Internet Sensation

ဘလော့ဂ် မှာ ပို့စ် အသစ် မတင် မိ တာ ကြာသွား ပေ ပြီ။

အခု က.. အင်တာနက် ပေါ် တက်လိုက် ပြီ ဆိုတာ နဲ့.. စာ အ၀င်အထွက် အရင်စစ်.. စာဖတ်ခန်းကြီး ( google reader ) ပေါ်.. ကလစ် လျှောက် ထောက် ရင်း.. အမြန် အမြန် ဖတ်စရာရှိတာ ဖတ်.. ။ နောက် ခဏ နေ တော့.. မျက်နှာဘုတ်အုပ် ကြည့်.. ။ ပွစိ ထိုး နေ သော.. မျက်နှာ စာအုပ် ကိုလည်း..အဟောင်းတွေ ထိ မလှန် နေ ဖြစ်တော့.. တမျက်နှာ စာ ပေါ်လာ သလောက်.. လျှောက် ကြည့် ..။ ပြောနေ ဆိုနေကြ သူများ ဆီ မှာ.. နောက်စရာ ပြောင်စရာ တွေ့ရင်.. လက် ကို မောက်စ် ပေါ် က..အသာဆင်း..ကီးဘုတ် ပေါ် မှာ.. နည်းနည်း လျှောက်.. ခေါက် လိုက်...။

ကလောက်..တောက်..တောက်..ဒေါက်

လည်နေ ကျ..ဘလော့ဂါ တွေ ကလည်း..တော်တော်များများ.. မျက်နှာ စာအုပ် ပေါ်မှာ လှုပ်ရှား နေ ကြ တော့.. တအိမ် ဆီ လိုက် နှုတ်ဆက် နေစရာ မလို တော့ဘူး..။ ဈေးထဲ သွားလိုက် ရင်..အကုန်တွေ့ သလို ဖြစ်နေတာ..။


အလွယ်ဆုံး.. နှုတ်ဆက် အသိအမှတ် ပြုခြင်း ဖြစ်တဲ့.. ( Like ) ကလေး တွေ.. လေးငါး ဆယ်ခု လိုက်..လိုက်...။

တစ်...တစ်...တစ်...တစ်... .....တစ်..

အတော် အဆင်ပြေ သော.. like ဖြစ်ပေ၏။


အင်တာနက် sensation ကို တတ်နိုင်သမျှ လျှော့ချ နေ တာ တောင်.. မကုန် ဘူး ဆို.. တနေ့ကို.. (--) (--) နာရီ လောက်..။ ( အမှန် ကို ပြောလို့ မဖြစ်..း)

တခါ တလေ ဆို.. ဟိုး..ငယ်ငယ် တုန်းက လို.. (အဲ.) ...ဘလော့ဂ် ရေးစ တုန်းကလို မျိုး.. မဟုတ်တော့..။ ကိုယ့်ဘလော့ဂ် တောင်..တနေ့ တခေါက်..လောက် ပဲ.. နောက်ကြောင်း အေး ရုံ လောက် သွားစစ် မိ တော့ တဲ့ အထိ..။

တနေ့က တော့.. တယောက် လာပြီး.. ကိုယ့် ပို့စ် အဟောင်း တခု ကို.. တခြား ဘလော့ တခု မှာ.. ဘာမှ မပြောပဲ ..ဒီအတိုင်း ကြီး ယူ တင်ထား တယ် လို့.. အသိပေး လာပါရော...။

သွား ကြည့်တော့.. အဲဒီ ဘလော့ဂ် က လည်း..ကိုယ့် နဲ့.. လူခြင်း မခင်..မသိ ကြပေမဲ့..ဒီလိုပဲ..အင်တာနက် ပေါ်.. စာတွေ ဖတ်ရင်း... စိတ်ဝင်စားမူ စုဆုံရာ .. အာရုံ တူ ရာ.. အပြန်အလှန် အသိ အမှတ် ပြု ထား ကြတဲ့.. အသံတိတ် မိတ်ဆွေ ဘလော့ဂ် ဖြစ်နေ လေ တယ်။

