မျက်နှာ ပုံရိပ် နဲ့ ကွန်ယက် နိုင်ငံရေး

ကာလ ယန္တယားကြီး ကတော့ ..တစက္ကန့် မျှ.. ရပ်နားခြင်း မရှိ .. ယဉ် ရထား ကြီး တစီး ကို ပုံမှန် ခုတ်မောင်း ပေး နေ လျက်သာ...။

အနှစ် နှစ်ဆယ်..ဆယ့်နှစ် နှစ်.. . ခုနှစ်နှစ်.. ဆို သလို .. အပိုင်း အခြား တွေ ကြားထဲ .. ဒီ ယဉ် ရထား ကြီး ရဲ့ ပြတင်း တွေ မှာ ..သူမ ကို.. မြင်တွေ့  လိုက်.. ပျောက်ကွယ် သွားလိုက်.. ။ ဒီလို  နဲ့ ပဲ... ဒေါ်စု ကနေ.. အမေစု  ဖြစ် လာခဲ့  ပြီ။ ဒါပေမဲ့.. တရိပ်ရိပ် ကျန်ခဲ့ တဲ့......ရှုမျှော်ခင်း တွေကသာ... တမျိုး ပြီး တမျိုး ပြောင်းလဲ သွားပေမဲ့..အမေစု က တော့ .. လန်းဆန်းဆဲ.. ရွှင်လန်းမြဲ.. ပန်းပန်လျက် ပါပဲ..။ ဒီယဉ် ရထား ကြီးပေါ်က.. တခြား ခရီးသည် တွေ လည်း.. ဒါးရာ တွေ တထစ်ပြီး တထစ်..ထစ်ရင်း.သာ...  ပြတင်းဝ တွေ ကို  ဆက်လက် ငေးမော နေ ကြ ဆဲ။  တချို့ တော့ လမ်းခုလတ် မှာပဲ..ခရီး ဆုံး သွား ကြ သည် ။   မျိုးဆက်သစ်  တချို့ ... ပြတင်း အပြင် ကို.. ခေါင်းပြူ ထွက်ကြည့် လာ ကြ သည်။   လမ်းခရီး မှတ်တိုင်  တွေ လည်း .. . တခုပြီး တခု.. ရပ်လိုက်.. ဆက် လိုက်..။

ဆိုပါတော့.. ၈၈ မှတ်တိုင် ကပဲ.. စလိုက် အုံးတော့.. ၉ ၀ မှတ်တိုင်.. ၉ ၆ မှတ်တိုင်... ဂန္ဒီ ခန်းမ မှတ်တိုင် .. ညောင်နှစ်ပင် မှတ်တိုင် .. တက္ကသိုလ်ရိပ်သာလမ်း မှတ်တိုင် .. ရွှေဂုံတိုင် မှတ်တိုင် . ဒီပဲယင်း မှတ်တိုင် ..  ရွှေဝါရောင်  မှတ်တိုင် ..။ တလော လေးက..ဆိုက်သွားခဲ့ တယ်..၂၀၁၀  မှတ်တိုင်...။ အဲဒီ မှတ်တိုင် မှာ..တချို့  ဆင်းကျန် ခဲ့ ကြလေ ရဲ့..။ ဒါဆို..အခု ရောက် တဲ့ မှတ်တိုင် ကို..ဘယ်လို အမည် တပ်ရ ပါ့..။
 ( အမေစု )  နာမည်ပေးလိုက် သလို..၂၁ ရာစု ပင်လုံ မှတ်တိုင် လား..။ ဒေါင်လိုက် ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ကနေ.. အလျားလိုက်..ဒီမိုကရေစီ ကွန်ယက် ကြီး တခု ဖြစ်ကြရ အောင် ဟေ့.. ဆို တော့ ကာ ..  ကွန်ယက် မှတ်တိုင် ကြီး ပေ ပဲ လား..။

ကွန်ယက် ခေတ် မို့.. ကွန်ယက် စကား ပြောခြင်း သည်.. သဘာဝ ကျ ပါသည်။ ဒါပေမဲ့..ဒီ ကွန်ယက် ဆို တဲ့.. စကား ကို..  အဓိပ္ဗါယ် ဖွင့် ဆို ဖို့  နဲ့..  လက်တွေ့ အသုံးချ ဖို့ ဆို တဲ့ ကိစ္စ ကတော့.. ထင်သလောက် ရိုးရှင်း ပါ့ မလား ။



နေအိမ် အကျယ်ချုပ် ခံ နေ ရတဲ့..လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က.. သူမ လွတ်လာရင်.. Twitter ဆိုတဲ့.. လူမူကွန်ယက်  ကို သုံးကြည့်ဖို့.. စိတ်ဝင်စား ပါတယ် ဆိုတဲ့..သတင်းက..အစပြုလို့.. ၂၁ ရာစု ရဲ့.. နည်းပညာ လှိုင်းတွေ ပေါ်မှာ.. လွတ်လပ် ပျော်ရွှင်စွာ..တနေကုန် တနေခမ်း ကူးခပ် နေ ကြ တဲ့.. ပြည်တွင်း ပြည်ပ..မြန်မာလူမျိုး တွေ ကြား ထဲမှာ  အထူး..လှုပ်လှုပ် ရှားရှား ဖြစ် သွားကြ သည် ။ အခု.. ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ် ချုပ် က..လွတ်မြောက် ခဲ့ ပြီ။  ဒါပေမဲ့.. ခု အချိန်မှာတော့... သူမ အနေနဲ့.. Twitter ပဲ သုံးရမလား  facebook ကို သုံးရမလား.. မဆုံးဖြတ်ရ သေး ပါ.. တဲ့..။ တကယ်လို့ သုံးဖြစ် မယ် ဆိုရင် လည်း.. သူ့ ရဲ့  popularity အတွက် သုံးဖို့ မဟုတ်ပဲ.. သူ ဘာလုပ်နေတယ် ဆိုတာ.. အများ ပြည်သူ တွေ အနေနဲ့... သိရှိ ဆက်သွယ် နိုင်ဖို့ .. ပြည်သူ့ အသံ ကို နားထောင် ဖို့ ပါ လို့.. CNN အင်တာဗျူး တခု မှာ..သေသေချာချာ ကွဲပြားအောင် ပြောသွား လေ သည်။  .. အင်တာနက် လိုင်း သုံးနိုင် ဖို့ ကို တောင် သက်ဆိုင်ရာ အာဏာပိုင် တွေဆီမှာ..လျှောက် ထား ဆဲ ဟု သိရသည် ။ ၂၁ ရာစု ပင်လုံ နဲ့ ပတ်သတ် လို့ လည်း.. ၂၁ ရာစု ဆိုတဲ့.. နာမ၀ိသေသ နဲ့ လိုက်ညီ အောင်.. နည်းပညာ ကွန်ယက် ဆက်သွယ်မူ နဲ့ပဲ.. လုပ်ကြရင် မကောင်းဘူး လား ဆိုတဲ့   .. သဘောထား လည်း ရှိနေ လေ သည်။

