ကမ္ဘာမြေရဲ့ ဆန္ဒ

ပန်းတပွင့် ရဲ့.. အဆုံးစွန်မူ မျိုး

အစွမ်းကုန် ..ဖူးပွင့်..

ငါ့ ပွင့်ချပ်တွေ ..ထပ်မသစ်နိုင် တော့ဘူး



ပန်းသီး အပုပ် တလုံးရဲ့.. နာကျင်မူမျိုး

ပိုးထိုး လောက်ကိုက်.. အူတိုင် ထိ ခိုက်အောင်

ငါ့တကိုယ်လုံး.. ဖြစ်ချင်တိုင်း ဖြစ်နေ…



သစ်တပင် အို ရဲ့.. စိတ်ပျက်မူမျိုး

အရိပ်နေနေ ..အခက်ချိုးချိုး

အသီး .. အပွင့်..အစေ့..အရွက်..

ငါ့ ပင်စည် ..အမြစ် ..အတက် တောင်.. မလုံခြုံ..

ခြင်ဆီ သွေးကြော ကုန်အောင်..



တောင်အပြို တလုံး ရဲ့.. မျှော်လင့်ချက် ကင်းမဲ့မူ မျိုး..

မြစ်ချောင်း အင်းအိုင်.. ကျွန်း ကိုင်း မကျန်

အနီး အဝေး..ငါ့ သွေးချင်းတွေ..

ဖမ်းဆီး ချုပ်နှောင်..ပိတ်လှောင်..ဖျက်စီး..



သမုဒ္ဒရာ ညို ညို ရဲ့.. ဒေါသူပုန်မျိုး

ဆက်ပြီး လိမ်ညာ လိမ္မာပြ မနေချင်တော့ဘူး

ငါလေ..စိတ်ရှိ လက်ရှိ သာ.. ပြိုးပြက်

မတရားမူ တွေ ..အကုန် ချိုးဖျက် ပစ်လိုက်ချင်..



ငါ့ကို လည်း..လွတ်လပ်စွာ ဆန္ဒထုပ်ဖော်ခွင့် ပြုပါ

........







Share/Bookmark

6 Comments:

သက်ဝေ said...

ဒါ ကမ္ဘာမြေရဲ့ ရင်ဖွင့်သံ...
မချိတင်ကဲ ရှိုက်ငိုသံ...
ယူကျုံးမရ ညည်းတွားသံ...
ပြီးတော့ အမျက် ဒေါသ သင့်နေတဲ့ အသံ...

ရွှေရတုမှတ်တမ်း said...

ဒီကမ္ဘာမြေကြီးကလဲ ဒေါသချည့်ပဲ..
သူ့စိတ်ကြိုက်လုပ်လာတာ..Pre cambrian ခေတ်ကထဲက..ခု မြေကြီးတွေကို ရေပေါ်တင်လိုက်..ခု ရေအောက်ဆွဲမြှုတ်လိုက်နဲ့...ခု ရေခဲခေတ်ရောက်လိုက်..ခု သစ်တောတွေပေါက်လိုက်..ခု သစ်တောတွေကို ကျောက်မီးသွေးလုပ်ပစ်လိုက်နဲ့ ..သူလုပ်ချင်သလိုလုပ်နေတာ..ခုမှလူတွေရဲ့ လိုအင်ဆန္ဒလေး မဖြစ်စလောက် လုပ်လို့ အိုဇုန်းလွှာပေါက်ယုံလေး..နျူကလီးယားစမ်းယုံလေးလောက်ကို...ဟင်း...

ရွှန်းလဲ့ said...

ဆန္နထုတ်ဖော်တာတော့ ဟုတ်ပါပြီ...
ဒါပေမယ့် ကြောက်စရာ ပိုပိုကောင်းလာတယ်....
ကမ္ဘာကြီးက မလုံခြုံတော့သလိုပဲ....

pandora said...

ကမ္ဘာမြေကို စားသုံးသူများက အဆီကိုစား အသားကိုမျို အရိပ်နေနေ အခက်ချိုးချိုး သားရေပေါ်အိပ် သားရေနားစား လုပ်လာကြသောအခါ ကမ္ဘာမြေက ဒေါသူပုန်ထ။

တန်ခူး said...

အတ္တတွေကြားမှာ ကမ္ဘာကြီးရဲ့ ဆန္ဒကို မကြားနိုင်ကြတော့ဘူးကေ... ကမ္ဘာကြီးနာမကျန်းဖြစ်တာကိုကုစားဖို့ ကို လျစ်လျူရှူထားကြဆဲ

Anonymous said...

:(