ကိုယ် ရေး ခဲ့ တဲ့.. Mogkok Blues တို့ ဘာတို့ ဆို လည်း.. ပြန် ဝေမျှ..အသိအမှတ် ပြု ပေးတဲ့ အတွက်.. ကျေးဇူးတင်.. လေးစား ရ တဲ့.. ဘလော့ဂ် ။ ဒီ တခါ တော့..ဘာဖြစ် လို့.. မူရင်း နေရာ ကို မဖော်ပြ ပေး တာလည်း မသိ လို့.. စိတ်ထဲ တွေးစရာ ဖြစ် နေခဲ့ တယ်။

အဲဒါ နဲ့.. အဲဒီ ဘလော့ဂ် မှာ လည်း .. ယောင်တောင် ပေါင် တောင်.. သွား နှုတ်ဆက် ရင်း.. ဖဘ မှာ လည်း.. ဘယ်သူ များ..အကြံ ပေး နိုင် မလည်း လို့.. အသံ ပေး လိုက် တယ်။ ချက်ခြင်း ဆိုသလိုပဲ.. အဖြေ ပေါ် သွား တာ.. ဖဘ ကျေးဇူး ပဲ ပြောရ မလား...။

အဲဒီ စာလေးက.. လွန်ခဲ့တဲ့ တနှစ်ကျော် က.. ရေးခဲ့တဲ့.. မွေးနေ့ ၆၄ ဆိုတဲ့ ခေါင်းစဉ် နဲ့... Oxford က..ဒေါ်အောင်ဆန်းစုကြည် နေခဲ့ ဘူးတဲ့.. အိမ်လေး ဆီ သွားကြည့် ခဲ့တဲ့.. အကြောင်း လေးပါ..။ ပုံလေး တွေ ဝေေ၀ ဆာဆာ နဲ့ မို့... .. စိတ်ဝင်တစား ဝေမျှ ကြရင်း.. လက်ဆင့်ကမ်း စာ တွေ နဲ့ အတူ.. တပိုင်း တစ ပြတ်ပြီး... မျော ပါ နေခဲ့ ပုံ ရ ပါတယ်။ အခုန ပြောတဲ့..ဘလော့ဂ် က လည်း..ဒီ စာ အပိုင်းအစ လေး ဟာ..ကိုယ့်ဘလော့ဂ် ကမှန်း.. မသိလိုက် ဘူး ဖြစ်သွား တယ် တဲ့။ သူ တို့ မိတ်ဆွေ တယောက် ရဲ့ အမျိုးသမီး.. အောက်စ်ဖို့ဒ် မှာ ပညာသွား သင်ခွင့် ရ တဲ့ အကြောင်း.. ၀မ်းသာ ဂုဏ်ပြု ကြရင်း.. မေးလ် တွေ နဲ့ အတူ..ညပ် ပါ လာ တာ ဖြစ် နေ လေ တယ်။ အဲဒီ တော့ မှ.. အားလုံး ရှင်းသွား တော့ တယ်။

ဟိုး အပေါ်က.. စကား ကို ပြန် ဆက် ရရင်.. ဒီ အင်တာနက် စားသုံးမူ ခေတ် ကြီး ထဲ မှာ.. အရာ အားလုံးက..ဖန်မျှင် အလင်းတန်း ထဲ.. 10101010 တွေ နဲ့.. အခိုးအငွေ့ တွေ ဖြစ်ပြီး... လေ ထက်တောင် ပေါ့ပါး လျင်မြန်စွာ..စီးဆင်း နေကြ တာ ကလား..။ နောက် .. အဲဒီ အင်တာနက် ကြီး က.. သင်ကြားပေး ပြန် တဲ့...“ ဝေမျှခြင်း” ဆိုပြီး.. ရှဲ ယဉ်ကျေးမူ က လည်း ထွန်းကား နေပြန် တာ က..တချက်..။ ရှဲ ရတာ လည်း လွယ် ကူ လိုက် သမှ လေ..။ တကူး တက ကူးယူ နေစရာ မလို အောင် တောင်.. စာ မျက်နှာ တွေ ရဲ့ အောက်မှာ.. ရှဲ ဖို့ ခလုတ် မျိုးစုံ အရန်သင့် ။ ကြိုက်တဲ့ နည်း နဲ့ ရှဲ လို့ ရတယ်။ အဆင်ပြေ သလို..လိုက် လို့ ရ တယ်။ ကလစ် လေး တချက် ပဲ...။ everything is within a click away ပါပဲ။ ရှဲ တာရော..လိုက်တာ ရော..ကောင်းတဲ့ အပြုအမူ တွေ ချည်း မို့.. အဲဒီလောက် ..အကောင်း တွေ.. ပေါများ ဖောင်းပွ နေတဲ့.. ခေတ်ကြီး ထဲမှာ.. လူဖြစ်ရ တာ.. ကံကောင်း ခြင်း တမျိုး ပါပဲ လေ..။


