Nov 13, 2009
အမ ကို မှာမဲ့သာ မှာရတာ.. အားတော့ နာသား..။ သူ့မှာလဲ..ဟိုလူမှာ..ဒီလူမှာ ဖြစ်နေ ရင်တော့..အကုန်အကျ များမှာ စိုးတာပါ။ ပြီးခဲ့တဲ့.. အောက်တိုဘာ ၁၉ ရက်နေ့ ကတည်းက.. ၄၇ နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ထုတ်ဝေ လိုက်တဲ့..မင်းကိုနိုင် ရဲ့ စာအုပ်လေးကို အရမ်း ဖတ်ကြည့်ချင် စိတ်ဝင်စား နေခဲ့တာ။ ပို စိတ်ဝင်စား စေ ခဲ့တာက… ရသ ဖွဲ့ အချစ် ဇတ်လမ်းလေး တခုကို အခြေခံ ထား သတဲ့…။
နောက်ကြည့်မှန် ဆိုတဲ့..စာအုပ် အညိုလေး ကို ကြောင်တကြောင် ကြွက်မိ ထားသလို.. မစားရက်.. စားရက်.. မဖတ်ရက်.. ဖတ်ရက်...အပြန်ပြန် အလှန်လှန် ကြည့်ရင်း.. မျက်နှာဖုံး သရုပ်ဖော်ပုံ ကို သဘောကျ နေမိသည်။ ကားတစီး ရှေ့ဆက်မောင်းဖို့.. နောက်ကြည့်မှန် တချပ်..ဒါမှ မဟုတ်.. နှစ် ချပ် .. ဒီ့အပြင် ကြည့်ချင်သေးရင် သုံးချပ် ထိ တောင် ကြည့်ဖို့ လို သည်ပဲ။ ဒီစာအုပ် အဖုံး က..ကား မှန် လေးချပ်မှာတော့..ရန်ကုန် တက္ကသိုလ်ကြီးရယ်.. ရှစ်လေးလုံး အရေးတော်ပုံ ကြီးရယ်.. ဒီရှစ်လေးလုံး အရေးတော်ပုံကြီးကို သွေးစွန်းစေခဲ့တဲ့..သေနတ်ကိုင် လူတစုရယ်.. နောက်ပြီးတော့.. ချစ်ခြင်း တရား ရယ်။ ကား နောက်ကြည့်မှန် လေး ခု ထဲက.. ပေါ် နေတဲ့.. အတိတ် တွေ..အရိပ်တွေက.. အဓိပ္ပါယ် ပါလှသည်။ သူကတော့ အဆန်းထွင် တွေးချင်သေးသည်။ ကားမောင်းရင်.. နောက်ကြည့်မှန် နဲ့ တင် လုံလောက် လို့လား.. Blind spot ဆိုတာကို.. ခေါင်းပြန် လှည့်ပြီး..ကြည့်ရ သေးသည် မဟုတ်လား။ ရှိနေတတ်တဲ့ မျက်ကွယ်ထောင့် တွေ ကို ခေါင်းကျော် ကြည့် ဖို့..အမြဲ သတိ ထား နေရ တတ်သည် လေ။
မင်းကိုနိုင် ကို လူတိုင်း လို သိနေကြပေမဲ့… သူ့ဆီက..စကားသံ တွေက တော့.. ကြားရ ခဲ လှသည်။ သွားလာ လှုပ်ရှား နေတဲ့..သူ့ကို မြင် ရ တွေ့ရ တာ.. အနှစ် ၂၀ ကျော် ဆိုတဲ့ ကာလ တလျှောက်လုံး ထဲမှာ.. ဘယ်နှယ် ရက်စာ လောက်များ.. ရှိခဲ့ ဖူး သလဲ…။ တကယ့် မှ.. ရှားပါး လှ တဲ့..