အလံတလူလူ



တပ်တော်ဦးဆီ.. မမျှော်ပဲ နဲ့ .. တံခွန်တွေ.. အလံ တွေ တလူလူ လွင့်
မြင်းဟီ သံ တွေ မကြားလိုက်ပဲ .. ရွာတံခါးက အလဲလဲ အပြိုပြို
မြင်းခွါ တချက် တောင် မပေါက်ရ သေးခင်.. မီးတွေ တဟုန်းဟုန်းတောက်လောင်
-
ခပ်သဲ့သဲ့ ပြော ကြ တယ်..
( ဖိုးမောင်လာပြီ.. ) တဲ့

-
ဂုတ်ကျား ဟောင် သံ လိုလို
( ကြားတချက်..မကြား တချက်..)
-
သီချင်း ဆက်ဆို ကြ  ..
(ကမ္ဘာမကျေ..ဗမာပြည်..)
-
အိပ်မငိုက်နဲ့..
အလံ မလဲ စေ နဲ့..
(သတိ) 
-
(ကျဆုံးလေပြီးသော… )
ခေါင်းငိုက်စိုက် ချ ထား ..
-
(အလေး……ပြု….)
နေမြဲ အတိုင်းသာ နေ..
ခေါင်းတွေ ပေါ် မှာ .. သေမင်း အလံ တွေ တလူလူ လွင့် လို့…

 
ဝန်ခံချက်-
အလံ သတင်း ကြား..အလံ အကြောင်း ပြော..အလံ ရုပ်တွေ မြင်... အလံ ကဗျာ အလန်းတွေ ဖတ်ပြီး.. အလံ တလူလူ လွှင့်ကြည့် မိတယ်..


Share/Bookmark

15 Comments:

Moe Cho Thinn said...

လုပ်ချင်တိုင်းကို လုပ်နေကြတော့တာပဲ ကေရေ..၀မ်းနည်း ထိခိုက်နေမိတယ်။ ဘာစကားမှ မဆိုချင်တော့..

ahphyulay said...

နဲနဲ လေးပြောကြည့် မယ်နော်၊
အလံ အသစ်က ဂါနာ အမဲနိုင်ငံ ရဲ့ အလံနဲ့ တူတယ်လို့ 
ပြောသံကြားလိုက်ရတယ်၊ကြယ်ဖြူ၁၄ ပွင့်  ပျောက်သွားတယ်။
ဒါကဖက်ဒရယ်မူမပေးချင်တဲ့ သဘောထား။
အမှန်ကတော့  အရပ်သားလက်လုံးဝ မလွှဲချင်တဲ့ 
သဘောပါပဲ။
ဖတ်ရတာက ပုဏ္ဏားပြောတဲ့ အတိုင်း အင်္ဂါသားဖြုတ်ပြီး
ဗုဒ္ဓဟူးသားက ညနေ၃နာရီမှာတင်ဆိုလား၊ ခန့် ညားထူးဆန်း
တဲ့ နိုင်ငံတော်အမိန့် ပြန်တမ်း၊ အင်း... ကျွန်တော်တို့ နိုင်ငံ
ကို နောက်ဆုံးတော့  ပုဏ္ဏားတွေအုပ်ချုပ်နေတာပါလားလို့ ။

ahphyulay said...
This comment has been removed by the author.
ahphyulay said...

အရှိန်ရသွားလို့ ....
ကိုယ့် လူမျိုးချင်း ကျွန်ပြု နေတာလေ။ အဲ့ ဒါကြောင့် အမေစု
ကပြောခဲ့ တာ၊ ဗမာပြည်နိုင်ငံရေးက အရမ်းညစ်ပတ်တယ်တဲ့ လေ၊
“ဖေဖေလွတ်လပ်ရေးယူပေးခဲ့ တာမှားပြီတဲ့ ” ရင်နာတဲ့ 
စကား၊ရင်ထဲက လာတဲ့  သူ့ စကား၊ ဒီကြားထဲ ဟစ်တလာတုံးက
လိုရှပ်ညိုတပ်ဖွဲ့ နဲ့ တူတဲ့ လက်ကိုင်ဒုတ်ဖွတ်အဖွဲ့ ကပါ ပေါ်လာ
တော့  အမရေ... ဖွတ်တက်သွားတာမှ ပြောင်လိမ့် 
အုံးတော့ မယ်ဗျာ..။

ရွှေရတုမှတ်တမ်း said...

