လတ်တလော စာအုပ်တွေ-

စာအုပ်တွေ.. ချစ်တဲ့..စာအုပ်တွေ..။
စာအုပ်ကို ချစ် ပုံကလည်း အတော်တော့ ကြောင်တယ်..စာအုပ် အနှောင့်လေး တွေ စီနေတာ မြင်ရ ရင်ကို ချစ်နေတာ..။ ဖတ်တာ..မဖတ်တာ နောက်မှ ထား။ စာအုပ် လက်ဆောင် ရ ရင်လည်း..အတော် ပျော်တယ်။
ဒါတွေက..ခု လတ်တလော ရလာတဲ့ စာအုပ်တွေလေ..။




ဒါက- ကိုယ့်ဖာကိုယ် အဆင်သင့် သလို ၀ယ်လာ ဖြစ်တဲ့..စာအုပ်လေး တွေ..။ ၃-၄ အုပ်လောက် ကပ်ပြီး ကျန်နေခဲ့ သေးတယ်။ ဟို- ချစ်ဦး ညို ရဲ့ “ မြို့မငြိမ်း နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း” ဆိုတာလေး..ထုတ်ဖတ် ရင်း..ညပ် ကျန်ခဲ့ပြီ။ ပထမ ဆုံး တပုဒ်ဖြစ်တဲ့.. လူချွန်လူကောင်း သီချင်း ဆောင်းပါးလေး ကိုတော့..အတော် သဘောကျမိတယ်..။ ဖြစ်ချင်တော့..အဲ တပုဒ်ပဲ ဖတ်ရသေးတာ။ ရပါတယ်လေ.. နောက်မှ ပေါ့..။ တော်သေးတယ်..ခုပါလာတဲ့..ဂီတနက်သန် ကိုစောငြိမ့်း အကြောင်း ရေးထားတဲ့..“ ဂီတကို ကဗျာမူ ပြုသူ” လေးပဲ ဖတ်ကြည့်တာပေါ့။






ဒါက- တောကျောင်းဆရာ ရဲ့ လက်ဆောင်များ။
ဆရာကြီး ဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် စာတမ်းများတော့.. နဲနဲ မြည်းထားပြီ။ ကောင်းလိုက်တာ.. လူစုံ.. ရှုထောင့် စုံ ကနေ.. ဆရာကြီး အကြောင်း ရေးထားကြတာ..။ ဓါတ်ပုံ အရည်အသွေးကို တော့..အားမရ လိုက်တာ..ဒီလောက် သမိုင်းဝင် တဲ့..ဓါတ်ပုံတွေ ကို...။ အော်.. ဒေါက်တာ အောင်ထွန်းသက် အင်တာဗျူးလဲ..ပါးပါးလေးမို့..လမ်းမှာပဲ အိတ်ထဲ ထဲ့ ဖတ်ခဲ့ လိုက်ပြီ။ စိတ်ဝင်စား စရာပါပဲ။




ဒါလေး ၂ အုပ်က.. အမ ခင်မင်းဇော်..ပို့ပေးတာ..။ တကူးတက ပို့ပေးတာ..ကျေးဇူးတင်လိုက်တာ..အမရေ..။ ခိုင်မာကျော်ဇော် ကို.. ရသ နင့်နဲ အောင်ရေးတတ်တဲ့..နယ်စပ်က ကလေးငယ်တွေ ဘ၀တွေ အကြောင်း စာတွေ နဲ့ အတူ ရင်းနှီးနေတာ..အတော်ကြာပေါ့။ ဦးအောင်ဝေး ကဗျာတွေကလဲ..ကောင်းလိုက်တာ..။



ဒီစာအုပ်လေးကတော့.. သူငယ်ချင်း ရဲ့ အမျိုးသမီး..ဦးရာဇတ် ရဲ့ မြေး ကိုယ်တိုင် လက်ဆောင်ပေးလိုက်တာပါ..။ အစ ဦးဆုံး ပါတဲ့..ဒေါက်တာညီညီ ရေးထားတာလေး တော့ မြည်းပြီးပြီ။ ကောင်းတယ်။
-
ဒီစာအုပ်တွေ အကုန် ကုန်အောင်..ဒီ ရက်ထဲ ဘယ်လို လုပ် ဖတ်ရပါ့။ ဖြည်းဖြည်းချင်းပေါ့ နော်။ မနေ့ကတော့..ဂျူးရဲ့ “ အချစ်ဆိုတာ..ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေး တွေ..” စာအုပ် လေးကို..ကောက်ကိုင်လိုက်တာ.. ၃ပုဒ် ဆက်တိုက် ဖတ်ဖြစ်သွားတယ်။ ကောင်းလိုက်တာ.. “မျက်ရည်တစက် မိန်းမ ”ဆိုတာလေးကို အတော် သဘောကျမိတယ်။ ဂျူးကတော့.. ဂျူးပါပဲ။
-

