ပေါက်ကရ ၁၀

အို-အသင်ဘလော့ လောက.. ငြိမ်သက်လွန်းလှ ပေ တကား...
ဟု   ငြည်းတွား ၍ မဆုံး ခင် မှာပင်.. ဘလော့ဂ် မယ်မယ် ကြီး.. မမကွန် ၏ ပို့စ် အသစ်တခု ..ဖလွတ် က နဲ တက်လာ တာကို မြင်လိုက် မိသည်။  တော်ပေသေး သည် သူ ရှိနေပေသေး လို့သာ ဟု ဆိုရမည် ။ ဘာပဲ ပြောပြော.. မှုံတိ မှုံမွှားပုံလေး များကို.. ဓါတ်မီးထိုး ပြီး ကြည့်ရင်း.. ဘာမှ ဖတ်စရာ မရှိ ၍ ဟောင်းလောင်း ချောင်ချောင် ကြီး ဖြစ်နေသော.. ဂူးဂဲလ် ရီဒါ ကြီးထဲမှာ.. တွေ့သမျှ ကို..စာလုံးပေါင်းပြီး ဖတ်နေရ တော့သည်။ 
 
ဒါနဲ့.. မယ်မယ်ကြီးက..တာဝန် ကျေသလောက်.. ဘလော့ဂ်ကုန်းကုန်းကြီး ရွှေရတု လည်း မမြင်တာ ကြာပြီ.. နေမှ ကောင်းရဲ့လား မသိ။ သက်မှ သက်သာ ရဲ့ လား မသိ..။ စိတ်တော့ မပူ လှ ပါဘူးလေ..သူလည်း သူ့ လိမ်းဆေး နဲ့ သူ ဆိုတော့...။ သြော..ပျူနိုင်ငံ က.. ဒွတ္တဘောင်မင်း ကြီး ရဲ့.. မြစ်လှေး တော်  ကိုအောင် တယောက်.. ဘလော့ဂ် ကြီး တခု လုံး မှောက်ကျ သွားလို့..ဒုက္ခလှလှ ရောက်သွား ဆို...။ အပ မှီ တာပဲ ဖြစ်မှာပါ...။ သူ့ဘလော့ဂ် မှာ သရဲ တွေ .. သမဲ တွေ များလွန်း လို့.. ဂူးဂဲလ် က တောင်..အမဲ စာရင်း ထဲ သွင်းလိုက် ရတယ် ဆိုတော့...။ ပြီးတော့ သာ..  နတ်ဆရာ ကိုလင်းထက် နဲ့ ပေါင်းပြီး.. ရပ်ကွက် ထဲ က.. အိမ်တွေ မှာ.. မဲ မဲ.. မဲ..မဲ.. နဲ့.. ညဖက် ဆို..မဲလ၀ဲယား တွေ.. တက်တက် လာ တယ် ဆိုပြီး.. သတင်း တွေ လွှင့် နေ ပြန်သည်။ သူတို့ အကြံ လောက် တော့.. ပျင်းတောင် ပျင်းသေး..။ ဒီက.. နေပြည်တော် မှာ.. အပရမ်းတစ် ဆင်းလာတာ...။ 
 
တလောက.. ဇော်ဂျီ..ယူနီကုဒ်.. မဲခွဲ လို့  ..ရပ်ကွက် ထဲ ..ရုတ်ရုတ်သဲသဲ ဖြစ် ခဲ့ တုန်း ကလည်း.. ရ.ရ.က   ဥက္ကဌ.. ကိုအန်ဒီ  ၀င်ဖြေရှင်း လိုက်တော့... ညိမ် သွား ကြတာ ပဲ မဟုတ်လား...။ သူက..အရင်.. မ.ရ.က မှာ လုပ်လာ တည်းက.. အတွေ့ အကြုံ ရှိပြီးသား.. အလုပ်လုပ်ရင်..စာရင်း ဇယား နဲ့ သမာသမတ် လည်း ရှိတော့.. အားလုံးက လက်ခံ ကြပါတယ်..။ ကိုယ်တွေ ပေး ထား ကြတဲ့.. ကြိုတင်မဲ တွေ တော့... နည်းနည်း ကို့ယို့ကားယား ဖြစ်သွား ရ တာပေါ့..။

