စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၂)

-
ရိုးကော (roll call) ခေါ် ဖို့.. မိန်းဟော ထဲမှာ.. ငုတ်တုပ် ကလေးတွေ..တန်းစီ စောင့် နေရင်း.. တဖွဲ ဖွဲ ၀င်လာတဲ့.. မ တထောင် သမီး တွေကို..ငေးကာ.. သမီး တကောင်..နွားတထောင် ဆိုတော့.. ဒီမှာ..နွား ဘယ်နှယ်ကောင်စာ.. ဂရုစိုက်ဖို့ လိုနေပြီလဲ မသိ … လို့.. သူ စိတ်လှုပ်ရှား မြူးတူး နေမိသည်။ တချို့က.. အခုမှ အပြင်က..ပြန်လာ စ.. အ၀တ်ကောင်း အစားကောင်း တွေမှာ..မောမောပန်းပန်း..အဆီပြန် မျက်နှာတွေ..နဲ့.. ရိုးကောခန်းထဲ တန်းဝင်လာတဲ့ပုံ။ တချို့ကတော့..ညနေခင်း ရေမိုးချိုး ..စားသောက် ပြီးလို့..သနပ်ခါးလေးတွေ အဖွေးသား.. ပေါ့ပေါ့ ပါးပါး အဆောင်နေ အ၀တ်အစား နဲ့။ နောက်ဆုံး နှစ်က.. အမ ကြီး တွေက တော့.. အေးအေးလူလူ..သက်တောင့် သက်သာ..သူတို့ချင်းသာ.. စကားတွေ တွတ်တိုးလို့.. ။ သူတို့ အတွက်တော့..အမေ့ အိမ် လို ဖြစ်နေ လောက် ပြီပေါ့။ သူ တို့လို အသစ်ကလေး တွေက လည်း..ကုပ်ချောင်းချောင်း နဲ့ ... သိသာလှသည်။
-
ညနေ ၆ နာရီ မှာ..အဆောင်ပိတ်.. ထမင်းစားဆောင် ပိတ်.. ရိုးကော တန်း စစ် တာမို့.. အားလုံး လိုလို ကတော့.. ထမင်းစား ဆောင်က..တန်း တက်လာရင်း .. ဟင်းဗူး..ဟင်းချိုင့်လေး တွေ ကိုယ်စီ နဲ့.. ကိုယ့်အခန်းကို မပြန် ရသေး။ သူ တို့..ဘူမိ ၅ ယောက် အုပ်စု လည်း.. ခုန ကပဲ.. ထမင်းစား ခန်းထဲကပဲ..တက်လာ ကြတာ..။ ခုတော့..ရောက်ကာစ မို့.. အချင်းချင်းသာ..ဘေးချင်းကပ်ပြီး.. တွတ်တိုး နေ မိ ကြ သည်။ နောက်ဖက် နား ခပ်ကျကျ တမံတလင်း ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့် ထိုင်ရင်း ဟို ကြည့်..ဒီကြည့်..ဟိုပြော ..ဒီပြော..ပေါ့ ။ ရိုးကော ထိပ်ဖက် က.. ဘူမိ နောက်ဆုံးနှစ် က ဆိုတဲ့..ဆံပင်ရှည်ရှည် အရပ်ခပ်ပုပု အမကို ကြည့်ပြီး.. မစု က..
-
“ ငါ..မနက်က.. final က အမ ကို ရေချိုးခန်း မှာ..နှုတ်ဆက် လိုက်တယ်… သဘော ကောင်းပုံပါပဲ.. လိုတာ ရှိရင် ပြော နော်..လို့တော့ ပြောတာပဲ..”
-
“ အေး..ဒါပေမဲ့..ကြားထဲမှာ..Third year က.. အမ ၂ ယောက် တောင် ရှိသေးတာပဲ.. သူက..ငါ တို့ကို ဖာသိ ဖာသာ ပါဟာ..ဟို အမ ၂ယောက်ကတော့..နုတ်စ် အဟောင်းတွေ ရှာပြီးရင်..လာပေးမယ် တဲ့.. ”
-
ရီမွန်ကတော့ .. စာ- စ ခြောက်နေ ပြီ။ အတန်းကြီး က လူတွေ တွေ့တာနဲ့..မေးခွန်းဟောင်း တွေ တောင်း.. မှတ်စု တွေ တောင်း တော့မယ် ဆိုတာ..သိပြီးသား။
-
“ …သူက ငါ့အမ နဲ့ သူငယ်ချင်းပါ... မနေ့က.. မယုက..မိတ်ဆက်ပေးတာ တောင်.. ပဲက ခပ်များများ ရယ်…နေပေါ့.. ငါတို့မှာ.. ၅ ယောက်တောင်.. သူက.. တယောက်တည်း..”
-
အဆို အတင်..အခြေ ..အချ တွေနဲ့..နောက်ဆုံးတော့…ကိုယ့်စီနီယာ လည်း မကျန်ရပါလား။
-
roll call စီ ပုံက.. လူ ၂၀၀ ကျော် လောက်ရှိတာ ကြီး မှာ.. အတန်းလိုက်..ကြီးငယ် စဉ် ထား ပြီး .. သူတို့က.. ဒုတိယ နှစ်..အဆောင်မှာ..အငယ်ဆုံး ဆိုတော့.. နောက်ဖက် နား မှာ။ အဲဒီ ထဲကမှ.. မေဂျာ လိုက်..IC တွေက..အရင်..ပြီးရင်..Geology.. ရူပချွန်..ဓါတုချွန်.. အဲဒါ တွေ ပြီးမှ.. မေဂျာ တွေ..တခု ပြီး တခု ။
အရင်ကတော့.. အင်းလျား ဆိုတာ..သိပ္ပံ ကျောင်းသူ တွေ အတွက်.. ရတနာက..၀ိဇ္ဖာ.. သိရိက.. ဥပဒေ.. မာလာက..စီးပွားရေး...အဲဒီလို ခွဲကြတာ..ခု တော့ကာ..ရောနေ ကြ တာပါပဲ။ မော်ကွန်းထိန်းရုံး ကလည်း..အဆင်ပြေ သလို ထဲ့ပေး နေတာ ထင်ပါ့။ ဒီမှာ ခု..အများဆုံးက.. နယ်ကောလိပ် တွေကနေ.. အောနပ်စ် ၀င်လာတဲ့..တတိယနှစ်.. ရူပ..ဓါတု.. ရူပဓါတု ကလျာ တို့ပေါ့လေ.. နောက်ပြီး..ဇူး( zoo) တို့..ဘော့ (bot.) တို့..သချာင်္ တို့...။
-
“ ဟဲ့.. ဟိုး တယောက်.. ပါတိတ် အ၀ါ ၀မ်းဆက်လေး နဲ့ တယောက်လေ.. အဲဒါ.. အင်းလျားမှာ.. နံမယ်ကြီး..တဲ့။ နောက်ဆုံး နှစ်ပဲ.. Physics queen တဲ့..”

