ခေတ်မှာအဆက်ရှိတယ်

 
ခေတ်အဆက်ဆက်.. 
ခေတ် ကို ဆက်လက် ကိုးကား တုန်း
ခေတ်မှာ အဆက်ရှိတယ်..

ခေတ် ရဲ့ အဆက်အစပ် တွေ ကို 
ခေတ် ခြင်း တွဲပိုး
ခေတ်မှာ အဆက်ရှိတယ်

ဒီမိုး ..ဒီရေ..ဒီလူ..တွေကြောင့်.. 
ဒီလို ဒီလောက်..ခေတ်အောက်သွားမလား
ခေတ်မှာ အဆက်ရှိတယ်...

ခေတ် အစ ခေတ်အလယ် ခေတ်အဆုံး
အရွယ်သုံးပါး စလုံး
ခေတ်က သက်လုံကောင်းတယ်

ခေတ်ဟောင်း ခေတ်နှောင်း..ခေတ်ပြောင်း
ကာလ သုံးပါး အကြောင်း
ခေတ်က..ကောင်းကောင်း သိတယ်

 ခေတ်အလျင်..ခေတ်အရွေ့..ခေတ်အကွေ့
ခေတ်နဲ့ တွေ့သူတိုင်း..
ခေတ်လှိုင်းကို ကျော်ဖြတ်..လှော်တတ် ကို ရဲရဲပြောင်း..

ခေတ်အတိုင်း..ခေတ်သမိုင်း .. ခေတ်မရိုင်းကြောင်း
ငြင်းခုံရင်း ကွဲလွဲ.. ကွဲလွဲရင်း အမြင်မတူ..
ခေတ်ပုံတူ တော့ မျိုးပွား .. ခေတ်မျိုးကွဲ ခြင်း ကိုင်းယူ…

ခေတ်သစ် ..စနစ်သစ်..ဘုရားသခင် အသစ် တို့..
တတိယမြောက် ခေတ် မှာ.. ရှင်ပြန် ထ မြောက်
ယုံကြည်သူ လက်သစ်တွေအောက်..ခေတ်ရောက်ရ ခြိမ့်..

ကွန်မြူနစ် လက်သစ်..အရင်းရှင်လက်သစ်.. နာဇီလက်သစ်..
တကယ် သစ် မသစ်..လက်ဖြန့် တိုက်စစ်တော့မှ..
မျက်နှာ ဟောင်း တွေက အတုဖြစ်....

ခေတ်အစစ် က ဖြင့်....ကျပျောက် ရစ်ပေါ့..
ကမ္ဘာ့ရွာ  ကောက်ရိုးပုံ အောက်..
တောင်းကို မှောက်..မြေကိုလှန်..
ရေဆန်မှာ မျောပါသွားတဲ့ ခေတ်..
ခေတ်ပျောက်အတွက် တိုင်ချက်ဖွင့်..
ခေတ်ပျက် က..တရားခံ
ခေတ်ပြိုင်က..လျှောက်လဲ..
ဒါ..ခေတ်ပျောက်တာ မဟုတ်
ခေတ်မှာ အဆက်ရှိတယ်..
ခေတ်အဆက်ဆက် .. 
ခေတ်ရဲ့ ဆက်ကြောင်း... စွတ်လမ်း မပြောင်းနဲ့ ..
ခေတ်ဟောင်းကို တနေ့ ပြန်ရောက်စေ့မယ်…
ခေတ်မှာ..အဆက်ရှိတယ်..






Share/Bookmark

9 Comments:

ကြည်ကြည် said...

ခေတ်ဟောင်းကို တနေ့ ပြန်ရောက်စေ့မယ်…
ခေတ်မှာ..အဆက်ရှိတယ်..

