သူ- အကျင့်မကောင်းပုံ

ခုရက်ထဲ ...မိသားစု ထဲမှာ.. တော်တော်များများ အကျင့်မကောင်း ဖြစ် နေ ကြ တယ်။

ဖြစ်ပုံက.. တရက်မှာ.. ၇ နှစ် အရွယ် ၂ တန်းကျောင်းသူ တူမငယ်လေး ရဲ့ ဗလာ စာအုပ် လေး တအုပ် ကို..လူကြီး တွေ.. ရှာဖွေ တွေ့ ရှိသွား တာက.. စတော့ တာပဲ..။ အဲဒီ စာအုပ် ထဲ မှာ.. အိမ်မှာ ရှိသမျှ လူတွေ အပေါ်..သူ မကျေနပ် သ မျှ..သဘောမကျ သမျှ တွေ ကို.. တိတ်တိတ်လေး ကြိတ်ပြီး.. မှတ်စုလေး တွေ ရေးထား တာပါ...။ ကြည့်ပါအုံး.. သူ့အမေ ကို ရေးထားပုံလေး က...



မေကြီး၏ နေ့စဉ် အကျင့်မကောင်းပုံ

မေကြီးသည် ကျွန်မကို 7 နာရီ နှင့် 8 နာရီ တွင် တီဗီ ပိတ်ခိုင်းသည်။ အိမ်စာ မပါရင်လည်း ပိတ်တတ်သည်။ ဒါကြောင့် မနက်ဆိုရင်လည်း နေ့စဉ် နေ့တိုင်း ဘုန်းကြီး တရားခွေ ဖွင့် သည်။ ဤ ဘုန်းကြီး တရားခွေ သည်လည်း အလွန်ရှည်သည်။ ဒါကြောင့် ကျွန်မ ကာတွန်းကား မကြည့်ရ။ ဘုန်းကြီး တရားခွေ ပြီးတာနဲ့ မေကြီးသည် ကျွန်မ ကို တကိုယ်ရေ သန့်ရှင်းအောင် ပြုလုပ်ခိုင်းသည်။
စာရေးသူ ဇွန်လေးခင် မှတ်စု ဒါပဲ။



ဘွားဘွား အကျင့်မကောင်းပုံ..... လေးလေး အကျင့်မကောင်းပုံ.. မမဆု အကျင့်မကောင်းပုံ ..စသဖြင့်..စာတိုလေး တွေ ကို ..တအိမ်လုံး.. တပြုံးပြုံး နဲ့ ဖတ်ကြ.. နောက်ကြရင်း.. အကျင့်မကောင်းပုံ ဆိုတဲ့.. စကားလုံး လေး ခေတ်စား သွား ပါတယ်။

အဲဒါ နဲ့.. ကျမ လည်း တအိမ်တည်း နေတဲ့.. သူ့ ရဲ့ အကျင့်မကောင်းပုံ တွေကို.. ရေးဖို့ ရှိ လာတော့ တယ်။