ပုံရိပ် တွေ…။ အသံ တွေ..။ ခံစားချက်တွေ။ အထူးသဖြင့်..သူ့ရဲ့ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် တွေကို..လူ တွေ စိတ်ဝင်တစား ရှိ လှတာ..ဘာလို့ လဲ မသိ။ သူ့ရဲ့.. ဇတ်ဟန်ပါတဲ့.. အပြောအဆို တွေ ကြောင့်လား…. ရဲရင့် တည်ကြည်တဲ့ အတွေးအခေါ် ခံယူချက်တွေ ကြားထဲမှာ တွဲစပ် ယှက်နွယ် ပါလာ တတ်တဲ့..နုရွ လှပ တဲ့..ကဗျာ ပါဒ..စကားလုံး ဥပမာတွေ ကြောင့် လား.. တင့်တည် ရည်မွန် တဲ့.. လူရွယ် တယောက် ရဲ့..ပျောက်ဆုံးသွားတဲ့.. နုပျို လွတ်လပ်ချိန် တွေ အတွက်လား…။
၁၆ နှစ်ကျော်ကြာ အကျဉ်းထောင် ထဲမှာ.. နေထိုင်ခဲ့ ပြီး.. လွတ်မြောက် လာတဲ့.. နေ့မှာ… ဦးဦး ဖျားဖျား ရေဒီယို အစီအစဉ် တခု ကတောင် …မထင်မှတ်ပဲ.. သူ့ရဲ့ အချစ် ခံစားချက် တွေကို မေးခွန်း ထုတ်တာ ကြား ခဲ့ ကြ ဘူး သည်။ အဲဒီ တုန်းက.. သူ ဖြေသွားခဲ့ တဲ့ … “အခုအချိန်ဆို..သူလဲ သူ့ဘ၀နဲ့သူ ဖြစ်နေလောက်ပါပြီ ..” ဆိုတဲ့.. ဆွေးဆွေး မြေ့ မြေ့ စကားသံ တချို့ကို ခုထိ ကြားယောင် မိသေးသည်။
အခုတော့…ဒီ စာအုပ် ကလေး ထဲမှာ… သူ့ရဲ့ ရင်ခုန်သံ ကို ကြားဖူး လိုက်ပြီ..။ သူ့ရဲ့ လှုပ်ရှားမူ တွေကို မြင်ခဲ့ ရပြီ ။ ပြီးတော့..သူ့ရဲ့ ပျိုရွယ်ချိန်တွေ.. ပွင့်လန်းစ နိုင်ငံရေး အတွေးအမြင်တွေ.. သူပြောလေ့ ရှိတဲ့..ပုံတို ပတ်စတွေ.. လှပသလောက်.. တိကျ ပေါ်လွင် တဲ့.. ဥပမာ ပုံဆောင် ချက်တွေ… ဒသာန မြောက်တဲ့.. နိဂိုး အထုံး အဖွဲ့တွေ…။ အထူးခြား ဆုံးကတော့.. အသက်ဝင် ကူးစက် နိုင်စွမ်းပေးတဲ့…သူ့ရဲ့ အနုပညာ မြောက် ဖန်တီးမူ တခု ကို.. မျှော်လင့် ထားတဲ့ ကြားထဲက..မမျှော်လင့်ပဲ တွေ့လိုက် ခြင်းပင်။
တကယ်ပါ။ ပုဂ္ဂိုလ်စွဲ နဲ့.. အရမ်းဖတ်ချင် မျှော်လင့် နေပေမဲ့… နာမည်သာ ကြီးနေတာ.. ဒီလောက်ကြီး လည်း ဟုတ်ချင်မှ ဟုတ်မှာပါလေ.. ဆိုတဲ့.. သံသယ က .. ရှိနေခဲ့သည်။ စာမျက်နှာ ကလည်း ၁၇၀ လောက်ပဲ ဆိုတော့.. သိန်းဖေမြင့် ရဲ့ သပိတ်မှောက် ကျောင်း သား လို မျိုး တော့..မျှော်လင့် စရာ မလို တာ.. သိသာ နေပြီ။ ဒီလိုနဲ့.. . စာလုံး အရွယ် ခပ်သေးသေး တွေ နဲ့ ကျစ်ကျစ် လစ်လစ် စာစီ ထားတဲ့.. နောက်ကြည့်မှန် စာအုပ်ကလေး ကို.. ခပ်ဖြည်းဖြည်း ခြင်း ..ဖွင့်လှန် လိုက် မိတော့သည်။
