အင်အားမတူ တဲ့ ငှက် ကလေး များ


စင်ကာပူ က..သူငယ်ချင်း ပို့ ပေး လိုက် တဲ့.. တီမာဆပ် ပိုလီ ကျောင်း ရဲ့..၁၀ ကြိမ်မြောက် သင်္ကြန် ခွေ ကို... ကြည့် ပြီး သွားတော့..ထုံးစံ အတိုင်း..လူငယ်တွေ လုပ်တာ..တော်လိုက်တာ လို့..ချီးကျူးရင်း.. တကူးတက ပို့ပေး တဲ့..သူငယ် ချင်း ကိုလည်း..ကျေးဇူး အထူးတင် နေ မိ တယ်။

တီပီ သင်္ကြန် ဆိုတာ ..စင်ကာပူ မှာတော့..နံမယ် ကြီး ကိုး။ တကယ်လည်း..လက် ဖျား ခါ လောက် အောင်..လုပ်နိုင် စီစဉ် နိုင် ကြတဲ့.. ဗမာ ကျောင်းသား တွေ ပါ။ ဂုဏ်ယူ ကျေနပ်စရာ အတော် ကောင်းပါတယ်။ ကြုံ ကြုံ ကြိုက် ကြိုက် ..၂၀၀၅ ပွဲ ကို တော့..ကိုယ်တိုင် ကြည့်ခဲ့ ဘူးတယ်။ ဒါတောင် ညီမ တွေ က..လက်မှတ် ကြိုဝယ်ပေး ထား လို့။ သူက..ကြည့်ချင်တိုင်း ကြည့်လို့ ရတာ မဟုတ်။ အစော ကြီး ကြိုဝယ် ရတာ။ အဲဒီ တုန်းက..ညီမ တွေ ခေါ်သမျှ.. Nee Ang သင်္ကြန်.. NYP သင်္ကြန် အကုန် လိုက် ကြည့်တာပဲ။

အဲလို နဲ့.. ဆယ်စု နှစ် တ ခုလောက် မျိုးဆက် ခြားတဲ့..လူငယ် တွေ ကြား ထဲ မှာ.. ကန့်လန့်--- ကန့်လန့်နဲ့..ပါသွား ရော ဆိုပါတော့။ တီပီ ကျောင်းဝန်းကြီး ကလည်း..တော် တော် သားနား ကျယ် ပြန့်တယ်။ ပိတ် ရက် ဆိုတော့ လည်း..ကျောင်းဝန်း တခု လုံးမှာ..ဒီသင်္ကြန်ပွဲကို လာတဲ့..ဗမာ လူမျိုး တွေ ချည်း ။.. အော်- ဒါ..ဗမာပြည် ပဲပေါ့.. ဗမာ ပြည်က..တက္ကသိုလ် ၀န်း ကြီး ပေါ့ ဆိုပြီး တစက္ကန့်လောက် က လေး တောင်..တွေး လို့ ကောင်းသား။ ဗမာပြည် မှ တကယ့် ဗမာပြည်။ ကျောင်းသူ လေး တွေ ကလည်း..အရောင်စုံ အသွေးစုံ ဗမာ တိုင်းရင်းဖြစ် ၀တ်စုံ လှလှ လေး တွေ..အပြိုင် ၀တ်လို့ လတ်မှတ် ကလေး တွေ သိမ်း ရင်း..ဧည့်ခံ ကြိုဆို ။ ကျောင်းသား လေးတွေ ကလည်း.. ဆိတ်ခွံပုဆိုးလေး တွေ နဲ့..တိုက်ပုံ ဖြူ ဖြူ လေး တွေ ကိုယ်စီ.. ဝေါ်ကီ တော်ကီ တွေ နဲ့.. အထဲကို လှမ်း ပြော လိုက်.. အပြင်က.. ပွဲကြည့်ပရိသတ် ကို စီစဉ် လိုက် နဲ့။ အားလုံး ဟာ..တက်ကြွ လန်းဆန်း လို့။ အင် အား တွေ ပြည့်လို့။ ငယ် ဂုဏ် လေး တွေ နဲ့.. တင့်တယ် နေတဲ့..သူတို့ မျက် နှာ တွေက.. ဆရာမ ရှေ့ မှာ သိသိသာသာ လိမ္မာ ပြ နေတဲ့..ကလေး လေး တွေ နဲ့ တောင်.. ပိုတူ နေသေးတော့။ အဖေ အမေ တွေ လည်း လာ ကြ တာ ကိုး။ လူကြီး တွေ လည်း အများကြီး တွေ့ ရတယ်။ စင်ကာပူ မှာ တော့..ပါတိတ် ထမိန် နဲ့.. ဘီးဆံထုံး နဲ့..အမျိုးသမီး ကြီး တွေ မြင် လည်း..သိပ် မထူး ဆန်း တော့ ။

