ပလုံ ဗုတ်


ဒီတခါ တော့..မရေးတော့ဘူး ဆို ပြီး..လက် နှစ် ဖက် ကို ..ခုံ အောက်မှာ အတင်း ဖွက် ထား တာ.. ဟောဒီ မှာ.. ကို အန်ဒီ က..လာ ပွား တော့.. မနေ နိုင် ဘူး။

ကိုပေါ ဆီ က.. စလုံး က ပုံ တွေ ကြည့် တော့လည်း.. ရင် တွေ ခုန် လိုက်တာ..တဒိန်း ဒိန်း နဲ့။ ဂျပန် က ပုံ တွေ ကလည်း.. သွေး ဆူ လောက် အောင် ကို.. ။

ခက် တာ က.. စာ တိုက် က ရောက် လာ တဲ့..ဖိတ် စာ လေး ၂ စောင် ကို.. အငေး သား ဖတ် ပြီး.. ဘာလုပ် ရမှန်း မသိ လို့..အသာ လေး ပြန် ပိတ် ထား တာ..၂ ရက် ရှိ ပြီ။ (၂၉) ရက် နေ့ မှာ..ဆန္ဒမဲ ပေး ချင် ရင်.. Cambera ကို လာ ခဲ့ ပါတဲ့။ အရှေ့ နဲ့ အနောက် လို ဝေး တဲ့ သံရုံး စိုက် ရာ မြို့တော် ကြီး ကို ဘယ်လို သွား မလဲ။ ရက် ကလည်း တရက် ထဲ.. တရက် တည်း ကိုမှ..အင်္ဂါ နေ့ ..ကြား ရက်.. ။ အစီအစဉ် က..အဲလောက် ကောင်း ပေမဲ့..မတတ်နိုင်...လေယဉ် စရိတ် ..နေစရိတ်..ဘာ စရိတ် နဲ့ တင်.. တထောင် လောက် တော့ ချော မှာ...။ ကိုယ် က လည်း မကျိုး သေး တော့.. မစွန့်နိုင် ဘူး။ အိမ် က ဘိုး တော် ကတော့..ရွဲ့ တယ်။ .. ` သွားချင် သွားပေါ့..တန် အောင် လို့..တရုတ် မီးရူး တိုင် ပါ အော် ခဲ့ ´ တဲ့။

တခု ခု တော့..ပွား မှပဲ။ ဒီ အတိုင်း ကြီး တော့..နေမထိ ..ထိုင်မ သာ ဖြစ် လှ တယ်။ ဖုံးခေါ် ကြည့်မယ် ကွာ ဆို ပြီး..

` ဖိတ်စာ ရ လို့ပါ ရှင်.. အဲဒါ.. သိပ်ဝေး တဲ့ လူ တွေ အတွက်..ဘယ်လို များ အစီ အစဉ် ရှိ လည်း လို့´

` အော်.. ဟုတ်ကဲ့.. စာနံပတ် ကလေး ပြောပါ နော်.. ´

` ++++++´

` ဟုတ်ကဲ့..ကျ နော် တို့ မှတ် ထားပါမယ် နော်...´

` ရှန်..ဘာ မှ လုပ်မပေး နိုင် ဘူးလား သိချင်တာ ပါ´

`ဟုတ်ကဲ့..ဘာ မှ လုပ် လို့ မရ ပါဘူး ခင်ဗျ..ရက်ကလည်း ကပ်နေ ပီ လေ.. ကျနော် တို့ မှတ် ထား ပါမယ်´

ဟာ.. မဖြစ်ချေ ဘူး

` ကျ မတို့ ခု လို ဖုံးခေါ် လို့..စာနံပတ် ကြီးက နေ ပြီး..ဘာမှ ကိုယ်ထိ လက်ရောက် မလုပ် ရ ပဲ နဲ့.. မဲတခု တော့..ဖြစ် မသွား ပါ ဘူး နော်´

` အာ..အဲလို ဘယ်လုပ် လို့ ရမလဲ ခင်ဗျာ..မဖြစ် ပါဘူး´

` ဟုတ်ကဲ့ပါ ရှင်..ကျမ နား လည် ပါတယ်.. တကယ် ဆို..မြို့ကြီး တွေ တိုင်း မှာ မဲပေး နိုင် ရမှာ နော်.. ´

`ဟုတ်ပါ တယ် ခင်ဗျ´

` ဒါဆို..ဘာ မှ လုပ်လို့ မရ ဘူး ပေါ့.. ကျ မတို့..ဒီတခါ မဲပေးခွင့် ဆုံးရှူံး သွား ပြီပေါ့..´

` ဟုတ် ကဲ့ ပါ.. ခုလို စိတ်ဝင် တစား ဖုံး ဆက် တာ.. ကျနော် တို့ မှတ် ထား ပေး ပါမယ်..´

ကဲ..အဲ လောက် ပါပဲ.. တခု ခု မေး လိုက် ရ လို့ ..နဲနဲ တော့..တင်းတိမ် သွား ပါတယ်။


Share/Bookmark

5 Comments:

Dr. Yi Yi Win said...

ကျွန်မတို့ တော့မြန်မာပြည်မှာနေတာတောင် ဘာစာမှမရသေးဘူး။
အိမ်ထောင်စုစာ၇င်းရှိတဲ့ရန်ကုန်မှာများ စာရောက်နေလားမသိဘူး။
လာလည်သွားလို့  မနည်းပြန်ရှာပြီးလိုက်လည်တာပါ။

nu-san said...

မကေရေ.. Andy ဆီလည်း အခုပဲ အော်ခဲ့တယ်။ အတူတူပါပဲ အမရယ်.. ဒီမှာလည်း ခရီးက ဝေးပြီး ရုံးက ၂ ရက်လောက် ခွင့်ယူရမယ့် အခြေအနေ။ ကျွန်တော့ဆီတော့ စာမလာဘူး အမျိုးသားက အခွန်ဆောင်ထားတာ မကြာသေးလို့ သူ့ဆီစာလာတယ်။ သွားရမယ့် စရိတ်ကလည်း မသေးလှဘူး။ ကိုယ်ချင်းစာတယ် အမရေ.. ကျွန်တော်ဆို အရမ်းမဲပေးချင်တာဗျ.. အရင်တခေါက်တုန်းကလည်း မပေးခဲ့ရဘူး။

Andy Myint said...

ကျွန်တော်တော့ မနေက ပြန်ရောက်သွားမှ စာရောက်နေကြောင်း သိရတာ။ ဖုန်းနဲ့ ပေးလို့ရလည်း ကောင်းသာ။ ဥပမာ Please enter your passport followed by # key. Press ‘1’ for Yes , ‘0’ for No လိုမျိုး။ :)

ကိုပေါ said...

“ပလုံ ဗုတ်” ဆိုတော့ အမှတ်တမဲ့နဲ့ ဖတ်လိုက်တော့ ဇဗ္ဗူ့သပြေသီးကို ငါးကြီးဟပ်တဲ့ ဗြောသံ နဲ့ မှားသွားတယ်။ ဟိုဟာက ပလုတ်ဗြုန်း လေ။ နောက်မှ ဂလိုကိုး ဆိုပြီး သဘောပေါက်သွားတယ်။

Anonymous said...

Same here!! If anyone wants to see a man who never cast a vote in life until he is 30+ then I can proudly present myself. In 1991, I could not vote because I was young now I am damn old but still cannot vote. What a life!!!