တနှစ်စာ ဘလော့ သက်ပြင်း

အင်းးးးးးးး

ဟိုရေး ဒီရေး နဲ့ ဘလော့ တောင် တနှစ် ပြည့်သွား ပြီ။ ဒီလိုပဲ..ရေးချင် ရာ ရေးမယ် ဆို ပြီး..ရေး လာ လိုက်တာ.. ဘလော့ ဟန်းနီးမွန်း လည်း ပြီးလို့.. ပျင်းတင်းတင်း တောင် ရှိ လှပြီ။ ဟန်နီး မွန်း ကာ လ တုန်းကတော့..တနေ့ တနေ့..ကိုယ့်ဘလော့ မှာ..မျက် နှာ ကြီး အပ်လို့.. ။ ဆိုဒ် ဘား က.. ဘူးလတ် တုံး လေး တွေ အစ.. ဖျက် လိုက် ..ထဲ့လိုက်..ပြောင်းလိုက်.. မပြီး နိုင် ဘူး.. စိတ်တိုင်း ကို မကျ နိုင် ဘူး ။ စီဘောက် ထဲ .. မှတ်ချက် ထဲ ရောက် လာတဲ့...အလ္လပ..သလ္လပ လေး တွေ ဆို လည်း ကြည်နူး ရ တာ အမော ။

ဘလော့ ဂါ ကြီး ပေါ် တက် ပြီး..ပထမ ဆုံး နေရာယူ လိုက် တဲ့..ပို့စ် လေးကို..အမှတ်တ ရ ပြန် ကြည့် မိတယ်။ ( ထုံးစံ အတိုင်း..ဘိုလို..ဟိုရောက် ..ဒီရောက်ရေးထားတာ ပါ)

Apr 23, 2007
started my sharing
Even though I know that blogging is kind of new things in our time, I felt like wasting time ... revealing who we like to be and ...beyond privacy...But after several visit to some other sites....I think I should give it a go.....Being one of woman who is looking for a true meaning of life and thinking so many open ended issue.... definitely...I have so many things to share with someone else.... may be it's GOD!
I love to share.....
Kay

အဲတုန်း ကတော့..ပျင်းပျင်း နဲ့..သူများ ဖတ် မဖတ် တော့ မသိ..အနဲဆုံး..ဘုရားသခင် ကို တိုင် တည် ပြီး..ရင်ဖွင့် မယ် ပေါ့ ဆို ပြီး.. တွေး တာ..ခုတော့..မိတ်ဆွေ တွေ နဲ့ သွားလိုက် ..လာ လိုက်..ချီးမွမ်းလိုက်.. ထောက်ခံ လိုက် နဲ့..ဘုရားသခင် တောင် ဘယ်နေ မှန်း မသိ တော့ဘူး။
အများ သူငါ တွေ လိုပဲ.. ဘလော့ ကြီး နဲ့ဘယ်လို ဖူးစာ ဖက် ခဲ့ တယ် ဆို တာ..အစောပိုင်း လ တွေ မှာ.. ရေး ဖြစ် ခဲ့တယ်။
Blog... Blogger...Blogging

မနေ နိုင် မထိုင် နိုင်..အလုပ် ရှုပ် ခံ..သူများ မျက်စိ နောက်ခံ ပြီး..လျှောက် မေး ထား တဲ့..ဘလော့ဗျူး တွေ ကို လည်း..ဟော ဒီ လို စု ပြီး..ရေး ခဲ့ သေးတယ်။

ဘလော့ ကာစ ကတော့..ကို့ဘလော့ သူများ သိအောင် လည်း.. သူများ တကာ ဆီ..လျှောက်လည် ..လျှာရှည် ရ တာ အမော လေ။ တခါ လည်း..ဘုမသိ ဘမသိ..ကိုရဲမွန် ဘလော့ မှာ..ကြားထဲက..သွားစွာ မိ လို့..ခု ထိ တွေးတိုင်း မျက် နှာပူ တယ်။း)