သည်ပန်းချီကား တချပ်လုံးတွင် တစုံတရာ ဖြည့်စွက်ရန် လိုနေသည် ဟု သူမ အနေဖြင့်
တောင့်တ မိသည်မှာ ကြာပြီ။ ခုလို နွေဦးတွင် ပို၍ ထင်ရှား သည်မှာ နောက်ခံ ကွင်းပြင်
နှင့် မှုန်ကျကျ ကားလမ်း၊ ပြီးတော့ ဟိုတပုံ သည်တပုံ စုထားသည့် သံလမ်း တိုရှည် များ
နှင့် ဇလီဖားတုံး အပုံ တို့ရှေ့မှာ ထီးတည်း ကုက္ကိုပင်ကြီး က ခါးနွဲ့နွဲ့ နှင့်
ထီးဆောင်း ထားသော မိန်းမနှယ်။ တံလျှပ်တွေ ကြွယ်သည့် နေ့လည်ခင်းမှာ ညိုတယောက်ထဲ
ထိုမြင်ကွင်းကို ကြည့်ရင်း..လက်တွေ့ကျသော အလုပ်ကို လုပ်ဖြစ်ခဲ့ သည်။
နယ်တွေ ကို ပြန်ရောက်လာတဲ့…တက္ကသိုလ် ကျောင်းသား တွေ နဲ့.. နယ်ခံ ကျောင်းသား..လူထု ရဲ့ ချိတ်ဆက် လှုပ်ရှားမူတွေ။ ရန်ကုန်ကနေ.. နယ်အသီးအသီး ကို လျှို့ဝှက် ဆင်းလာကြတဲ့.. စည်းရုံး လှုံ့ဆော်သူ တက္ကသိုလ်ကျောင်းသား တွေ…။ တရက်မှာ.. သူတို့ အိမ်ရှေ့ကို ငိုက်စိုက် ငိုက်စိုက် နဲ့ ရောက်လာပီး… သူ့အမ နာမည်ကို မေးလာတဲ့.. မျက်နှာ ရှုသိုးသိုး နဲ့..လူတယောက် ။ ( နိုင်ငံတကာ ဆက်ဆံရေး ကျောင်းသူ အမ ရဲ့ စီနီယာ အတန်းသား.. ကိုကိုကြီး မှန်း..နောက်တော့ သိခဲ့ ရသည်။ ) အားလုံးက.. လျှို့ဝှက်သည်းဖို ၀တ္တုတပုဒ် ထက် မလျော့ အောင်.. သိပ်သိပ်သည်းသည်း ရှိ လှ သည်။
အခုလဲ …ဇတ်လမ်းထဲမှာ… အားလုံး ဒီအတိုင်း ရှိနေသည်။ တကယ်ကတော့.. အဲဒီ အမြန်ရထား တောင် မဆိုက် တဲ့.. ကြားဘူတာ တောမြို့လေး တခု မှာ တင်မက..အဲဒီအချိန်က.. နယ်တိုင်း မြို့တိုင်း နေရာတိုင်းမှာ…အားလုံး နှင်နှင်..ဒီ အတိုင်းပဲ ရှိနေခဲ့ ပေလိမ့်မည်…။
-
“ နေပါဦး..စာအုပ်ငှားတော့..အာမခံ ပေးရအောင်.. ညို့ကို နာမည် ပြောထားဦးလေ..” လို့ အမေး...