သူတို့ Auditorium ကြီး က..တော် တော့်ကို ကောင်းပါတယ်။ ပွဲကြည့်စင် တွေ လည်း ..ပရိသတ်က..အပြည့်..။ အလယ် လျှောက်လမ်း တွေ မှာ လည်း.. ငုတ်တုတ် လေးတွေ..တန်းစီ လို့ ။ အစီအစဉ် တခု စီ တိုင်း ကလည်း..ပြောစရာ ကို- မရှိ။ ယိမ်း ဆို လည်း ယိမ်း မို့။ ပြဇတ် ဆို လည်း..ပြဇတ် ပီပီ ပြင်ပြင်။ အကောင်းဆုံး ကတော့..ဗမာ့ဒိုးပတ် သံချပ် ပါ ။ ဗမာ ပြည် ရဲ့ လက်ရှိ ခေတ် စနစ် ကို သရော် တဲ့ အတိုင်အဖောက် လေး တွေက.. ပွဲကြည့်ပရိသတ် ရဲ့..ဟဒယ ကို ထိထိ မိမိ..ထိုးဆွ နေ တော့ တာပဲ။ တ၀ါး ၀ါး တဟား ဟား။ ရှေ့ဆုံး တန်း မှာ ထိုင်ကြည့် နေတဲ့..အထူး ဧည့်သည် တော်- ဗမာ သံရုံး ၀န် ထမ်းတွေ လည်း.. မချိသွားဖြဲ လေး တွေ တဟဲဟဲ နဲ့။ တကယ့် ပညာ သည် တွေ လောက်ကို .. လုပ်ပြ နိုင် ကြတဲ့.. ဗမာ ကျောင်းသား တွေပါ။ ဘယ်သူ မှ- မချီးကျူးပဲ မနေနိုင် ပါဘူး။

စင်ကာပူ မှာ ကလည်း..နောက်ကွယ် က...ပံ့ပိုး နိုင်တဲ့..ငွေအား လည်း ရှိ..ပညာသည် လည်း များ..ပစ္စည်း ပစ္စယ လည်းစုံ.. ဆိုတော့..တကယ့်..ယဉ်ကျေးမူ ကဇတ် ကလုပ်တဲ့..ပဒေသာပွဲ မျိုး ထက်တော့.. သိပ် မလျော့ပါဘူး။ ဒါတောင်..အဲဒီ တုန်းက..ပြ ဇတ် ထဲမှာ..ဇော်ဂျီ ဇတ် ကောင် ကို..အနီးကပ် မှ..ကောက်ထဲ့လိုက်တာ..၀တ်စုံရှာ မရ လို့.. ညီမ လုပ်သူ က တဆင့်..အကူအညီ တောင်းတာ နဲ့..ညတွင်းချင်း..အားချင်း..ဇော်ဂျီ ၀တ်စုံ တထည်..ကိုယ်တိုင် ချုပ်လုပ်..အားဖြည့် ပေး လိုက် ရ ဖူးတယ်။ အမှတ် တရ ပေါ့။

