သူ့ကိုယ်သူ ကွန်မြူနစ် ဟု ပြောပါသည်
ဟုတ်မဟုတ်တော့ မသိပါ..လို့..စွပ်စွဲ တုန်းက..ဖေဖေ..ပြုံးနေခဲ့တယ်။
သူ့ကိုယ်သူ တံဆိပ်မကပ် ခဲ့ ဘူး..မပြတ်သား လို့လား ဖေဖေ..
သူပြောဖူးတယ်.. သူ့ရင်ထဲမှာ..လေဟာနယ် တခု မုန်တိုင်းပြု ခဲ့ ဖူးသတဲ့..
ပြီးတော့..သူ့ စာအုပ်ထူ တအုပ်..ဖုန်ပြန်သုတ်နေခဲ့တယ်..
ပင့်ကူ တကောင် တွဲလောင်းကျ နေတဲ့ နံရံ ထက်..
ကိုယ်တော်မှိုင်း နဲ့..သခင်အောင်ဆန်း က ..ရှင်သန်နေဆဲ..
စက္ကူ ကားချပ် တရွက်..လေတဖြတ်ဖြတ် ခတ် သွားတော့..
ကားလ်မာ့က်ဇ် နဲ့ အိန်ဂျယ်လ်.. ငါ ဘောင်ပြန်တပ် ရ အုံးမယ် ..တဲ့
သူ အမြတ်နိုးဆုံး..ဓါတ်ပုံ မှန်ဘောင် လေးထဲမှာတော့
အဖြူအမဲ..အတိတ် တခု..
လူငယ် တစု ရဲ့ .. တတ်ကြွမူ ရောင်ပြန်..
သူ့မျက်ဝန်းအိမ်ထဲ ..ပြောင်းပြန်အရိပ်တွေနဲ့ ကြေကွဲ…
ဖေဖေ့ မှာ တံဆိပ် မရှိ ပါ ဘူးကွဲ့..
ဒါပေ..ပြည်သူ့အရေး ကို..သွေး လို့ ထင်မှတ်
ဟောဒီ .. ရင်ဘတ် ထဲ မှာတော့.. အမြဲပဲ ရဲရဲနီ နေတယ်..။

လွန်ခဲ့သော အနှစ် ၂၀ .. မတ်လ ၈ ရက်နေ့ တွင် အကျဉ်းထောင်တွင်း ..သံခြေချင်း နှင့် ကျဆုံးသွားသော..ဦးညိုဝင်း နှင့် တကွ.. အနီရောင် ဖခင်များ အားလုံးကို.. ဂုဏ်ပြုလျက်-


0 Comments:
Post a Comment