Bow Down

အလေး.........ပြု


အာဇာနည်နေ့မှာ..ဘာမှမတင်..ဘာမှမပြောပဲနေကြမည်ဟု..ဘလော့ဂါများ..လက်မောင်းသွေးဖောက်
သစ္စာဆိုထားကြသဖြင့်..အာဇာနည်နေ့အထိမ်းအမှတ်ကလေးကို..ဒီကနေ့မှတင်လိုက်ပါတယ်...

ကိုယ့်လက်ရာတော့မဟုတ်ပါ..ဧည့်သည်တော်ကဏ္ဍအဖြစ်ရှုကြပါကုန်....
တခြားဧည့်သည်မဟုတ်ပါ..ကိုယ့်အမအရင်းခေါက်ခေါက်ဖြစ်ပါသည်...
သူက..ထူးထူးခြားခြား..ဘ၀မှာ..အဖြစ်ချင်ဆုံးက..ကာတွန်းဆရာမတဲ့...
ငယ်ငယ်တည်းက..ကိုယ်နဲ့..ခဲတံလုဖက်..စာအုပ်ဖွက်ဖက်..ပုံဆွဲပြိုင်ဖက်..ရန်ဖြစ်ဖက်..အထက်
အောက်ဖြစ်သမို့..တယောက်အကြောင်းတယောက်အသိဆုံး..။ကိုယ်ငယ်ငယ်တည်းက..စာတွေရေးပီး
ဘယ်ကိုမှမထည့်ရဲရင်..သူကိုယ်တိုင်..မဂ္ဂဇင်းတိုက်ကိုသွားပို့ပေးတတ်သူမို့..သူ့ရဲ့ကာတွန်းဆရာမအိမ်မက်ကိုလည်း..ကိုယ်အမြဲတမ်းအားပေးလျက်ပါပဲ...။
ဒါပေမဲ့..သူဖြစ်ချင်တဲ့..ကာတွန်းလိုင်းက..တမျိုး...
ကိုယ်တို့ငယ်ငယ်က..တေဇရုပ်စုံမှာ..အသဲစွဲခဲ့ရတဲ့..ဦးဘကြည်ရဲ့..ကောက်ကြောင်းပီပီနဲ့..ဆေးရောင်စုံစုံ..ကလေးပညာပေးဇာတ်လမ်းကာတွန်းလေးများကို..သတိတရ..အားကျပါသတဲ့.. ။
မဟော်သဓါဇာတ်တို့..လောဘကြီးတဲ့..သူဌေးကြီးဦးဘောဂတို့..အလုပ်ပျင်းတဲ့မနှင်းလေးကို..သူ့အလိုလိုထမင်းတွေခွံ့လို့..အပူလောင်တာတို့..အိုး..အများကြီးပဲ..အကုန်တော့မမှတ်မိတော့..။ အရမ်းစွဲလမ်းခဲ့ရတဲ့..ကလေး..ကာတွန်းလေးတွေ..။ ဟို..သူငယ်တန်းဖတ်စာအုပ်က..အရုပ်ကလေးတွေလည်း.. ဦးဘကြည်ပဲထင်တယ်..

သူ့ကာတွန်းကတော့..ကယ်ရီကေးချားပိုဆန်တယ်..အရမ်းရုပ်ပြောင်ကြီးမဟုတ်ပေမဲ့..မြင်တာနဲ့..
ဘယ်သူလဲဆိုတာ..တန်းသိနိုင်တဲ့..သူ့လက်ရာက..တမျိုး..။ များသောအားဖြင့်တော့..သူ့ရဲ့ကာတွန်း
ဇာတ်ကောင်တွေက..ကိုယ်တို့ရဲ့..တူ-တူမလေးများပါပဲ.. ။
သူက..ဟိုဟိုဒီဒီလည်းသိပ်မပို့..သူ့ဟာသူဆွဲပီး..သိမ်းထားတာကများများ..(အကြောင်းအရာတွေက
လည်း..ပို့လို့သိပ်မဖြစ်) တလောကတော့..UNICEF ကထုတ်တဲ့..ကျန်းမာရေးပညာပေးကာတွန်း
စာအုပ်ကလေးမှာ..သူဆွဲချင်တဲ့ပုံစံလေးအတိုင်းဆွဲခွင့်ရခဲ့လို့..သဘောတွေကျနေလေရဲ့..

weekly Eleven မှာ..ကိုယ်ရေးတဲ့..နိုင်ငံတကာပညာရေး အကြောင်းလေးမှာလဲ..သူ့ကာတွန်းလေးကို
သုံးဖြစ်ခဲ့တယ်..
ခု..အာဇာနည်နေ့..ကာတွန်းလေးကိုလည်း..ကိုယ့်ရဲ့..New Generation ဆိုတဲ့ ပို့စ်လေးနဲ့..တွဲကြည့်စေချင်ပါတယ်...



( ဇာတ်ကောင်များ..နှင်းပွင့်..ဥာဏ်ကျယ်..နကားလေး..နဲ့..ညိုလုံး..)



























(ကာတွန်း...လေးလေး)


Share/Bookmark

5 Comments:

Ye-Mon said...

နိုင်ငံတကာ ပညာရေး အကြောင်း ဆောင်းပါးကို ဖတ်ဖူးပြီး မှတ်မှတ်ရရ ရှိနေတယ်။ ဒီဘလောက်ဂါနဲ့ ဆောင်းပါးရေးသူ တစ်ဦးထဲလို့တော့ အခုမှ သိရတယ်။

s0wha1 said...

ကာတွန်းလေးက တော်တော် အဓိပ္ပါယ်ရှိတာပဲ...
ကော်ပီပြီး သိမ်းထားလိုက်ပါပြီ...

ခင်မင်းဇော် said...

တယ်ကောင်းတဲ့ ကာတွန်းလက်ရာလေးတွေပဲ
ကေ့အမက ကာတွန်းဆရာ ဖြစ်နေပြီပဲနော်။
ကိုယ့်သားလေးအတွက် ယူထားလိုက်ပြီ။

ကလိုစေးထူး said...

ကျနော် ကာတွန်းလာဖတ်သွားပါတယ်.. မကေ။

Ka Daung Nyin Thar said...

အန်တီကေ့ အမက ပုံဆွဲသိပ်တော်တာပဲ။
ကျနော် ငယ်ငယ်ကစပြီး အခုထိ ကာတွန်းဆို သိပ်ကြိုက်တာ.. အန်တီကေ့ အမ ကာတွန်းပုံတွေ စိတ်ကြိုက်ဆွဲခွင့်ရပါစေလို့ ဆုတောင်းမိပါတယ်။