အခု ကြည့် ရတဲ့.. ၁၀ နှစ် မြောက် ပွဲ မှာ လည်း..ပါ နေကျ..သင်္ကြန် ယိမ်း ဆန်းဆန်း လေး တွေ ရယ်.. ဟာသ ပြ ဇတ် တွေရယ် အပြင်..ကျ ကျ နန ရှိလှ တဲ့..စံတော်ချိန် မြန်မာ အက..။ နောက်ခံ မြန်မာ့ ဆိုင်းဝိုင်း သံ က..တော် တော် မြိုင်ပါတယ်။ မြန်မာ့အသံက..မနက် ၈ နာရီ လာတဲ့..စိန်ဗိုလ်တင့် ရဲ့..တီးလုံး ဆန်းလေး ကို..လက်ချိုး ခြေချိုး ခပ်သွက် သွက် ဟန် နဲ့..တင်ဆက်ထား တာပါ။ စင် နောက် မှာ- မြန်မာ့ ဆိုင်းဝိုင်း ကြီး ကို ခမ်းခမ်း နားနား ဆင် ထားပေမဲ့.. ဒီ တီးလုံး ကတော့.. live ဟုတ်မဟုတ် မသေ ချာ ဘူး။ ဒီ နှစ် တိုင်း ရင်းသား အက အတွက် ထဲ့ တဲ့..ကရင် ရိုးရာ ကြိုးချည် အက - ကလည်း..အတော် ကောင်းပါတယ်။ ကရင် ဒုံး အက သာ...ခဏ ခဏ ကြည့်ဖူး ပေမဲ့..ကြိုးချည် အက - ကတော့..ဒါ ပထမ ဆုံးပဲ။ ဒီအစီအစဉ် တွေ ကိ..နောက်ကွယ် က နေ ပါဝင် ကူညီ ပေး နေ တဲ့- သူငယ် ချင်း က..ချက်တင်းမှာ ပြော ပြ တယ်။ များသော အားဖြင့်..ကြိုးက.. ချည်လို့သာ ရပေမဲ့..ပြန်ဖြေ တဲ့ အပိုင်းက..လူတိုင်း မလုပ် နိင် ကြ ဘူးတဲ့။ ခုတော့..အင်ဂျင် နီယာ ကျောင်းသား တွေ မို့ လား မသိ- ကောင်းကင်က..ကျ နေတဲ့..ကြိုးရောင်စုံ ၁၂ ချောင်းကို.. ကောင်လေး ၆ ယောက်..ကောင်မလေး ၆ ယောက် - တစ စီကိုင်ပီး... သေချာ တွက်ချက် ပြီး..က ကွက် အ ကျ အန တွေ နဲ့ .. ချည်သွား..ဖြည်သွား လိုက် တာ.. ရင်သပ် ရှုမော ပဲ- တကယ်။ အတော် တိုက်ယူ ရမယ် လို့..လူတိုင်း ကထင်ပေမဲ့..၆ ခါ ပဲ..တိုက်ခဲ့တာ ဆိုပဲ။