ပြီးတော့...အဲဒီလို...ဖောင်းပွ လွယ်ကူ နေတဲ့.. သတင်း အချက်အလက် တွေ ကြားထဲ မှာ.. ကိုယ်ရေး တဲ့ စာလေး တွေ.. အခုတ်တရ မျောပါ ခွင့် ရ နေ တာကို ပဲ.. ၀မ်းသာ ကျေနပ် ရ မှာပါ..။

ကိုယ့် ဘလော့ဂ် က စာ တွေ ထဲမှာ..စိတ်ဝင် တစား ကူးယူ ဖော်ပြ ကြတဲ့..တခြား စာ ၂ ပုဒ် ကတော့.. မူရင်း အကြောင်းအရာ ကို က..စိတ်ဝင်စား ဖို့ ကောင်းနေတဲ့... ရတနာ နတ်မယ် အကြောင်း နဲ့.. သီပေါ စော်ဘွား စ၀်ကြာဆိုင် အကြောင်း လေး တွေ ပါ။ စ၀်ကြာဆိုင် အကြောင်း ပါတဲ့.. Twilight over Burma စာအုပ် အမြည်း လေး အကြောင်း ကတော့... ကိုယ့် အီးမေးလ် ထဲ ကို တောင်... ခဏ ခဏ.. မျက်စိ လည် ပြီး.. ပြန်ပြန်.. ရောက် လာ နေ သေး တုန်း ပါပဲ..။ ဘလော့ဂ် စာ ဆိုတာမျိုးကလည်း..ဟို မရောက်..ဒီ မရောက် ... လို ဖြစ်နေ တော့... တခါတလေ လည်း.. လူမသိ..သူမသိ.. လျှောက် မျော ပါ သွား နိုင် နေတာ ပါပဲ..။

အမှန် အတိုင်း ပြောရ ရင် တော့.. အဲဒီ အတွက်.. ဘယ်လို မှ လည်း ထူးပြီး.. မခံစား ဖြစ် တော့ ပါဘူး။ ကိုယ် ရေးချင် ပြောချင် တာလေး တွေ ကို..လျင်လျင်မြန်မြန် တင်ပြ နိုင် ပြီး.. ( Share ) ရှဲ ယဉ်ကျေးမူ ကြီး ထဲ မှာ.. အလွယ် လိုက် (Like ) လို့ ရ နေတာ ကိုပဲ.. အင်တာ (Net) နတ်မင်း ကြီး ကို ကျေးဇူး တင်ရ မှာပါ..။


အောက်ခြေမှတ်စု - ဘလော့ ဖုန်ခါ ရင်း.. အခွင့်သင့်တုန်း...စာအဟောင်း လေး တွေ ပြန် ဖော်ထုပ် လိုက် တာပါ.... စာတွေက..ကဘောက်တိ ကဘောက်ချာ ဖြစ်နေရင်တော့.. ဘလော့ဂင်း အစစ် လို့ မှတ်ပေတော့..ခေါင်းစဉ် လည်း ကြုံသလို ပေးလိုက်တယ်။
( အောက်ခြေ မှတ်စု ထဲ့တာ ကတော့.. မမကွန် စတိုင်... )း)


Share/Bookmark

13 Comments:

Maung Myo said...