နောက် တော့ လည်း.. အပိုး သေ ပြီး..စိတ် ထင် တိုင်း မဘလော့ မိ အောင်..လျှောက်မရေး မိအောင် လက်ကို မနဲ ထိန်း ထား နိုင် ခဲ့ ပြီ ထင်တာ... ။ အဟင်း..သိပ်တော့ မထူး ပါဘူး။

ဘာ မှန်းမသိ ညာမှန်း မသိ.. ရွာထဲ အသုဘ ဆိုင်း တီး နေတာ..သွား ပြီး ကပြ မိသလို ဖြစ်ရ တာ လည်း..ကြုံဘူး။ ကိုယ့် ဘလော့ ကြီး ကို ဘယ်နား သွား ဖွက် ထား ရ မှန်း မသိ အောင် ..မျက် နှာ ပူ ရ တာလည်း ခဏ ခဏ။ နေ ရင်း ထိုင် ရင်း.. သူယောင်မယ် လား..မှင်စာ လား.ထင် ခံ ရ လို..ထင် ခံ ရ။ ကိုယ့် အကြောင်း ကိုယ် ကလည်း..အတော် ရေး ချင် ရှာ တယ်လေ။ ရော ဂါ ပဲ...။ တခါ လည်း..အမျိုး တွေ အကြောင်း လျှောက် ရေး မိလို့..ဆူ ခံထိ..။ လျှာ ရှည် တာကိုး။

အဲဒါကြောင့်..ကိုအန်ဒီ ရဲ့ဘလော့ ဆောင်ပုဒ် ကလေး ကို..တခါ တခါ သွား သဘော ကျတယ်။ ဘာတဲ့..။ သွားတာ ပါမယ်.. စားတာပါမယ်..ကြွားတာ ပါမယ်..မှားတာပါမယ် တဲ့။ ခဏ ခဏ မ မှား မိ အောင် တော့..သတိ ထား ရမယ်။ တခါ တခါ တော့လည်း..ကိုယ်ရေး တဲ့ဟာ လေးတွေ ထပ်ပြန် တလဲလဲ..ဖတ်ရင်း.. ကိုယ့် ဟာ ကိုယ် ..ပီတိ တွေဖြာ ပြီး.. တခု ပြီး တခု ထပ် ရေး ချင် နေ မိ။ တချက် တချက် ကျပြန် လည်း.. ၃-၄ ရက် လောက် ဘလော့ ပေါ် မတတ် ပဲ.. တော်ပြီ ကွာ..မရေး ချင် တော့ ဘူး လို့.. ဖြစ် ရ တာ လည်း..ရှိ။

ဒါပေမဲ့ လည်း..ခုထိ တော့..ဘလော့ခြင်း ကို လုံးလုံးစွန့်လွှတ် ဖို့.. သံယော ဇဉ် မကုန် သေး ပါဘူး။ သူငယ် ချင်း တွေ ကို ပြော မိ တယ်... `ငါ ဘလော့ရေး တာ.. therapy ကွ´ လို့။ ဟုတ်တယ်..အဲလို ရေး နေ ရ ရင်..အရာ ရာကို မေ့ လို့.. လေ ထဲ မှာ မျော နေ သလို... ခဏ နေ တော့..တွေးမိ ပြန်ရော..ငါတို့..ဘာတွေ ..လုပ်နေ..ရေးနေ တာလဲ..ဘာ အတွက် လည်း.. ကိုယ့် `ဟာဒယ´ အတွက် သက်သက် ပဲလား... ။ စာရေး တဲ့လူ တွေက..လက်တွေ့မကျ ဘူး တဲ့..ဟုတ်လား...။ ကိုယ့်လက် တွေကို ဆုပ်ချည် ဖြန့်ချည် လုပ် ကြည့် ...ဟုတ်မှာ ပဲလေ.. ဟောဒီ လက် ချောင်း ရှည် ရှည် တွေ ထဲ မှာ..ဘာ မှ မတွေ့...။