“ အေးဗျာ.. ဖေသောင်း လို့ပဲ မှတ်ထားဗျာ…” ဆိုရင်း.. .တော်လှန်ရေး နာမည်ဝှက် တခု ရှိလာခဲ့တဲ့..တက္ကသိုလ် ကျောင်းသား “ ဖေသောင်း” တွေ ။ သူရ တွေ.. ထွန်းသက်တွေ.. ကိုမြင့်ဇော် တွေ..ခင်မောင်လတ် တွေ...။
တကယ်ကတော့.. အဲဒီ မတိုင်ခင် မှာရော..အဲဒီ နောက်ပိုင်း မှာရော..ဒီ အတိုင်းပဲ တလျှောက်လုံး ဖြစ်နေ ခဲ့ တာ ပဲ မဟုတ်လား။ ခေတ်တခု ခြင်းစီ ရဲ့ သမိုင်း အဆက်အစပ် နဲ့..တော်လှန်ရေး တခု ရဲ့ အရုပ်အသိမ်း ကိုလည်း..စာရေးသူက.. သာမန် အိမ်ရှင်မ မိခင် တယောက်ရဲ့ သိနားလည် မူ အသွင် နဲ့ ပုံဖော် သွားခဲ့သေးသည်။
ဒေါ်တင်တင်က..ညို အား လက်ညိုးထိုးပြပြီး..ညိုတို့ လေးလေး တယောက်က..ငါ့မောင်
အငယ်ပေါ့။ သူတို့တုန်းကလည်း မင်းတို့လို ၀င်ပါမိလို့..အထဲမှာ အကြာကြီး
နေခဲ့ရသေးတယ်။ ပြန်ထွက်လာတော့ ကျောင်းလည်း ဆက်မတက်ဖြစ် တ၀က်တပျက် နဲ့ ဘွဲလည်း မရပဲ ဆုံးရှုံးသွားတာပဲ။ ဖြစ်တော့ မင်းတို့ အခံဖက်ချည်းပဲ…
တကယ်တော့.. ဒီ ၀တ္တုလေး ဟာ.. သမိုင်းနောက်ခံ အချစ်ဇာတ်လမ်း လား.. အချစ် နောက်ခံ.. သမိုင်းပုံရိပ် တခုလား… ။ စာဖတ်သူ အတွက်တော့.. နဲနဲလေး..အကျဉ်းချုံ့ သလို ခံစားနေရတာက လွဲရင်.. သူများတွေ ပြောသလို.. ရှစ်လေးလုံး ရဲ့ မြင်ကွင်းတွေ ပါးလျ နေတာက လွဲရင်.. အချိန်ကာလ ကိန်းဂဏန်း တွေ မပါဝင်တာက လွဲရင်.. အဖြစ်အပျက် စုံစုံ နဲ့..ခံစားမူ အစုစု ကို.. ကျစ်ကျစ်လစ်လစ် လှလှပပ.. ထုံးဖွဲ့ထားတဲ့.. စာအုပ်ကောင်းလေး အဖြစ်... ရင်တွင်းဖြစ် ခံစားချက်တွေ ကို..တော်လှန်ရေး လှုပ်ရှားမူ အတွေ့အကြုံတွေ နဲ့..အချိုးကျကျ ရောယှက် ယက်လုပ် ထားတဲ့ မင်းကိုနိုင် ရဲ့ ပထမဆုံး ၀တ္တုလေး အဖြစ်.. တသက်စာ အမှတ်တရ.. သိမ်းဆည်း ထားရပေတော့မည်။
စာရေးသူက..ညို့နေရာမှာ အများဆုံး နေပေမဲ့… တခါတလေ.. ဖေသောင်း ဖြစ်သွား လိုက်.. မခင်အေး ဖြစ်သွားလိုက်.. အကူး အဆက် မြန်ပေမဲ့.. ဖတ်နေရင်းပဲ.. ပြေပြစ် သွား ပြန်သည်။ စကားပြော.. အဖွင့်..အပိတ် သင်္ကေတ တွေ.. တိကျတဲ့..တြိယာပုဒ်တွေ.. သုံးရိုးသုံးစဉ် သန္ဗန္ဓတွေ.. သဒ္ဒါထုံးတွေ အများကြီး သုံးမထားသော်လည်း.. တွန့်လိမ် ဖြစ်ညှစ် ဆန်းသစ် ထားတဲ့..အရေးအသား မျိုးလည်း မဟုတ်ပဲ.. တည်ငြိမ် သပ်ရပ် တဲ့.. စာ တပုဒ် လို့သာ မြင်မိသည်။