ဒေါ်စု  အနေနဲ့..ကွန်ပြူတာ ကိုင်တွယ် အသုံးချ မူ ကို.. ယဉ်ပါးပြီးသား ဖြစ်လိမ့်မယ် ဆိုတာ..သေချာပါတယ်။  ၈၈ ကာလ တွေ လောက် ကတည်းက.. တိုးတက်တဲ့ တခြားနိုင်ငံကြီးတွေ မှာ..ကွန်ပြူတာကို တွင်တွင် ကျယ်ကျယ် အသုံးပြု နေ ခဲ့ ကြ ပြီပဲ။ ဂျပန်နိုင်ငံ..ကျိုတို တက္ကသိုလ်က.. သူမ ရဲ့.. သုတေသန စာတမ်း တွေ ပြုစု ရာ ရုံးခန်းလေး ထဲ မှာတောင်. စားပွဲ ပေါ်မှာ..တင်ထားတဲ့.. ကွန်ပြူတာ လေး ကို  မြင် ဖူး ခဲ့ ကြ သည် ပင်။  ကွန်ပြူတာ သုံးခဲ့ဖူးတာ ကြောင့်.. အင်တာနက် ဟာ လည်း သိပ်ခက်ခဲ မယ် မထင် ပါဘူး လို့.. သူမ ကိုယ်တိုင် လည်း ယုံကြည် ထား လေ သည်။  လျင်လျင် မြန်မြန် တိုးတက် ဖြစ်ပေါ် နေတဲ့..အင်တာနက် နည်းပညာ နဲ့ အသုံးချမူ တွေ အကြောင်း ကို လည်း..သူမ ဖတ်လေ့ ရှိတဲ့.. Times တို့  Newsweek တို့ လို.. မဂ္ဂဇင်း တွေ က တဆင့်.. သိရှိ စိတ်ဝင် စား နေခဲ့  မည် မှာ.. မလွဲပေ ။ သူမ အတွက်.. ခြံတခါး တချပ်သာ ခြားတဲ့.. မြန်မာပြည် ကြီး ထဲ မှာ .. ဖြစ်ပေါ် တိုးတက် နေတဲ့.. အင်တာနက် ဆက်သွယ်ရေး နည်းပညာ အသုံးချ မူ တွေ.. Blogger  တွေ.. VJ .. တွေ CJ တွေ အကြောင်းကို လည်း.. ရေဒီယို သတင်း တွေ က တဆင့် .. ကြား ထား ခဲ့ ပြီး ဖြစ်ပေ လိမ့် မည်။ ၇ နှစ် ကျော် ကြာ..မမြင်ရ.. မထိတွေ့  ခဲ့ ရတဲ့..လူထု ကြီး ရဲ့.. သောင်းဖြ မျက်ရည် တွေ ကို လည်း.. အိတ်ဆောင် ကင်မရာ လေး တွေ.. လက်ကိုင်ဖုန်း လေး တွေ.. တဖြတ်ဖြတ် ကြား မှာ...တလက် လက် .. တွေ့ လိုက် ရ တော့.. ၂၁ ရာစု ဆက်သွယ်ရေး ခေတ်ကြီး အတွက်.. ဒေါ်စု တယောက် အံ့သြ ၀မ်းသာ ဖြစ်ရ ပုံ ကိုလည်း..မြင်ခဲ့ သိခဲ့ ကြ ရသည် ။  Her first encounter with technology ဆိုပြီး.. နိုင်ငံ တကာ..သတင်း ဌါန တွေက.. ခေါင်းစဉ် တပ်သလို.. သူမ ကိုယ်တိုင် ကလည်း... ဆဲလ်ဖုန်း လေး သေးသေးလေး ကို.. ပါးစပ် မှာ ထားရမလို ..နားမှာ ကပ်ရ မလို ဖြစ် ရ ပုံ..ကို.. ရွှင်မြူးစွာ ပြောသွားခဲ့ သည်။

ဒါပေမဲ့.. ဆက်သွယ်ရေး နည်းပညာ အသစ် တွေ အပေါ်.. သူမ ရဲ့.. ရိုးသားစွာ.. စိတ်ဝင်စား မူ ပြတဲ့ နောက် မှာ.. မရိုးမသား လား..ကို့ယို့ ကားယား လား.. တခု ပြီး တခု မှိုလို ပေါက် လာ တဲ့.. Facebook account များ ကတော့ ဖြင့် .. အထူးပင်..စိတ် အနှောင့် အယှက် ဖြစ်စရာ.. စိတ်မသက်မသာ ဖြစ် ဖွယ်ရာ.. ကောင်း နေ ပေ တော့ သည်။

aungsansukyi.youth@gmail.com  ဆို တဲ့.. အီးမေးလ် လိပ်စာ တခု က.. အင်တာနက် အသုံးပြုသူ တွေ ကို .. နှောင့်ယှက် ဖျက်စီး နိုင်တယ် ဆို တဲ့.. ကိစ္စ..သတိ ပေးချက် တွေ လည်း ပြန့် နှံ့ နေ သည်။ တချို့  account  တွေ က လည်း..တကယ်ပင်.. ဒေါ်အောင်ဆန်းစုကြည် အနား မှာ လုပ်ကိုင် ၀န်းရံ ပေးနေသော..လူငယ် တချို့ ၏.. စိတ်ကူး အကြံ များ ဖြစ်ကောင်း ဖြစ် နိုင် ပေ မည်။ ဒါပေမဲ့.. အခု အချိန် မှာ..အစောတလျင်.. မရှိသင့် သေးပေ။ အခု လောလောဆယ်ဆယ်.. ထွက်လာသမျှ  ဒေါ်စု နာမည် နဲ့ပတ်သတ် တဲ့  facebook account များ အားလုံး လိုလို သည် လည်း.. ..မသပ် မရပ် နိုင် လှ သည် ဟု ထင်မိ သည်။ လူ ပြော အများဆုံးဖြစ်နေ တဲ့.. ဒေါ်စု ကိုယ်တိုင် မကြာခင် သုံးမည် ဟု.. အသံ လွှင့် ထားသော AungSan SuuKyi (People's Voices)  ဆို သော.. စာမျက်နှာ သည်ပင်.. နံရံပေါ် မှာ.. ရေးချင်တာ တွေ ၀ိုင်း ရေး ထား ကြ သည် မှာ..  မျက်စိ နောက်စရာ.. စိတ်ရှုပ်ထွေး စရာ  ကောင်း နေ တော့ သည်။ ဒီလို ကြေး သာ ဆို လျှင် ဖြင့်.. အမေရိကန် သမ္မတ အိုဘားမား ရဲ့.. face book account တခု မှာ.. မက္ကစီကန် အဘွားကြီး တယောက် ရေးလာတဲ့.... ငါ့သား ..အမေရိက မှာ ရှိတယ်.. တွေ့ရင် နှုတ်ဆက်လိုက်ပါ ဆိုတဲ့..  စာတို စာရှည်  မျိုး တွေ  ကို.. ကာယကံ ရှင် အနေ နဲ့.. ဘယ်လို အချိန်ပေး ဖတ်ရှု နိုင် လေ မလည်း..။ မိသားစု ခွင့်ပြုချက် နဲ့..Burma Campaign UK က.. လုပ်ပေး ထား ပါတယ် ဆိုတဲ့.. facebook account သည်ပင်.. နံရံတခု လုံး ရှုပ်ပွ နေ အောင်.. လူမျိုးစုံ က..၀ိုင်းပြီး  တင်ချင်တာ တွေ တင်.. ရေးချင်တာ တွေ ရေးထား တာ တွေ့ ရသည်။  တကယ် ဆို.. တာဝန်ရှိသူ.. ( သို့ ) ကာယကံရှင် တယောက်တည်း ကသာ.. တည်းဖြတ် ရေးသား ခွင့် ရှိတဲ့..စာမျက်နှာ တခု လုပ်ဖို့.. ခက်ခဲ လှ မယ် မထင်။