++++++++++++


သူ သည် ကျမ ကို.. ဘလော့ဂ် ရေးချင်ရေး..ဖေ့စ်ဘွတ် မသုံး ရ လို့ ပြောပါတယ်။ ဖေ့စ်ဘွတ် မှာလည်း သူ့ပုံတွေ ကို မတင် နဲ့ လို့ ကန့်သတ်ပါတယ်။ နောက်တော့မှ သိရ သည်မှာ..သူ ငယ်စဉ် ၁၀ တန်းကျောင်းသား ဘ၀ က.. ခင်မင်ဖူး ..တိတ်တခိုး နောက်ပိုးချင် နေ ခဲ့သော.. အမေရိက ရောက် နာမည်ကြီး အဆိုတော် မ တယောက်ကို.. ဖေ့စ်ဘွတ် မှ တဆင့်.. ပြန်လည် ဆက်သွယ် ကြည့်ရာ..ဟို တယောက်က.. လက်မခံ သော ကြောင့်..စိတ်အနာ ကြီး နာ သွားဖြင်း ဖြစ်ကြောင်း ပေါ် သွား ပါ တော့သည်။ အကြောင်း ရင်း ကို စိစစ် လိုက်သော အခါ.. သူသည် နာမည်ကျော် အမေရိကန် ဂစ်တာ သမား တယောက် နာမည် ကို သုံး ၍ အကောင့် ဖွင့် ထား ခြင်း ဖြစ်နေ သော ကြာင့်.. ဟို တယောက်က.. မသင်္ကာ ဖြစ်သွား ဟန် တူ ပေ သည်။ သို့သော်.. ယုန် ထာင် ကြောင်မိပြီး..မြန်မာပြည် ထဲက.. နာမည်ကြီး အဆိုတော် ယောက်ျား တယောက် က.. တကယ် အမေရိကန် ဂစ်တာသမား အစစ် ထင် ပြီး.. လာအဒ် သော ကြောင့် ကို့ယို့ကားယား ဖြစ်ပြီး.. ဆက်မသုံးပဲ ပြစ် ထား လိုက်ခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် ယခု အခါ..ကျမ တယောက် တည်း လွတ်လပ်စွာ သုံး နေရ ပါသည်။



သူသည် ဂစ်တာ လည်း အလွန် ရူး ပါသည်။ သူ နှင့် စတွေ့ စဉ် က.. သူတို့ အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲ ထားသော အနက်ရောင် ဟော်လို ဂစ်တာ ကြီး ကို ကြည့် ၍.. သူ့ကို မသိစိတ် ထဲ မှာ..အထင်ကြီး ပြီး.. ဂစ်တာ တီး ပြီး သီချင်းတွေ ဆိုပြ နေ ပုံ..စိတ်ကူးယဉ် ခဲ့ ဖူးပါသည်။ နှစ်ပေါင်း အတန်ငယ် ကြာပြီး သော အခါ မှ ..သိ ရသည် မှာ.. ထို ဂစ်တာ အနက်ရောင် ကြီး သည်..သူ့ သူငယ်ချင်း တယောက် ပိုက်ဆံ ပြတ်သော ကြောင့် အတင်း လာရောင်း ၍ ၀ယ် ချိတ် ထားခြင်း ဖြစ်ကြောင်း သိခဲ့ ရပါသည်။ ယခု လည်း...သူ့ အခန်း ထဲမှာ.. ဂစ်တာ ၃ လုံး ရှိပါသည်။ တလုံး က ဆို လျှင်..အလွန် လှပ ထည်ဝါ သော သေတ္တာ ကြီး နှင့် ထဲ့ထားသော.. နို့စိမ်း ရောင် လျှပ်စစ် ဂစ်တာ တလုံး ဖြစ်ပါသည်။ ဧည့်သည် များ လာလျှင်.. အဲဒီ ဂစ်တာ သေတ္တာ ကြီးကို ထုတ် လာလေ့ ရှိပါသည်။ ထိုဂစ်တာ ကောင်းမကောင်း လှ မလှ ..ဘာ အမျိုးအစား မှန်း.. ကျမ မသိသော်လည်း... ဈေးကြီး သော ကြောင့် ၀ယ်တုန်းက ရန်ဖြစ် ခဲ့ ရသည် ကို သာ မှတ် မိ နေ ပါသည်။

ထို့ အပြင် ..သူ ဂစ်တာ တီး သည့် အခါ.. တတောင် တောင် သာ ကြား ရပြီး..တခါမှ..သီချင်း တပုဒ် ပြီး အောင် တီး သည် ကို မတွေ့ ဖူး ပါ။ ကျမက.. မြန်မာ ပြည် က...အဆောင်တွေ ရှေ့ မှာ တီးသလို.. ဗမာ သီချင်း တပုဒ် လောက် တီး ပြ ပါလား ဆို လျှင် တော့... ဗမာ သီချင်း တွေ တီးရ တာ ..ဖီလင် မလာ တော့ ဘူး ..ဟု..ခပ်တည် တည် ရွှီး ကာ..ယခုတိုင် တခါမှ.. သူ တီးသော သီချင်း ပီပီသသ မကြားဖူးသေးပါ။ အသက် ကြီး လျှင်.. ဂစ်တာ တွေ ထပ်ဝယ် စု ဦး မည် ဆို သော ကြောင့်.. ကျမ စိတ်ညစ် နေ ပါသည်။

