တောင်ပေါ်မြေ ရဲ့ အခြား တမျက်နှာ မှ…



နိုင်ဇော် ရေး တဲ့.. စိုင်းထီးဆိုင် အကြောင်း စာအုပ် စာ အုပ် ကလေး လက် ထဲ ရောက် နေတာ အတော်ကြာ ခဲ့ ပြီ။ ဖတ်ပြီး ခဲ့ တာလည်း တနှစ် ကျော် တောင် ရှိ တော့မယ် ထင်တယ်။ တကယ် ဆို.. မြန်မာ နိုင်ငံ လူဦးရေ ရဲ့… လေးပုံ တပုံ လောက် က..သိပြီး ဖြစ် နေ မဲ့.. အဆိုတော် တယောက် အကြောင်း ကို..ဘာမှ ထွေထွေ ထူး ထူး ပြန် ပြီး ရေးပြ စရာ လည်း မလို အပ် လှ ပါဘူး..။ အော်ပီကျယ် ရဲ့ ကာတွန်း လေး လိုပဲ..မြန်မာ ပြည် မှာ.. သူ..ဘယ်သူ ဆို တာ..အားလုံး သိ ထား ပြီး သား ပါ..။ အဲဒါ ကြောင့် လည်း..စာအုပ် ထဲ မှာ.. အရင်က..သေချာ မသိ ခဲ့ တဲ့..စိတ်ဝင် စား စရာ လေး တွေ တချို့ ဖတ်လိုက် ရ တာ တောင် မှ .. ထုံးစံ အတိုင်း..ပြောချင် ရေး ချင် နေ မိ ပေ မဲ့.. တော်ပါ ပြီ ကွာ..ဆို ပြီး..စာအုပ်ပုံ ထဲ ပဲ ပြန် ထဲ့ ထား လိုက် မိ တယ်။



တခါ.. မိတ်ဆွေ တယောက်က..သူ့ ရဲ့ ဘလော့ မှာ.. စိုင်းထီးဆိုင် အကြောင်း စာအုပ် တွေ ဘာတွေ မရေး ကြ ဘူး လား မသိ လို့.. ပြော တာ နဲ့.. မနေ နိုင် မထိုင် နိုင်.. ဒီစာအုပ် ရှိ ကြောင်း သတင်း ပေး ရင်း.. တခုခု ရေးချင် စိတ် ပေါက် လာ ပြန် သေး တယ်..။ ပြီး တော့ လည်း.. ပျင်း သွား ပြန်ရော..။

ပြီး တဲ့ ဧပြီလ က တုန်း က တခါ.. အမျိုးသား က.. ရန်ကုန် ခဏ ပြန် ရင်း.. သူ နှစ် သက် တဲ့.. မြန်မာ ဂစ်တာ ပညာရှင် အဆိုတော် တွေ ရဲ့..အခွေ တွေ .. အများကြီး သယ် လာ လေ တယ်။ ထူးအိမ်သင် ရဲ့ ဘလူးစ် လက်ရွေးစင် တွေ.. ဇော်ဝင်းထွတ် ဘလူးစ် တွေ အပြင်.. “ ဟေး.. စိုင်းထီးဆိုင် ရဲ့..သီချင်း တွေ အကုန် သွင်း လာ တယ် .. ၅၀၀ တောင် ကျော် မယ် ” လို့..၀မ်းသာ အားရ နဲ့ ပစည်း တွေ ချ ရင်း ပြော ရှာ တယ်.။ စိုင်းထီးဆိုင် အကောင်းဆုံး လက်ရွေးစင် အခွေ တွေ ဆိုတာ.. အိမ်မှာ.. အများကြီး ရှိ ပြီး သား မို့.. အင်း..တချက်ပဲ ပြော ပြီး.. သိပ် စိတ် မ၀င် စား မိ ဘူး။