“ ကြယ်တွေ မှာလည်း ကြယ်လူကြီး ကြယ်ကလေး တွေ ရှိတယ်။ ဓူဝံကြယ် က..အဖိုးကြီး မို့
တနေရာထဲ ငုတ်တုတ် ထိုင် စဉ်းစား နေတာ ပေါ့။ ခုနှစ်စင်ကြယ်က ကလေး တွေ မို့
ကုန်းပိုးစီးတမ်း ကစား နေကြတာ၊ အခြေ မခိုင်ပဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဘူးပါတယ်။
ဒါပေမဲ့ အဲဒီထဲ မှာ လူတွေ အတွက် အသုံးတည့်လို့ နာမည် မှည့် ခံ ထားရ တဲ့ ကြယ်တွေ
တပွင့်မှ ပါမသွားဘူး။ တကယ်တော့ ကြယ်တွေ ရဲ့ ဘ၀ မှာ အဖော်နီးတာ အဖော်ဝေးတာ
အရေးမကြီးပါဘူး။ လောက အတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်…”
ပြီးတော့..ဖေသောင်း အနားမှာ အတူလိုက်ပါရင်း ….. စိုးရွံ့ပူပန်နေမိ… အလုပ်တွေ ရှုပ်နေမိ.. အာရုံတွေ များနေမိ.. နာသာ ခံခက် နေမိတဲ့.. အာရုံဝင်စားမူ…ရှုခင်းအစုံစုံ ။ှ
“ ကျောခိုင်းရာ မှာ.. ဘာဖြစ်ကျန် ခဲ့မှန်း မသိသူ တွေ အတွက် နောက်ကြည့်မှန် တချပ် လှူချင် တာ...” လို့ ဆောင့်ကြီး အောင့်ကြီး ပြောလိုက်တဲ့.. မခင်အေး ရဲ့ အပြစ်တင် စကား အတွက်.. ဒါကတော့ .. လို့ စာနာနေမူ။ အဲဒါ တွေ ကြားထဲက.. သံယောဇဉ် ကြိုးတွေကို ဘယ်လို ဘယ်ပုံ ထုံးနှောင် ဖြေလျော့ ခဲ့ သလဲ ဆိုတဲ့.. အချစ် နဲ့ တော်လှန်ရေး အပေါ် ခံယူ ချက် တွေ ကိုတော့.. မင်းကိုနိုင် ရဲ့ ကိုယ်ပိုင် အသံ လို့ပဲ ယုံယုံကြည်ကြည် ကြားယောင်ရင်..ခပ်ဖွဖွ ရေရွတ် ကြည့်နေမိ တော့သည်။
---- သံယောဇဉ် ဆိုတာ ခဏလောက် ခွါချ ထား လို့ရရင် ကောင်းမယ်။ မရတော့လည်း တို့တတွေ မေ့ချင်ယောင် ဆောင်နေကြရုံပဲ ညို။ တခါတလေ မှာ သံယောဇဉ် ဟာ သတ္တ၀ါတွေ အတွက် ခံစားချင်စရာ အကောင်းဆုံး ထွေးပွေ့မူ ဖြစ်ပေမဲ့ လိုအပ်တဲ့ အခါ မှာ စွန့်ရဲရလိမ့်မယ်။ ညိုဟာ ကိုယ့် အတွက် ဖိနပ် တရံ လိုပဲ အနစ်နာ ခံပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါတွေ ကို အလေး အမြတ် သိမှတ် ပါတယ်။ ဒါပေမဲ့ ရေနစ်လို့ ကူးကြပြီ ဆိုရင်ဖိနပ်ကို စွန့်ရတာပဲ ညို….
