စိန်ပန်း နဲ့ ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၅)

~~~နာမည် ဘယ်သူလဲ.. ~
ဘယ်မှာ နေတာလဲ.. ~
ဘာမေဂျာယူ ထားသလဲ..မင်းအဖြေများ ပြောပြပါ.. ~~
သီတာ ကြည်ပြာလား..ဂန္ဓာမာ..သရဖီလား.. ~~
မာလာ..ရတနာ..မင်းရဲ့ အမည်ပြော.. ~~
ပြော..ပြော..ပြော..ပြောပြ အုံးလေ.. ~~
အဆောင်မှာ နေ နေလား.. အိမ်ကို ပြန်မလို့လား.. ~~
နရာ ဌါနလေး..သိချင်တာ.. ခွင့်ပြုပါ…~~~
သူတို့ အုပ်စု ရေမိုးချိုးပြီး..အင်းလျား သွားမယ်လို့.. အဆောင် ရှေ့ပေါက်က ထွက်ပြီး..အင်းလျားလမ်း ပေါ် တက်.. ဘုတ်ကလပ် ဖက်ကို လမ်းဖြတ်ကူး နေကြတုန်း.. အနောက်ဖက်က.. ကား အဖြူလေး တစီး..ဖြည်းဖြည်း ချင်း ကပ်လိုက်လာပြီး.. မကြားတကြား .. ဆို လိုက် တဲ့.. သီချင်း သံ ကြောင့်..တုန့်ကနဲ ဖြစ်ကုန်သည်။
-
တချက် လှမ်းကြည့်တော့.. ကားထဲမှာ.. ကောင်လေး တသိုက်..။ ပုံစံ တွေက.. သိတဲ့ အတိုင်း.. သူတို့ကို သူတို့..ကိုယ်ပိုင် ကားစီး နိုင်သူ တွေ ဆိုပြီး.. ကောင်မလေး တွေ.. ကြွေမယ်လို့..သေချာ နေတဲ့ ရုပ်တွေ နဲ့။
အတူ လိုက်လာတဲ့..မမျိုးက.. “ ဟဲ့.. အင်းလျားက ထွက်လာတာ..မမြင်ဘူးလား..အင်းလျားမှာ နေတာပေါ့..” လို့ လုပ်နေသေးတယ်။
-
.
.
...
..
..
..
..
.
.
.
..
..
.
.
.


Share/Bookmark

21 Comments:

Rita said...

အင် မပြီးခင် ဘလော့နားမယ်လား မကေ။
လူဇိုးပဲ။

comment အတွက်ကျေးဇူးတင်ပါတယ်။

ကိုလူထွေး said...

အဲ့လို မလုပ်ကောင်းဘူးလေ...း)

ဖတ်ကောင်းတုန် ဆတ်တငန့်ငန့်နဲ့...

အချိန်ယူပြီး အသေအချာရေးမယ်ဆိုရင်တော့ လွတ်စေပေါ့...

းဝ)

:P said...

စောင့်ဖတ်နေကြောင်း ဒီမှာပဲ ပေါင်းပြောသွားပါတယ်မကေ
(အင်းလျားအဆောင်သူလေး )..:P

MANORHARY said...

ဖြစ်ပုံက တစ်လတောင်နားဦးမတဲ့း((
ရဘူး ခွင့်တစ်လဆိုတာ ထုံးစံမရှိဘူး
ပြန်လာခဲ့...း)
(ဒါဆို ဒဂုံဆောင်က စိုးစိုးတို့ကျော်သူဦးတို့နဲ့
အပေါင်းအသင်းမလုပ်ခဲ့ဘူးပေါ့နော် ..=) )

မဆုမွန် said...

အီး ဟီးဟီး အစ်မရေ ဖတ်နေတာ ညဘက်ကြီး မီးတစ်ယောက်တည်း ကြောက်လိုက်တာ

tin min htet said...

ဪ စိုးစိုးတို့ နှစ်ကလား။

နားချင်လည်း အေးအေးဆေးဆေးနားပါ မကေ။ စိတ်ပါမှ ပြန်ရေးပေါ့။ ဒါပေမယ့် ရေးလက်စကို ကြာကြာနားလိုက်ရင် အာရုံပြန်မရဘဲ ဖြစ်တတ်တယ်နော်။ (ဆက်ဖတ်ချင်လို့ ခြိမ်းချောက်ခြင်း တနည်း :P)

သက်ဝေ said...