ပလေယာ က နေ.. သီချင်းသံ ထွက် လာ တော့ မှ.. လူကြုံ ထဲ့ပေး လိုက်တဲ့.. စားစရာ တွေ ကို ဖြေ နေ တဲ့ လက်တွေ ရပ်တန့် သွား ရ တော့ တယ်။ ကြိုး ၆ ချောင်း ပေါ်က နေ.. အရိုင်းဆန် ဆန် ခုန်ဆင်း လာ တဲ့.. ဂစ်တာ သံ တွေ ရယ်.. အဲဒီ အပေါ်မှာ..အသာ အယာ စီးနင်း မျော ပါ လိုက် လာ တဲ့.. စိုင်းထီးဆိုင် ရဲ့.. အသံ ချိုချို လေး ရယ် က.. အခါ တိုင်း နားထောင် နေ မိ တဲ့.. စိုင်းထီးဆိုင် သီချင်း တွေ နဲ့ မတူ..။ အသေ အချာ ပြော ရ ရင် တော့.. နည်းပညာ အစွမ်း တွေ နဲ့.. ညီညာ ချောမွေ့ နေ တဲ့..တူရိယာ သံ မျိုး မဟုတ် ပဲ.. အရိုင်းဂစ်တာ သံ တွေ ကြားက.. စိုင်းထီးဆိုင် ရဲ့ ငယ်သံ စစ်စစ်..။

အဲဒါ.. မြို့ထဲက..ယင်းမာ တေးသံ သွင်း မှာ.. လူကိုယ်တိုင် သွား ပြီး.. အသေ အချာ တောင်းကူး လာတာ .. ကက်ဆက် ခွေ ခေတ် က၊ မူရင်း သီချင်း အဟောင်း တွေ လေ လို့၊ ဂုဏ်ယူ ၀င့်ကြွား စွာ ပြော နေ တဲ့ ၊ သူ့ကို သာ .. ကျေးဇူး တွေ တင် လိုက် ရ ပါ တော့ တယ်။

အပယ်ခံ အပြင် ဘ၀ က..အရိုင်း ဂစ်တာ လေး..
လွတ်လပ်မူ တေးသံ..ရှာကြံ ဟစ် ကြွေး..
ငြိမ်းချမ်း မူ တေးသံ ရှာကြံ ဟစ် ကြွေး နေ သေး…..

အဲဒါ..ဂျင်မီဟန်းဒရစ် စတိုင် အစစ် ပဲ.. ဆိုပြီး.. သူ ကလည်း သူ့ဖီလင် နဲ့သူ..ကျေနပ် နေ လေ ရဲ့..။

ကိုယ်က တော့.. အတွေး သမား .. စာအုပ် သမား ပီ ပီ..သိပ်မကြာ သေး ခင် က.. ဖတ် လိုက် မိ တဲ့.. စာအုပ် ထဲ က..အကြောင်းလေး တွေ ဆီ ပဲ .. ပြန် ဆက်စပ် တွေး ကြည့် နေ မိ ခဲ့ တယ်။