နောက်ကြည့်မှန် ထဲမှာ..တဲ့တဲ့ ရှင်းရှင်း မြင်နေ ခဲ့ရတာက.. မြန်မာ့ သမိုင်း ထဲ က.. ရှစ် လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေမဲ့… မျက်ကွယ်ထောင့် ကို ခေါင်းငဲ့ ကြည့် ရင်း မြင်ရတာ ကတော့.. လူ နှစ်ယောက်ရဲ့ ပုဂ္ဂလ ဘ၀ သံယောဇဉ် တွေ... နိုင်ငံရေးသမားကြီးတွေ.. လူချမ်းသာ ပညာရှင်ကြီးတွေ တယောက်မှ မပါတဲ့… သာမန်လူတန်းစား အားလုံး ကို ကိုယ်စားပြုနေတဲ့.. မြန်မာ လူမူအသိုင်းအ၀ိုင်းလေး တခု ရဲ့ အနေအစား.. နိုင်ငံရေး အသိအမြင် တွေ ..ပြီးတော့… လက်နက် နိုင်ငံတော်ကြီးကို.. အံတု ခဲ့တဲ့.. လောက်လေးခွ တချို့ ရဲ့ မျှော့ကြိုး အလျော့ အတင်း .. အချိန် အဆ တွေ..။





21 Comments:
မကေ ကျေးဇူးပါပဲ။ စာအုပ် အမြည်းလေးဖတ်ရတာ။ ရအောင်ရှာဦးမယ်။
သူ့ချစ်သူအကြောင်းပြောတဲ့ အင်တာဗြူး နားထောင်ရဖူးတယ်။ စာအုပ်က ဘန်ကောက်မှာပဲ မှာလို့ရတာလား။ မိုးမခတို့ ချိုသင်းတို့ဆိုင်မှာလည်း ရှိမယ် ထင်တယ် နော်။
မအယ်
ကေရေ..ကျေးဇူးပါ..
မမကေသွယ်ရေ ပို့စ်လေးအတွက် ကျေးဇူးတင်တယ်..ညီမလေးတော့ အေအေပီပီက လက်ဆောင်ပေးမယ့် စာအုပ်လေးကို မျှော်နေတယ် သူ့စာအုပ်လေးက ရံပုံငွေအတွက် ဘတ် တစ်ရာနဲ့ဝယ်လို့ရတယ်တဲ့ တကယ်လို့ ထိုင်းမှာ ၀ယ်ချင်ရင် မဆုမွန် ဘန်ကောက်ကနေ ကူပေးလို့ရတယ်နော်
မကေရေ
စာအုပ်လေးကို လာမြည်းသွားပါတယ်....
ဝယ်ဖို့မလွယ်တဲ့ စာအုပ်လေးကို မကေရဲ့ကျေးဇူးနဲ့
ခုလိုဖတ်လိုက်ရတော့ အရမ်းဝမ်းသာမိတယ်...
နှင်း
interesting!
ကျွန်တော်က ကြီးကြီး ငယ်ငယ် အမလို့ ပဲ လေးစားသမှုနဲ့ ပဲ
ခေါ်ပရစေနော်။ စာနဲ့ တူတဲ့ စာလေးတွေကို ကြိုးစားရေးနေရ
သူတစ်ယောက်အနေနဲ့  ပြန်လိုက်လာပြီး အမ ရဲ့  စာကောင်းတွေ
ကို နေရာပေးတန်ဘိုး ထားချင်တဲ့ စေတနာတွေနဲ့  စာကောင်း
တစ်ပုဒ်ကို နေရာပေး ရေးတင်ထားတဲ့  မင်းကိုနိုင်ရဲ့  စာလေးကို
အသျဉ်းဖတ်ရတာလေးနဲ့ ပဲ ရင်ထဲနင့် နေမိရပါတယ်လို့ ။
မင်းကိုနိုင်နဲ့ တစ်ချိန်ထဲ စစ်ဖိနပ်အောက်မှာပဲ ကျောင်းသားဘဝ
ကို ဖြတ်သန်းခဲ့ ရသူတစ်ယောက်အနေနဲ့  လေးစားခဲ့ ရသူတစ်