“ အောင်မလေး.. ကလေး --- နင်က.. ဟ၀ှါသာ မဖြစ်တာ..ဒါမျိုးတော့.. ဘယ်က သိ..”
-
ကလေး တယောက်လို ပုံစံလေး နဲ့.. ကလေး လိုပဲ လူကပ်..ချွဲတတ် လွန်းလို့.. အားလုံး သဘောတူ စွာ ပေးထားတဲ့..နာမည်။

“ အံမယ်..ငါ့များ အထင်သေးလို့..ငါလည်း.. သိတာပေါ့ဟ..”

သူတို့..ခပ်တိုးတိုး ကြိတ်ရယ် လိုက်ကြရင်း.. ရီမွန်က.. သူ့တတောင်ဆစ်ရှည်ကြီး နဲ့..ထိုးပြီး..ဟိုမှာ ကြည့်..ဟိုမှာကြည့် ဆိုတဲ့ ဟန်နဲ့.. တံခါး ပေါက်ဖက် ကို ..မျက်စ ပြစ်ပြတယ်။
-
အကျီ င်္က..ဇာအထပ်ထပ်.. အောက်က..ဘီဘဲလ် လုံချည် နဲ့.. အောင်မလေး..ရွှေတွေ..ရွှေတွေ..၀တ်ထားလိုက်တာ..။ ခြေထောက်မှာလည်း..လေဒီရှူး ကြီးနဲ့ပါလား.. အရေးထဲ..တပ်ထားတဲ့ မျက်မှန်ကလည်း ရွှေကိုင်း နဲ့။ လှသလား..ရုပ်ဆိုးသလားတောင် ခွဲခြား လို့မရ အောင်..သူ့တကိုယ်လုံး..ရှုပ်ရှက် ခက်နေတဲ့.. ကျောင်းသူ တယောက် ။ သေချာ တာတော့..တောဆန် လှသည်။ သူတို့ အတန်း နဲ့..မလှမ်းမကမ်း..အဲဒီ အုပ်က.. အောနပ်စ် အုပ်စု တွေ ဖြစ်နိုင်သည်။
-
“ အေး..ခင်အောင်လုပ်ထားမှ.. ဒင်နာ ကျရင်..သူ့ပစ္စည်းတွေ ငှါးဝတ် ရမယ်..”
-
သူက..ခပ်နောက်နောက် ပြောတော့.. မိဖြူက..ခုမှ ၀င်ပြီး ပြူးတူးပြဲတဲ နဲ့..
“ ဟဲ့..အဲဒါ..ငါတို့.. မြို့က အမကြီး.. ပုသိမ် ကောလိပ် က လာတာ.. သူ့အဖေက.. တစည ခေတ်က..ဥက္ကဌ..ဟ.. အဲဒါကြောင့်.. ”
-
“ဟယ်.. နင်တို့တွေ ကလဲ ဟယ်.. တော်တော့..ဟိုမှာ..အဆောင်မှူး ကြီး နဲ့ ဟောလ်ကျူတာတွေ.. လာပြီ....ဒီဖက်လှည့် ကျ..”
-
ဘေးကင်း ရန်ကင်း သာ နေလိုတဲ့..မစု က..သူ့ထုံးစံ အတိုင်း.. သူတို့ ပေါက်တက်ကရ တွေ ထဲ ၀င်မပါ။
-
ဒီနေ့က .. ကျောင်းဖွင့်တာ တပတ်ရှိ သွားပြီ.. လူတွေလဲ တော်တော်စုံပြီ မို့..အဆောင်မှူး ကိုယ်တိုင် ဆင်းပြီး..မိန့်ခွန်းချွေ..နှုတ်ဆက် ခြင်း ဖြစ်သည် ။ အဆောင်မှူး..မမ ကို ကြည့်ရတာ..ခုတော့လည်း..အိမ်နေ အ၀တ်အစား နဲ့ .. သနပ်ခါး နဲ့.. ဆံပင်ကို လည်း.. ရိုးရိုး ကလစ် တချောင်းနဲ့ လည်ပင်းနားမှာ..စည်းထားတော့..