အဲဒီ ခေတ် ..၁၉၆၂ လွန် ကာလ တွေ ဆိုတာ.. မြန်မာ နိုင်ငံ ကြီး တခု လုံး ဆိုရှယ်လစ် ၀တ်စုံ ကြီး ကို..အရေ ခြုံ ပြီး .. ကုန်သွယ် မူ တွေ အကုန် ဖြတ် တောက် ထား ခဲ့ တဲ့.. အပြင်းထန် ဆုံး အချိန် တွေ ပဲ..။.. နေ့စဉ် အခြေခံ စားကုန် သောက်ကုန် တွေ တောင်..အလွယ် တကူ ၀ယ်ချင် တိုင်း ၀ယ်စား လို့ မရ တဲ့ ခေတ်..။ နိုင်ငံ ရပ်ခြား စာအုပ် တွေ.. ဂီတ အသုံး အဆောင် တွေ ဆို တာ တော့..ဝေ လာ ဝေး ။ အဲဒီ လို အချိန် မှာ.. ဂီတ ကို.. အရူး အမူး ဖြစ်နေ တဲ့... တောင်ပေါ် သား.. တောသား လေး တယောက် အတွက် .. ကိုယ်ပိုင် ဂစ်တာ တလက် ရ ဖို့ နဲ့.. ကျွမ်းကျင် အောင် လေ့ကျင့် တီးခတ် ဖို့ ဆို တာ .. အတော် မလွယ် ခဲ့ တဲ့.. ကိစ္စ ဖြစ်မှာပါ ။ ဆရာ ကောင်း နဲ့ သင်ကြား လေ့ကျင့် ဖို့ ဆိုတာ..ပိုလို့ တောင် ခဲယဉ်း နေ လိမ့် ဦး မယ် ။ ဒါပေမဲ့.. ဘော်ဒါ ဆောင်က..ဆရာ့ ဂစ်တာ လေး ကိုင် ကြည့် လိုက်.. သူငယ်ချင်း တွေ အိမ် သွား လည်ရင်း..သူတို့ ဂစ်တာ လေး တွေ ကောက်တီး လိုက် နဲ့.. လူပျိုပေါက် အရွယ်.. စိုင်းထီး ဆိုင် တယောက်..ဂစ်တာ တလက်..ပြင်းပြင်း ထန် ထန် တောင့်တ နေ မိ ပေ လိမ့် မည်.. ။ ခရစ်ယန် သင်းအုပ် ဆရာ တယောက် ရဲ့ သား ဖြစ် တဲ့..စောဂျက်ဆင် က တဆင့်.. ဂစ်တာ နဲ့ ပို နီးစပ် လာ ခဲ့ ရင်း.. တီးလို့ ဆို လို့ ရ သမျှ..ဘုရားကျောင်း ၀တ်ပြု သီချင်း တွေ ပါ မကျန် လေ့ကျင့် တီးခတ် တော့ သည်။ ငယ် ငယ် ကလေး တည်းက.. မိဘ ဇာတိ ရပ်ရွာ နဲ့ ဝေး ပြီး.. ကျောင်းအိပ် ကျောင်းစား ကြီးပြင်း ခဲ့ ရ သူ ဆို တော့.. မေတ္တာလည်း ငတ်မည်..အဖော် လည်း မင် မည် ပေါ့..။ စိုင်းထီးဆိုင် တယောက်..နှစ်ခြင်းခံ ၍ ခရစ်ယန် တယောက် ဖြစ် ခဲ့ ဘူး တာ ကို တော့ ..လူ တွေ သိပ် သိကြ မည် မထင်။

တကယ် တော့..သူက.. ခရစ်ယန် တွေ နဲ့.. အကျိုးပေး သ လောက်..ဂီတ ကို ငယ် စဉ် ကတည်း က..ယဉ်ပါး လာ ခဲ့ သူ ပဲ..။

လွယ်လင် မြို့က.. ကိုလိုနီ ခေတ် အကြွင်း အကျန် ..Boarding school လေး ကို.. ၅ နှစ် သား ကျော်ကျော် လေး နဲ့ ရောက် လာ တော့.... သူ့ကို ချစ် တဲ့.. ဘရာသာ တယောက်..အိန္ဒိယ က နေ ၀ယ်လာ တဲ့..ယူကာလီလီ လေး က..သူ့ရဲ့ ပထမ ဆုံး ကြိုးတပ် တူရိယာ က လေး။

အဲဒီ နောက် တော့.. ပါရမီ ကို အရင်း တည်..၀ါသနာ နဲ့ပျိုးထောင် ခဲ့ ကြ တဲ့..သူတို့တွေ ရဲ့ ဂီတ အသီးအပွင့် တွေဟာ ... ပွင့်ချိန် တန်  လို့..မွှေးချိန် ရောက် လာ ခဲ့ တော့ တာ ပါ ပဲ လေ..။ မျိုးစေ့ ကျဲသူ က ကျဲ ၍..ရေလောင်း ပေါင်းသင် သူ က.. ပေါင်းသင် ကြ ပေ မဲ့.. အပင် ကို ကြီး ထွား စေ တာ ကတော့.. ဘုရားသခင် လို့..ဆို ရိုး ရှိ တယ် မဟုတ် လား..။ သူတို့ တွေ ဆို တာက..စိုင်းထီးဆိုင် အပါ အ၀င်.. စိုင်းခမ်းလိတ်..စိုင်းခမ်းသီ.. စောသိမ်းဝင်း ..စောဂျက်ဆင်..ခွန်မျိုးလွင်.. စ တဲ့.. တောင်ပေါ်သား လူငယ် တစု..။ The Highlanders လို့..အမတေ ခဲ့ တဲ့.. ၀ါသနာ တူ လူငယ် တစု ရဲ့.. ပေါင်းစည်း ဖန်တီး မူ တွေ…။ လွတ်လပ် သစ်လွင် တဲ့.. အနုပညာ တွေ…။ နေ့စဉ် ဘ၀ ထဲက.. ရိုးသား ပွင့်လင်း တဲ့.. သီချင်း စာသား တွေ..။