အခု လေ့လာ ရ သလောက်.. မြင်မိ သလောက်.. နိုင်ငံရေး သမား များ ရဲ့.. facebook စာမျက်နှာ တိုင်း လိုလို ဟာ လည်း.. တခြား တပါး လူတွေ ၀င် ပြီး  နံရံ ပေါ်မှာ လုပ် ချင်ရာ လုပ်သွားလို့ မရ အောင်..စနစ်တကျ လုပ်ထား ကြ သည် သာ များသည်။ ပြီးတော့.. နိုင်ငံရေး တာဝန် တွေ နဲ့အလုပ်ရှုပ်ကြ မဲ့ လူတွေ ချည်း မို့..  ကြားလူ တယောက် ယောက်.. (သို့) ရုံးအဖွဲ့ တခုခု က.. တာဝန်ယူ ကြီးကြပ် ပေး ရ တာ မျိုး သာ..ဖြစ်သင့်..ဖြစ်နိုင် ပေ သည်။  ဥပမာ.. comment နဲ့  Like function တွေ ကိုပဲ ..ဖွင့်ပေး ထားခြင်း အားဖြင့် .. အများ ပြည်သူ.. ရဲ့.. အသံ.. ဝေဖန် အကြံပြု ချက် တွေ ကို.. ရယူ ကြားနာ နိုင် မှာ ပါ။

လတ်တလော.. facebook မှာ ထိပ်ဆုံး ပြေး နေတဲ့.. နိုင်ငံရေး သမား တွေ ကတော့..ထုံးစံ အတိုင်း.. အမေရိကန် သားတွေ များ ပါတယ် ။ သမ္မတကြီး  Obama က.. ပရိသတ် ၁၆ သန်း နဲ့.. နံပတ် တစ် ဖြစ်ပြီး.. သမ္မတ ကတော် က..ဒုတိယ ..။  နောက်.. သမ္မတ ဟောင်း ကြီး Bill Clinton  ဒုသမ္မတ လောင်း ပြုတ် Sara Palin  .. ရီပါ့ဘလစ်ကန် သမ္မတလောင်း.. MaCain စသဖြင့်.. အသီးအသီး.. ( Like ) နှစ်သက် ထောက်ခံ သူ အရေ အတွက် တွေ.. သိန်း သန်း ချီ ပြီး  အပြိုင် ရှိ နေ ကြ ပါ တယ်။  အဲဒီ အထဲ မှာ.. Burma Campaign UK က တာဝန်ယူ ဖွင့် ပေး ထားတဲ့.. Aung San Suu Kyi   စာမျက်နှာ က.. ပရိသတ် ၃ သိန်း နီးပါး နဲ့.. ၂၆ နေရာ လောက် မှာ လိုက်နေ ပါတယ်။

  Obama ဆိုရင်.... အဲဒီ.. facebook တွေ.. Twitter  တွေ ပေါ် ကနေမှ .. သာမန် လူထု နဲ့ ... နီးကပ် အောင် စည်းရုံး ထိတွေ့ နိုင် ခဲ့ လို့ ..သမ္မတ ကြီး ဖြစ် ခဲ့ ရတယ် ဆို တဲ့..ခေတ်ပေါ် ပုံပြင် တွေ ကလည်း..နားထောင် လို့  အတော် ကောင်း ခဲ့ ပါတယ်။ အဲဒီလို ... လူမူ ကွန်ယက် ကိစ္စ တွေ အတွက်.. သမ္မတလောင်း Obama  က.. facebook စတင် တည်ထောင် သူ ထဲ က.. တယောက် ဖြစ် တဲ့.. Chris Hughes ဆို သူ ကို.. ငှါးရမ်း ပြီး ဆောင်ရွက် ခဲ့ ခြင်း ဖြစ် သည်။ အဲဒီ ၂၀၀၈ အမေရိကန် ရွေးကောက်ပွဲ နဲ့..အိုဘားမား ကန်ပိန်း ကြောင့်.. facebook Politics ဆိုတဲ့ ဝေါဟာရ တခု တောင်. ..အစပြု သွား ခဲ့ သည် ဟု ဆိုစမှတ် ပြုကြ လေ သည်။ အဲဒီ တုန်းက.. Obama က.. ခလေး လေး တယောက် ရဲ့ မေးခွန်း တွေ ကို တောင်..အရေးတယူ ဖြေကြား ပေး ခဲ့ တယ် ဆို ပြီး .. သတင်းတွေ လည်း  မွှေးနေ ခဲ့ တာပေါ့..။ ဒါပေမဲ့.. အမေရိကန် တနိုင်ငံ လုံးက..ခလေး တိုင်း ရဲ့..မေးခွန်း တွေ ကိုတော့..သူ ဖြေနိုင်မယ် လို့  မထင် ပေ..။  ခု နောက်ပိုင်း မှာ တော့.. လူမူ ကွန်ယက် တွေ သူ့ အတွက် သိပ် မလို တော့ လို့လား.. ရိုးသွား လို့ လား တော့ မသိ... လူငယ်တွေ ကို တောင် facebook သုံးစွဲ မူ ကို အထူးသတိ ထား ဖို့ လိုကြောင်း စာသင် ကျောင်းတကျောင်း မှာ..ဆုံးမ သြ၀ါဒ ပေး သွား ပြန် သည်။  ယခု လက်ရှိ သူကိုယ်တိုင် ရဲ့.. တရားဝင် facebook စာမျက်နှာ မှာ လည်း.. တပတ် တခါ လောက်သာ.. သူ့ရဲ့ လှုပ်ရှားမူ အချို့ ကို.. သတင်း ထုတ်ပြန် တဲ့ ပုံစံ နဲ့.. တင်တော့ တာကို သာ တွေ့ ရ  တော့ သည်။  Obama for women  ဆိုတာမျိုး က စလို့.. အမျိုးစုံအောင် ရှိနေတဲ့.. သူ့ နာမည်  သုံးထား တဲ့ facebook စာမျက်နှာတွေ အပြင် .. တခြား ဘယ်လို Twitter feed တွေ မှာမှ.. စကား မပြော ဖူး ဆိုတာ ကို လည်း.. တရားဝင် လူသိ ရှင်ကြား ကြေငြာ ထား သည်။