နောက်တော့ လည်း.. ဒီ ဘလော့ဂါ နဲ့ ဒီဘလောက် ဂါ.. လေဒီ ဂါဂါ ကြိုက်ကြတာ ခြင်း အတူတူ.. ဘယ်လိုပဲ သွေးခွဲခွဲ.. မကွဲ ကြပါဘူး..။ အခု လည်း လုပ်ပြန်ပြီ..။ .. ကိုယ့်ဘလော့ဂ် ဘေးက..ဘလော့ဂ် ရောင်းရာင်း တွေရဲ့ အတွဲလိုက် ဆိုင်းဘုဒ် ကြီး တွေကို..ဖြုတ် ..ဖြုတ်..မြန်မြန် ဖြုတ် ကြ ဟဲ့..ဆို လည်း.. ဘလော့ဂ် သာ အပျက်ခံ ချင် ခံသွားမယ်.. ကိုယ်တွေ ကတော့..မဖြုတ်ရေး ချ မဖြုတ်ပဲ။

ဟဲ့..ညည်း တယောက်ပဲ..ဘလော့ဂ် မျက်နှာ တရွာထင် နေ.. ဒီဖက် မှာ လာကြည့်စမ်း..မျက်နှာတွေ မှ.. အများကြီး.. ” လို့ ဆိုလာသူ က.. ဘလော့ဂါ တဖြစ်လဲ..ကဗျာဆရာ နှစ်ဖြစ်လဲ .. ဆူရှီဆရာ သုံးဖြစ်လဲ .. 
A T N ( ခေါ်) ကိုအောင်သာငယ်.. ။ သူက တော့..ခု ..ဘလော့ဂ် ကို တကယ်ကို စွန့် လိုက် မေ့လိုက်နိုင်ပြီ ဆိုပဲ..။ ကောင်းပါလေ့..။ ဒီဘ၀ ကြီး ထဲ..စွဲလန်းစရာ တွေ များတော့..လျှော့ နိုင်တာလေး တွေ လျှော့ပေါ့ ..။ ဒါပေမဲ့..သူ့ ကြည့်ရတာ.. ဘလော့ဂ် ကို သာ မေ့လိုက်နိုင်ပေမဲ့.. အခု သူ ပြောတဲ့..မျက်နှာတွေ အများကြီး နဲ့.. ရပ်ကွက် ထဲ မလည်း .. မိုးလင်း က..မိုးချုပ်.. တကုပ်ကုပ် နဲ့.. သီချင်း တွေ ဆိုလိုက်..ကဗျာတွေ စပ်လိုက်.. လုပ်နေ ရှာတုန်း ပါပဲ လား..။ ဘလော့ဂ် တုန်းက မှ..တခါ တင် ပြီး ဆယ်ခါ လောက် ပဲ  ပြန်ပြန် ကြည့် ဖြစ် တာ. ခု..မျက်နှာ တော ထဲ မတော့..တနေ့ လုံး.. News feed  နဲ့  recent post ကို ဟိုဖက် ဒီဖက် အပြန်ပြန် အလှန်လှန် ကလစ် နေ ရ တော့ တာ ကလား.. လို့..  အတော် မောပန်း နွမ်းနယ် ခြေကုန်လက်ပန်း ကျ  နေတဲ့ အသံ နဲ့ ပြောရှာ တယ်။