ကဲ- ခုတော့..စာအုပ်တွေ ခဏ အလှ ကြည့် လိုက်အုံးမည်။ တခြား လုပ်စရာတွေ ရှိသေးသည်။




Share/Bookmark

25 Comments:

Anonymous said...

မနာလိုလျက် ဖတ်သွားရပါသည်

Anonymous said...

ama,envy


MN

နွေးနွေးသဲမွန် said...

မမရေ...စာအုပ်တွေ လာငမ်းသွားပါတယ်.. :-)

mgphonemyint said...

စာအုပ် ငှါးချင်တယ်ဗျာ ...။

Anonymous said...

အစ်မရေ...မျက်ရည်တစ်စက်မိန်းမ ကနားလည်ရခက်လောက်အောင်ကို စေ့စပ်ပြီပြင်စွာရေးထားနိုင်တဲ့ တစ်ပုဒ်ပါ..။
သိပ်ကိုကောင်းပါတယ်..။ညီမတော့အဲ့လိုမြင်မိတာပဲ.. :)

Mirror

လင်းဒီပ said...

စာအုပ်တန်းလေး လာငေးသွားပါတယ် အစ်မ

ဒူကဘာ said...

ဘယ်ဘဝက ဒုက္ခလည်း မသိဖူး စာအုပ်ကောင်း မြင်ရင် လိုချင်တာ ငမ်းငမ်းတက်ပဲ ဒါနဲ့ပဲ ပြန်သွားရတယ် မကေရေ....။

Taungoo said...

စာအုပ်သူဌေးပဲဗျာ

မီယာ said...

ဂျူးစာအုပ် အဲ့ဒီဟာ မဖတ်ရသေးဘူး။ စာအုပ်တွေ ဖတ်ပြိးရင် ပြန်ညွှန်းပါဦးနော်။ မကေ စာအုပ် အညွှန်းရေးတာ ဖတ်လို့ ကောင်းလွန်းလို့ပါ။

Moe Cho Thinn said...

အမိုက်စားချည်းပါပဲလား။
ဇိမ်နဲ့ ဖတ်ပေတော့..

PAUK said...

မျက်ရည်တစ်စက်မိန်းမကိုဖတ်ပြီး
သူငယ်ချင်းတစ်ယောက်ကို သူ့အဖြစ်နဲ့ အနည်းငယ်တိုက်ဆိုင်လို့ ညွှန်းလိုက်မိဖူးတယ်..
သူ အခုချိန်ထိဖတ်ကြည့်ဖို့ မကြိုးစားပါဘူး...
အဲဒီ ၀တ္ထုတိုပေါင်းချုပ် ကျနော့်မှာတော့ ရှိတယ်။။

Thant said...

ချစ်တဲ့စာအုပ်တွေ....
အစ်မ.. တကယ်မနာလိုဖြစ်မိတယ် ။

ပုံရိပ် / Pon Yate said...

မကေ...ဂျူးရဲ့ မျက်ရည်တစ်စက် မိန်းမ ၀တ္ထုကို ပုံရိပ်လည်း ကြိုက်ပါသည်။ သူမင်းကို ဘယ်တော့မှ ဆိုတဲ့ လုံးချင်းလည်း ဖတ်ကြည့်ပါဦး။ ကောင်းတယ်လို့ ညွှန်းပါရစေ။

Anonymous said...

ခရမ်းပြာမြင်းရိုင်းကြီးကို တခေါက်လောက်ပြန်စီးကြည့်ချင်သေးတယ်ဗျာ...
ATN

အိမ့်ချမ်းမြေ့ said...

စာအုပ်တွေကို လာပြီးငေးသွားတယ် မကေရယ်..

မလေး

ဧရာ said...

အချို့စာအုပ်တွေကို ဖတ်ဖူးပေမယ့် မဖတ်ဖူးသေးတာများပါတယ်။ ချစ်ဦးညိုရဲ့ “မြို့မငြိမ်း နဲ့ ဂလိုဗယ်လိုက်ဇေးရှင်း” ကို စိတ်ဝင်စားသွားပါတယ်။

tg.nwai said...