ဒုသမ္မတလောင်း..  Sara Palin  ကတော့.. နောက် သမ္မတ သက်တမ်း မှာ ၀င်အရွေးခံ မယ် ဆိုတဲ့ ထင်ကြေး တွေ နဲ့ အတူ.. မထင်မှတ်ပဲ.. ပရိသတ် စိတ်ဝင်စား မူ ကို အထူး ခံ နေ ရ သူ ဖြစ် သည်။ သူမ ကတော့..သူ့ ရဲ့.. လူမူ ကွန်ယက် စာမျက်နှာ တွေ  အတွက်.. Los Angeles က..ဘလော့ဂါ တယောက် ကို.. သောင်းဂဏန်း အခ ကြေးငွေ  ပေး ပြီး.. ငှားရမ်း ထားတယ် လို့.. သတင်း တွေ မှာ ရေး ကြ လေ သည်။ လွန်ခဲ့တဲ့..၂ နှစ်လောက် တုန်းက အထိ..အင်တာနက် နဲ့ ပတ်သတ် လို့.. မသိ နားမလည်..ပါဘူး ဆိုတဲ့.. သမ္မတ လောင်း McCain ကြီးတောင်..ခု တော့ဖြင့်.. Twitter message တွေ ဝေေ၀ ဆာဆာ နဲ့.. ပရိသတ်တွေ.. များ နေ လေ သည် ဆိုတော့.. ကွန်ယက် ခေတ် ကြီး ကတော့ ဖြင့်.. ကြီးငယ်  နိမ့်မြင့် မဟူ .. အားလုံးကို.. ဆွဲဆောင် ခေါ်ငင် နေ ပေ တော့ သည်။

Twitter  ဆိုတာ ကြီး ကို တော့ ဖြင့်.. ဒီဖက် အနောက်နိုင်ငံသား တွေ..ဘာလို့ အသဲစွဲ ကြ သည် မသိပေ။ ကိုယ်တိုင် နားလည် ခံစား မိ သလောက် တော့... Facebook ကွန်ယက် နဲ့ တင်.. ကျမ တို့ တွေမှာ.. . လုံလောက်တာ ထက် ပိုလွန်း နေ ခဲ့ ပြီ လို့ သာ ဆိုချင် တော့ သည်။ ဆိုပါတော့.. Face book ဆိုတာက..  တနေ့ကို.. တမျိုးလောက်.. တချို့ လူတွေ အတွက်.. လေး..ငါး မျိုးလောက်.. ပြောချင် ဆိုချင်တာလေး တွေ.. ပြောမိတယ်.. ဒါမှ မဟုတ်.. တခုခု မျှဝေ မိတယ်..  မျက်နှာ ပြ မိတယ် ထားပါတော့... ။ Twitter ဆိုတာ ကြီး ကကြ တော့..နာမည် နဲ့ လိုက်အောင်.. ငှက်တွေ..တကျီကျီ တကျာကျာ အော်နေ သလို မျိုး.. ဘယ်ရောက်နေတယ်..ဘာလုပ်နေတယ်.. ဆိုတာတွေကို....နာရီ နဲ့အမျှ.. တွတ်တိုး နေ တာ မျိုး ဆို တော့.. I'm having a lunch ဆိုတဲ့.. သတင်းစကား တခု ကို.. ဘာအတွက် ကြောင့်.. ကျမ တို့.. သိသင့် ရ မှာ လည်း.. အချိန် တစက္ကန့်လောက် ပေးပြီး..ငုံ့ ဖတ် ဖို့ လို  မှာ လည်း..။ နောက်ဆုံး..သိပ် အရေးပါ တဲ့.. နိုင်ငံ့ ခေါင်းဆောင် တယောက် ဆိုရင်တောင်.. သူ ဒီအစည်းအဝေး ပြီးရင်.. ဘယ်ကို သွားမယ် ဆိုတဲ့..  လှုပ်ရှား သွားလာ မူ တိုင်း .. လူတွေ ကို အသိ ပေးဖို့ မလိုလှ ဘူး လို့ .. ရိုးသားစွာ ထင်မြင် မိ သည်။ 




 ကိုယ်တိုင် လက်လှမ်း မီ သလောက်..စိတ်ဝင်စား မိ သလောက်.. ၀င်ရောက် ကြည့်ရှု တတ် သော.. နိုင်ငံရေး ခေါင်းဆောင် များ..  ရဲ့.. လူမူ ကွန်ယက် စာမျက် နှာ တွေ မှာ လည်း.. သတင်း ပြန်ကြားရေး ဆန် ဆန်  အဖြစ်သာ.. တရက် တခါ..တချို့ တပတ် တခါ မျိုး.. အသုံးပြု တာ  ကို သာ တွေ့ မိ လေသည်။ အဲဒီ အထဲ မှာ မှ.. ထူးခြား တဲ့..နိုင်ငံ့ ခေါင်းဆောင် တယောက် ကတော့..နိုင်ဂျီးရီးယား သမ္မတ သစ် Jonathan Goodluck  ပါ။ သူက.. ၂၀၁၀ က မှ.. facebook စာမျက်နှာကို စဖွင့် တယ် လို့ ဆိုတယ်။ အာဖရိက တတိုက်လုံးမှာ အင်တာနက် သုံးစွဲမူ အများဆုံး တတိယ လိုက်တဲ့..နိုင်ငံ တခု က.. ခေါင်းဆောင် တယောက် အနေနဲ့.. သူ့  နိုင်ငံသား တွေ အများအပြား အပါအ၀င်.. အချိန် တို အတွင်းမှာ ပရိသတ်  သုံးသိန်း ကျော် ရှိနေ ပါ ပြီ။ သူ ကတော့.. သတင်းစကား တွေ ကို..သူကိုယ်တိုင် တနေ့  တခု နီးပါး တင် ပြီး.. သူ့ နိုင်ငံ သား တွေ နဲ့ ထိတွေ့ ဆက်ဆံ ဖို့ ကြိုးစား သူပါ။ ဒါပေမဲ့.. သူ..သတင်းစကား တခု တင်ပြီးတာနဲ့.. ချက်ခြင်း ဆိုသလို.. ၀ိုင်းရေး ကြတဲ့.. မှတ်ချက် စကား  .. ရာပေါင်း များစွာ ကို တော့.. သူ ကိုယ်တိုင် တည်းဖြတ် ဖတ်ရှု နိုင်ပါ့ မလား ဆိုတာ  ..ဘယ်သူမှ မသိနိုင် ပါဘူး။ ဒါပေမဲ့..တချို့ မှတ်ချက် တွေကို.. သူကိုယ်တိုင်.. တိုက်ရိုက် ပြန်ဆို ဖြေကြား တာ မျိုးတွေ ရှိ သည် ဟု လည်း ဆို သည် ။  သေချာ တာတော့.. သူ့ အနေနဲ့..နောက် သမ္မတ သက်တမ်း မှာ .. နိုင်ငံသား တွေ ရဲ့ ရင်းနှီး နွေးထွေး တဲ့..ဆန္ဒမဲ တွေ ရဖို့ တော့...သေချာ သလောက် ရှိ နေ ပေ တော့ သည်။


ဒါပေမဲ့.. အကျိုး နဲ့ တွဲဖက် လာ တဲ့...  အပြစ် မဟုတ် ရင်တောင်.. သတိထားစရာ အချက် တချို့  ကို လည်း.. စဉ်းစား သင့် ပါ သည်။ ဆောင်းပါး တခု မှာ ရေးထား သည်က.. Facebook သုံးစွဲမူ ပုံစံ များ သည်..ကောက်ရိုးမီး ဆန်ပြီး.. စစ်မှန်မူ ပိုင်းမှာ လည်း အားနည်း သည် ဟု ဆိုကာ.. ကြားဖြတ် ၂ နှစ်သက်တမ်း ရွေးကောက်ပွဲ မှာ ရှုံးနိမ့်သွား သော.. သမ္မတကြီး အိုဘားမား  ကို ပင်... ၂၀၀၈ က.. ပရိတ်သတ် တွေ..ဘယ်ရောက်သွားပြီ လည်း လို့..  လှောင် ထား လေ သည်။  နောက်တခု က.. သုံးသပ်သူ တွေ ပြော သလို..  facebook Politics  ဟာ.. ဝေးနိုင် သလောက် အဝေးဆုံး အထိ..ကွန်ယက် ကို ဖြန့်ကျက် နိုင် ပေ မဲ့.. နိုင်ငံရေး ဖြစ်စဉ် တွေမှာ..အဓိက အကျ ဆုံး ဖြစ်တဲ့.. Local element တွေ နဲ့ ဆက်သွယ် ဖို့ ရန် မှာ တော့.. အပို သက်သက်ပဲ ဖြစ်တယ် ဆို တဲ့ အမြင် မျိုး ။

