တူညီ သော.. စေတနာ



.......................................................................................................................................................
ဤ ဗုဒ္ဓ ဘာသာ ဘုန်း တော် ကြီး နှစ်ပါး ကို ဖူး တွေ့ ရ သည်မှာ.. တူညီ မူ တခု ရှိ နေ သည် ဟု ထင် မိ သည်။


သူတို့ မျက် နှာ များ မှ..ရောင်ပြန် ဟပ် သော..ကြည် လင် ၀င်းပ ခြင်း လား။ အရောင် မဲ့ သော မေတ္တာ များ မှ တ ဆင့် ..ထွင်းဖောက်..ထွက်ပေါ် နေတဲ့..သူတို့ ရဲ့..အတွင်း သဏ္ဌန် တွေ လား။

သူ တို့ သည်.. ကြီး လေး သော တာဝန် ကြီး တွေ..အသီးသီး ကို..ထမ်းပိုး လျက်.. အနှိုင်း မရှိ သော စေတနာ များ ကို ..လောင်စာ ပြု ကာ.. ကမ္ဘာကြီး ကို လှည့် ပတ် နေ ကြသည်။ ရောက် သည့် နေ ရာ တိုင်း မှာ လည်း.. အဓိက သာသနာ အရေး အပြင်..အသင့် အမြဲ ရှိ နေ တဲ့..ချစ်ခြင်း..တရားမျှတခြင်း..တာဝန်ကျေပွန် ခြင်း များ ကို မျိုးစေ့ ချ ကြ သည်။ အပင် ကူး ကြ သည်။ ခက်လက် ဝေ ဖြာ စေ သည်။

ဗုဒ္ဓသာသနာ တွင်..လောကီ..လောကုတ္တရာ.. ဒွိယံ ကို သော် လည်းကောင့်း..ပရိယတ္တိ..ပရိပတ္တိ ဆို သော နက်နဲ လှ သည့်..၀ိနည်း အထူး များ ကို လည်းကောင်း.. အသေ အချာ..အတိမ် အနက်..နားမလည် လှ သော် လည်း.. ထို ဆရာ တော် ကြီး များ ကား.. အစွန်း မထွက်.. ညီညွတ်.. မျှတ လှသည့်..သာသနာ့ သူရဲကောင်း များ ဖြစ် သည် ကို မူ..အသေ အချာ သိမြင် နေ ရ သည်။

ဒလိုင်း လားမား ကို ကြည့် ရ သည်မှာ.. ရွှင်မြူးဟန် ရှိ သည်။ ပျော် တက် ပုံ ရ သည်။ အပြော အဟော..ပွင့် လင်း သည်။ မင်းသား ဘရက်ပစ် ပါဝင် သရုပ် ဆောင် သော..ဒလိုင်းလားမား..ထေရုပတ္တိ ဆန် ဆန်..ဟောလိဝုဒ် ကား တကား ကို ကြည့် ဖူးသည်။ နံမယ် တော့..မမှတ် မိ တော့။ ဘရက်ပစ် က.. လားမား အလောင်း အလျာ လေး ငယ်စဉ် က.. လာရောက် စာသင် သော..အနောက်နိုင်ငံသား.. အဖြစ်..သရုပ် ဆောင် ထား သည်။ သူငယ် စဉ်က..ပစ္စည်း ကိရိယာ အသစ် အဆန်း များ ကို..စူးစမ်း လို စိတ် အင်မတန်..ပြင်းထန် ကာ.. အံမ၀င် ခွင် မကျ သော..ရှေးရိုး အစဉ် အလာ များ ကို လည်း.. ပြောင်း လဲ ရန်..အမြဲ ကြိုးစား နေ ခဲ့ သည်။ သာဝက များ က..ငှါး ထား သော..ကျောင်း ဆရာ ကို.. ၀ပ်တွား ခယ ဆက် ဆံ စေ လို သော် လည်း.. လားမား လေး ကတော့.. သူငယ် ချင်း လိုပင်..ခင် မင် စွာ ..ပေါင်းသင်း ဆက် ဆံ စေ သည်။ သဘာဝ ကျကျ စဉ်းစား တွေးခေါ် တတ် ပုံ တချို့ နှင့်.. တိုင်းပြည် နှင့် လူ မျိုး အပေါ်..တိုးတက် လွတ်လပ် စေ လို ခြင်း များကို..ထို ရုပ် ရှင် ထဲ တွင်..အနုပညာ ဆန်ဆန်..ရိုက်ပြ သွား ခဲ့သည်။

အမေး အဖြေ တခု တွင်.. သူသာ.. လားမား မဖြစ် ခဲ့ လျှင်..အင်ဂျင် နီယာ တယောက် ဖြစ် ချင် ပါ သည် ..ဟု ပြော ခဲ့ ဘူး တာ.. တနေ ရာ မှာ..မှတ် သား မိ ဘူး သည်။

၁၉၈၉ ခု နှစ် မှာ..ငြိမ်းချမ်းရေး နိုဘယ် ဆု ရ ခဲ့ တဲ့..ဒလိုင်းလားမား ဟာ.. အဖိ အနှိပ်ခံ..တိဗက် ပြည်သူ များ အတွက်.. လွတ်မြောက် မူ ကို ..ဘယ်လို ဆောင်ကျဉ်း ပေး နိုင် မလဲ..မသိ နိုင် သော် လည်း.. သူ သည်..တိဗက် တို့၏ ..သင်္ကေတ ဖြစ် သည်။ သံတမန် ဖြစ် သည်။ ပြတင်း ဖြစ် သည်။ သတင်း ဖြစ် သည်။

