မိုးဦးဆုတောင်း

မိုးဦး ဆုတောင်း
( မင်းသုဝဏ်)
အိုက်လှ ပူလှ.. နေခက်လှဟု..
နေ့ည ညည်းကာ..တို့သူငါ သည်..
ရွာပါ မိုးမင်း တမ်းတ လျက်..
တတမ်းတတ..နွမ်းလျလျ နှင့်..
မိုးဝ မျှော်ကာ နေကြရာဝယ်..
တက်လာ တိမ်ပုတ်..နောက်တောင်က..
တက်လာ တိမ်ပုတ်..မိုးဝ အုပ်သော်..
မလှုပ်ယှက်သာ ပိုအိုက်လာသည်
ရွာပါ မိုးမင်း တမ်းတမြဲ...
တမ်းတ ခိုက်မှာ..မိုးဒေ၀ါသည်
မျက်နှာပေါက်ဆိုး ..ရှစ်ခေါက်ချိုး နှင့်..
ဂျိုးဂျင်း ဟိန်းဟောက်..ချူန်းခြိမ်း ပျောက်သည်
အောက်မှာ ဂျွမ်းထိုး ..ဒို့အများ..
မိုးကြိုး ပြစ်မှာ ပါလေ လား...
မိုးဖြူ မစဲ..မိုးမဲ မရွာ
ရှေးဆရာ တို့ မိန့်မှာ သည့် တိုင်း..
တပိုင်း မှန်ကန်..တပိုင်း ကျန်သည်..
မှန်ပါစေတော့ ရှေးစကား
မိုးဖြူ ရွာသွန်း ပါစေသား..
မျှော်လင့် စောင့်စား..လူအများ..
မိုးဖြူ ရွာပါ့..ခုမနား
ကယ်ပါ..ယူပါ.. အို နတ် များ....။

ဒီကဗျာလေး ကို.. ဒီနေရာ...နီဇူလိုင် ရဲ့ ဘလော့ ကနေ ယူ ပြီး ပြန်တင် ပါတယ်။ ဆရာကြီး မင်းသုဝဏ် ရဲ..အဲဒီ ကဗျာလေး ကို.. အဲဒီ တုန်းက.. လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က.. ဆင်ဆာ ဖြတ်ခဲ့ တယ် လို့ ဆိုတယ်...။ ဆင်ဆာမင်း များ.. အတော် ညဏ်ပြေးလေ သလား.. ဘာမှန်း ညာမှန်း မသိ.. အကြောက်လွန် လေ သလား..။
မိုးဖြူ တွေ ရေ... ရွာသွန်းပါတော့... ။


Share/Bookmark

8 Comments:

Mirror said...

လွန်ခဲ့တဲ့ နှစ်၂၀ ကလဲ ခုအတိုင်းပါပဲလား။ရာသီဥတုရော..ဆင်ဆာဖြတ်တာရော..

pandora said...

ဆုတောင်းနေရတုန်းပါပဲ။

သက်ဝေ said...

မိုးဖြူ တွေ မြန်မြန် ရွာပါစေတော့... လို့ ဆုတောင်းနေရပါတယ်...

thadarhline said...

မိုးများများရွာဖို့ပဲဆုတောင်းရတော့မှာပဲနော်မကေ..။

ခင်တဲ့
သဒ္ဓါ

little brook said...

နွားသိုးနဲ့မိုး အစိုးမရဘူး၊ မိုးဖြူမစဲ မိုးမဲမရွာ၊
တိမ်တောင်သဖွယ် မင်းရေးကျယ်
ဒီကဗျာဖတ်ပြီး ဆက်ပေါ်လာတဲ့ စကားပုံလေးတွေပါ တွေးမိသွားတယ် ဘာမှတော့မဆိုင်ဘူးး)

ရွှေရတုမှတ်တမ်း said...

ဖတ်လေဖတ်လေ...အဓိပ္ပါယ်ကိုသဘောပေါက်လေပဲ

Moe Cho Thinn said...

သူတို့ကို မိုးကြိုးပစ်မှာစိုးလို့ ဖြစ်မှာ ကေရဲ့။

mks said...

ရွာလိုက်ပါ မိုးဖြူတွေ ရေ့ 