အဲဒီ တော့.. အဝေး ရော အနီးပါ.. ဆက်သွယ်နိုင် တာ .. မကောင်းဘူး လား ဆို တဲ့.. မေးခွန်း က..မေးစရာ ရှိ လာ သည်။

 မြန်မာ နိုင်ငံ လို အခြေအနေ မျိုး မှာ ဆိုရင် တော့.. ကွဲပြားနေတဲ့..အင်အားစု တွေ ကို စုစည်း ဆက်သွယ် နိုင်ဖို့ရာ.. ခု အချိန် မှာ..ကွန်ယက် ဆိုတဲ့.. စကား သည်သာ အလှဆုံး နဲ့.. အဆင်အပြေ ဆုံး ဖြစ်နိုင် ပါသည်။  ဒါပေမဲ့.. အကန့် အသတ် တွေ ရှိ နေတဲ့..  ဆက်သွယ်ရေး အခြေခံ အဆောက်အဦ တခု ထဲ မှာ မှ.. အစိုးရ ပိုင် ပြုထားမူ တွေ.. Cyber တိုက်ခိုက်မူ တွေ .. ကြောင့်.. Cyber လုံခြုံရေး က.. စဉ်းစားစရာ တခု ဖြစ်လာ ပြန် သည်။ Cyber လုံခြုံရေး က..တဆင့်.. တကယ့် ရုပ်ပိုင်း ဆိုင်ရာ လုံခြုံရေး ကိစ္စ တွေ ကို လည်း.. ဆက်နွယ် နေ နိုင် ပြန် သည်။ ဒါ တောင်.. Cyber bullying ..တို့   Cyber Vandalism တို့  Phishing.. brandjacking.. ID theft .. တို့. ဘာတို့  ညာတို့  မျိုးစုံ သော.. အန္တရယ် တွေ ရှိနေ သေး သည်။  သာမန်လူတွေ ရဲ့.. Face book အ၀န်းအ၀ိုင်း တွေ မှာ တောင်.. အုပ်စု ဖွဲ့.. လှောင်ပြောင် သရော် မူ တွေ.. နောက်ကြော ဓါးထိုးမူ တွေ.. ရှေ့တဲ့တဲ့က.. တင်းပုတ် နဲ့ ဆော်မူ တွေ.နဲ့  . အမျိုးစုံ အောင် ရှုပ်ထွေး လှ တဲ့... ပုံရိပ်ယောင် ကမ္ဘာ တခု ဖြစ် တယ် ဆို တဲ့..အချက်ကို လည်း.. မမေ့သင့် ပါပေ။

ဘယ်လို ပဲဖြစ်ဖြစ်.. နှစ်သက်သူ..မနှစ်သက်သူ.. အသုံးပြုသူ- အသုံးမပြုသူ ... အားလုံး ကြား မှာ.. တညီ တညွတ်တည်း... လက်ခံ ထား ကြ တာ က တော့.. အချိန် ကုန်တယ် ဆိုတဲ့..ကိစ္စ ကြီး ပါ။ တခါ တခါ ကိုယ်တိုင် လည်း စဉ်းစား မိ တယ်။ ဒီ လို ဆက်သွယ်ရေး ကွန်ယက် တွေ မပေါ်ခင်က.. ငါတို့ ရဲ့.. ၂၄ နာရီ ထဲက.. ..အချိန် တချို့ ကို.. ဘယ်လို အသုံးပြု နေ ခဲ့ ဘူး ပါ လိမ့်..  ပေါ့....

အပေါင်းအသင်း ဆန့် တဲ့  သူတယောက် ဆိုရင် . .. နေသာ တဲ့.. အားလပ် ရက် တရက်မှာ..သူငယ်ချင်း တယောက် နဲ့.. ကော်ဖီဆိုင်မှာ..စကား ပြောနေခဲ့ မိ သလား.. စနေ တနင်္ဂ နွေ တရက်ရက် မိတ်ဆွေ မိသားစု ရဲ့.. ခြံလေး ထဲ မှာ.. အေးအေးလူလူ.. စားကြ သောက် ကြ နဲ့..  တခြား မိတ်ဆွေ တွေ ရဲ့..သာကြောင်း မာကြောင်း တွေ ကို.. ပြောဆို..ရယ်မော နေခဲ့ ဘူး သ လား.. ။ ကမ္ဘာကြီး နဲ့ အဆက်မပြတ် ဖို့ ဆိုရင် .. ညနေ ပိုင်း တီဗွီ သတင်း တခုကို.. စိတ်ပါ ၀င်စား နားထောင် နေခဲ့ သလား..။ မြန်မာ သတင်း တွေ လာမဲ့ အချိန်..ရေဒီယို ကို တကျွိကျွိ ဖမ်းညှိ ရင်း..စိတ် တွေ ပင်ပန်း နေခဲ့ သလား..။ ဒါ မှ မဟုတ်.. နှလုံးသား အာဟာရ စာတပုဒ် ပုဒ် ကို ဖတ် နေ ဖြစ် ခဲ့ သလား..။ အားကျ အတုယူ ဖွယ်ရာ ကောင်းပုံ ပေါ် တဲ့.. ကိုယ်တိုင်ရေး အတ္တုပတ္တိ တအုပ်  ကို.. ပျင်းရိ ငြီးငွေ့ စွာ..လှန်လှော နေ ခဲ့  လေ မလား..။ အခု တော့..အဲဒီ အမူ ဆောင်တာ တွေ ..အားလုံး မဟုတ် ရင် တောင်..အားလုံးနီးပါး  ကို.. စားပွဲ ခုံ တလုံး မှာ တယောက် တည်း ထိုင်နေ ယုံ နဲ့.. ကွန်ပြူတာ လပ်ဘ်တော့ပ် လေး တလုံး ကို..စိုက်ကြည့် နေ ယုံ နဲ့.. ပြီးပြည့်စုံ နိုင် နေ  ကြ တော့ သည်။