သူသည် ဂစ်တာ တင် .. ရွှီး ပြီး တီး ခြင်း မဟုတ် ပါ။ ဘောလုံး လည်း..ရွှီးပြီး ကန်တတ် ပါသေးသည်။ ဂစ်တာ ကဲ့သို့ပင်.. သူ နှင့် ခင်မင် စ က.. သူငယ်ချင်း များ နှင့် ဆုံလျှင် ဘောလုံး အကြောင်း အားရ ပါးရ ပြောလေ့ ရှိပြီး.. အောင်ဆန်းကွင်း မှာ လုပ်တဲ့ ဘောလုံးပွဲ မှန်သမျှ မလွတ်အောင် သွား ကြည့်တတ် သော ကြောင့်... ဘောလုံး ကန် ကောင်း မည့် သူ တယောက် ဟု ..ကျမ ထင် ခဲ့ ပါသည်။ တကယ်တော့..ကျမ ကသာ.. တော်တော် တုံး ခြင်း ဖြစ်ပေ သည်။ နောင် သော မှ..မပြောချင် ပြောချင် နှင့် ၀န်ခံ သည် မှာ..သူသည် တေဇ လူငယ် ဘောလုံး အသင်း တခု မှာ.. အရံ သမား အဖြစ် ကွင်းဘေး မှာ..တပွဲ ကြီး မျှ ..ရပ်နေ ခဲ့ ဖူး သည် က..လွဲ ၍ တခါ မှ..ဘောလုံးကွင်းထဲ မှာ..ဘောလုံး မကန် ဖူး ဘူး ဟူ ၍ ဖြစ်ပါသည်။ ထို့ အပြင်...တက္ကသိုလ် ကျောင်းသားဘ၀ က..ညနေတိုင်း အောင်ဆန်းကွင်း ကို သွား ၍ ဘောလုံး ပွဲ ကြည့်သည် မှာ လည်း .. အောင်ဆန်း ကွင်း ထဲ မှာ ရောင်း သော.. အသားကင် နှင့် ဆီထမင်း အလွန် ကောင်း သော ကြောင့် ဟု ပြောပါသည်။ ထို ကတည်း မှ စ၍.. သူ့ကို.. မင်းလူ ၏ ၀တ္တု ဇတ်လိုက် ..“ ကိုစာကလေး” ဟု..နာမည် ပေးလိုက် ပါတော့ သည်။

ပြီးခဲ့သော.. ကမ္ဘာ့ ဖလား မှာလည်း ပွဲစဉ်များ စတင် ကတည်းက.. လောင်း ကြေး ကစားသည့် ဒိုင် ၀ဘ်ဆိုဒ် တခု တွင် ငွေ ၂၀၀ သွင်း ၍.. တပွဲ ပြီး တပွဲ လောင်း ခဲ့ သော် လည်း.. ဆီမီးဖိုင် နယ် အထိ.. တပွဲ မှ..မနိုင် ခဲ့ ပါ။ ကြံရာ မရ..ကြိတ်မနိုင် ခဲမရ ဖြစ် လွန်းသော ကြောင့်..ဖိုင် နယ် ပွဲ တွင်.. အပီ အပြင် တွက် ချက်ကာ..ကျန်သမျှ ပိုက်ဆံ ၃၀ အား စပိန် ဖက် က.. ၂၀ ဖိုး.. နယ်သာလန် ဖက်က..၁၀ ဖိုး ထိုး လိုက်ပြီး..ဒီ တခါ တော့.. ဘယ်လို ဖြစ်ဖြစ် မလွတ် တော့ဘူး ဟု.. ကြုံးဝါး ကာ..ဆိုဖာပေါ်မှာ.. ပြုံးပြုံးကြီး နှင့် ထိုင်ကြည့် ပါ တော့သည်။ ထိုည တွင်..မိနစ် ၉ ၀ အတွင်း..သားရေ ကျ ကာ.. သူ့ ပိုက်ဆံ ၂၀၀ လုံး.. ပလုံ ဟု မြည်သွား သံသာ ကြားလိုက် ရ ပါတော့သည်။