ကြည့်စမ်း..သူ ပြော လို့ ..သွားကြည့် လိုက်တာ.. လက်စသတ် တော့.. န်ဒိုရာ တို့ မသက်ဝေ တို့က..ဘလော့ဂ်မှာ ငြိမ်နေတာ..လိမ္မာသွား ပြီ မှတ်ထာ.. ဘယ်ဟုတ် လို့ တုန်း.. မျက်နှာတွေ များနေ လိုက် ကြတာ..။ ၂ကျပ်ခွဲ တန် တွေ.. နဲ့.. အပြိုင် ရိုက်နေ ကြ ပုံ များ....မရေးတော့ပဲ..ရိုက်ပဲ ရိုက်တော့ မယ် တဲ့..။ သူတို့ အိမ်က လူတွေ တော့.. မလွယ်ဘူး..။ မလွယ်ဘူး ဆို..ရှိသမျှ တွေ ရိုက်နေတာ.. မီးဖိုချောင် ထဲက..ပန်ဒိုရီ သောက်ထားတဲ့ ၀ိုင်ပုလင်းခွံ တွေ တောင် မကျန်.. သူ့ မှန်တင်ခုံပေါ်က..ရေမွှေးပုလင်း ခွံ... ခဲတံ ချွန်စက် စာ တွေ အထိ... ကုန်ရော..ကုန်ရော..။
 
စင်ကာပူ တမြို့လုံး လည်း ကုန် နေ ပြီ..ပန်းခြံ တွေ တံတားတွေ..မိုဆာဖါ..မိုးပျံ ပန်းခြံ..တရုတ်ဥယျဉ်... ကုန်နေပြီ..။ မသက်ဝေ ကတော့.. ရိုက်စရာ မ၇ှိတော့ လို့..ကုတင် ပေါ်က နေ..ပက်လက်လှန်ပြီး..မျက်နှာကျက်က.. အိမ်မြှောင် တို့..မီးလုံး တို့ ကို ပါ..လိုက် ရိုက် တယ်.. အံ ရော.. အံရော..။ 
 
ပန်ဒိုရာ တို့ မသက်ဝေ တို့ ပုံ တွေ လျှောက် ကြည့် ပြီး သွား တော့.. ၁ နာရီ တောင် ကျော်နေပြီ..။ မထူးပါဘူး.. လျှောက်ပတ် လိုက် အုံးမယ်.. ရောက်တုန်း ရောက် ခိုက် ဆို ပြီး...ပတ်နေ လိုက်တာ...ဟိုတယောက်ကို သိသလိုလို.. ဒီ တယောက် တော့.. သိသားပဲ.. သူငယ်တန်း တုန်းက.. ၂ ခုံ ကျော် ထိုင်တာ.. မသိချင်အောင် ဆောင်နေမှ.. ခပ်ဝေးဝေး နေ အနား သွား ပြီး..ဟို လိုက်..ဒီ လိုက် မလုပ် နဲ့.. ။ အစ ရှိ အနောင်နောင်..  အကြွားချည်း လှိမ့်ခံ နေရမယ်.. ။ ဟယ်.. ဟို တယောက် ကတော့.. အတော် ချောသားဟ..ကျောခိုင်း ထား တဲ့ ပုံလေး ကို ၀ါးထားတာ.....။  ဟိုကြည့် ဒီကြည့်.. ဟ၀ါ ဖတ် သလို..ဒဟာ ဖတ်သလို လို နဲ့.. နာရီ ကြည့်တော့.. ကြည့်စမ်း. တော်တော် အချိန် ကုန်သွားတာပဲ..။ ခေါင်းတွေ လည်း မူး လာပြီ။

