အရောင်တွေရဲ့ အကြောင်း




ဘုရားသခင်ရဲ့ စုတ်ဆေးခွက်လား..
သက်တန့်ထဲက.. တွေ့ရှိမူလား..
ပန်းတွေနဲ့ လိပ်ပြာတွေရဲ့ ကူးလူးဆက်ဆံမူ ကြောင့်လား..
ဧဒင်ဥယျဉ်ထဲက..အနီရောင်ပန်းသီးတလုံးက..စခဲ့တာလား..
အဲဒီ ပန်းသီးက..အစိမ်းရောင် ဖြစ်ခဲ့ရင်ကော...
ဘာပဲပြောပြော..အရောင်တွေ မရှိရင်.. အလှမရှိနိုင်..
အလှမရှိရင်..ဘ၀ မရှိနိုင်
နေပါအုံးလေ..မျက်မမြင်တယောက်..
ဒါမှမဟုတ်..အရောင်ကန်းနေသူ တယောက် အတွက် ဆိုရင်..
အရောင်တွေ အကြောင်း..မင်းဘယ်လို ပြောပြမလဲ..
ဒါကိုလဲ..ငါသိချင်နေပြန်သေးတယ်။



( ၀န်ခံချက်- forward mail တခုက.. slide show တခုကို ကြည့်ပြီး..ရုတ်တရက် ပေါက်လာသော..အတွေး )


Share/Bookmark

8 Comments:

yangonthar said...

အစ်မကေ ကဗျာလေးလာ ဖတ်ပါတယ်
အရောင်တွေရယ် အလှတရားရယ် အရောင်
ကို မခံစားနိုင်တဲ့ သနားစရာကောင်းတဲ့ 
လူသားတွေအကြောင်း ဖတ်ရှုတွေးတောသွားပါ
တယ် အစ်မရေ
အေးမြသာယာပါစေ
ရန်ကုန်သား

Moe Cho Thinn said...

မမြင်တယောက်မှာလဲ စိတ်ကူးထဲမှာ အရောင်တွေ ခြယ်၊ သက်တန့်တွေ ရှိ၊ ပန်းတွေကို ပွင့်စေတတ်မှာပါ ကေ။
အရောင်ရှိရှိ မရှိရှိ၊ အဓိက က လက်ခံသူ ခံစားသူရဲ့ စိတ်ပါပဲလို့ ဖြေလိုက်မယ်။
ရှိတာကလဲ အလှတခု၊ မရှိတာကလဲ အလှတမျိုးပဲ လို့ ခံစား လက်ခံရင် ပျော်စရာကောင်းမှာလို့ ထင်မိသေးတယ်။
အဲဒီလို စိတ်မျိုး ရှိနေဖို့ ကြိုးစားလို့ နေရအုံးမယ်။

Me said...

”ငါနဲ့မတူ ငါ့ရန်သူ” ဆိုတဲ့ အစွဲကြီးတွေနဲ့ လောကကြီးကို တစ်ရောင်တည်းမြင်ချင်သူတွေကြောင့် ဒီကမ္ဘာမှာ အမုန်းတွေ စစ်ပွဲတွေဖြစ်လာတာလို့ ထင်ပါတယ် မကေ ........... မတူညီတဲ့ အရောင်လေးတွေကို လှလှပပ မျှမျှတတ ပေါင်းစပ်ခြင်းယာ အနုပညာ ပါဘဲ ....အဲဒီ အရောင်စုံ အဆင်စုံလေးတွေကို ကိုယ်တိုင်ဖန်တီးဖို့ နေနေသာသာ ခံစားနှစ်သက်ဖို့တောင် မဖြစ်နိုင်ကြတဲ့ ”လူမှူကာလာဘလိုင်း”တွေကို ..... ..... ..... ....

မိုးစက်ပွင့်

မမသီရိ said...

ကျေးဇူး မကေ

MANORHARY said...

အရောင်တွေမှာ ထိတွေ့လို့ရတဲ့ခံစားမှုတစ်ခုစီရှိတယ်
လို့ ဖတ်ဖူးတယ် မမြင်တဲ့သူတွေကို လက်နဲ့စမ်းသပ်
စေတဲ့အခါမှာ အရောင်တစ်ရောင်နဲ့တစ်ရောင် ထိတွေ့
ရတဲ့ခံစားမှုခြင်းမတူဘူးတဲ့.... ကိုယ်တွေက အရောင်တွေကိုမြင်တွေ့ခံစားနေရတာ ကံကောင်းတယ်
လို့ပဲမှတ်ယူချင်ပါတယ်

Anonymous said...

အရောင်ဖြင့် ကဗျာဖတ်သည်....

mgphonemyint said...

ကဗျာရေးတော့လဲ ကောင်းနေတာပါပဲလား...
နောက်ထပ်ကဗျာတွေ စောင့်မျှော်နေပါတယ် ။

ATN said...

သည်ကမ္ဘာလောကကြီးကိုကလည်း အားလုံးကို နားလည်ရခက်ခဲနေတာပဲဟာ... မျက်မမြင်တယောက် - သို့မဟုတ် - အရောင်ကန်းနေသူတယောက် အဖို့ အရောင်ဆိုတာကို နားလည်ရ ခက်ခဲနေမှာပါပဲ...
သို့သော်လည်း အရောင်တွေမှာကိုက အပူရောင် အအေးရောင် ရှိတာပဲလေ...
ဥပမာ ပေးရရင် - နေရောင် နဲ့ လရောင် ဆိုပါစို့... မမြင်ရပေမယ့် ခံစားထိတွေ့လို့တော့ ရနေသေးတာပဲ မဟုတ်လား...
နေရောင်ဟာ ဘယ်အခါမှ အေးမှာ မဟုတ်သလို...
လရောင်ကလည်း ဘယ်အခါမှ ပူလောင်မှာ မဟုတ်တာ အသေအချာပါပဲ...
ဒါကို မျက်မမြင်တယောက် - သို့မဟုတ် - အရောင်ကန်းနေသူတယောက် အဖို့ ထိတွေ့ ခံစား နားလည်နိုင်မှာပါ...
သို့သော်လည်း ပြောစရာရှိတာကို နက်နက်နဲနဲ ပြောကြရင် တကယ့် သဘာဝအရောင်တွေကို မျက်မမြင်တယောက် - သို့မဟုတ် - အရောင်ကန်းနေသူတယောက် အဖို့ ထိတွေ့ခံစားနိုင်ပေမယ့် အရောင်တုတွေကိုတော့ သူတို့ ထိတွေ့ခံစားနိုင်မှာ မဟုတ်ဘူး...
ဆိုလိုတာက ပန်းချီကားတချပ်က အရောင်တွေကိုတော့ သူတို့ ခံစားနိုင်မယ် မထင်ဘူး...
တကယ်ကတော့ အရောင်အကြောင်း ပြောမယ်ဆိုရင် အရောင်တွေကို တကယ့် မျက်စေ့နဲ့ မြင်ပြီး တကယ့် နှလုံးသားနဲ့ ခံစားတတ်ကြသူချင်းပဲ ဝေမျှ ခံစား နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်...
အရောင်အကြောင်းကို ကဗျာနဲ့ပြောဖို့က ကဗျာအကြောင်း အရောင်တွေနဲ့ ပြောရတာထက် ပိုခက်ခဲမယ် ထင်ပါရဲ့...
သိသလောက် ပြောသွားတယ်ဗျား... ...း)