သူငယ်ချင်း .. သူငယ်ချင်း..ရေ..
မင်း ..ငါ့ကို တကယ် ခင်ယင်
အရက်တခွက်တော့ တိုက်စမ်းကွာ.. ဘာမှ မမေးနဲ့
ငါ စိတ်ညစ် လွန်း လို့ပါ..
(ဒီည)..ငါ စိတ်ညစ် လွန်း လို့ပါ..

“ ကြည့်စမ်း..ဘာမှ မဟုတ် တဲ့..စာသား တွေ ပေ မဲ့.. တီးကွက် တွေ.. အရိမ်းခ်ျမန့် တွေ က…အရမ်း မိုက် တာ ပဲ ကွာ....တကယ့်.. ကလင်းန် တုန်းန် တွေ..”

သူ က အတီး ကို အာရုံ စိုက် နေ သလို..ကိုယ် ကလည်း..စာသား တွေ နောက် လိုက် နေ မိ သည်။

“ အင်းလေ.. အဲဒီ တုန်းက.. လူကြီး တွေ တအား ဝေ ဖန် တာပေါ့.. အရက် ၀ိုင်း ကို..သီချင်း လုပ် ဆို လို့ ဆို ပြီး.. ပြော လိုက် ကြတာ.. ”

တကယ်တော့... စိုင်းထီးဆိုင် သီချင်း တွေ ကို..စ ပြီး ကြားဖူး နားထောင် ဖူး တော့... လေးငါး တန်း အရွယ် ပဲ ရှိ အုံးမည် ထင် သည်။ စတီရီယို သီချင်း တွေ ကို.. စိတ်ကြိုက် အခွေ နဲ့ နားထောင် လို့ ရ တဲ့.. ကက်ဆက် ဆိုတဲ့..ပစ္စည်း အသစ် အဆန်း လေး ကို.. မှတ် မှတ် ရ ရ.. မိသားစု ဘုရားဖူး သွား ကြ ရင်း ..မော်လမြိုင် သံဖြူဇရပ် မှောင်ခို ဈေး လေး မှာ.. ကြီးဒေါ် ကိုယ်တိုင် ဆင်း ပြီး ၀ယ် လာ ခဲ့ တာ ။ အဲဒီ အချိန် မှာ..အကို ၀မ်းကွဲ တွေက..လူပျို တွေ ..ကောလိပ် ကျောင်းသား တွေ.. ဖြစ် နေ ပြီ ဆို တော့.. သူတို့ ဖွင့် တဲ့. .ခေတ် အလိုက် နှစ်ခြိုက် စရာ သီချင်း တွေ ကို.. အငယ် တွေ က... နားမလည် တလည်.. မမီ မကမ်း နဲ့.. နားစိုက် ထောင် ကြ သည် ။ စိုင်းထီးဆိုင်.. ခွန်သန်းထွန်း.. ဖိုးချို..ခင်ဝမ်း.. ဘာတွေ ဆိုမှန်း တော့ မသိ.. အကို အတွေ အမ တွေ ရဲ့.. သူငယ်ချင်း တွေ လို ပဲ.. စိတ် ထဲက..သိနေ ခင်နေ..နှစ်သက် နေ ခဲ့ သည်။ သူ တို့ကို ငေးမော အားကျ ရင်း နဲ့ပဲ..ဆံပင် ရှည်ရှည်.. ကော်လံ ရှည်ရှည်..ခေါင်းလောင်း ဘောင်းဘီ ရှည်ရှည် ခေတ် ကို လည်း.. ခြေဖျား ထောက် ကြည့် ပြီး မြင်ဖူး လိုက် သည် ။ အဲဒီ တုန်း က.. မျက်စိ စပါးမွေး ဆူး နေ တဲ့.. လူ ကြီး တွေ က.. “ ဟဲ့..နင်တို့ သီချင်း တွေ က လည်း ဘာ တွေ မှန်း မသိ.. ဒုံးချပ်..ဒုံး..ချပ်.. နဲ့.. အဆိုတော် က လည်း ဟယ်..ရုပ်က..ဆိုး လိုက်တာ နာ နေတာ ပဲ ”..လို့ ပြောရင်.. မမကြီး တို့.. စိတ် တို တာ ကို လည်း၊ မှတ် မိ နေ သည်။ တကယ် တော့.. အဲဒီ အချိန် တွေ မှာ..စိုင်းထီးဆိုင် က.. သီချင်း တွေ..အများ ကြီး ပေါက် ပြီး လို့…နိုင်ငံ ကျော် အဆိုတော် ဖြစ်နေ တာ ကြာ ပြီ။ နံပါတ်ဖိုး ကိစ္စ နဲ့..ထောင်ကျ ရာက တောင် ...လွတ် နေ ခဲ့ ပြီ။ ဒါပေမဲ့.. ခြင်္သေ့ လည်ပြန် သီချင်း တွေ က တော့.. လူငယ် တိုင်း ရဲ့.. ပါးစပ်ဖျား မှာ.. ဆို ကောင်း တုန်း.. လက် ဖျား တွေ နာကျင် အောင်.. ဂစ်တာ တွေ တီး ကြ တုန်း..။