တခါ က.. အသက် ၆၀ ကျော် စာရေး ဆရာ မကြီး..ဒေါ် ခင် နှင်းယု က.. အသက် (၇၀) ကျော် ကဗျာဆရာ ကြီး ဇော်ဂျီ ထံ ..လူမမာ သွား မေး ရင်း..` ဆရာ ကြီး..တရား လေး ဘာလေး ထိုင် ပါ လား ´ လို့ ..တိုက်တွန်း သတဲ့။ ဆရာ ကြီး က...` ကျ နော် ..ကဗျာ တွေ စပ်နေ တာ..တရား ထိုင် နေ တာပေါ့ ဗျာ´ လို့ပြန် ပြော သတဲ့။

အင်း...ဆရာ ဇော်ဂျီ ကဗျာ စပ် တာ ကတော့..တရား ထိုင် တာ..ဟုတ် ကောင်း ဟုတ် မယ်..
ဟောဒီ လို..ဟိုရေး..ဒီရေး..ဘလော့ ရေး တာက တော့.. ရှိန်းကနဲ..ဖိန်းကနဲ..ပူကနဲ.. ဆူကနဲ..ပျော် လိုက် ..အော် လိုက်.. therapy တော့ ရ ချင် ရ မယ်.. တရား ထိုင် တာ တော့.. သေချာ ပေါက် မ ဖြစ် နိုင်။

အင်းးးးးးးး...... ဘလော့ ရေး တယ် ဆို တာ..ဘယ် လို ကြီး ပါ လိမ့် နော်။

------------------------------


လော လော ဆယ်တော့.. ကိုယ့် ရဲ့ တနှစ်စာ ဘလော့ ချောက် ချက် ကလေး ကို.. စာအုပ် ကလေး ၂ အုပ် ထုပ် ပြီး.. အဖေ နဲ့ အမေ ဆီ ပို့ပေး ရ မယ်။

ကိုယ့် အဖေ က ..ပြော တယ်။

` အော် ..သမီး တို့..ဘလော့ ရေး တယ် ဆို တာ.. ဖေဖေ တို့ ခေတ် က..နံရံကပ် စာ စောင် တွေ လိုပေါ့... အဲဒီတုန်း ကတော့..ကိုရေး တာ..သူများ ဖတ် မဖတ်..အခန်း နောက် က..ချောင်း ကြည့် ရ တာ..ခု ခေတ် သမီး တို့ကတော့.. ဘယ်သူ..ဘယ်နှယ် ယောက် ဖတ် တယ် ဆို တာ..သိ နေ တာ ပေါ့..´ တဲ့။

မေမေ ကတော့..သူ့ထုံးစံ အတိုင်း..အရွှန်း ဖောက် တယ်။

` ဟဲ့ သမီး အမ တွေက.. သမီး..အင်တာနက် မှာ ဘလော့ ရေး တာ ပြော ပြော နေ ကြတယ်.. အဲဒါနဲ့..အမေ လည်း..အင်တာနက် ဆိုလို့..ဘယ်သွား ကြည့် ရမှန်း မသိ..လှိုင်သာယာ စက်မူ ဇုန် ပြေး ရ မလား လို့ .. အိမ်ရှေ့ ကြည့် လိုက် တော့ လည်း..ရွှံဗွက် တွေ ချည်း ပဲ..´ တဲ့။


Share/Bookmark

16 Comments:

Anonymous said...

ဘလော့ တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ခရီးဆက်နေနိုင်ပါစေ။ ကေ...ပေးခဲ့တဲ့ ဘလော့ဖတ်တဲ့ ရောဂါကတော့ ကုရာ နထ္တိ ဆေးမရှိ တော့ပါ။ :-)

Anonymous said...

