သင်္ကြန်

သင်္ကြန်တခု ကျပြန်လေပြီ။ သင်္ကြန် နဲ့ပတ်သတ် လို့ကတော့.. မထိတထိ..မမှီ့ တမှီ ခံစားချက် များသာ..ဟိုမှာ နဲနဲ..ဒီမှာ နဲနဲ.. ။ ကိုယ်က..သင်္ကြန်ကို တွယ်တာ လှသူ မဟုတ်လေ တော့..သင်္ကြန်ကလဲ..ကိုယ့်ကို အခုတ်တရ မရှိလှပေ။ ဘာပဲဖြစ်ဖြစ်.. သင်္ကြန် ရေစို တဲ့ မြေ မှာ သင်္ကြန် လေချိုချို တွေနဲ့ ကြီးပြင်း ခဲ့ သူ တယောက် အတွက်..ပိတောက် ဆိုရင်တော့.. မျက်နှာတခုလုံး ကောင်းကင် ကြီး နဲ့ ပြည့်သွားအောင် မော့ကြည့် လိုက် ရမှ..
နှလုံးသား တခုလုံး ပိတောက် တွေ နဲ့ ပြည့်သွားအောင် ခံစား လိုက် ရမှ..

ပိတောက်တွေ လှိုင်တဲ့ နှစ် တနှစ်ကို လည်း သတိရ လိုက်သေး...

ခုတော့.. ပိတောက် မမြင်ရ တဲ့.. မထူးခြားလှ တဲ့.. နှစ်တနှစ် မှာ....အရင့် အရင် သင်္ကြန် တွေကို ပဲ ပြန် လှန် ကြည့် မိ တယ်။.. မနှစ် ကတော့.. ရေးခဲ့ ဖူးသား။



သင်္ကြန် တခု တော့.. ထုံးစံ အတိုင်း..မသိ သလို..သိ
သလိုလို..ဘေးနား က.. ဖြတ် ကျော် သွား သည်။ မြင်တော့ မြင် လိုက်သည်.. ဘယ်လို ပုံ
မှန်းမသိ။ ကြား တော့ ကြားလိုက် သည်.. ဘာတွေ ဆို မှန်း မသိ။သင်္ကြန် ဆို တာ
ကို..ပိတောက် တွေ ပွင့် အောင်ရွာတဲ့.. ဖက်ဆွတ် မိုး..အေးအေး လေး နဲ့.. မုန့် တွေ
လုပ် စား ကြ..လှူ ကြ တန်း ကြ တဲ့..ရိုးရာ တခု ဆို တာ ထက်.. ပို..မခုံမင် မိ တာ
က..ငယ်ငယ် ထဲက ပါ ။ ရှာပုံ တော် မင်းသား ကြီး နဲ့မကြုံ ဘူးလိုက် လို့ နေမှာပေါ့ ဆို
ရင် လည်း.. ဟုတ်ချင် ဟုတ်မှာ ပေါ့ နော်။

-

တကယ် တော့..သင်္ကြန် ဆို တာ..ပျော်တတ် သူတွေ အတွက်..ပို တန်ဖိုး
ရှိပါ တယ်လေ။ မဏ္ဌပ် ကြီး တွေ...လှလှပပ ထိုး ပြီး.. အမိုက်စား ၀တ်စား ရေကစား နေ
တဲ့သူတွေ ကို ကြည့် ရတာ.. ပျော်စရာ ကောင်း သလား....။ မ သိပါဘူး။ ပုလင်းထဲက အရေ တွေ
ရယ်...ပိုက် ထဲက..ရေ တွေ.. ပိုက်ဆံ အိတ် ထဲက..ရေ တွေ ကိုသာ..အဟော သိကံ တွေး နေ မိ
သည်။ ပျော်ပွဲ ရွှင်ပွဲ ဆို တာ ကလည်း.. ဒါပဲ နေ မှာ ပေါ့ နော်။အဲလို နဲ့.. ကိုယ်
လည်း..သင်္ကြန် ဆိုတာ ကြီးကို..မလို တမာ..လိုတမာ နဲ့ပဲ.. သင်္ကြန်မိုး ရုပ်ရှင်
ထဲက..ကိုငြိမ်းမောင် လို.. ပွဲခင်းထဲ တိတ်တိတ် ကလေး ၀င် ပြီး..ခိုးကြောင် ခိုး
ဝှက်..ကြည်နူး ရမလား... သက်ထွေး လို..သူများ ပျော်လို့ မပျော်
နိုင်ပဲ..ကန်စပ်မှာ..သွားငိုင် နေ ရမလား ..မသိ တော့ပါဘူး။