တနိုင်ငံ လုံး အနှံ့ အပြား..လက်ခံ အားပေး လာ ကြ တဲ့.. အဲဒီ..ဒုံ ချပ်.. ဒုံ ချပ်..သီချင်း ဆန်းဆန်း လေး တွေ အတွက်..သူတို့ ဖြတ်သန်း ခဲ့ ကြ ရ တဲ့.. အားထုတ် ကြိုးပမ်း မူ တွေ အကြောင်း.. စာအုပ် ထဲ မှာ..ဖတ် ရ တုန်းက.. အံသြ ချီးကျူး ဂရုဏာ သက်မိ ယုံ သာ..။ ပထမ ဆုံး အခွေ.. ‘သဘာဝ’ နဲ့.. အစောပိုင်း သီချင်း တော် တော် များများ က... ရုပ်ရှင် ခြံ တွေ ထဲ မှာ.. သွင်း ခဲ့ ကြ ရ တာ လေ…။ စကား တွေ ကလည်း မပီ.. လမ်းဘေး မှာ သံဖြူ ခွက် တွေ တီးနေ သလား လို့ တောင်.. ပက်ပက် စက်စက် ပြော ခံ ခဲ့ ရ တယ် လို့.. စာအုပ် ထဲ မှာ ရေး ထား သည်.။

ခု တော့ .. အဲဒီ... ဂစ်သာသံ ရိုင်း ရိုင်း လေး တွေ က....အဆောင်ရှေ့ အုတ်ခုံ ပေါ်က ပဲ.. လာ တီးပြ နေ သလိုလို.. နယ် ဘုရားပွဲ က.. ဗလာ ပွဲ လေး တခု ဘေး မှာ ပဲ.. ရပ် နား ထောင် နေ ရ သလိုလို ။

စိုင်းထီးဆိုင် ရဲ့.. မွေးနေ့ အထိမ်း အမှတ်.. ထရိတ်ဒါး မှာ လုပ် တဲ့.. Unplugged နဲ့ တောင် မတူ..။ မင်းသား နဲ့ မင်းသမီး တွေ.. တောင်ပြေ်း လိုက် မြောက် သွား လိုက်.. ငိုလိုက် မဲ့လိုက် လုပ် နေ တဲ့ .. မျက်စိ နောက် စရာ.. ကာရာ အို ကေ.. အခွေ တွေ နဲ့ဆို ရင် တော့..လား လား မှ ကို.. မဆိုင် ။ အဟောင်း နဲ့ အသစ် ။ အစစ် နဲ့ အတု ၊ ယခု နဲ့ ယခင် .. မတူ နိုင် ပါ..။ အဲဒီ သီဆို ဖြေဖျော် မူ တွေ ရဲ့ နောက် က.. နုပျို တဲ့..နှလုံးသား နဲ့.. ရင့်ကျက် တဲ့..ခံစားမူ တွေ က လည်း.. ကွာခြား သွား ခဲ့ ကြ ပြီ ပဲ လေ။

လေထဲ မှာ လွင့် မြော တဲ့.. စိတ္တဇ အလွမ်းရယ်..
သစ်ရွက် ကြွေ တွေ လိုပဲ..ပြေးကစားတယ်
အတိတ်က..အဖြစ်တွေ..တရိပ်ရိပ် ပေါ်လာတုန်းဝယ်..
မြင်နိုင်သလို.. တခါတခါ မပီပြင် မှုန်ဝါးတယ်..