တီပီ ကျောင်းသား တွေရဲ့..နံမယ် ကျော် သံချပ် မှာ တော့- ပါ ၀င်နေ ကြ.. တကယ့် talented ကျောင်းသား ဟောင်း ကြီး တွေ က..ဦး ဆောင် တာ ကို တွေ့ ရတယ်။ စင်ကာပူ မှာ ကျောင်းတက် နေ တဲ့..ဗမာ ကျောင်းသား တွေ..ရန်ကုန် ပြန် ရင်း.. ပြည်တွင်း တက္ကသိုလ် က..ကျောင်းသားအုပ် နဲ့..တွေ့ဆုံ ချေပ ငြင်းခုံ ကြ တဲ့ ဟန်လေး ပါ။ ထုံးစံ အတိုင်း..ဒီ ဖက်က..စလုံးက..ကောင် တွေ ရန်ကုန်ပြန်လာ ပြီး..ထောင့်မကျိုး ဘူး ပေါ့။ စလုံး က..ကောင်တွေ ကလည်း..တော ကြီး မျက်မည်း ထဲက..ကျောင်းသား တွေ ပေါ့..ဘွဲ့တွေ ပေါ ပေါ သော သော ရ နေတယ် ..ဘာ ညာ ဆို တော့..ကြည့်ရင်း..နဲ နဲ လန့်သွားတယ်။ ဟဲ့..ဟုတ်မှ လည်း လုပ်ကြပါ - အကုန် စိတ် ၀မ်း ကွဲ ကုန် တော့မယ် လို့..ထင့် ကနဲ ဖြစ် နေတာ- နောက် ဆုံး မှ- သူ့ရဲ့ ရည် ရွယ် ချက် ကလေး က.. ဗမာ ကျောင်းသား တွေ - အခြေအနေ မတူ..သင်ကြား ရာ နေရာ ဌါန တွေ မတူ ကြပေမဲ့.. ဗမာပြည် ကိုချစ်တဲ့..ရင်ခုန်သံ တွေ တူ ကြဖို့.. တယောက် နဲ့တယောက်..နားလည် ဖေးမ ကြဖို့ ဆို တဲ့.. Theme လေး နဲ့..အဆုံး သပ် လိုက် မှပဲ.. ဟင်း...အင်း....ဆို ပြီး...။

စလုံး မှာ ကျောင်း တက် ကြ တဲ့..ကလေး တွေ အကြောင်း..တော် တော် တန် တန် သိ ထား ဘူး တာ ဆို တော့ လည်း.. သူတို့ရဲ့..စေတနာ တွေ အရည် အချင်း တွေ ကို နားလည် ပေမဲ့..တကယ့် လက်တွေ့အပြင် မှာ ..ဖြစ်ပျက် ကွာခြား နေ တဲ့.. ဗမာ လူမျိုး တွေ ရဲ့..ပြည်တွင်း - ပြည်ပ ဆို တဲ့.. အဟ လေး ကို လည်း..ရင် နာ နာ နဲ့မြင် နေ ရ ဆဲပါ ပဲ ။


အဲဒါ နဲ့..လက် ထဲ ကို ရောက် နေတာ ကြာ ပြီ ဖြစ်တဲ့.. ရန်ကုန်မြို့ပြင် နည်းပညာ တက္ကသိုလ် တခု က..ကျောင်းသားလေး တွေ..စု ထုတ်ထားတဲ့..ကဗျာ စာအုပ် ကလေး ကို..ပြန် ရှာ မိ တယ်။ အဲဒီ မှာ - ကဗျာ လေး တပုဒ် က..ရင် ထဲကို..နာနာ ကျင်ကျင် စူး ၀င်သွားတယ်။





ကျောင်းသား လေး တွေရယ်... မင်း တို့ ရင် ထဲ က..နာကျည်းချက် တွေ ကို.. ငါတို့ လည်း..ဘယ်လောက် တောင် နာနာ ကျင် ကျင် နားလည် နေ ရ တယ် ဆိုတာ..သိ လိုက် ကြ ပါကွယ်။ မင်း တို့ ရဲ့..စိတ် အချဉ် ပေါက် မူ တွေ ကိုရော..ဘယ်လို အချို တွေ နဲ့..ကျောသပ် ၀မ်းချ ပေး ရ မလည်း။

ခု တော့..လူလုပ် ဖို့ တောင် မလွယ် လွန်း လို့.. နေ့ခင်းကြောင် တောင်.. အနောက်ပိုင်း တက္ကသိုလ် ရဲ့.. ကန်တင်း ထဲမှာ..နေ့လည်စာ စား နေ တဲ့..ကျေင်းသူ မလေး..မြွေကိုက် ခံ ရရင်း..ရေ တိမ် နစ် ခဲ့ ရပြီ။