-

ပျော်တယ် ဆို တာ..အဲလောက် ကော လွယ် ရဲ့လား။ တကယ်ရော..ခု အချိန်
ကာလ ကြီးက..ပျော်စရာ ကောင်း လို့လား။ ကိုယ့်စိတ် တွေ ကတော့..ခပ် နွမ်းနွမ်း ရယ် ။
တလော ကပဲ..လူထု ဒေါ် အမာ ကွယ်လွန် သွားလို့..နှမြော နေ တုန်း.. ဘလော့ ရောင်း ရင်း
ကိုအောင်သာငယ် ရဲ့ အမေ ဆုံးသွား ပြန် လို့..သူ့ဘလော့က..စာ တွေ ဖတ် ပြီး..စိတ်မ
ကောင်း တွေ ဖြစ် ရ ပြန် တယ်။


နောက်တခါ.. ဗမာစာသည် ဒို့စာ ဆိုတဲ့ စာလေး မှာလည်း.. သင်္ကြန် နဲ့ပတ်သတ်တဲ့ ဘာမှန်း မသိတဲ့ ခံစားမူ လေးကို.. ပြန်တွေ့လိုက်သေးသည်။


တနှစ်တခါ ဧပြီလ ရောက်တိုင်း သင်္ကြန် သီချင်းလေး တွေကို ကွန်ပြူတာ အင်တာနက် က မရအရ
ရှာဖွေ နားဆင် ရတဲ့နှစ် တွေ.... ကြုံ ကြိုက်လို့များ မြန်မာ လူမျိုး တွေ စုပြီး
ကျင်းပတဲ့ သင်္ကြန်ရိုးရာ ပွဲလေး တွေများ ရောက်ရင် တူးပို့တူးပို့ဆိုတဲ့ သင်္ကြန်
ဒိုးသံ လေးဟာ ခန္ဓာကိုယ်ထဲ က အကြောမျှင် လေး တခုစီ တိုင်းထိ တိုးဝင်မြူးကြွ လာ
လိုက်တာ—-ပြီးတော့လဲ... ဘာကို လွမ်းရမှန်း မသိ ရင်ထဲမှာ ဟာတာတာ....။



တကယ်တော့လည်း..ဒီနေ့ မြို့ပြ သင်္ကြန် ဆိုတာ.. အင်းလျားလမ်းမ ပေါ်မှာ စီးဆင်းသွားတဲ့ ရေစီးကြောင်းတွေ ကို..အဲဒါ..ခေတ်ရဲ့ရေစီးကြောင်း တွေပဲ လို့..အဓိပ္ပါယ်ပြန်နေရတဲ့.. ခပ်ယဲ့ယဲ့ ရိုးရာ အစဉ်အလာ တခု ပါပဲလေ။

မနေ့ကတော့..မိုးမခ ရေဒီယိုက..လာတဲ့... `သပြေခက် နဲ့ ရေပက် ´ ဆိုတဲ့..ခေတ်ဟောင်း သီချင်းလေး ကို ပြန် လိုက်ဆို ရင်း.. ငယ်တုန်းက..မြန်မာ့အသံရေဒီယိုက ဗုဒ္ဓဟူးနေ့ ညနေခင်း..ခေတ်ဟောင်းတေး ကဏ္ဍ လေး တွေ ကို ပြန် သတိရနေမိတယ်။



ကောင်းကင် အမူအရာ..မြူလွှာ အုံ့ပြန်သလေ..

ဇမ္ဗူရာ ( ??????)

မဟူရာ အမှုံ့တွေ ရစ်သန်း သ ကဲ့သို့လေ..

( နှစ်ဆန်း )၂ ဂိန္မပေ..သိန်သရေ ကျူးလို့..တန်ခူးလ ရာသီ ခေါ်ပြန်ပေ...

ကြိုင်ထုံ မြိုင်စွာ..ကံ့ကော် ပိတောက် ပန်းတွေ..

( ပျို့အိမ်တွင်းဝယ်) ၂ ညှင်းလေသွေး..မွှေးရနံ့ဝေ...

သင်္ကြန်ခါတော် တွင်း ---မို့လေ..

ရှေးကတော့.. ရိုရို သေသေ ကစား-- ကြပေ..

(မွေးသမိခင် ထံ ခွင့်ပန်ကာ.. တောင်းရပါတယ် အခြေ..

မွေးသဖခင် ထံ ခွင့်ပန်ကာ..တောင်းရပါတယ် အခြေ..

လာပေ..မဟာဆွေ.. မေမရှက်နဲ့.. ရက်မြတ် အခါပေ..

မာပါစေ..သာပါစေ.. သပြေခက် နဲ့ ပက်ကြတဲ့..သင်္ကြန်ရေ...)