့ သိပ်ကြီးတယ် မထင်ရ.. ။ အဆောင်ဝင် တဲ့ နေ့က.. မယု နဲ့ သွားနှုတ်ဆက် ကြတော့.. ကျောင်းသွားမလို့ ထင်သည်.. အပျံစား ခပ်ထည်ထည်..။ သူက လည်း.. သူ့ဌါနမှာ တော့.. ဌါနမှူး ကိုး။ အကုန် လုံး မှာ..မှူး နေရတော့လည်း.. မှူး မှူး..မူး နေတော့ မပေါ့။ မယု အင်ကြင်းမှာ နေခဲ့တုန်းက.. အဆောင်မှူး ဖြစ်ခဲ့ သေး တာ မို့.. သူ့ကို သေချာ မှာ ထားပြီးသား.. ။ အရေးအကြီး ဆုံးက..ဘယ်အရွယ် ဖြစ်နေဖြစ်နေ.. အဆောင်က..ဆရာမတွေ ကို..“ မမ” သာ ခေါ်ရမည်။ ဒါက.. မမ ယဉ်ကျေးမူ တဲ့။ နောက်.. ဒီ အဆောင်မှူးမမ က..ဘယ်လို အထာ တွေ ရှိတယ် ဆိုတာတွေပါ.. အသေအချာ ပြောပြ သွားသည်။ ကိစ္စမရှိပါဘူး.. ကိုယ်တွေကလည်း.. ပေါက်တက်ကရ သာ ပြောချင် ပြောမှာ.. မဖားတတ်.. မကပ်တတ်..လူကြီး လူရာ တွေ အနား..သိပ်မသွား ချင်သူမို့..ဝေးဝေးကသာ.. လွမ်း ပါမည်..မမရေ..။
-
++++++
-
ရိုးကော ဖြုတ်တော့.. ၇ နာရီ တောင် ခွဲခဲ့ပြီ။ ရိုးကော ခန်း နဲ့ မဝေး တဲ့.. သူတို့ ရဲ့ 117 အောက်ထပ် ခန်း လေးကို သော့ဖွင့် ၀င်တော့.... အင်းလျား ရဲ့ ကိုယ်ပိုင် ညချမ်းလေး တခု က..စောင့် ကြို နေပြီ ..။ အခန်းတိုင်း မှာလည်း..မီး ရောင်လေး တွေ..တဖျပ် ဖျပ် ပွင့် လို့.. ညချမ်းလေး တွေ..အသီးသီး လင်းလာ ကြသည်။
-
အနားက..သောက်ရေ ကန်မှာ.. သောက်ရေ စစ်သူ တွေနဲ့..စည်ကား နေ သေး သည်။ ရိုးကော အဆင်း..အခန်းပြန်သူ တွေ ရဲ့..ခြေသံ တရှပ်ရှပ်..။ အော်ဟစ် နောက်ပြောင်သံ..။ အိမ်သာ ရေဆွဲသံ တွေ.. ။ သူတို့ အခန်းက.. နားတော့..အညီးသား။ ဘုရားခန်း ၀င်သူတွေ လည်း.. ၀င်ကြသည်။ ကလေး က..မစု လက်မောင်းကို တွဲရင်း နှစ်ယောက်သား ဘုရားခန်း ဖက် ထွက် သွား ပေ ပြီ။ ဘုရားခန်းမှာ..မီးရောင် တွေ ထိန် လင်း သွား ပြီး..ခဏနေတော့.. ကြေးစည်သံ ကြား လိုက် ရသည်။
-
ဗုဒ္ဓံ မြတ်စွာ ဘုရားကို..ပူဇေ မိ..ပူဇော်ပါ၏ ဘုရား…..
ဓမ္မံ တရားတော်မြတ်ကို.. ပူဇေမိ ပူဇော်ပါ၏ ဘုရား…
သံဃာ သံဃာ တော်မြတ်ကို ပူဇေ မိ..ပူဇော်ပါ၏ ဘုရား….