ဟုတ်တယ်မကေ ဂျင်းပန်အပွတွေကနေ အောက်၇ှုးအောက်ရှုးတွေကနေ တည့် . တည့်ကနေ အကျပ်
အင်းဒီအပွတစ်ထည် ပြစ်တော့မလို့ လည်းလုပ်ရော. ဒီလထုတ် မဂ္ဂဇင်းမှာ ဒီနှစ်ပြန်လည်ခေတ်စားမည့် ဂျင်းဘောင်းဘီပွများတဲ့ ကဲ ဒါလည်း ခေတ်ဟောင်းကို တနေ့ ပြန်ရောက်တာပဲ မို့ လား...
ဟုတ်တယ်နော် မကေ.....း)))))



နံပတ်တစ်ကနေ မန့်ရာတာ အားနာတယ်ကွယ်.....

TURN-ON-IDEAS said...

ခေတ်အလျင်..ခေတ်အရွေ့..ခေတ်အကွေ့
ခေတ်လှိုင်းကို ကျော်ဖြတ်..လှော်တတ် ကို ရဲရဲပြောင်း..

တစ်ခါတစ်ခါတော့ ခေတ်ကို တမင်ကို မျက်ခြေဖြတ်ထားမိတယ်...

ခေတ်ပုံတူ တော့ မျိုးပွား .. ခေတ်မျိုးကွဲ ခြင်း ကိုင်းယူ…
ဒီလိုနဲ့ ခေတ်ဟောင်းကို တနေ့ ပြန်ရောက်စေ့မယ်…
ခေတ်မှာ..အဆက်ရှိတယ်...

ကြိုက်စ်စ်စ်...း)

rose of sharon said...

ခေတ်ပျက်က တရားခံ..... ပြန်ရောက်လာမဲ့ခေတ်ဟောင်းမှာ တမ်းတမိတာတွေ ပြန်ရ,ပါရစေ....

mks said...

တခုသော ခေတ် ကတော့
အဆက်မရှိ ဘဲ
ခေတ် ကုန်သွားလေမလား ..

ရွှေရတုမှတ်တမ်း said...

ငယ်ငယ်က မင်းမှာ အဆက် ဘယ်သူလဲဆိုရင် ..မင်းရည်းစားဘယ်သူလဲလို့ မေးတာ..
ခေတ်မှာအဆက်ရှိတယ်ဆိုတော့..
ခေတ်ရဲ့ရည်းစားက ဘယ်သူပါလိမ့်..
ဟို..ထိတ်ပြောင်ပြောင်လူကြီးလား..
ချိပ်ထမီဝတ်ထားတဲ့ ..ဟို သက်ကြားအိုကြီးတွေလား..

Unknown said...

www.guidingstarsofburma.blogspot.com Welcome to our blog! Thank you so much !

Me said...

ဒီမိုး ဒီလေ ဒီလူတွေနဲ့ကတော့ ........... ခေတ်ဟောင်းကို ပြန်မရောက်သေးတာလား ခေတ်ဟောင်းထဲက မထွက်နိုင်သေးတာလား မသိတော့ပါဘူး မကေ ရယ်..ဟင်း

Sonata Cantata said...

♪ ♫♪ ခေတ်သမိုင်း အဆက်ဆက် ရာဇ၀င် အဆက်ဆက် အကောင်းဆုံးလို့လည်း မပြောလိုပြီ...♫♪
xxxဇတ်တော် ထဲက ဗိုလ်အောင်ဒင် လို လွမ်းပြလိုက်တော့မည်...♫♪♪

(xxx အဲ့ဒီနား စာသားမေ့သွားလို့)

သီချင်းတွေ ဆိုတဲ့
မသီတား)

ခွန်မြလှိုင် said...

ခေတ်ကို ဘယ်လိုဖြတ်ဖြတ် ခေတ်မှာ အဆက် ရှိတာ ငြင်းမရဘူး။ ကိုယ်သိတာ ကိုယ်ပြောရရင် RIT, YIT, YTU, GTC, IMT ဘယ်လိုပြောင်း ဘယ်လို ခွဲလဲ ငါတို့ မျိုးဆက် ဖြစ်တည်ဆဲပါပဲ အမကေရေ.. ဒါထက် စကားမစပ် ဘယ်သူ့ဓာတ်ပုံလေးလဲ မျက်ခုံး လေးက လှလိုက်တာ :)