ယောက်ရဲ့  ရှားပါးတဲ့ စာလေးကို ဖတ်လိုက်ရလို့  အမကိုပဲ
ကျေးဇူးကမ္ဘာလောက် တင်ရှိမိပါကြောင်းလို့ ...။
အဲဒီ ကိုမင်းကိုနိုင်ရဲ့  စာအုပ်လေးကိုပဲ အမလို ဖတ်ချင်စိတ်တွေ
ပြင်းပြလာမိလို့  အမကိုပဲ တောင်းဆိုပါရစေလို့ ။ တိုးတက်နေ
တဲ့  အွန်လိုင်းခေတ်ကြီးထဲမှာ အမဆီက ကျွန်တော်တို့ 
ထိုင်ဝမ်ကို မှာယူလို့ ရလိမ့် မယ်လို့ မျှော်လင့် မိရင်း အလော
သုံးဆယ်မဟုတ်ဖဲ အားလွန်းတဲ့ တစ်နေ့  ဆက်သွယ်လို့ ရအောင်
ကျွန်တော့်  vzo လိပ်စာလေး ကျွန်တော်ကပဲ အရင်ပေးပရ
စေလို့ ။ vzo account ဖွင်ပြီး ahphyulayy ဆို
ရင်ပဲ ရပါပြီ။ မှာယူဘို့ ပါ။သူ့ စာအုပ်လေးကို။
ကျေးဇူးတင်စွာနဲ့ ပဲ..........။
ဂျီမေးလ်းကတော့ ahphyulay65(aသင်္ကေတ အက်)
ကို ကီးဘုတ်ကြောင်နေလို့ ရိုက်မရသေးပါ၊gmail.com ပါ။
အမ ကိုအလုပ်ပေး၊ဒုက္ခပေးသလိုဖြစ်သွားရင်တော့  ခွင့် လွှတ်
ပေးပါလို့ ...။
မအယ် ... စာအုပ်ရနိုင်မဲ့ နေရာတွေ ရှိမှာပါ.. အနဲဆုံး အေအေပီပီ ကို လှမ်းမှာရင် ရမယ်ထင်တယ်။ အဖြူလေး လည်း.. တခြားမှာ ရှာကြည့်ပါလား။ ကျမ ကူညီနိုင်မယ် မထင်ဘူး.. ရေးထားတဲ့ အတိုင်း..ထိုင်းက လက်ဆောင်ပို့ပေးလို့သာ ဖတ်ရတာပါ။ VZO တွေ Gmail တွေ လည်း မလိုတော့ဘူးပေါ့ နော်။ စာလာဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ခင်မင်စွာဖြင့်=
အမရေ အမြည်းလေးဖတ်ရတာကိုပဲ ကျေးဇူးဗျ
မနာလိုဘူးဗျာ...
ကျေးဇူး ကေ
ဖတ်ချင်တယ်
ဘူ့ ကို မှာရ မလဲ မသိဘူး..း(
မကေရေ မအယ်လည်း ထိုင်းက သူငယ်ချင်းကို လှမ်းမှာ လိုက်တယ်။ ရတော့မယ်။:))
မအယ်
လေးစားချစ်ခင်ရတဲ့ ကိုမင်းကိုနိုင်ရဲ့  စာအုပ်ကို သတင်းကြားကတည်းက ဖတ်ချင်နေတာ... ခု ကေ့ဆီကနေ အမြည်းဖတ်လိုက်ရလို့ ကျေးဇူးပါနော်...
ဝယ်ဖတ်လို့ရအောင် ကြိုးစားလိုက်ဦးမယ်...
mie nge
ဖတ်ဖြစ်အောင် ဖတ်အုံးမယ် မကေရေ...
ကျေးဇူးပါ...
းဝ)
အဖြူလေး တို့ မအယ် တို့... စာအုပ်ဖတ်ချင်သူများ..ဟောဒမှာ.. မှာယူ နိုင်တယ်..တဲ့။
ကိုမင်းကိုနိုင် ရဲ့ နောက်ကြည့်မှန် ၀တ္ထုစာအုပ် ၀ယ်ယူ အားပေး လိုသူများ ခင်ဗျား.....