တောက်..တောက်..တောက်........တ

တီကေ နေကောင်းလား ဖုန်လာဝိုင်းလှည်းတား)

khin oo may said...

ဟင်

khin oo may said...

သဘောကျလို့ ဟင် တာပါ.

ရယ်ရလို့ ဈေးထဲသွားသလိုဘဲတို့ အင်တာနက် သုံးတဲ့အချိန်မပြောဘူးတို့. ဘာတို့ညာတို့ဖတ်ပြီးရယ်ချင်လို့။

သက်ဝေ said...

မျက်နှာစာအုပ်ပေါ်မှာ အပေါင်းအသင်းတွေ လူစုံစုံတွေ့နေရတော့ ဈေးထဲ သွားလိုက်ရင် အကုန်တွေ့သလို ဖြစ်နေတာ...
ဟုတ်တယ်နော်... ကေ ပြောတာ တော်တော်သဘောကျသွားတယ်...း))

PAUK said...

လာလည်တယ် မကေ..။
ဘလော့အသုံးနည်းတယ်..
ဖဘ သိပ်မဝင်ဖြစ်..။



မှတ်ချက် ။ ။
မမ စီဘောက်စ်ောတ့ အားတိုင်းဝင်ဖြစ်နေပါတယ်။

ရွှေရတုမှတ်တမ်း said...

ဖွတ်စဘွတ်တော့ မရောက်ဖြစ်တာများတယ်...

sosegado said...

တစ်ချို့က အင်တာနက်တို့ blogs တို့ကို ကြိုးစားပမ်းစား၊ အရဲစွန့်ပြီး ခက်ခက်ခဲခဲ ဝင်ကြဖတ်ကြရပါတယ်၊ တစ်နာရီလောက်ဖတ်လိုက်ဝင်လိုက်ရရင် တမောပဲ၊ ကံကောင်းတဲ့နေ့လို့ဆိုတယ်၊

ချစ်ကြည်အေး said...

ဒီတခါ ဈေးထဲရောက်ရင် ကေ့ကိုအရင်ဆုံး ဈေးခြင်းဆွဲပြီး နှုတ်ဆက် Like အုံးမှ :)

TURN-ON-IDEAS said...

အသုံးလေးတွေ သဘောကျ...
ဘာရေးရေး ထိတယ်။

မြန်မာပြည်ကလူတွေကိုလဲ ကံကောင်းသူတွေ ဖြစ်စေချင်မိတယ်...

Thet Oo said...

အင်တာနက် sensation ကို တတ်နိုင်သမျှ လျှော့ချ နေ တာ တောင်.. မကုန် ဘူး ဆို.. တနေ့ကို.. (--) (--) နာရီ လောက်..။ ( အမှန် ကို ပြောလို့ မဖြစ်..း) ...

အမှန်တရား ဖိနပ်စီးစဉ် မုသာဝါဒ သည် ကမ္ဘာတပတ်ပြည့်ခဲ့ချေပြီ..။

Moe Cho Thinn said...

နာရီ မပြောပြတာတောင် ဈေးထဲမှာ သိပ်မမြင်မိသလိုပါပဲ၊ တပတ်စာ ၀ယ်သလားဟေ့... (ဘိုးတော် ရှေ့မှာ ကြားကောင်းအောင် ပြောတာ) :))

T T Sweet said...

ဈေးထဲ ... အဲလေ ဖေ့စ်ဘွတ်ခ်တော့ မရောက်တာများတယ် ... ဘလော့နဲ့ ဖိုရမ်နဲ့တင် လုံးချာလည်နေလို့။

MANORHARY said...

ကိုယ်လည်းဖုန်လာခါပေးသွားတယ်
ဂရပ်ဖ်မျဉ်း အကျ တူနေသူတွေမို့
ဒါတောင် ကေ တို့က ပိုရေးဖြစ်ပါသေးတယ်
ကေ့ရဲ့ တက်ဂ် အကြွေးလည်း မမေ့ပါဘူး
သေချာရေးဖို့
စဉ်းး
စားးး
နေ...
ပါတယ်း))