အခုလည်း..ကျမ ကို..သူ့ မွေးနေ့ အတွက်..သူ့ အကြောင်း ရေးပေး ရမည်ဟု အတင်းအကြပ် ရော.. မသိမသာ ရော..ချော့မော့ ၍ ရော.. တောင်းဆို လာ ပါသည်။ ကျမ လည်း လောလောဆယ်..မွေးနေ့ လက်ဆောင် ၀ယ်ပေး ရန်.. ပိုက်ဆံ ပြတ်နေသော ကြောင့်.. အတော်ပဲ ဟု.. တွေးကာ.. အပျံစား ရေးပေး မည် ဟု ပြော ၍.. ယခု ဒီ စာ ကို တင် လိုက်ပါသည်။



++++++++++++++++++++++++


ဒီကနေ့ ကျရောက်တဲ့.. သူ့ မွေး နေ့ အတွက်....
ကေကေ အကျင့်မကောင်းပုံ....

:P







Share/Bookmark

43 Comments:

ThuHninSee said...

;) Happy Birthday မကေ..ဒါလင်။အိမ်မှာ classicဂစ်တာတစ်လုံး ရှိတယ် ၀ယ်မလား။ ဒီဘက်ဝင်လည်ရင်း ပိုက်ဆံပြတ်လို့ အတင်းရောင်းသွားတဲ့ သူက ဒီဂစ်တာကို မွန်းအောင် တီးဖူးတယ်ဆိုလို့ အမှတ်တရ ဆက်သိမ်းထားရမလား။ ရောင်းပဲပစ်ရမလားမသိ။:D

ရွှေရတုမှတ်တမ်း said...

မွေးနေ့ရှင် ကတော်မှတဆင့် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်..
Happy Birthday ပါ ဆရာစော ရေ.....

ပန်းချစ်သူ said...

lol...haha... pyat ta nar pae... ma kay tot......haha ..a hmat ta ya lay pot .. happy birthday Ma Kay's husband :)

Sint Si said...

Nice Birthday gift!

MieMie said...

ရေးထားတာလေးတွေ ရယ်ရတယ် မကေ ... အကျင့်မကောင်းတာလေးတွေ ကို ဘဲ ကြည်နူးနေမိ ..ချစ်နေမိတာ မို့လား မကေ ...
ပျော်ရွှင်စရာ မွေးနေ့ ပေါင်းများစွာ ကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ပါစေလို့ မကေ ရဲ့  မွေးနေ့ရှင်ကြီးအတွက် ဆုတောင်းပေးလိုက်ပါတယ် နော်...

mie nge

Nge Naing said...

Happy Birthday!!!
မွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။

ကိုပေါ said...

ဖတ်ရင်း တော်တော် ရယ်လိုက်ရတယ်။ ကမ္ဘာ့ဖလားအပြီး ရေဘဝဲသုပ် စားချင်တဲ့သူထဲမှာ သူလည်း ပါနေလောက်ပြီပေါ့။

မကေရဲ့အမျိုးသားအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေသတည်း။

JulyDream said...

အနီးဆုံးရန်သူဆိုတာ တယ်မှန်တာပဲနော်။ မကောင်းကြောင်းတွေ ဖော်သွားတာ ဖတ်လို့ ကောင်းတယ်။ မကောင်းကြောင်းတွေ ဖြစ်လို့ ဖတ်လို့ ကောင်းတာ မဟုတ်ပါဘူး။ မကောင်းဘူး မကောင်းဘူး အော်နေပြီး အဲဒီ မကောင်းတာတွေကိုပဲ တသသ စွဲမက်နေတဲ့ မကေအကြောင်းပါ ရောပြီး ဖတ်လိုက်ရသလိုပဲ။ ဟဟ...