ဟင်.. အခန်းဆက်မို့ တဖြည်းဖြည်းဖတ်ရင်း တပိုင်းချင်းစီမှာ Comment တွေတောင် မရေးသွားဘူး... အဆုံးသတ်မှ ရေးမယ်လို့ စဉ်းစားထားတာ...
အခု တလ နားမယ် ဟုတ်စ...။
သူငယ်ချင်းလေးတွေကို ချစ်ရင် အကြာကြီးမနားပါနဲ့ ကေ ရယ်... နားနားပြီး ဖြေးဖြေးဆက်ရေးသွားပေါ့...။ မျှော်နေမယ်...

Anonymous said...

မင်းသားနဲ့ဘယ်တော့တွေ့မလဲလို့ စောင့်ဖတ်နေတုန်း ရပ်မလို့လား မကေရေ။

မကေတို့ဖျာလိပ်နတ်တွေဘာတွေ မခေါ်ကြဘူးလား။ လက်ပံပွင့်ချိန် ထွေးရှုးချိန်တို့လို ပေါက်တတ်ကရတွေ မအော်ကြဘူးလား။ အဆောင်သူဘ၀ကို အခြေခံတဲ့ ၀တ္တုတွေက စွဲတယ်နော်။ အမှတ်မိဆုံးကတော့ ဂျီဟောသူပဲ။

၁၀ပိုင်းပဲရေးမယ်ဆိုတာကတော့ နည်းတာပေါ့။ ပရိတ်သတ်ကြီးက တောင်းဆိုနေတဲ့ဟာ။

Nay Lin said...

ညနက်သန်းခေါင်ယံ..အိပ်မပျော်သေးခင်..ဂီတာလေးကို
အဖော်ပြုရင်း..တီးခတ်စဉ်..
..........
...........
တညလုံးဘဲ အင်းယားလမ်းမပေါ်မှာလေ...

မျက်လုံးမှိတ်ပြီး..ခေါင်းတခါခါလုပ်သွားပါတယ်ခင်ဗျာ..

ရွှေရတုမှတ်တမ်း said...

အားပေးမလို့  လက်မှတ်တောင်ကြိုဝယ်ထားပြီးပြီ
နားဦးမလို့ တဲ့
geology မောင်နှမ ချင်းမို့ 
မကြာမကြာရောက်ပါတယ်

မမသီရိ said...

ဝိဥာဉ် တွေ သရဲတွေ ပါလာပြီလား
ဆင်ဆာ နော် ... ဆင်ဆာ...
ကိုဇာနည်ဝင်း ရဲ့ ဆင်ဆာ လူကြီးတွေ ကြားသွား မယ်..း)

rose of sharon said...

အမလေးကေရယ်... ကြက်သီးတွေ ထသွားတယ်...

Moe Cho Thinn said...

အာ...ကြောက်စရာကြီး ကေရာ။ သရဲ မမြင်ဖူးပေမဲ့ ကြောက်တတ်တယ်။

မနားပါနဲ့လို့ မပြောပါဘူး။ ဒါပေမဲ့ တနေ့တပုဒ်လောက်တော့ ဆက်ပါ၊ :)

ATN said...

ပျော်စရာတွေရော ကြောက်ကစရာတွေရောကိုး...

အိန္ဒြာ said...

မကေရေ...

စုပြီးလာဖတ်သွားပါတယ်..
ဟုတ်တယ်..စုစုဖတ်တာပိုကောင်းတယ်..ဟီးးးးး

မကေ ဒီပိုစ့်တွေကို စာအုပ်ကလေး.လုပ်ပါဦးလားဟင်.
အားလုံးတစုတစည်းထဲ..ဖီလင်နဲ့ ဖတ်ချင်လိုက်တာ..

ချစ်ခင်လေးစားစွာ

နှင်းနဲ့မာယာ said...