အမေရိကန် နိုင်ငံတွင် ကိုအောင်(USCB)၊ မိုးမခ၊
ဂျပန်နိုင်ငံတွင် ဖုန်းမြင့်ထွန်း(အေအေပီပီ)။ ကိုဝင်းအောင်
တောင်ကိုရီယားတွင် ကိုနေထွန်းနိုင်(အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ)။
စင်ကာပူနိုင်ငံတွင် မမြတ်မြတ်မိုး Blk 445, #02-179, Clementi Ave 3, Singapore
120445
တို့တွင် ၀ယ်ယူ အားပေး နိုင်ပါတယ် ခင်ဗျား။ အခြား နိုင်များရဲ့ လိပ်စာ ကိုလည်း ဆက်လက် အကြောင်းကြားပါမယ်။အေအေပီပီ ကို တိုက်ရိုက် မှာယူမယ်ဆိုရင် စာတိုက်ခ အပါအ၀င် အမေရိကန် ၁၀ ဒေါ်လာနဲ့ မှာကြားနိုင်ပါတယ်။
www.info@aappb.org
မကေရေ
ပို့စ်လေးအတွက် ကျေးဇူးပါ။ အော်စီမှာကော စာအုပ်မှာလို့ရတဲ့ နေရာ မရှိဘူးလား။ ကျွန်မလည်း သိပ်ဖတ်ချင်တယ်။ ၁၉၈၈ အထိ မြန်မာပြည်နဲ့ ပတ်သက်တဲ့ သမိုင်းအမှန်ကို လုံးဝမသိခဲ့တဲ့ ကျွန်မက သူ့စာတစောင်နဲ့ ကျွန်မ သမိုင်းအမှန်ကို ပထမဦးဆုံး သိရလို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကျွန်မအတွက် ပထမဦးဆုံး ကြားဆရာ ဖြစ်သလို ခေါင်းဆောင်တွေအထဲမှာလည်း အလေးစားဆုံးပါပဲ။ ကျွန်မ ဒီစာအုပ်ကို သိပ်ဖတ်ချင်ပါတယ်။ အော်စီမှာ မရှိရင်တော့ စင်္ကာပူကိုပဲ မှာရမယ်ထင်တယ်။
မကေ
နောက်ကြည့်မှန်ကို သိပ် ဖတ်ချင်သွားပြီ။ ရှာဝယ်အုံးမှပဲ။
ခုလို မျှဝေပေးတာ ကျေးဇူးပါပဲဗျာ။
စာအုပ်ထဲက စာလေးတွေကို QUOTE လုပ်ထားတာလေး ဘယ်လို လုပ်ရတာလဲဆိုတာ သိချင်လို့ပါ။
အဆင်ပြေရင် ပြောပြပေးနိုင်မလားခင်ဗျ။
လေးစားစွာဖြင့်
မိုးကုတ်သား
မကေ.. စာအုပ်အကြောင်းကို ကြားတောင်မကြားဖူးလို့ ဝေမျှပေးတာကို ကျေးဇူးပါ၊ လိုက်ရှာကြည့်ဦးမယ်
မိုးကုတ်သား - အဲဒါက..blogspot မှာပဲ ပါတဲ့ compose အောက်က quote tab ကိုပဲ သုံးတာပါ ( ' ----' ) အဲဒီ သင်္ကေတပဲ။ ပို့စ်ကို publish မလုပ်ခင်တော့..ဘာမှ ပုံမပေါ်ဘူး..မသိသာဘူး။ စာလုံးတွေ နေရာနဲနဲ ရွေ့သွားတာပဲ ရှိတယ်။ ပြီးမှ.. တင်ပီးမှ မြင်ရမယ်။ ဒီဇိုင်း အရောင်ကတော့..ကိုယ်ယူထားတဲ့ တန်ပလိတ် ကို လိုက်လို့ မတူကြဘူး.. customize လုပ်နည်းတော့ နားမလည်ဘူး..။
စာအုပ်ကို မသိသေးတဲ့ .မီး (Mie) အတွက်လည်း.. မှာယူရတာ အဆင်ပြေ မှာပါ..၀မ်းသာမိတယ်။း)
Post a Comment