"ဟန်နီး မွန်း ကာ လ တုန်းကတော့..တနေ့ တနေ့..ကိုယ့်ဘလော့ မှာ..မျက် နှာ ကြီး အပ်လို့.. ။ ဆိုဒ် ဘား က.. ဘူးလတ် တုံး လေး တွေ အစ.. ဖျက် လိုက် ..ထဲ့လိုက်..ပြောင်းလိုက်.. မပြီး နိုင် ဘူး.. စိတ်တိုင်း ကို မကျ နိုင် ဘူး ။"

I remember my honeymoon days :) :) It's long gone and I miss those days :)

Anonymous said...

အစ်မရေ...အရမ်းပြည့်စုံနေတော့လည်း ဘယ်လိုမှတ်ချက်မျိုးပေးရမလဲတောင်မဝေခွဲတတ်တော့ဘူး..အခု.. ကျနော်တို့တွေဘလောဂ်ကြတယ်...အဲ့ဒီဘလောရ်ခြင်းတွေအတွက်စတင်ခြင်းဟာ.. ဘာအရောင်တွေမှမရှိခဲ့ပါဘူးနော်... ရေးခဲ့ကြတဲ့အခါကျတော့လည်း... နေ့စဉ်ထမင်းစားကြရသလိုပေါ့... စားကောင်းတဲ့ရက်ရှိသလို စားမကောင်းတဲ့ရက်ကလည်းရှိ ဝရုတ်သီးဝါးမိတဲ့ရက်ရှိသလို ငါးရိုးဆူးမိတဲ့နေ့တွေကလည်း ရှိကြပြန်တာပေါ့... ဒါပေမယ့် နေစဉ်စားနေရတဲ့ထမင်းဝိုင်းမှာ ဒါမျိုးတွေဟာ မထူးတော့ပါဘူးဆိုတဲ့အတွေးလေးတွေနဲ့ပဲ ရေထသောက်တန်သောက် ငှက်ပျောသီးမြိုလိုမြိုနဲ့ ဖြေရှင်းကြပြီး ထမင်းကိုဆက်စားခဲ့ကြတာပဲမဟုတ်လား... တခါတလေ ဘလောဂ်ရေးတာဟာ နေ့စဉ်ထမင်းစားခြင်းနဲ့တူနေတတ်ပါတယ်... ရံဖန်ရံခါတော့လည်း ထမင်းစားချင်စိတ်ကိုကုန်ရော...နောက်တစ်ခုက အသိအမှတ်ပြုခံလိုခြင်း ... စိတ်ပညာသဘောအရရော လောကနိယာမတွေအရပါ ကျနောတို့ဟာ သူတစ်ထူးရဲ့အသိအမှတ်ပြုခံလိုမှုကို တောင့်တနေတတ်ကြပါတယ်... ဒီအချက်ကလည်း ဘလောဂ်ရေးဖို့ တွန်းအားဖြစ်စေခဲ့တယ်လေ... စာပေဝါသနာရှင်တစ်ယောက်သူ့ရဲ့လက်ရာလေးကို ပထမဆုံးပုံနှိပ်ဖော်ပြခံရတဲ့အခါ ဝမ်းသာမိတဲ့စိတ်လိုမျိုး ... လွတ်လပ်ပျော်ရွှင်ခြင်းတွေနဲ့ ဘလောဂ်တွေကိုရေးခဲ့ကြတာ... အရာအားလုံရဲ့ နောက်ဆုံရည်မှန်းချက်က ကိုယ်ပြောလိုတာလေးသူများသိစေဖို့..ကိုယ့်အမြင်ကို သူတို့ဘယ်လိုမြင်ကြလေမလဲဆိုတဲ့ အမြင်... ဒါလေးတွေက အသိမှတ်ပြုခံလိုခြင်းတွေပါပဲလားအစ်မရေ...ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲတွေးတွေး မည်သို့ပင်ပဲဆိုဆို... အရာတစ်ခုမှာ ကောင်းခြင်းနဲ့ဆိုးကျိုး ဒွန်တွဲနေသလိုမျိုး...အကျိုးအပြစ်ဆိုတာကလည်း ရှိနေဦးမှာပေါ့လေ... Blog..Blogger..Blogging မှာအစ်မပြောသလိုပဲပေါ့လေ... အရေးကြီးတာက...ဟောဒီ..ဒစ်ဂျစ်တယ် ပုံရိပ်ယောင် ကမ္ဘာ ကြီးထဲမှာ..ပုံရိပ်စစ်တွေ.. ပျေက်ကွယ်နစ်မြုတ်မသွားအောင်တော့.. သတိကြီးကြီးထားဖို့လိုမယ်ဆိုတာလောက်ပါပဲ.. ဒိတစ်ခုတည်းနဲ့လုံလောက်သွားပါပြီလို့... ယုံကြည်မိပါတယ်ဗျာ... ဘလောဂ်ရဲ့ဥိးတည်ချက်၊ ဘလောဂ်ဂါရဲ့ရပ်တည်မှု မျှော်ကိုးတဲ့ရလဒ်တွေ ဒီအရာတွေအားလုံးဟာလည်း ဘလောဂ်ရေးသူတစ်ဦးတည်းရဲ့ စိတ်တစ်ခုတည်းမှာသာ မှီတွယ်နေမှာဖြစ်တာကြောင့်လည်း.... ကျွန်တော်တို့ရဲ့စိတ်တွေလွတ်လပ်ပွင့်လင်းမျှတနေသမျှ ကာလတစ်လျှောက်လုံး ဘလောဂ်ရေးသားခြင်းတွေ ဆက်ရှိနေလိမ့်မယ်လို့တော့ ယူဆမိပါတယ်ဗျာ.......။ (အမှိုက်ကောင်းရင်းရေးပေးလိုက်တာ.... )