ကလူသစ် said...
This comment has been removed by the author.
ywartharlay-ytu said...

Aug 1 ရက်နေ့ကျရင် သူအကျင့်မကောင်းပုံ ပြန်တင်ပေးဦးနော်..

ိနှင်းဆီပန်းတွေ မရတော့မှာစိုးရိမ်နေသူ

ကလူသစ် said...

ဒီလိုမွေးနေ့လက်ဆောင်ပေးပုံနဲ့ကတော့ ကိုယ့်အလှည့်ကျ မွေးနေ့လက်ဆောင်ကောင်းကောင်း ပြန်ရပါလိမ့်မယ် အားကြီးကြီး :P

khin oo may said...

happy birthday ကေ..ကိုကို..

အိမ်မှလဲ တကျက်ကျက်ဘဲလား။

:P said...

Happy Birthday Mr.K

အိန္ဒြာ said...

ဟွန်းဟွန်း........

ဒါလေးတွေပဲ ကြိတ်ချစ်နေတာများ.....

မွေးနေ့လက်ဆောင်ရလိုက်တဲ့ "သူ့" မျက်နှာကို မြင်ချင်လိုက်တာ....

မအီမလည်ကြီးဖြစ်နေမှာပဲ.....:P

ဒါပေမယ့်...

ကြိတ်ကြည်နူးနေဦးမှာ...

မကေရဲ့"သူ" သက်ကျော်ရာတော်ရှည်ပါစေ..

ချစ်ကြည်အေး said...

မကေ အကျင့်မကောင်းပုံ....ဟ ဟ ရီရတယ် မကေရဲ့ ကိုကို သနားပါတယ်...မွေးနေ့မှာ....။ မွေးနေ့ဆုမွန် အဖြစ် ဆက်လက်၍ အကျင့်မကောင်း နိုင်စေသော်ဝ်.....:)

pandora said...

အင်းပေါ့လေ.. မမဂျီးကေကတော့ ဘလော့ဂ်တစ်လုံးနဲ့ ပြောရေးဆိုခွင့်ရ ဆိုတော့ သူ့အကြောင်းတွေကို အခုလို တဖက်သက်ကြီး ရေးနိုင်တာပေါ့။ အစ်ကိုဂျီး သနားပါဒယ်... :P

little brook said...

အမရေ .. အူတက်လိမ့်မယ် ဖတ်ပြီးပျော်တာကို ခံစားရတယ် ...Mr.K မွေးနေ့မှာ ပျော်ရွှင်ပါစေ ခင်ဗျ :D

tin min htet said...

အကြင်တို့လင်မယား တသက်လုံး ပျော်ရွှင်ကြပါစေ။

ကေ ဆိုတာကို အစက ဘာရဲ့အတိုကောက်မှန်းမသိဘူး။ ခုသိသွားပြီ။
ကေ=ကြင်=အကြင် :P

နွေဆူးလင်္ကာ said...

၂တန်းကျောင်းသူလေးရဲ့ ဒိုင်ယာရီပေါ့နော်

တေဇာ (လရောင်လမ်း) said...

:P ဖိုင်နယ်ကို ပလုံအောင် လောင်းသွားပုံလေးက ပညာသားပါလိုက်တာ။

TURN-ON-IDEAS said...

သားကို စောင်းပြောနေသလိုပဲ...
ရည်းစားဘဝတုန်းက သေချာသင်ပြီး တီးပြမယ်လို့ ဂတိပေးပြီး၊ ရန်ကုန်က ဝယ်လာတဲ့ ဂစ်တာတစ်လက် အခု after marriedပေမဲ့ အိတ်ထဲမှာ ဒီအတိုင်းရှိနေတုန်း...:P

happy birthday, ako
your brother
TWZ

mks said...

မင်္ဂလာပါ မကေ ..

နူတ်ဆက် လိုက်ကြောင်း ပြောပေးပါ။

သက်ဝေ said...