ကိုကို လူပျိုတွေ..ရှင်လိန်ပြန်မောင်တွေ...

ခင်ပျို လုံမလေး မှာ.. ( ????? )
ကညာခင်ပျိုမေ.. ၀ါမ၀င်ခင်.. သင်္ကြန်တော်ရေ..

သပြေညို မင်္ဂလာရေ.. ပက်ကြစေ..အကြောင်း..ကောင်း--- နဲ့..

တောင်းပန်ပါတယ်..ရှေး စနစ် တွေ..

ငွေဖလားကြီးနဲ့..ရေကစားတာ အလွန် ပင် ကြမ်းသလေ..

စပယ်ပန်းတွေ တောင် ကြွေကုန်ပါ ပကောလေ..
ငွေဖလားကြီးနဲ့..ရေကစားတာ..တကယ်ပင် ကြမ်းသလေ..

ဇွန်ပန်းတွေ တောင် ကြွေကုန်ပါကောလေ..
(မွေးသမိခင် ထံ ခွင့်ပန်ကာ.. တောင်းရပါတယ် အခြေ..

မွေးသဖခင် ထံ ခွင့်ပန်ကာ..တောင်းရပါတယ် အခြေ..

လာပေ..မဟာဆွေ.. မေမရှက်နဲ့.. ရက်မြတ် အခါပေ..

မာပါစေ..သာပါစေ.. သပြေခက် နဲ့ ပက်ကြတဲ့..သင်္ကြန်ရေ...)

ဘုရားဂုဏ်တော်တွေ..တရား ဂုဏ်တော်တွေ..

သင်္ကြန်ရက်မှာ..လက် ကန်တော့ ထိုးကာ..

လှူဖွယ် အမျိုးမျိုးနဲ့.. အကျိုးမျှော်ကာ..မဟာရေ သဘင်ပေ...



ယောက်ကျားကြီး တယောက်လို အသံအောင်ပြီး..ကြည်လင် ပီသ လှတဲ့..အဆိုတော်ကြီး ဒေါ်ကြည်အောင် ရဲ့ အသံလေးလေး ကြီးကို အသေအချာ ကို ပြန်ကြား နေ ရတယ်။ လမ်းပေါ်က..ဆိုက်ကား တချို့ဆီက....မောင်းထုပြီး အော်သွားတဲ့..သင်္ကြန် သံချပ် အတိုအစ တချို့.. .ကလေးတသိုက် ရဲ့ ဟေး ကနဲ အော်လိုက်တဲ့.. အားရပါးရ အပျော်တွေ.. ။ ဥပုပ် စောင့်ထားတဲ့ အဘွားအတွက် ဖျော်ပေးရ တဲ့..မန်ကျည်းရေ အေးအေးလေး တခွက်..။ ဟော- ဟိုဖက်အိမ်က..ကလေးတွေ လွှတ်ပြီး မုန့်လုံးရေ ပေါ် လာပို့ပြီ။ ကလေးတွေ အပြန်ကျရင်.. အိုးမဲ သုတ်လွှတ် မလို့ လုပ်တာ..အဖေ ဆူခံ ထိပြီ.. ပြူတစ် ပြူတစ် ကိုယ်ယောင်ပြ မနေ ကြ နဲ့ တဲ့။ တော်ပြီ.. ည ကျမှ.. တီဗီက လာတဲ့..သင်္ကြန် မိုး ကြည့် ရင်း သင်္ကြန် ကျတော့မည်..။




သပြေခက် (ဒေါ်ကြည်အောင် ရဲ့ မူရင်း သီချင်းကို.. ဘိုဘိုလန်းစင် ကျေးဇူးပြုပါသည်။ )

( စာသားများ မှာ နားထဲ ကြားသလို ရေးထားခြင်းဖြစ်ပါသည်။ တချို့နေရာများ ကို မသိပါ)


Share/Bookmark

21 Comments:

ATN said...

မကေကို အိုးမဲ သုတ်မလို့ စောင့်နေတာ...း)
အိမ်ကထွက်လာရင်တော့ သတိသာ ထားပေတော့...း)

ဧရာ said...

တချိန်မှာ ... သင်္ကြန်ဒိုးသံနဲ့ မြနန္ဒာသီချင်းတောင်... အစီးမြန်တဲ့ အစီးသန်တဲ့ ခေတ်ရေစီးကြောင်းထဲမှာ လွမ်းစရာဖြစ်ကျန်ခဲ့ လေမလား...။

တန်ခူး said...