ဒါပေမဲ့.. ကျမ တို့ အားလုံး.. အရင် နဲ့  အခု.. ဘယ်ဟာက ပိုပြီး သင့်တော် သဘာဝ ကျတယ် .. ကောင်းတယ်..မကောင်းတယ် ဆိုတာ.. အဖြေမထုတ် နိုင် အား ကြ သေး ပါ။ ဖန်သားပြင် တွေ ရှေ့ က... မထ နိုင် အား ကြ သေး ပါ။ ခုလို ရက်မှာ ဆို ပိုတောင် မအား ကြပါ။ ဒေါ်အောင်ဆန်းစုကြည် ပုံလေး တွေ များ..ဘယ်က..တက်လာ မလည်း ဆို ပြီး .. facebook ကြီးကို ဟိုဘက် လှန် လိုက်..ဒီဖက် လှန် လိုက်.. အကြိမ် ကြိမ် လုပ် ရင်း... မလို အပ် တာ တွေ ကိုလည်း..လို အပ် တာ ထပ် ပိုပြီး ဖတ်မိ..ကြည့်မိ နေ ကြ  သည်။ အဲဒီလို နဲ့  တောင်စဉ် ရေမရ တွေ ကြားထဲ မှာ လည်း..မျော ပါ သွား နိုင်ဖို့.. သိပ်ကို လွယ်ကူ နေ ပါသည်။ အဲဒီ မျက်နှာ ပုံရိပ် တွေ ကြားမှာ.. မိတ်ဆွေ တွေ တိုးပွား လာ သလို  အမြင်ကပ်သူ   တွေ လည်း ပေါ်လာ နိုင်  သည်။ ကိုယ် တင်လိုက် တဲ့.. စကား တခွန်းကို ပေါ်ပေါ် ထင်ထင် နှစ်သက် ထောက်ခံ  တဲ့ လူတွေ ရှိကောင်း ရှိ နိုင် ပေ မဲ့ ...ကွယ်ရာ မှာ..နှာခေါင်းရှုံ့   ..မျက်မှောင် ကျုံ့  နေ သူ တွေ ကိုတော့... မမြင် ရ နိုင် ပါ။ အလွှာ အလွှာသော.. လူမူ ကွန်ယက် ကြီး  ထဲ မှာ...  အစု လိုက် အစုလိုက်.. တယောက် နဲ့ တယောက် အကဲစမ်း နေ ကြ သော.. မျက်နှာ ပုံရိပ်တွေ ကြား မှာ.. နေတတ် ထိုင်တတ် ဖို့ လည်း.. လိုအပ် လှ ပါသည်။ 

အခု.. ဒီ လူမူ ကွန်ယက် ကြီး ပေါ်ကို.... လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်လာ မည် ဆိုတဲ့.. သတင်း ကို..  ကျမ ကိုယ်ပိုင် အမြင် အရ... တပိုင်း အားဖြင့်.. ထောက်ခံ ကျေနပ် အားရ မိ ပေမဲ့.. ကျန်တဲ့ တပိုင်း မှာ လည်း..စိုးရိမ်မူ တွေ ရှိ နေပါ တယ်။ 

ထောက်ခံ ကျေနပ် မိ တာ ကတော့.. အရင် တုန်းကလို.. ပြည်သူလူထု ထဲကို.. ကိုယ်တိုင် ဆင်း တိုင်း...လုံခြုံရေး အတွက်.. ၀ိုင်းဝန်း ပူပန် နေရ မဲ့ အနေ အထား ကနေ.. မိန့် ခွန်း တွေ..အမှာစကား တွေဟာ  .. ကွန်ယက် တွေ ..မီဒီယာ တွေ က တဆင့်..လျင်လျင် မြန်မြန် ပြန့် နှံ့ သွား နိုင် တော့ မှာ မို့ ပါ။ အချိန် တွေ.. နေရာ ဒေသ တွေကို.. ချုံ့ ပြစ် လိုက် နိုင် တော့ မှာ မို့ ပါ။ ဒါပေမဲ့.. တဖက် မှာ သတိကြီးကြီး ထားစေ ချင်တာ ကတော့...အစစ်အမှန် ဖြစ်မူ ပိုင်း မှာ.. မေးခွန်း ထုတ်စရာ တွေ ရှိနေတဲ့..ပုံရိပ်ယောင် သဘော သဘာဝ ..လေသံဖမ်း ကောလဟာရ များ ကြားမှာ..ပြည်သူ တွေကိုေ၀၀ါး ရှုပ်ထွေး စေ နိုင် ခြင်း နဲ့..  အတူ.. မလိုအပ် တဲ့.. တယောက် တပေါက် .. အထင်အမြင် တွေ လည်း .. ဖောင်းပွ လာ နိုင် ပါတယ်။

ပြည်သူ တယောက် အနေနဲ့  အကြံပြု ခွင့် ရ မယ် ဆိုရင်....လူမူ ကွန်ယက် ဆိုတဲ့ ကိစ္စ နဲ့ ပတ်သတ် လို့ ..ဒေါ်စု အနေနဲ့   ပြန်ကြားရေး နဲ့  ကိုယ်ရေး အကြံပြု အဖွဲ့ တခု ကို.. သေသေချာချာ စနစ်တကျ  ရွေးချယ်ပြီး.. တာဝန် ပေး စေ ချင်ပါ သည် ။  အဲဒီ အဖွဲ့ ကနေ မှ.. ဒေါ်စု ရဲ့..ကွန်ယက် နိုင်ငံရေး  စိတ်ကူး ကို.. ၀န်းရံ ပြီး.. သပ်သပ်ရပ်ရပ် အကောင် အထည် ဖော်စေ ချင် ပါ သည်။   တကယ် တော့.. အခု လူတွေ ထင်နေ သလို..ကွန်ယက် ကိစ္စ တွေ ဟာ နည်းပညာ ပိုင်း .. ကျွမ်းကျင် သူ တွေ  မှ.. လုပ်နိုင်တယ် ဆိုတဲ့.. အယူအဆ က.. တစိတ် တပိုင်း အားဖြင့် သာ မှန် မှာ ပါ ။  ဒီ ကွန်ယက် တွေ ကို.. လူတိုင်း ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင် နေ အောင် ရည်ရွယ် လုပ်ဆောင် ထား တာ ဖြစ် တဲ့ အတွက်.. အတော်အသင့်.. အသုံးပြု နိုင်သူ တွေ အနေ နဲ့ လည်း... ၀န်းရံ နိုင် ကြ မှာပါ ။ အရေးကြီး တာက.. ဘယ်လို ပုံစံ အသုံးချ မလဲ ဆိုတာနဲ့.. ဘယ်လို အကျိုး အပြစ် တွေကို ခွဲခြား သုံးသပ် နိုင် မလဲ ဆိုတာ တွေ ကို .. အခြေခံ ကျကျ.. နားလည် အကြံပေး နိုင် ကြ ဖို့ ပါပဲ..။  ကွန်ယက် ရဲ့ သဘော အရ.. တယောက်ချင်း အလျားလိုက်.. ပူးပေါင်း ဆက်သွယ် မူ  အပြင် ....  အစုအဖွဲ့ ငယ်လေး တွေ .. အတန်းလိုက်..အတန်းလိုက်.. အချိတ်အဆက် မိ နေ ဖို့  လည်း အရေးကြီး ပါတယ်။ 

ကာယကံ ရှင် ကိုယ်တိုင် ရဲ့ အသိအမှတ် ပြု..တာဝန် ပေး မူ နဲ့ အတူ  ဒေါ်စု ရဲ့.. မျက်နှာ ပုံရိပ်လေး ...စနစ်တကျ  ဖြစ် လာပြီး.. ကွန်ယက် နိုင်ငံရေး အင်အားစုကြီး တရပ် တကယ် ပေါ်ပေါက် လာပြီ ဆိုရင်တော့.. ကျမ တို့ အားလုံး..၀မ်းပမ်း တသာ..စိတ်ချ လက်ချ  ကြိုဆို ပါဝင်ကြ မှာ.. အသေအချာပါ။