ကေ...
ဒီနေ့ အလည်လွန်နေလို့ ဆုတောင်းဖို့ နောက်တောင်ကျနေပြီ...
ကေ့ မွေးနေ့လက်ဆောင်ကလဲ ထူးထူးဆန်းဆန်း...တော်တော်ဆိုးတဲ့ ကေ...း))

ကေ့ရဲ့ Another Half ကို Happy Birthday လို့ ပြောပေးပါ ကေ...

ဂျူနို said...

ကလေး မှတ်စုကို သဘောတကျ ဖတ်ရင်း သူ့စိတ်ထဲ ရှိတာ ထုတ်ရေးတတ်တာကို အံ့သြမိတယ်။ လူကြီးတွေတောင် ဒီလို ချရေးနိုင်ဖို့ လွယ်တာ မဟုတ်ဘူး။

မွေးနေ့ရှင်ကြီး ကျန်းမာ ပျော်ရွှင်ပါစေ။


မအယ်

Andy Myint said...

ဘိုးတော် (အစ်ကို) အတွက် Happy Birthday ပါဗျာ။ ဒီမှာလည်း လင်မယားနှစ်ယောက်လုံး ဖတ်ပြီး ရယ်နေရတယ်။ ဟားဟား.. ဖိုင်နယ်မှာ ခွထိုးခါမှ အလယ်က ထွက်သွားတယ်။ ယောက်ျားတွေ ဂီတာတီးပြတာ နားထောင်ချင်တဲ့ ထဲမှာ သူမလည်း ပါတယ်။ ခက်တာက ကျွန်တော်က လုံးလုံးကို မတီးတတ်တာ။ မကေစာဖတ်ပြီး သူမကလည်း ကျွန်တော် အကျင့်မကောင်းပုံဆိုပြီး ရေးလိုက်ရမလားတဲ့ လုပ်နေပြီ။

မေငြိမ်း said...

တို့များကတော့ ဒီလို အီစကလီ ချစ်ပလီလေးတွေ ရေးတတ်ပေါင်..။ အတည်ပဲ ရန်ဖြစ်၏။

Sonata Cantata said...

Happy Birthday
အပျံစား မွေးနေ့လက်ဆောင်ပါလား...းP
“သူ - အကျင့်ကောင်းပုံ” တစ်ပုဒ်လောက်တော့ ထပ် ရေးပေးသင့်ပါတယ်...။

T T Sweet said...

အကျင့်မကောင်းပုံတွေက သိပ်ရယ်ရတယ်။
ချစ်စနိုးနဲ့ မွေးနေ့လက်ဆောင် ရေးထားတာနော်။
မွေးနေ့ရှင်လဲ ဖတ်ပြီး ရှက်ပြုံးကြီး ပြုံးနေမှာ မြင်ယောင်မိတယ်။ မွေးနေ့မှာ ပျော်ရွှင်ကြပါစေ။

Unknown said...

I can't read this post but comments. I wanna read it in death. Help me, please K!

နှင်းစက် said...

ကေကေ့မွေးနေ့ကျ ကေကေအကျင့်မကောင်းပုံ လက်ဆောင်ရေးပေးမည်.. :P

Thant said...

မကေရဲ့သူတော့ ဒီမွေးနေ့လက်ဆောင်ကို မွေးနေ့တိုင်းသတိရနေတော့မှာပဲ........ :)))

လင်းဒီပ said...

ဟားဟား
အစ်မကေ လူနောက်ပဲ...။
သူ အကျင့်မကောင်းတာ လျှောက်ဖွတော့ ကိုယ်ကိုယ်တိုင် အကျင့်မကောင်းသူ ဖြစ်သွားပြီ ။

သစ်နက်ဆူး said...

မကေ...
သူ့ အကျင့် မကောင်းကြောင်းရေးထားတာ
ဆိုပေမယ့် စာထဲမှာ
“ ချစ်ခြင်းပီတိ”လေးတွေပါ တွေ့ နေရတယ်..
ကြည်နူးစရာပါ..
ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ..။

မယ့်ကိုး said...