မနက် ခင်း..ဝေလီ ဝေလင်း ထဲက..ထပြီး..ရန်ကုန်မြို့ ကြီး နဲ့ ဝေးရာ ကိုခေါ်သွားမဲ့..ဖယ်ရီ ကားကြီး တွေ ပေါ် ကို..အချိန်မီ လုတက် ရ တဲ့..မင်း တို့ဘ၀ တွေ။ ပင်နီ မပြော နဲ့..တခါ တလေ..ကျောင်း ၀တ်စုံ ပေါ် မှာ- အနွေး ထည် လေး တောင် ထပ် ၀တ်ခွင့် မရှိ တဲ့.. မင်းတို့ အသွင် အပြင် တွေ။ လယ် ကွင်းပြင် ထဲ မှာ..အထီး တည်း ရှိ နေတဲ့.. သစ်သား ဆောင် ယိုင်နဲ့နဲ့ တွေ ပေါ် မှာ- အဓိပ္ပါယ် မဲ့ စွာ..အိပ်ငိုက် နေ ရ တဲ့..မင်းတို့ စာသင် ချိန် တွေ။ ဘယ်လို ပညာရှိ- မဟာ- သုခမိန်- ပါရဂူ- ၀ိဇ္ဇာ အကျော် တွေ ကများ.. ဘယ်လို ညဏ်ရည် နှလုံးသား နဲ့..လူငယ် တွေ ရဲ့..ဘ၀ တွေ ကို..သင်းကွပ် ဖို့ ကြံစည် ရက် သလည်း။

ဒါပေမဲ့..မင်းတို့ တွေ ဟာ- ဘယ်တော့မှ..အညွန့် မကျိုး တဲ့..ချိုးလို့မရ တဲ့.. လူငယ်တွေ ပါ။ မင်း တို့သိတယ်။ နားလည် တယ်။ ဒါတွေဟာ..ဘာတွေ လည်း ဆိုတာ။ ဟောဟို ကဗျာရှင်လေး..က..ကဗျာ ရဲ့ ဒေါင့် မှာ- ဒီလို ဆို ထား သေးတယ်။

စုတ်ပြဲ ပျက်စီး နေ သော
အမိုးတခု အတွင်း မှ
ငါတို့..ရုန်းထွက် ဖို့ လို ပြီ...

ကဲ- ရုန်းထွက် ကြ ပါတော့ကွာ။ ရုန်းထွက် နိုင် ကြ ပါစေ ကွာ။ တနေ့မှာ တော့..အင်အား အပြည့် နဲ့ ပျံသန်း နေတဲ့.. ငှက် တွေက.. အင် အား မဲ့ နေ ခဲ့ တဲ့..အမျိုးတူ ငှက် ကလေး တွေ ကို..ပြန်လည် တွဲ ခေါ် ဖေးမ လို့- သူ တို့ ကလည်း.နားလည် ...ကြည် ဖြူ စွာ.. လက် တွဲ လို့...အတောင် တွေ ယှက် လို့....။


Share/Bookmark

12 Comments:

ဇနိ said...

နောက်နားလေးရောက်တော့ ရင်မောတယ်..
တကယ့်ကိုမောတယ်..

အောင်သာငယ် said...

အင်း....
ဒီနေရာမှာ လူလုပ်ဖို့တော့ တကယ့်ကို ခက်ပါတယ်....

မကေရေ့ ဒီလို စာကောင်းလေးတွေ ဖတ်ရတာ ကျေးဇူးပါ.

pandora said...

ငှက်ကလေးတွေလည်း တချို့က လှောင်ချိုင့်ထဲမှာ တချို့က အတောင်ကျိုးကြေ ဒဏ်ရာတွေနဲ့ တချို့က သိုက်မြုံနဲ့ဝေးရာကို ပျံသွားကြ တချို့က လေပြင်းနောက် ပါလိုပါ ပေါ့။ ကိုယ်ပိုင်တောအုပ်မှာ ငှက်တွေအုပ်ဖွဲ့ ပျံသန်းခဲ့တဲ့ ရာသီချိန်ကို သတိရမိတယ်။

Moe Cho Thinn said...