အခုလို.. လောလော လတ်လတ် အချိန် ကာလ မှာ တော့.. ဒေါ်စု ရဲ့  ကွန်ယက် နိုင်ငံရေး  ဆိုတဲ့.. စိတ်ကူး  လေး ကို.. ဒီမိုကရေစီ ခေါင်းဆောင်ကြီး တယောက်ဖြစ်တဲ့..ဘဘဦးဝင်းတင် ပြော သလို 

“ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ခုမှ အပြင်ကို ထွက်လာပြီး ပြောရ ဆိုရ ဖြစ်တဲ့အတွက် ကျနော်တို့တတွေ အားလုံးက အချိန်ယူပြီးတော့ စဉ်းစားတာတွေ၊ တိုင်ပင်တာတွေ၊ ဆွေးနွေး ပြင်ဆင်တာတွေ လိုအပ်ပါတယ်။ အသေးစိတ်ကို နားလည် သဘောပေါက်နိုင်ကြဖို့ပေါ့။ တော်ကြာ အဓိပ္ပါယ် အကောက် လွဲ တာတွေ ဖြစ်သွား တာမျိုးတွေကို ကျနော့် အနေနဲ့  မလိုလား ပါဘူး ” 

ဆိုတဲ့  စကားလေး နဲ့ ပဲ... အလေးအနက် ထား ကိုးကား ပြီး.. သဘောပေါက် ယူ စေချင် နေ မိ ပါတယ်။


( ပြည်သူ တယေက် ရဲ့ အသံ အဖြစ်....)



   
ဆက်စပ် ဖတ်ရန်-

Facebook ( သို့) ပုံရိပ်ယောင် နိုင်ငံတော်

မျက်နှာများထဲက..မျက်နှာများ


Share/Bookmark

15 Comments:

ပိုင် (Pi) said...

နည်းပညာကို နိုင်ငံရေးအတွက် သုံးနိုင်တာက မသုံးနိုင်တာထက် စာရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် မကေသွယ် ပြောသလိုပဲ ကောင်း/ဆိုး ဒွန်တွဲနေတော့ သူ့ရဲ့ ထိရောက်မှုကို ပိုမတွက်မိဖို့တော့ လိုမယ်ထင်တယ်။ (လူကြီးတွေက ဒါကို သိပြီးသား ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။) မြန်မာပြည်မှာ အင်တာနက် ထိုးဖောက်နိုင်အားက ၂၀၁၀ ဇွန်လအထိ ၀.၂ ရာခိုင်နှုန်းပဲ ရှိတယ်တဲ့။ တကယ်တမ်းမှာ ဒါ့ထက် နည်းနည်းများချင်များမယ်၊ ဒါပေမယ့် အများကြီးတော့ မများလောက်ဘူး။ (လာအိုမှာတောင် ၇ ရာနှုန်းဝန်းကျင် ရှိသတဲ့။)အဲဒီ ၀.၂ ရာနှုန်းမှာ ပြည်တွင်းက စစ်ဗိုလ်စစ်သား ဘယ်နှစ်ယောက် ပါသလဲဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။

Phan Mee Ain - Literature Lovers said...

မောင်ရစ် ရေးသွားတာ
မိုးမခမှာ ဒီဆောင်းပါးကို တင်မယ်ဗျာ
ကြိုက်တယ်
အိုကီနော်

ahphyulay said...

မှန်လိုက်တာဗျာ...။
စနစ်ကလေး တစ်ခုတော့ ရှိသင့်နေတယ်ဆိုတာ။
ကျွန်တော်တောင် ဝမ်းသာအားရနဲ့  အမေစု ရဲ့ 
ဖေ့ (စ)ဘုတ် မှာ မိတ်ဆွေ ဖြစ်ခဲ့ ရလို့  မိုးလေမမြင်
နိုင်အောင်ဖြစ်ခဲ့ ရပေမဲ့  ပြန်စဉ်းစားလိုက်တော့ မှ ဒီလိုဒီအကြောင်း
တွေ ဖြစ်လာနိုင်တယ်ဆိုတာ သိလာရတော့ တယ်။
မကေရေ..
အခုဟာ သူ လွတ်နေတုံးလေး ၊ ဟို ဘီလူးတစ်သိုက်က
သူ့  ကို ပြန်မထည့် ခင်လေးမှာ လုပ်နိုင်သမျှလေးတွေကို
ဒရောသောပါး လုပ်နေရတော့ လဲ စနစ်ဆိုတာ ဖြစ်လာနိုင်စရာ
မရှိသေးတာနေမှာပါ။ သူ့ဘေးမှာ လူငယ်တွေ အများကြီးဖွဲ့ 
စည်းသင့်ပ်တယ်။ ခက်နေတာက မီဒီယာကလဲ သူတို့ လက်ထဲ
မှာပဲ ဆိုတော့  .. မောတယ်ဗျာ..။

ahphyulay said...

ကြုံတုံးလေး တစ်ခုပြောကြည့်ချင်တယ်နော်..။
အများနဲ့ တလောကလုံးနဲ့  ဆန့် ကျင်ပြီး လေ..။
“ အမေစု ကိုအကျယ်ချုပ် ပြန်ချ လိုက်တာမှ ပိုကောင်း ” လို့ ။
အခုဟာက ပရမ်းပတာ နိုင်လွန်းပါတယ်။
သူတို့ လက်ထဲရှိတုံးဆိုရင် လက်သည် ဖေါ်လို့ ရတယ်လေ။
စဉ်းစားကြည့် ပါဗျာ။ ဇာတ်တစ်ခု သိမ်းဘို့ “ ဟ ” ပေးလိုက်
တာရော .. မဖြစ်နိုင်ဘူးလား။
သူ့ အတွက် စိုးရိမ်လွန်းလို့  အတ္တကြီးကြီးနဲ့  ပြောခဲ့ မိတာပါ။

ကိုချစ်ဖေ said...

မကေပြောသလို ဒေါ်စုရဲ့ စနစ်ကျတဲ့ လူမှုကွန်ယက်တခု အမှန်တကယ်ဖြစ်ပေါ်လာရင် ကောင်းမယ်ဗျာ ဒါဆို ဒေါ်စုရဲ့ စကား အချိန်မြန်မြန်နဲ့ အားလုံးသိလာနိုင်မှာအမှန်ပါပဲ

mks said...

"ကျမ ရဲ့ ကိုယ်ပိုင် အမြင် အရ.. အဲဒီ လို.. လူမူ ကွန်ယက် ကြီး ပေါ်ကို.... လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်လာ မည် ဆိုတဲ့.. သတင်း ကို.. တပိုင်း အားဖြင့်.. ထောက်ခံ ကျေနပ် အားရ မိ ပေမဲ့.. ကျန်တဲ့ တပိုင်း မှာ လည်း..စိုးရိမ်မူ တွေ ရှိ နေပါ တယ်။"
ဟုတ်တယ် မကေ အဲလိုဘဲ သဘောရတယ်။
"ရှေ့တဲ့တဲ့က.. တင်းပုတ် နဲ့ ဆော်မူ တွေ." ဆိုတဲ့ အသုံး သဘောကျသွားတယ်။

ရွှေရတုမှတ်တမ်း said...

