

တို့အမေက မေရှင် ကြိုက်တာ၊ အဖေက ကိုစောညိန်းတို့ ကိုသန်းလှိုင်တို့ ကိုမြကြီးတို့ ကြိုက်တာ။ ဂီတအနုပညာဆိုတာ အဟောင်းမှ အသစ်မှ မဟုတ်၊ ကိုယ့်စိတ်ကို ညွတ်နူးနိုင်လို့ နားထောင်ရတာ ကြည်နူးမိတာပေါ့။ သီချင်းကြိုက်တဲ့သူဟာ စိတ်နူးညံ့တယ်လို့ သိဖူးတယ်။

တို့ကိုကြီးကျောက်က ခုပေါ်တဲ့ အသစ်ကလေးတွေ ကြိုက်မှာပေါ့။ ရွယ်တူတွေကိုး။ တို့ကိုကြီး ကျန်းမာလို့ ကြိုက်တာ ကြိုက်ပါစေ။ :)

Kyaw Myat Thu said...

ကျေးဇူး တင်ပါတယ်ဗျာ။. ကျွန်တော့်အတွက်လည်း တစ်ကယ့်ကို ရတနာ သိုက်ကြီးပါပဲ။

အမှိုက်များလာလေ. ရတနာဆိုတာကို ရှာရခက်လာလေ၊ ရှာရခက်လာလေ. အဲဒီ ရတနာက တန်ဖိုး ပိုတက်လာလေ ပါပဲဗျာ။