စိတ်နာနာ နဲ့.. ဟာ..ဒီ မျက်နှာ ဘုတ်အုပ်..တော်တော် အချိန်ပုပ် ဆိုပြီး.. မျက်စိ စုံမှိတ်.. စိတ်ကို ဗြိ က နဲ  ဖြဲ  ပြီး .. ဆွဲ ချ ပြစ်လိုက်ရော..။  ခု လောက် ဆို.. ဂူးဂဲလ် ရီဒါ ထဲ မှာ.. ငါ ဖတ်နေကျ..အသိပညာ ဗဟုသုတ ကြွယ်ဝ ပြည့်စုံ ကုံလုံ စေမဲ့..ပို့စ် အသစ် ကလေး တွေ နည်းနည်း များ တက်လာ မလား မသိ..။ ကွန်ပြူတာ ရှေ့က တော့..မထ ချင်သေးဘူး..။  ခုတလော..ဧရာဝတီ ဘလော့ဂ် ကလည်း.. ဖတ်ကောင်းပါတယ် ဆို မှ.. ဘာမှ ကို အသစ် မတက်ဘူး..။ ဘလော့ဂ်ကိုင် စာရေး..မောင်ဇာနည် တယောက်..အချိန်ပို လိပ်တာ တွေ များတော့..အိပ်ရေး ပျက်နေတယ် ထင်တယ်။  သူ့ ဘလော့ဂ်က.. ပေါက်ကရ ရှစ်သောင်း လေး တွေ တောင်.. မဖတ်ရတာ ကြာပြီ..။ အမယ်..သူ မအား ပေ မဲ့.. ခုတလော..သူ့ ဘော်ဒါ တယောက်.. ရေးတာ လေး တွေ လည်း ရှစ်သောင်း ရှစ်ထောင် ဖိုး လောက် တော့.. ဖတ်လို့ ပြုံးရသား..။  ဘလူးစကိုင်း တောအုပ် တဲ့...။ သူက လည်း.. တဖြစ် လဲ ဆိုပဲ..။ အရင်က..သရော်စာ အရေး ကောင်း မို့လား မသိ.. ခု တော့.. တမူ ဆန်း ပြီး..သွားရေစာ တွေ ချည်း ရေး နေ တော့တာပဲ။ ကြက်သား တုတ်ထိုး တို့ ကျွဲ တောင်ပံ တို့.. အဆန်းပဲ.. ။ တခါ မှ တောင် မစားဖူးဘူး..။ ဘီယာ တော့ တော်တော်ကုန်မယ်..။ ဘီယာ တောင် ကျန်သေးရဲ့ လား မသိ.. သူက.. အီဂျစ် သတင်း ကို ဘီယာ နဲ့ မြည်းဖို့ လုပ်နေတာ လေ..။ အခု အီဂျစ် သတင်းက.. မပြီး သေး ဘဲ.. ၃ ပတ် ထဲ ၀င်လာပြီ ဆိုတော့..ဘီယာ ဖိုး တော်တော် ထိ ပြီပေါ့..။ အင်းလေ..တခြား ဟာ နဲ့ ဆက်မြည်း မှာ ပေါ့..။


ကဲ..ကဲ..ဖတ်စရာ ကုန် သွား ပြီ...။ တော် မှ..။  
ဟော..ဖလွတ်ကနဲ မြည်သွား တယ်..။ ဘယ်သူ့ ပို့စ် အသစ် ပါလိမ့်..။ မမကွန် ကွ... ။ ဘာရမလဲ..ဖတ်ရ ချေသေး ရဲ့... ။
အမ်....nothing တဲ့..။ ဆိုးထှာ..။
 
 
( ပျင်းပျင်း နှင့် ပျော်ထား သော..မနေ့ တည်းက..ရေးထား မိ တဲ့ ပေါက်ကရ တွေ.. ဒါနဲ့ စကားမစပ်..ဘလော့ဂါ တွေ စာရေး ကြပါအုံး... ) 






Share/Bookmark

17 Comments:

သက်ဝေ said...

အလားလား... အလားလား...
ကိုယ့်ရဲ့ လျှိ့ဝှက် ဓါတ်ပုံရိုက်နည်းတွေ ပေါက်ကြားကုန်ပါပေါ့လား...
K leaks... K leaks... :D

ဒီနေ့ ကေ့ပိုစ်လေး ဖတ်ရတာ ပျော်စရာကောင်းတယ်...
ကိုယ်လည်း အဲဒီလို ပျော်စရာ ရွှင်စရာ စာမျိုးတွေ ရေးဖို့ ကြိုးစားအုံးမယ်...

P.Ti said...

ပေါက်ကရ ၁၀ ပဲရေးနိုင်တာ နည်းတယ်၊ မကေအဆင့်နဲ့ဆို ပေါက်ကရ ၁၀၀၀ လောက်ရေးနိုင်သင့်ကြောင်း...