:D ...ဖတ်ရတာ ချစ်ဖို့ကောင်းလိုက်တာ မမ။

Moe Cho Thinn said...

ချစ်စရာကောင်းလိုက်တာ ကေရယ်..

အဲ..မွေးနေ့ရှင် ဘိုးတော်ကို ပြောတာ မဟုတ်ဘူးနော်
(ကပျာကယာ လာပြန်ရှင်းသည်)

P.Ti said...

မကေတို့ရေးရင် တမူထူးပြီး ဖတ်လို့ကောင်းနေတယ်။ အကျင့်မကောင်းလို့နေမှာနော်.. :P

ှရောက်တာနောက်ကျသွားတယ်... Happy Belated Birthday to Ma K's the other half.

မမသီရိ said...

ချစ်စရာ ကောင်းလိုက်တဲ့ မွေးနေ့လက်ဆောင်ကလေး...
ကေ့ စိတ်ကူးလေး လှ တာ..

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ..

တကယ်ဆို ဒီ ပို့စ်က မှ အသွင်တူ၏ မတူ၏ ဖြစ်ရမှာ..း)..
တကယ့် ဘောလုံး ၀ါသနာရှင်.. ဂစ်တာ ပညာ ရှင် နဲ့မှ ဖူးစာ ဆုံပေသကိုး..း).....

dathana said...

မကေရဲ့ တူမလေး တကယ်တော်တယ်။ ကျွန်တော်တောင် အဲ့လိုရေးချင်စိတ် ပေါက်လာပြီ။

tg.nwai said...

သူ- အကျင့်မကောင်းတာ ဟိုတနေ့က လာဖတ်ပြီး ကော်မန့်ပေးလို့ မရလို့ ဒီနေ့တခါ ပြန်လာဖတ်ပါတယ် ကေရေ...။

ကေ့ တူမတော်ကတော့ မလွယ်ဘူးပဲ။ ကြီးလာလို့ အန်တီ့ခြေရာနင်းရင်တော့ ကလောင်စွမ်းတော်တော်ထက်ရော့မယ်..:)

မွေးနေ့ရှင်ရော မွေးနေ့ရှင်ရဲ့ဆိုင်သူပါ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ နေ့ရက်များစွာ ပိုင်ဆိုင်ပါကြပါစေ။

ချစ်ခြင်းနဲ့ ပြည့်နေတဲ့ ဒီ အကျင့်မကောင်းပုံ ပို့စ်ကတော့ စွဲနေတော့မှာပဲ ကေ... :)

tg.nwai said...

သူ- အကျင့်မကောင်းတာ ဟိုတနေ့က လာဖတ်ပြီး ကော်မန့်ပေးလို့ မရလို့ ဒီနေ့တခါ ပြန်လာဖတ်ပါတယ် ကေရေ...။

ကေ့ တူမတော်ကတော့ မလွယ်ဘူးပဲ။ ကြီးလာလို့ အန်တီ့ခြေရာနင်းရင်တော့ ကလောင်စွမ်းတော်တော်ထက်ရော့မယ်..:)

မွေးနေ့ရှင်ရော မွေးနေ့ရှင်ရဲ့ဆိုင်သူပါ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ နေ့ရက်များစွာ ပိုင်ဆိုင်ပါကြပါစေ။

ချစ်ခြင်းနဲ့ ပြည့်နေတဲ့ ဒီ အကျင့်မကောင်းပုံ ပို့စ်ကတော့ စွဲနေတော့မှာပဲ ကေ... :)

Lwin Moe said...

LOL, belated happy birthday!

Aung Thura said...

Thanks for sharing. Very good description, easy to read and enjoyable writing. I just got the link from ko saw. Keep writing and may you be a successful writer :)
aung thura (gold coast)

AMK said...

အကိုကြီး ပိုက် ပိုက် ၂၀၀ ကို TAB ကတုတ်သွားပါရောလား paul ရဲ့ tipsတွေ နားမထောင်ဘူးလားဗျ