စီပြီး..ထွက်လာတဲ့..အသံတွေ က.. ဘုရားရှိခိုးသူ တွေ..အတော်များ လိမ့်မည် ။ သူလည်း.. နောက်ရက်တွေ တော့..သွား ရှိခိုး ဖြစ်မည် ထင်သည်။
-
မဖြူကတော့.. ရိုးကော မဆင်းခင်က.. ရုတ်ထားတဲ့..ကုတင်ခြေရင်းက..အ၀တ်ပုံ ကြီးကို..ပိုက်ပြီး..မီးပူ တိုက်မည် ဟု ဆိုသည်။ မီးပူက..သူတို့ ၅ ယောက် ပေါင်းမှ.. မဖြူ တလုံး.. ရီမွန် တလုံး.. ။ အဆောင်မှာ တော့..ဒီလိုပဲ..အချင်းချင်း ငှား တိုက်ကြ တယ် တဲ့။ တရုတ် မလေး .. မဖြူက..သူ တို့အားလုံး ထဲမှာ.. အသုံးနိုင် ဆုံး ဖြစ်တန်ရာ၏။ ရန်ကုန် မြို့ထဲမှာ.အိမ်ခန်း တခန်း ရှိပြီး.. နယ်က.. ဆိုင်အတွက်.. ကျောင်းပိတ်ရက် တွေမှာ..အ၀ယ်တော် လုပ်ပေး ရမှာ လို့ ဆိုတယ်။ သူ့နဲ့ ကုတင်းခြင်း ကပ်ရပ် မဖြူ ကို..သူခင်ရတဲ့ အကြောင်းက..တခြားမဟုတ်။ သူတို့ ပထမနှစ်က..မိုင် ၂၀ လမ်းလျှောက်တော့.. အားလုံး ဘောင်းဘီ တွေ ၀တ်ကြတဲ့ အထဲမှာ..သူ နဲ့မဖြူ ၂ ယောက်သာ..လုံခြည် တိုတို ၀တ်ပြီး.. လမ်းလျှောက် မိတဲ့.. အဖြစ်ခြင်း တူနေလို့လေ .. ။
-
ဟိုးဖက် ထောင့် မှာ.. ရီမွန် ကတော့.. စာကြည့် စားပွဲ မှာ ထိုင်ကာ..ပွစိ ပွစိ.. ဒူးတနှံ့နှံ့ ..စားပွဲကို..ခဲတံ တဒေါက်ဒေါက်.. ခေါက်ပြီး.. စာ စ ကျက်လေပြီ။ ခုမှ..ကျောင်းဖွင့်တာ..တပတ်…သူ..ဘာစာ တွေ ကျက် နေ ပြီ မသိ.. စိတ်ညစ် လိုက်တာ..။ အင်း..သူက..ဒုတိယ နှစ်မှာ..အောနပ်စ် ၀င်မှ ဖြစ်မယ် တဲ့။ ပြီးရင်..ဌါန မှာပဲ ဆရာမ ပြန်လုပ်မှာ တဲ့ ။ ရည်မှန်းချက်က..ရှိပြီးသား။ သူ ရော.. ကျောင်းပြီးရင်..ဘာလုပ် မလဲ…။
-
လောလော ဆယ်ဆယ်တော့.. ကုတင်ပေါ် ပစ်လှဲ လိုက်ရင်း.. သူ့ စာကြည့် စားပွဲ လေး နဲ့..သူပိုင် ဧရိယာ လေး ကို ကြည့်ပြီး.. လူငယ် တယောက် ရဲ့ ကိုယ်ပိုင် လွတ်လပ်ခြင်း အကြောင်း ကိုသာ.. အရသာ ရှိရှိ တွေးနေမိ သည်။ ပြီးတော့.. စားပွဲ ပေါ်က.. ဖတ်လက်စ .. ကြည်အေး ရဲ့ “ ကေဖွဲ့ဆိုသီ” စာအုပ်ကလေး ကို လှမ်းဆွဲ ယူ လိုက်သည်။ အဟောင်းတန်းက.. မနဲ ရှာဝယ် လာ ခဲ့တာ..။ အရေးထဲ.. မနက်က..ကျောင်းက..ပေးလိုက်တဲ့.. hand out တခု ကလဲ..ညှပ်ပါ လာသေး သည်။ သွား..ခဏနေ အုံး။
-