မယ်မယ်ကြီး မမကွန် ဆိုပြီးခေါ်တာကို ဒေါ်ကြိုင်ကြိုင်သိသွားလို့ မကေဘလော့ကို ၆ရက် မြန်မာပြည်မှာ ပိတ်လိုက်ကြောင်း ပြောချင်တာပြောတဲ့နေရာမှ သတင်းရပါတယ်။

ဘလော့ဂ်ကုန်းကုန်းကြီးလို့ခေါ်တာသိလိုက်ရတော့ ကိုကြီးကျောက်ခမျာ တခုခုအောက်ကျသွားရင် မကောက်ရဲတော့ပဲ အိမ်သာသွားရင်တောင် ခါးမတ်မတ်နဲ့ ကိစ္စပြီးနေရကြောင်း တိုးတိုးတိတ်တိတ်ပြောသွားပါတယ်။

ပျူနိုင်ငံသားကိုအောင်ကလည်း ဆောင်းတွင်းမှာ သူချမ်းလွန်းလို့ ရေမချိုးဖြစ်တာနဲ့ ၀ဲပေါက်လာကြောင်း၊ အဲဒါကို အသာမနေ ဘလော့လောကတွင် လူတကာကိုလိုက်ဝေနေကြောင်း တချို့ မကျေနပ်သော ဘလော့ကာများက ရင်ဘတ်ကြီးကိုဖွင့်ပြကြပါတယ်။

ဟိုကုတ်ဒီကုတ် နဲ့ ကိုအန်ဒီတစ်ယောက် သူ့ကို အရင်ကတည်းက မယက လို့ခေါ်သွားတာကို မကျေနပ်လို့ ဒီနေ့အိမ်ပြန်ရင် ထမင်းမချက် အ၀တ်မလျှော်ပဲ မယက မဟုတ်ကြောင်းသက်သေပြမယ်လို့ twitter မှာ သူ့မိန်းမ မသိတဲ့အကောင့်မှာရေးထားတယ်လို့ သိရှိရပါတယ်။

မပန် နဲ့ မသက်ဝေ orchid garden ဆိုတော့ အတွဲများချောင်းရမှာပဲ အတွေးနဲ့ နှစ်ကျပ်ခွဲတွေဆွဲအသွား မိုးတွေရွာလို့ ပန်းတွေကိုသာ ကတိုက်ကရိုက်
ကတုန်ကရင်နဲ့ ရိုက်ပြီးပြန်ခဲ့ရကြောင်း၊ ၀ိုင်ပုလင်းမှာမှာ ပန်ဒိုရာသောက်ထားတာဖြစ်ပြီး ပန်ဒိုရီမှာ အရက်နံ့ကိုပင်မခံနိုင်ကြောင်း၊ မသက်ဝေ ကင်မရာနဲ့ ချိန်လိုက်တိုင်း ထွက်ပြေးသွားတတ်လို့ အိမ်မြောင်ကိုချိန်ကြည့်ရာ ထွက်မပြေးလို့ (ဓာတ်ပုံ)ရိုက်လိုက်ရကြောင်း၊ နောက်ဆုံးအနေနဲ့ သတင်းရရှိပါတယ်။

စတာ :P

Andy Myint said...

မယက အကြောင်း ပြောမလို လာတာ ကိုပီတိက ရေးထားတာပါ သဘောကျပြီး ရေးမယ်ဟာတောင် ဘယ်ရောက်သွားလဲ မသိဘူး။ တစ်ပတ်လုံး မောထားတာ အမောပြေပါပဲ။ ယူနီ ကုတ်တာ မပြီးသေးဘူး မဲလ၀ဲတွေ ကုတ်နေကြရ ပြန်ပြီ။

ကိုအောင် said...

မောင်ပီတီကတော့ ပြောပြန်ပြီ ...

အမတော် မကေ ပျင်းနေတယ် ကြားလို့၊
နေပြည်တော် ကြပ်ပြေးတလွှားက
ဖုတ် မှင်စာ သဘက် ကဝေ အပေါင်းတို့အား
အမတော်ထံတွင် ဖျော်ဖြေတင်ဆက်ဖို့
ပို့ဆောင်တော် မူလိုက်ကြောင်းပါ ... :P

rose of sharon said...

စိတ်ညစ်နေတဲ့ဘလော့ဂါတွေကို အားဆေးကျွေးတာပေါ့...ဟုတ်လားကေ?

မမသီရိ said...