အသံလေးပြုပါဆိုကာရှိသေး...f တွေ t တွေ ပေါ်မှာ ပွက်ပွက်ညံနေတာမြင်ရတာ စိတ်ပျက်လို့ ဝင်တောင်မကြည့်တော့ဘူး...

ahphyulay said...

ပြောလို့ မှ မဆုံးသေးဘူး
ကျွန်တော့်ဆီ မေးလ်တစ်ခု ဝင်လာပါတယ်။
နိုဝင်ဘာ ၁၃ ၊ ၁၄ မှာ ကိုသန်းရွှေ ကနေ သိန်းစိန်၊
ခင်ရီ ဆီ ညွှန်ကြားတဲ့ အမိန့် တွေ ၊
ဂျီမေး ပေးပါ ၊ ပို့ ပေးချင်တယ်၊
အမရေ.. ကျွန်တော်တို့  လက်ပိုက်ကြည့် နေ
ရတော့ မယ်ဗျာ။

ကြည်ကြည် said...

မကေ


တရုတ်နဂါးကြီးဆောင်းပါးပြီးကတည်းက နောက်ထပ်ဆောင်းပါးမျှော်နေတာ ...
ဖတ်ရတာ အားရလိုက်တာ မကေရာ......

စနစ်ကလေးတစ်ခုကတော့လိုကိုယ်လိုတယ်မကေ ..

TURN-ON-IDEAS said...

ကလေးအတွေးနဲ့ ၁ခုတွေးခဲ့ဖူးတယ်...
အခုလို ဆင်တူယိုးမှားတွေများနေတာလဲ တဖက်ကတွေးကြည့်ရင် အကျိုးဖြစ်နေလို့ တစ်ယောက်တည်း ကျိတ်ပြီး သဘောကျနေခဲ့သေးတယ်... :D

ဒီကိစ္စကို အစ်မကေရဲ့ အခုပို့စ်လိုမျိုး တတ်နိုင်သမျှ ဝိုင်းဝန်းစဉ်းစားပြီး ကိုယ်သိသလောက် စဉ်းစားလို့ရသလောက် အကျိုး၊ အပြစ်တွေနဲ့ ချိန်ထိုးပေးနိုင်ကြရင် ကောင်းမယ်...

မကြီး ဒီပို့စ်ကို ကျနော့်ဖေ့ဘွတ်မှာ နုတ်အဖြစ်တင်ပြီး ဘော်ဒါတွေကို ပေးဖတ်ခွင့်ပြုပါ... :)

Moe Cho Thinn said...

အခုလို မသေချာ မသဲကွဲ တဲ့၊ စ ပြီး နည်းပညာကို အသုံးပြုမဲ့ အချိန်ကာလမှာ အတု အစစ် ဆိုတာ ခွဲဖို့ ခက်ချင် ခက်လိမ့်မယ်။ ဒါပေမဲ့ အချိန်ကာလ တခုပါပဲ ကေ..။ လူထု ခေါင်းဆောင်တယောက်အနေနဲ့ စနစ်တကျ အကျိုးရှိစွာ ခေတ်ပေါ်နည်းပညာကို ကောင်းကောင်း အသုံးချနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။

တို့ကတော့ ခေတ်ပေါ် နည်းပညာတွေ ဘာမှ ထဲထဲဝင်ဝင် သိပ်မတတ်တဲ့ သာမန်လူတယောက်ပါ။ အခုလို အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်နေတဲ့ ရေစီးကြောင်းထဲ တရွတ်တိုက် လိုက်ပါနေသူ တယောက်ပေါ့။ ဒါပေမဲ့ မလိုအပ်တာတွေနဲ့ အချိန်မကုန်ဖို့ ကိုယ်သာလျှင် အဓိက လို့ ထင်မိတာ..။ မိတ်ဆွေချင်း ပြန်လည် ဆက်သွယ်၊ ခင်မင်ရင်းနှီးစေတဲ့ ကွန်ယက်အပြင် ကျန်တာတွေကို ကိုယ်ဖာသာလျှင် စိစစ်မှ ရမယ် လို့ ထင်တယ်။ တို့က ပိတ်နေတာထက် ပွင့်နေတဲ့ တံခါးတွေကို ကြိုက်တယ်။ ဒါပေမဲ့ တံခါးက တဆင့် ၀င်လာတဲ့ အသံတွေထဲမှာ ဘယ်ဟာက ခွေးအူသံလဲ၊ ဘယ်ဟာက ကိုယ့်မိတ်ဆွေရဲ့ ရင်ခုန်သံလဲ ဆိုတာကတော့ ကိုယ်ကိုယ်တိုင်သာလျှင် ဆုံးဖြတ်ရမှာပါပဲ။

ကေ ရေးထားတာ ပြည့်ပြည့်စုံစုံ နဲ့ စေတနာပါပါ အရှည်ကြီးမို့ ဖတ်ရတာ အားရသွားတယ်။ ဒီပို့စ် ကြိုက်တယ်။

mysterysnow said...

ဒီပို့စ်လေးအတွက်ရော
ကောမန့်တွေအတွက်ရော
ကျေးဇူးပါ....

မကေရဲ့စာတွေကို အမြဲမျှော်နေတယ်နော်...

SHWE ZIN U said...

ညီမ ကေ ရေ

နည်းပညာ တွေ ကို အမ လည်း သိပ်လက်လှမ်းမမှီဘူး တတ်သလောက် လေးနဲ့သုံးနေတယ်

ညီမ ပြောပြတဲ့ ပြည့်စုံတဲ့ သတင်းအချက်အလက်တွေ ကိုဖတ်သွားတယ်

အမ တို့ ရဲ့ အမေစု ကောင်းမွန်စွာမှန်ကန်စွာ နည်းပညာ ကို အသုံးပြုနိုင်ဘို့ တတ်သိတဲ့ လူတွေက အကြံဥာဏ် ပေးကူညီပေးရင် ကောင်းမယ်

အားလုံးအတွက် ကျေးဇူးပါ
ခင်တဲ့
ရွှေစင်ဦး

တက်ဂ် ပိုစ့် လေးကိုလည်း ရေးပေးပါမယ်နော် ခဏစောင့်ပါ

ချစ်ကြည်အေး said...

ဟုတ်ပါ့ကေရယ်....အမေစုနာမည်နဲ့ ဖဘအကောင့်တွေ တက်လာကတည်းက ပြောမိသေးတယ်။ ကျောင်းသားတွေထဲမှာ ကျောင်းသား၊ ဘလော်ဂ့်ဂါတွေထဲမှာ ဘလော်ဂ့်ဂါ၊ ဖဘထဲမှာလည်း ဖဘအကောင့်တွေ ထည့်ထားတတ်တာမျိုးမို့ စိတ်ထဲ သိတ်သဘောမတွေ့ဘူး ဖြစ်နေတာ။ ကေ ခုလို ကျယ်ကျယ်ပြန့်ပြန့် ရေးပြထားတာ သိတ်ကောင်းတာပဲ...။ အကျိုး အပြစ်ရယ်လို့ အားလုံး သတိပြုစရာ ဆင်ခြင်စရာလေးတွေ သိကြရတာမို့ ကျေးဇူးပါ ကေရေ....

Maung Myo said...

ကျယ်၂ပြန့်လေး ဆွေးနွေးထားပေးတာပဲ ကျေးဇူး တီကေ