မကေရေ
ညီမလဲ အခုမှ အပိုင်း၎ နဲ့ ၅ ကို တစ်ထိုင်တည်းဖတ်နေတာ..
အနားယူပီးရင် ဆက်ရေးပါအုံးနော်...
အင်းလျားက လွမ်းစရာတွေကို မျှော်နေပါတယ်..

နှင်း

:P said...

Maung said... မျက်လုံးမှိတ်ပြီး..ခေါင်းတခါခါလုပ်သွားပါတယ်ခင်ဗျာ..
September 18, 2009 3:33 AM

တဲ့... မမချိုသင်းသူငယ်ချင်း ကိုနေလင်းလား မသိဘူး....။

kay said...

ရီတာ- ကလူထွင်း-ဆင်ဆင်-မဆုမွန်- မသက်ဝေ-မမသီရိ-မနော်ဖော- ကိုအောင်သာငယ်- အိန္ဒြာ-နှင်း-
ပဲများတာတော့ ဟုတ်ဘူး... ဒါပေမဲ့.. ၆ ကြီးက..သူ့အလိုလို လိမ့်ဆင်းလာလို့..တင်လိုက် အုံးမယ်။ ပြီးရင်လည်း..ဆက်ရေးဖြစ်မယ် ထင်တာပါပဲ။ ဒီအတိုင်းကြီး ထားပီး တခြားလုပ်စရာ တွေလုပ်လဲ..စိတ်က.. ပါမှာ မဟုတ်ဘူးနော်။း))
တင်တာတော့..ဆက်တင်ဖြစ်မလား မသေချာ။

မနော်- ကိုတင်မင်းထက်-
စိုးစိုးလား.. ပါရမှာပေါ့.. ဇာတ်လိုက်လုပ်လိုက်ရင် ကောင်းမလားမသိဘူး..ဖြစ်သေးပါဘူး..သူ့မဒမ် ထိပ်ခေါက်နေအုံးမယ်။း)

ဇီဇ၀ါရဲ့- တို့တွေက..ဖျာလိပ်နတ် မသုံးတော့ဘူး..ဟဲ..ခေတ်မှီလာပြီ။ ဖူးစာရှင် သိချင်ရင်..စံဇာနည်ဘို လောက်ဆို.. လုံလောက်ပြီ။း)

မျက်လုံး မှိတ်ပြီး..ခေါင်းခါသွားတဲ့..ကိုနေလင်း ရေ-.. တခါတည်း..အိပ်ပျော်သွားအောင်..၆ မှာ ထဲ့ရေးလိုက်ပြီ..ဖတ် တော့..း)

ဆင်ဆင်ရာ- အသေအချာပေါ့... ကွိ
ဦးရွှေရတု- အားပေးတဲ့ အတွက်.ကျေးဇူးပါ။း)

kay said...

အဲ.. ဇာတ်လိုက်ကျော် နောက်တယောက်ကို မေ့ကျန်ခဲ့တယ်။ မချိုသင်းရေး.. မရဘူး.. ဆက်တော့မယ်။ မတားနဲ့.. လုံးဝ မတားနဲ့တော့။း)

tg.nwai said...

အပိုင်း ၁၀ နဲ့ အတင်းဇာတ်သိမ်းတော့မလို့လား ကေရေ..အေးအေးဆေးဆေးရေးပါကွယ်..ဘယ်လောက်ကြာပါစေ..စောင့်ဖတ်မှာပဲ..:)

Anonymous said...

မကေ... ကေဖွဲ့ဆိုသီ ကို အခုအရမ်းကို ပြန်ဖတ်ချင်နေပါတယ်။ အရင်က နှစ်ခေါက်သုံးခေါက်လောက်ဖတ်ဖူးပေမဲ့ အခု မကေပြန်တင်ထားတဲ့ စကားလုံးအပုဒ်တွေကိုပဲ ဖတ်တိုင်းမှာ ဘွားကနဲ သတိရပြီး ကျန်တာတွေကို လုံးဝသတိမရဘူး ဖြစ်နေတယ်။ ကိုယ့်ကိုယ်ကို မှတ်ဥာဏ်ကောင်းလှပြီလို့အထင်ကြီးမိတာမှားပါတယ်။