“ကျောင်းနေရင် စာကျက်ရမှာပေါ့..အထွေးရယ်..” ဟု ပြောမိ ဆဲ။

“ ဒါပေါ့.. ဒါပေမဲ့.. ကျောင်းနေပြီး..စာကျက်တယ် ဆိုတာက.. လူတိုင်း အဖို့ မဟုတ်ပါဘူး
ကေရယ်.. ကျောင်းနေပြီး စာကျက်ချင်သူ ကျက်ပေါ့.. ကျောင်းမနေပဲ.. ပန်းချီ ဆွဲချင်သူ
ဆွဲပေါ့.. ဘာကြောင့် မိဘ တတ်နိုင်တိုင်း..မက်ထရစ် အောင်တိုင်း ကောလိပ် လာချင်
ရမှာလဲ…”

-
အင်း.. အထွေး ပြောသလောက် ကြီး တော့..မဟုတ်သေး ပါဘူးလေ..။ ခု တော့.. စော သေးလို့.. စာ မကျက် ချင် သေး ဘူးကွယ်။
-
(ဆက်ရန်)


Share/Bookmark

12 Comments:

Moe Cho Thinn said...

တို့လဲ ကျောင်းနေပြီး စာမကျက်ချင်တဲ့အထဲမှာ ပါခဲ့တယ် ကေရေ့...
ဆက်ပါအုံးနော်။

Maydarwii said...

တူတူပဲ မကေရေ ...
ကျောင်းနေပြီးစာမကျက်ချင်တာ ငယ်ငယ်ထဲကစလို့ ခုထက်ထိပဲ။
ကျောင်းတက်ရတာသာ ပျော်တယ်။ စာတော့မကျက်ချင်ဘူး။ ဒါနဲ့ မကေက အဆောင်ညစာစားပွဲအငြိမ့်မှာ မင်းသမီးလေးလုပ်ခဲ့တာလား။ အပြာရောင်နဲ့ ဆိုတာ... ကျမ မမှတ်မိလို့။ :)

အိန္ဒြာ said...

:(

စောင့်ရဦးမယ်...တဲ့

ကျောင်းတက်ရတဲ့ အချိန်လောက်..ပြန်တမ်းတမိတိုင်း
စိတ်ထဲ ချိုလာတာ..မရှိဘူးနော်...မကေ

မမသီရိ said...

ကျောင်း၊ တက္ကသိုလ် ဆိုတာတွေ ကို စာမေးပွဲအောင်ရုံသက်သက်လို့ သဘောထားမယ် ဆိုရင်တော့ ပိုက်ဆံရှိတယ်ဆိုတိုင်း ကျောင်းတက်ဖို့ ဘယ်လိုပါ့ မလဲ ကေ ရေ.. နော်

ကျောင်းတက်တယ် စာသင်တယ်ဆိုတာ စာမေးပွဲအောင်ရုံ ဘွဲ့ ရရုံ မဟုတ်ပဲ ဘ၀အတွက် လိုအပ်တာတွေ ကြိုတင် ပြင်ဆင်ဖို့၊ လေ့လာဖို့၊ သင်ခန်းစာယူဖို့၊ လေ့ကျင့်နေဖို့ ဆိုတော့
(တခါတလေ) စာမဖတ်လဲ သိပ်အရေးမကြီးပါဘူး နော့..း)

tg.nwai said...