တပုဒ်ဆို ဆိုသလောက် ကောင်းပါတယ် ညီမရေ။
အမြဲအားပေးလျက်ပါ။

Ko Paw said...

ဒီပို့စ်က ရင်ထဲကို ထိတယ်ဗျာ။ ကျနော့်ဘလော့ဂ်မှာ ပို့စ်ကို ညွှန်းထားလိုက်ပါတယ်။

ဖုန်း မြင်. said...

ဘယ်လိုပြောပြရမလဲဗျာ...
ဒီလောက်ဖိစီးလွန်းပြီး စီးမိုးထားတဲ့အရာကို
စုတ်ဖြဲ ၊ကန်ကျောက်၊ချေမွ ၊ဖျက်ဆီးပစ်လိုက် ချင်တာပါပဲဗျာ....။

Kay said...

အမြဲအားပေးတဲ့..ကိုဇနိ နဲ့
ကိုအောင်သာငယ် ရေ- ကျေးဇူးပါ။
ပန် ပန် ကတော့.. ကဗျာဆန်ဆန် ပေါ့လေ။း)
မမိုးချိုရေ- အရမ်း မမြှောက် နဲ့။ စီနီယာ တွေ ကို- မမှီသေးဘူး။
ကိုပေါ - အခု လို.. ဖတ်သင့်တဲ့စာ တပုဒ် အဖြစ်..ဝေ မျှ ပေး တာ..အထူး ၀မ်းသာ ပါတယ် နော်။
မောင်ဖုန်းမြင့် လည်း.. ဘလော့ ဖောက်သည် အသစ် တယောက် ဖြစ် သွား ပြီ။

ခင် မင် လျက်-

Anonymous said...

အင်အားမဲ့ ပြန်သန်းခြင်း ကို အရမ်းခံစားရပါတယ်။ ကိုယ်ကိုတိုင်လည်း ကြုံခဲ့ ရတယ်။ ဘာဖြစ်လို့ မလွတ်မြောက်နိုင်သေးရတာလဲ။ ကျွန်မတို့တတွေ ကျိန်စာ သင့်နေကြတာလား။

Anonymous said...

မကေရေ လာလည်ပါတယ်.. အမြဲအားပေးနေမှာပါ။

ကေ said...

အမည် မဖော်ပြသော်လည်း..စာတွေကိုလာရောက်အာပေး တာ..၀မ်းသာ ပါတယ်။
ဟုတ်တယ်..အဲဒီ အင်အားမဲ့ပျံသန်းခြင်း ကဗျာလေး အတွက်..( ကဗျာ ရှင်လေး အတွက်) ပြီးတော့..သူတို့ အားလုံး အတွက်.. စာနာ လွန်းမက..စာနာ မိတယ်..။ သံတူ ကြောင်းကွဲ ဘ၀ တွေကို.. အနဲဆုံး တော့.. အသံပါ မကွဲ စေချင် တော့ဘူး။

John said...

ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာမှာ အသားကျ နေထိုင်နိုင်အောင် ကြိုးစားရသလို ကျွန်တော်တို့ စိတ်ဓါတ်တွေ မပြောင်းအောင် ပို ကြိုးစားရုံပဲ ရှိတယ်လေ..... တကယ်ပါ..
လူ ပီပီသသနဲ့ လူလုပ်ဖို့ ခက်ပါတယ်...

Taw Win said...

Your thinking and writting are always wonderful. I also feel for our next generation the same way like you but I can't expose and share my feeling to the other. Thus I love to read your posts. Thank you for your such posts.Sorry for typing in English. I can't type in Myanmar font.