ဒီမှာ ဖက် တော့...ပီနန် ဆရာ တော် ကြီး ကား..သက်တော် (၈၀) ကျော် နှင့် မလိုက် အောင်..ရွှင်လန်း..သော အသရေ ရှိ လှသည်။ သူ့ကို မြင်တွေ့ ရ သည်မှာ..၀မ်းမြောက် အားရ ဖွယ် ရှိ သည်။ မြန်မာ့ အရေး များကို.. မရွံတမ်း..တစိုက် မက် မက် ..လှုံ့ ဆော် လုပ်ဆောင် နေ သည်မှာ လည်း..အားကိုး ကြည် ညို ဖွယ် ကောင်းလှ ပေသည်။ နိုင်ငံခြား သာသနာ ပြု ဘ၀ တလျှောက် မှာ..သူ တည် ထောင် ခဲ့ တဲ့.. ကျောင်းတိုက် ကြီး များ ..၁၀ ခု မက..ရှိ ခဲ့ သည် ဟု..သိ လိုက် ရာ.. စင်ကာပူ တိုပိုင်းရိုး ကျောင်း ကို..ကြည့် ယုံ နှင့်ပင်.. ဆရာ တော် ကြီး ၏ စွမ်း ဆောင် ရည် ကို..အံ့မခန်း..မှန်း ဆ နိုင် ပေ သည်။

ရန်ကုန် မြို့ က.. သာသနာ့ တက္ကသိုလ် ကြီး ဆို တာကို လည်း..ဆရာ တော် ကြီး ကပင်..မြန်မာ သံဃာ များ..ကမ္ဘာ နှင့် ရင်ဘောင် တန်း နိုင် အောင်.. အစပြု တည် ထောင် ခဲ့သည် ဟူ၏။ ဆရာ တော် ကြီး၏ အယူ အဆွဲ ကင်း သော.. တည် ကြည် သော..ရပ် တည် မူ ကို လည်း..ယခု လို မြင် လိုက် ရ သည်။



လူတစ်ယောက်ကလျှေက်တယ်ကွာ ၊ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတာတွေဟာ ဒီမိုကရေစီ မရှိလို့ပါ ။ ဒါကြောင့်သံဃာ့အဖွဲ့အစည်း ရဲ့ အမည်ထဲမှာ Democratic လို့ထည့်လိုက်ရ ရင်ပိုကောင်းပါလိမ့်မယ်ဘုရား ” တဲ့ ။

“ ငါကလူကြီးလေကွာ ၊ သူပြောတိုင်းထည့်လို့ကလည်းမရဘူး ၊ သူစဉ်းစားတာလေးကို ငါကအလေးတယူမလုပ်ပဲ ပယ်ချလိုက်လို့ကလည်း မကောင်းဘူး ၊ ဒီတော့သူ့ကိုရှင်းပြရတာ ပေါ့ ” ။

“ ခင်ဗျားစဉ်းစားတာလေးက ကောင်းပါတယ် ၊ ဒါပေမဲ့ခင်ဗျားပြောတဲ့ Democratic ကိုထည့်ပြီးရင် နောက်တစ်ယောက်ကလည်း Liberal ထည့်ချင်ပါတယ်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ နောက်တစ်ယောက်ကလည်း Conservative ထည့်လိုက်ပါဦးလို့ ပြောလာပြန်ပြီ ၊ ဒါဆိုရင်ငါတို့ နာမည်ကြီးက အရှည်ကြီးဖြစ်သွားလိမ့်မယ်ထင်တယ်ကွ ”
လို့ရှင်းပြလိုက်တော့မှ ၊

“ ဟုတ်ပါပြီဘုရား မထည့်ပါနဲ့တော့တဲ့ ….. ဟား….ဟား…. ”


( AOAB မှ..ကူးယူ ဖော်ပြ ပါသည်)

တရက်က.. ဆစ်ဒနီ မြို့ကို..ဆရာ တော် ကြီး ရောက် လာစဉ်.. နိုင်ငံခြား သတင်းထောက် တချို့ နှင့်..မေးမြန် ပြော ဆို သွား သည် ကို...အော်စီ တီဗီ သတင်း မှာ..ကြည့် လိုက် ရ သည်။ မြန်မာ့အရေး နှင့် ပတ် သတ် ၍ ကြည် လင် ပြတ် သား စွာ ဖြေ ကြားသွား သည် မှာ.. အင် အား ရှိ လှသည်။ နယူး ဇီလန် အစိုး ရ ကို လည်း..မြန်မာ့ အရေး ကူညီ ပေး ရန်..တိုက်တွန်း ပြော ကြားခဲ့သည်။ ဆရာ တော် ကြီး က တော့..သူ့ တာဝန် ကို.. လေးနက် တိကျ စွာ.. ထမ်း ဆောင် နေပေပြီ။ သာ သနာ မောင်း တွေ ..မြည် ဆော် လျက် ရှိ နေ ပြီ။



Share/Bookmark

1 Comment:

Thet Oo said...

ရုပ်ရှင်က Seven years in Tibet ပါ။