ATN said...

တနှစ်ပြည့်သွားတဲ့ မွေးနေ့ရှင်ကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ တနှစ်မြောက်မွေးနေ့မှသည် နှစ်ပေါင်းတရာတိုင်ပါစေ။ တနှစ်သားမို့ထင်ပါရဲ့ စကားတွေ တော်တော်ပြောတယ်နော်. :)

စူး said...

မကေ..
၁ နှစ်ပြည့်မှသည်..နောင်နှစ်ပေါင်းများစွာထိ ဆက်လက်ပီးရေးသားနိုင်ပါစေ။
ပန်းပုံပြင်များကဲ့သို့ စာများစွာရေး နိုင်ပါစေ..။

nu-san said...

Blog Anniversary ပေါ့.. စာအုပ်ထုတ်မယ်ဆို ကောင်းတယ် မရေ.. တစ်ချိန်ကျရင် မျိုးဆက်သစ်တွေကို ပြလို့ရတာပေါ့နော်.. အမရဲ့စာတွေကိုလည်း စောင့်မျှော်အားပေးနေပါတယ်..

kay said...

ကျေးဇူးပါပဲ..မိတ်ဆွေများ ရေ...

မမေ ကိုတော့.. " 2008's Blog Reader Award" ဆုပေး ဖို့.. နော်မနိတ်လုပ် လိုက်မယ်။း)

မုတ်သုန် ရေးပေး တဲ့ မှတ်ချက် က.. ပိုပြီး လေးနက် ပြည့်စုံ စေပါတယ်။ စာ ရေး ချင် သူ တွေ အတွက်.. နောက်ထပ် .. ကိုးကား တခု ထဲ့လိုက် အုံးမယ်။ တော်စတွိုင်း နဲ့ နှိုင်း တာ တော့ မဟုတ်ဘူးနော်။ ( သာလာ ဆပ် မ၀ယ် ရ သေး ဘူးး-)

Tolstoy explained that he kept writing because he was the slave of an inner compulsion and had a consuming desire deep within his bones. He felt that he had to keep writing or else he would go mad.