ကေ တော့ ဖတ်စရာတွေ အများကြီး ရသွားပြီပေါ့..ကောင်းလေစွ..။

တို့လည်း တခြားဟာတွေထက် စာအုပ်ပဲ ၀ယ်ချင်နေတာ..ဖတ်နိုင် မဖတ်နိုင်တာထက် လောဘကြီးတယ်ပြောရမယ် ထင်တယ်။ ကိုယ့်မှာ ရှိနေရင် အားတဲ့အချိန် ဖတ်လို့ရနေတာကိုး။ တွေ့သမျှ အီးဘွတ်ခ်တွေလည်း ဒေါင်းလုပ်တော့ ဆွဲချထားတာပဲ.. မဖတ်နိုင်သေးတာ ခပ်များများရယ်..။

T T Sweet said...

စာအုပ်တွေက သွားရေကျစရာတွေချည်း ။ အားကျပါသည်။

တန်ခူး said...

ကေရေ… ကေ့အိမ်နားတောင် ပြောင်းလာချင်တယ်… ကေ့စာအုပ်လေးတွေ တွေ့ပြီး မြို့ မငြိမ်းနဲ့ ဂျူးကို အိမ်ကိုမှာလိုက်ဦးမယ်…

သက်ဝေ said...

ကေရေ...
မနာလိုလိုက်တာ...
ဒါနဲ့ ဂျူး က ကိုယ့်မှာရှိတာ နောက်ဆုံးက
"သူမင်းကို ဘယ်တော့မှ" ပဲ
"အချစ်ဆိုတာ ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေးတွေ" ရယ် "မျက်ရည် တစ်စက် မိန်းမ" ရယ် က ဂျူးရဲ့ အသစ်တွေလားဟင်.. အိမ်ကိုမှာချင်လို့ ...။
ပြီးရင် နောက်တပိုစ့် မြန်မြန်တင်တော့ ကေ...
မဟုတ်ရင် ကေ့ဆီလာတိုင်း ဒီစာအုပ်တွေ တွေ့တွေ့နေပြီး မနာလိုတွေချည်း လှိမ့်ဖြစ်နေမိတာ...

ကေ said...

စာအုပ် လာ ငေး တဲ့သူတွေ အားလုံး- ဖတ်လို့ကောင်းတာ..ရှဲလို့ ကောင်းတာတွေ့ရင်..စိတ်ချ - လို့။

ကိုဧရာ- ချစ်ဦးညို အဲစာအုပ်က..ခေါင်းစဉ်ကတော့..စွဲဆောင်မူ ရှိတာပဲ။ တပုဒ်ပဲ ဖတ်ရသေးတယ်။ ထုံးစံအတိုင်း သူ့အရေးအသားက..အဖွဲ့များတယ်။ ဖတ်ဖူးတဲ့သူတယောက်ပြောတာတော့..ဆက်တိုက်ဖတ်ရင်..အီသွားတယ်တဲ့။

မသက်ဝေ- ကြိုးနဲ့မသီထားတာက.. အတို ပေါင်းချုပ်လေ.. မျက်ရည် တစက်က..အဲအထဲကမှ..တပုဒ်။ သိပ်ကောင်း..တသသ..ဖတ်ကြည့်။

ourstream said...

စာအုပ်တွေကို လာငေးသွားပါတယ်...။
စာအုပ်မြင်ရင် လိုချင်တာ ဘာအကျင့်လဲ မသိဘူး....။

မိုးခါး said...

စာအုပ်တွေ များကြီးပါလား ..
ငှားပါလားရှင်း)

လင်းလက်ကြယ်စင် said...

မမကေ မအားရင် စာအုပ်တွေ ဒီဘက်ပို့လိုက် :P ။ ညီမ အိမ်မှာ စာအုပ်အသစ်တွေ ၀ယ်လာတိုင်း ဘာမှကို မလုပ်ချင်တာ။ စာအုပ်တွေအားလုံး သေချာဖတ်ပြီးမှ စိတ်ထဲကျေနပ်တယ် :)

နန်းညီ said...

စာအုပ် အနှောင့်လေး တွေ စီနေတာ မြင်ရ ရင်ကို ချစ်နေတာ..

တူတယ်လို့ ပြောချင်တာနဲ့ မရမက ကြိုးစားပမ်းစား မန့်သွားသည်