ကေ့ ဒီပို့စ်လေးတွေကို စောင့်ဖတ်နေပါတယ်..အရင်ပို့စ်က ကွန်မန့်ရေးရင်း ပြတ်သွားလို့။

အဆောင်မှာ ရိုးကောလ်စောင့်နေတဲ့ အင်းလျား အဆောင်သူတွေ ဆီကနေ အတိတ်က သဇင်အဆောင်သူတွေဆီကို ပြန်ရောက်သွားရဲ့။ အဲဒီလိုတွေပဲနော်..ဟဲဟဲ။ ပျော်စရာလေးတွေပါပဲ။

အောင်သာငယ် said...

ပျော်ရွှင်စရာကောင်းတဲ့ ချောင်းလေးတခုထဲမှာ စီးမျောပါသွားရသလိုပါပဲ...
တက္ကသိုလ်နေ့ရက်တွေရဲ့ ချိုမြသော အမှတ်တရများ....

tin min htet said...

ကေဖွဲ့ဆိုသီ အကြောင်းပြုပြီး ..

အင်းလျားအတွင်းရေးတွေ ဖတ်နေရပြီ ..
ပျော်စရာ လွမ်းစရာ .. :)

rose of sharon said...

ကျောင်းသူဘဝကိုပြန်လွမ်းမိသွားတယ်ကေရယ်.... ဆက်ရန်မျှော်နေမယ်နော်

MANORHARY said...

လွမ်းတယ်
လွမ်းတယ်
လွမ်းတယ်
ဒါပဲပြောတတ်တယ်
ခဏလောက်သွားနေခဲ့တဲ့ သီရိကိုတောင်လွမ်းလာတယ်
အင်းလျားကတော့ ဝေးဝေးကလွမ်းပေါ့း)
တစ်ခုပဲ ကိုယ်ကတော့ဒီနေ့ထိ စာလည်းကျက်ချင်သူ
ကျောင်းလည်းတက်ချင်သူ...
ဘာဝဋ်ကြွေးနဲ့လူမှန်းကိုမသိး((

tune said...

အခုကို စာက မလုပ်ချင်ဘူး :P.
ကိုယ့်ကိုယ်ကို မနည်း ဆုံးမနေရတယ်။

Kay said...

မချိုသင်း..စာကျက်ပါတယ်..။ ဆက်နေတယ်နော်။း)
အထင်မကြီးပါနဲ့ မမေ ရယ်.. မက တတ်ပါဘူး။ အဆင်ပြေ ရင်..ပုံတွေ ပြမှာပေါ့..စောင့်ကြည့် နော်။
အိန္ဒြာ.. ချိုတယ်..ချိုတယ်..
မမသီရိ- ဒါပေါ့..နော်။း)
မသိဂီ င်္.. မ ဆီမှာ..( ကေမမ ) ရေးတဲ့..သဇင် အကြောင်းတွေ ဖတ်ရတည်းက.. ကျမ လည်း အားကျ ရေးချင်နေခဲ့တာ..မရဲ့။ ခုတော့..စဖွမိပြီ။ :P
ကိုအောင်သာငယ်တယောက်.. ချောင်းလေးထဲမှာ..ရေခဲချောင်းလေး စားပြီး.. မျှောနေပုံတောာင် မြင်ယောင်လာပီ..း)
ကိုတင်မင်းထက်.. ရှူးးးး အတွင်း အတွင်းရေးတွေတော့..ချန်ထားပါတယ်။

မနော်ဖော- မျှော်း)
မနော်- စာကျက်ချင်တာ များ လွယ်လွယ်လေးရယ်..း)
ကျွန်း- စာမကျက်ချင်လည်း..လွယ်တာပဲ.. :D

ကိုလူထွေး said...

ကိုအောင်သာငယ်ကိုတောင် ဝတ္ထုတပုဒ်စရေးဖြစ်အောင် ဆွဲဆောင်အားကောင်းတဲ့ မကေရဲ့စာကို ဆက်လာဖတ်ဦးမယ်...

ဒါနဲ့ "တဆည" လား "တစည" လားဗျ... ?

းဝ)