အဲလိုပဲ.. အသွေး ထဲ အသား ထဲ က.. စိမ့်ထွက်လာ တာ ပဲ ထင်တယ်။
ကဲ- ရေး လိုက် ကြစို့..သူငယ် ချင်း

သက်ဝေ said...

မကေ..
တနှစ်မြောက် ဘလော့ဂ်မွေးနေ့ မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ပျော်ရွှင်စွာ ဘလော့ဂ်နိုင်ပါစေ။
အသစ်အသစ်တွေလဲ အများကြီးရေးနိုင်ပါစေ...။

တန်ခူး said...

ကိုပေါ linkကနေတခါမှ မရောက်ဖူးတဲ့ အဝါရောင်blogလေးထဲ အလည်လာခဲ့တယ်။ အဲဒီတခေါက်ကစလို့ ဒီblogကို စွဲလန်းသွားခဲ့တော့ မတွေ့ရမနေနိုင်ဖြစ်လာခဲ့တယ်။ စာရေးပိုင်နိုင်ညက်ညောတဲ့ မကေရဲ့blogလေး တနှစ်မြောက်မွေးနေ့မှ နောင်နှစ်ပေါင်းရာထောင်သောင်းထိ တည်တံ့စေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

မကေရဲ့ ဘလောဂ့် တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာထိ ဆက် ဆက် ရေးနိုင်ပါစေသားး)

P.Ti said...

မကေရေ.. တနှစ်ဆိုသော အချိန်က ခဏလေးပါ။ ဒါပေမယ့် အခုစာကောင်းတွေ တနှစ် အဆက်မပြတ်ရေးဖို့မလွယ်ပါဘူး။ အရင်ကတည်းက စိတ်ဝင်တစားဖတ်လာတာ၊ မမေရေးတဲ့ ပေးစာဖတ်ရတော့ ပိုစိတ်ဝင်စားသွားတယ်…
ပြီးတော့ ဆက်ပြီး ဖတ်ဖြစ်လာဒါလည်း ဒီနေ့အထိပါပဲ။ နောက်ပြီးလည်း ဆက်ပြီးဖတ်ချင်ပါတယ်။ ဒါထက်ပိုပြီး စာကောင်းများများ ရေးနိုင်ပါစေ။

TZA said...

အမြဲလိုလိုဖတ်ဖြစ်ပါတယ်၊ ယနေ့မှသည်အနှစ်တစ်ရာတိုင် ဘလော့ဂ်နိုင်ပါစေ။ :)

ရွှေဂျမ်း said...

မကေရေ...ဘလော့ဂ် မွေးနေ့ တစ်နှစ်ပြည့်မှစလို့ နှစ်ပေါင်းများစွာတိုင်အောင် ဘလော့ဂ်နိုင်ပါစေနော်။

khin oo may said...

အရှည်တည့်တံနိုင်ပါစေ။ ရေးချင်စိတ်ကလေး ဖတ်ချင်စိတ်ကလေး ရှိနေပါစေလို့ဆုတောင်းမိတယ်။

kay said...

မခင်ဦးမေရေ- ၂ နှစ်ပြည့်ကာနီးမှ..တနှစ်စာကို လာသက်ပြင်းချပေးတာပေါ့- ရေးဖြစ်နေအုံးမယ် ထင်ပါတယ်။

Anonymous said...

For Firefox browser users - an indispensable extension

If you come across some English word and you don't understand on web pages
hover your mouse on that word and Press Shift key and move a bit-

within 3 secs - our hero Byatta will get the meaning in Burmese characters
and sentence making structure in English -
same applies to English Dictionary from Wiktionary.org

so fast and very very convenient

More ...,
More More