မမ လဲ ဆိုက်ဘား တွေ ဖြုတ်ဖို့ စိတ်ကူး မရှိပါ
ဘာက ဘယ်လို ဖြစ်တာလဲဆိုတာလဲ မသိတာမို့
ဒီအတိုင်းလေး နေလိုက်အုံးမယ်..

သူများတွေပဲ အားပေးမနေနဲ့
ကေ လဲ စာလေးလေး လေးတွေ ရေးပါအုံး

Unknown said...

ပေါက်ကရ ၁၁ မျှော်နေပါတယ်

ခင်မင်တဲ့
seesein

Unknown said...

ပေါက်ကရ ၁၁ မျှော်နေပါတယ်ဗျို့

Anonymous said...

ပျော်စရာကောင်းတဲ့ပိုစ့်
ပြုံးနေရတယ်

မေဓာဝီ said...

မကေ ဘလော့လဲ ၀ဲစွဲနေတယ်တော့ ...
ဝဲဆေးလိမ်းလိုက်အုံး မကေရေ ... ၀ဲတွေ မနည်းဘူးနော် တွေ့ထားတယ်။ :))

T T Sweet said...

မကေရေးတာ ရော ကိုပီတီရေးတာရော ဖတ်ပြီးရယ်နေရတယ်။ ဘ လော့ဂ်ကလဲ ကုတ်နေကြရတာပဲ။ များတို့တော့ ၀ဲစွဲမှာကြောက်လို့ ဘေးက ဆိုင်းဘုတ်တွေ ခဏဖြုတ်ထားလိုက်တယ်။

PAUK said...

ဝေးးး..
ဒီတခါ ဖတ်ရတာ ပျော်စရာကြီးး...



ပုံ။
စာကြီးပေကြီးနဲ့ မထိုက်တန်သူ

pandora said...

ပေါက်ကရ ၈၀ ပြည့်ဖို့ ၇၀ လိုသေးတာပေါ့နော်။ စီးရီးစ်လိုက်ရေးမလားလို့ စောင့်ဖတ်နေပါမယ်။ ဖတ်လိုက်ရတာ ၀ဲယားတောင်ပြေသွားတယ်။ :

နောက်ထပ် နှစ်ကျပ်ခွဲတန် စီးရီးသစ် အနေနဲ့ မီးဖိုချောင်ကို မျက်စောင်းထိုးနေတဲ့အတွက် ဆီပုလင်း၊ ဆားပုလင်း၊ အချဉ်ပုလင်း၊ ငရုပ်သီး၊ ကြက်သွန်နီ/ဖြူများ မျက်ခုံးလှုပ်နေပါကြောင်း။

ဝိုင်ပုလင်းများနှင့် ပတ်သက်၍မူ တစုံတရာမျှ မှတ်ချက်မချလိုပါကြောင်း... အဟင်းဟင်း။ :P

Moe Cho Thinn said...

ဖတ်ရတာ ပျော်စရာကြီးး
ဒါမျိုး ပေါ့ပေါ့ပါးပါးလေးတွေ ရေးပါ ကေ ရ..
ဒါနဲ့ ဘာ ၀ဲ ကုတ်နေကြတာလဲ။ မသိလိုက်ပါလား။
ပုံ
ဘလော့ကို အမေ့ကြီးမေ့နေသူ

P.S ငတိလေး ရေးတာ သဘောကျသွားတယ်။

MANORHARY said...

ဟုတ်တယ်။ ဘလော့ဂါတွေ စာရေးကြဦး ...

MANORHARY said...

ဟုတ်တယ်။ ဘလော့ဂါတွေ စာရေးကြဦး .. ငြိမ်နေ တိတ်နေလိုက်တာ။ သရဲကားရိုက်နေသလိုပဲ ..း))

Maung Myo said...

ဟိဟိ...တီကေလည်း ဒါမျိုးဟာသလေးတွေရေးတာပဲကေား) ကျနော် ဒီပို့စ်လေးဖတ်ပြီး ဆော်လမွန်ငါးတို့အိမ်အပြန်ပို့စ်လေးတောင် သွားပြန်သတိရမိတယ် ။