ကဗျာလေးတော့ကြိုက်တယ်..မကေရေ့...
ထင်ရာစိုင်းနေကြတာတွေ..

Thant said...

" နေမြဲ အတိုင်းသာ နေ..
ခေါင်းတွေ ပေါ် မှာ .. သေမင်း အလံ တွေ တလူလူ လွင့် လို့… " .........
အလံအသစ်ကြည့်ပြီး စိတ်ထိခိုက်ဝမ်းနည်းမိတာ မျက်ရည်ပေါက်ပေါက်ကျတယ်........ (T_T)

Thant said...
This comment has been removed by the author.
Shinlay said...

စိတ်မကောင်းဖြစ်မိတယ်။ ဘာတွေလုပ်နေကြပါလိမ့်နော်။

Unknown said...

ကျနော် လဲ နည်းနည်း စပ်စုပါရစေဗျာ...ကြယ်ဖြူ ၁၃ ပွင့် ပျောက်သွားတာ မဟုတ်ဘူးဗျ ၁၄ လုံးပေါင်းလိုက်တာပါ..ဒါကြောင့် ကြယ်ကြီး ၁ ပွင့်ရလာတာလေ...အစ တုန်းကဆို ဆရာတွေများလွန်းလို့  ကျနော်တို့ ဘ၀တွေ မြေစာပင် ဖြစ်ခဲ့ရတာ...အခုတော့...ကောင်းရောဗျာ...နည်းတောင်နည်းသေး...

မမသီရိ said...

သိပ်လဲ စိတ်မပျက်ကြပါနဲ့ လေ..
ဟိုခေတ်ရောက် ဟိုလို ပြန်ပြောင်းကြတာပေါ့..
သူ့ခေတ်မှာ သူကြိုက်တာ သူလုပ်
တို့ခေတ်ရောက်ရင် ပြည်သူတွေကြိုက်တာပြန်လုပ်
ဘာခက်တာမှတ်လို့..
အလံပြောင်တာလောက် စိတ်ထဲ ထားမနေကြကြေး..
ပြည်သူတွေရဲ့ နေ့ရောက်လာရမယ် လို့ ဆက်ယုံကြည်ကြေး
မတရားမှုမှန်ရင် ဆိတ်သုဉ်းရမယ်လို့ ဆက်ယုံကြည်ကြေး

မြတ်မွန် said...

ဝမ်းနည်းမိတယ်..။

ko watote said...

@ aphyulay
အဲ့ ဒါကြောင့် အမေစု
ကပြောခဲ့ တာ၊ ဗမာပြည်နိုင်ငံရေးက အရမ်းညစ်ပတ်တယ်တဲ့ လေ၊
“ဖေဖေလွတ်လပ်ရေးယူပေးခဲ့ တာမှားပြီတဲ့ ” ရင်နာတဲ့ 
စကား၊ရင်ထဲက လာတဲ့  သူ့ စကား၊

အမေစုဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာလား မသိဘူး။ "..." ကစကားကို ဒေါ်စုပြောတယ်ဆိုရင် ဘယ်တုန်းက ဘယ်မှာ ပြောသလဲဆိုတာလေး ပြောပြပေးနိုင်မလား။ record ရှိသလားလို့။ ဒီစကား သူ့ဆီက publicly ထွက်လာတာ တခါမှ မကြားဖူးလို့ပါ။

ဝတုတ်

Unknown said...

စောကေ ကလည်း ဒီအလံစုတ်အကြောင်း အချိန်ကုန်ခံေ၇းနေသေးတယ်

Mi Tay 4 said...

အဖြူလေးပြောတဲ့ အမေစုဆိုတာ သူ့တို့ ရပ်ကွက်ထဲက ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။ စကားစပ်လို့ပြောရရင် ၂ တန်းကလေးတွေ နိုင်ငံတော်အလံအကြောင်းသင်လို့ ပုံဆွဲရရင် ပင်နယံ ၀ိုင်းအောင်မဆွဲတတ်လို့ စပါးမှာ အနှံတွေမထည့်တတ်လို့ ကြယ်ဖြူ ၁၄ လုံးကို နေရာ ညီညီမချတတ်လို့ အပြာရောင် အကွက်ကို ဘယ်ထောင့်နဲ့ ညာထောင့်မှားဆွဲမိလို့ စိတ်မညစ်ကြရတော့ဘူးပေါ့။ ရောင်စုံခဲတံတော့ နည်းနည်းထပ်ဝယ်ပေါ့။

Mi Tay 4 said...
This comment has been removed by the author.