မြန်မာဆန်တဲ့ မြန်မာသင်္ကြန်လေးကို အမြဲလွမ်းနေတတ်တယ်ကေရေ…
မြန်မာမိန်းခလေးတွေ မြန်မာဝတ်စုံကို သိပ်မသိကျတော့လဲ တူးပို့ တူးပို့ ကနေ DJသင်္ကြန်ဖြစ်လာတော့တာပဲနော်…
ဘာပဲဖြစ်ဖြစ်… ၁၀ ၉ ၈ ၇ ၆ ၅ ၄ ၃ ၂ ၁ နှစ်သစ်မင်္ဂလာပါကေရေ….

ကလူသစ် said...

သင်္ကြန်တခါမှ ကောင်းကောင်းမပျော်ခဲ့ဘူးပါဘူးဗျာ။................................................................................................................................ မူးနေတာနဲ့ပဲ :)

မေ့သမီး said...

အမရေ ရေလောင်းခွင့်မရှိတော့လည်း ဆုပဲတောင်းပေးလိုက်ပါတယ်နော်။ နှစ်သစ်မှာပျော်ရွှင်ပါစေ။

MANORHARY said...

will keep sabbath ??
Sadu Sadu Sadu,,,,'
Every blogs are wet with water !
you too !

tg.nwai said...

ဟုတ်တယ် ကေရေ..မြို့ပြသင်္ကြန်ဆိုတာ အင်းလျားလမ်းက ရေစီးကြောင်းကိုပဲ...။

သင်္ကြန်တွင်း ဥပုသ်စောင့်မယ်ဆိုလို့ သာဓုခေါ်လိုက်တယ်နော်.. ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေ ကေရေ..

ဥပုသ်မ၀င်ခင်လေး အတာရေနဲ့ လောင်းလိုက်ပါတယ်..အေးချမ်းပါစေ။

Anonymous said...

အမကေ ပျော်ရွှင်ဖွယ်နှစ်သစ်မင်္ဂလာဖြစ်ပါစေခင်ဗျာ

ဆောင်းယွန်းလ said...

သင်္ကြန်အကြောင်းတွေတွေးရင်း သင်္ကြန်အကြောင်းလေးကိုလာဖတ်သွားပါတယ်
မကေရေ

ပျော်ရွှင်ပါစေ

သက်ဝေ said...

ကေရေ..
သီလမယူခင် အချိန်မှီလေး လာပြီး ရေလောင်းသွားပါတယ်...
အိုးမဲလေးလဲ နဲနဲတို့ရင်းပေါ့... ဟီဟိ..
နှစ်သစ်မှာ အေးချမ်းပါစေ...

JulyDream said...

သင်္ကြန်မိုးကိုပဲ အလွမ်းပြေ ကြည့်လိုက်တော့မယ်။

ဒူကဘာ said...

မင်္ဂလာနှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ပါစေ၊ စာကောင်း မွန်မြတ်တွေ အရင်လိုပဲ အကြည်ဓါတ် မပျောက်ပဲ ဆက်တိုက် ရေးနိုင်ပါစေ ဗျားးးးးးးးးးးးး

Moe Cho Thinn said...

ဥပုသ် မစောင့်ခင် ဘလော့ကိုတော့ အတာရေလေး ဖျန်းသွားသေးသကိုး။
ဥပုသ်ကြီးနဲ့ ဘလော့ မဖတ်တာ သေချာတယ်နော် :)

မီယာ said...

မကေ ဥပုသ်စောင့်နေတယ် ဆိုလို့ တိတ်တိတ်လေး လှည့်ပြန်သွားတယ်...

pandora said...

သင်္ကြန်ရေလိုအေးမြပါစေ မမကေ...

P.Ti said...

မရောက်တာကြာနေပြီးအမ.. နေမကောင်းတာလည်းပါတာပေါ့။

မင်္ဂလာနှစ်သစ်ပါ။ ရွှင်လန်းချမ်းမြေ့ပါစေ။

Mogok Thar said...

မင်္ဂလာနှစ်သစ်တွင် မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း ။

မြန်မာနှစ်သစ် မှာ ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ။

မေဓာဝီ said...

မကေ ... ဥပုသ်စောင့်နေတာဆိုလို့ သာဓု) ၃ကြိမ် ခေါ်သွားပါတယ်။
မင်္ဂလာရှိသော မြန်မာနှစ်သစ် ဖြစ်ပါစေ ... နော်။

nu-san said...

မကေ ကမှ ဥပုသ်စောင့်ဖြစ်သေးတယ်.. သာဓု (၃) ကြိမ်ခေါ်ပါတယ်.. :)
မြန်မာ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..

မေ့သမီး said...

အမ အသစ်ရေးဦးလေ။

tune said...

လာဖတ်သွားပါတယ် ကေရေ။
"မ" မထည့်တော့ဘူးနော်။
ပျော်ရွှင်ပါစေ။