“ အဲဒီ သီချင်း လေးက.. ထီးဆိုင် ကိုယ်တိုင် စပ်တာ ပဲ ကွ.... သူ့ သီချင်းလေး တွေ က.. ပို တောင် ချို သလို ပဲ..”

“ အင်းလေ.. အဲဒါ သူ့ရဲ့..ကိုယ်ပိုင် အချစ် ခံစားမူ လေး ပဲ..စာအုပ် ထဲ မှာ လည်း ပါတယ်..အချို ဆို တဲ့ စော်ဘွား အနွယ် ကောင်မလေး နဲ့.. တယောက် နဲ့ တယောက်.. .. ရင်းနှီး တွယ်တာ ခဲ့ ကြ တဲ့.. အချိန် တွေ မှာ.. ဖန်တီး မိ ခဲ့ တာ တဲ့..

နောက်ပြီး.. မောင့်လားဟူ မလေး .. ကလည်း..တကယ့် ထီးဆိုင် ရဲ့.. အချစ် ဇတ်လမ်း တို လေး တခု ပဲ.. တဲ့…လေ”

အချိန်တွေ ကုန်ခဲ လို့.. အသဲကျွမ်း လု ပြီ ကွယ်..
နွေကန္တာ ခရီး ထဲ နွမ်းလျ လှ ပါတယ်..

ဘာ မှန်း လည်း မသိ.. အသံ ချိုချို လေး က.. နားထောင် မိသူ အဖို့..တခုခု ပြောချင် ရေးချင် လာ အောင်.. စွဲ ဆောင် နေ လွန်း လှ သည်။ ဒီ သီချင်း လေး တွေ အကြောင်း..စာလေး တပုဒ် လောက် တော့.. ရေး ဖြစ် အောင် ရေး အုံး မယ် ကွာ…။ စာ အုပ် စင် ထဲက.. နိုင်ဇော် ရဲ့.. စိုင်းထီးဆိုင် ဘ၀ ကောက် ကြောင်း စာအုပ် ကလေး ကို...လှန် လှော ရှာဖွေ ရင်း ဆွဲ ထုပ် မိ တော့ သည်။

ဆုတောင်း ရယ်.. မပြည့် နိုင် တယ်..
အသံ ချို အေးလေး ရှိပါလဲ..
ရုပ် ဆင်းက..နုံခြာ တယ်..
သြော်… စိတ်မနာ သူ ရှိ မလား..သူ့ဘ၀ ရယ်…
နောက် တော့ လည်း.. ထီးဆိုင် တယောက်.. သူ-ချစ် ကို အသက်ထက် ဆုံး ရသွား ခဲ့ ရှာ လေ သား ပဲ နော်..။ တည်ငြိမ် တဲ့..မေတ္တာ ကမ်းစပ် မှာ..ခိုလှုံပါရစေ… ဆို တဲ့..လှေငယ်ရှင် ဆု တောင်း က လေး ..ပြည့်သွား ခဲ့ သည် ပဲ။

ဒီ စာအုပ် ထဲမှာ..သူ့ ဇနီး ..ခင်သန်းစိုး စပ် ထား တဲ့.. ချစ်သူ ခင်ပွန်း အတွက်.. ကဗျာ လေး တွေ..အများ ကြီး တွေ့ ရ လေ သည် ။ သူမ ကလည်း..အနုပညာ..စာပေ ဂီတ နှင့် ဝေးသူ မှ မဟုတ် တာပဲ။ စိုင်းထီး ဆိုင် ကို.. နှစ်သက် လွန်း လို့.. အသိ တယောက် က တဆင့်..မိတ်ဆက် ထမင်း ဖိတ်ကျွေး ရင်း… စ တွေ့ တဲ့ နေ့ က..စ ပြီး.. နေ့တိုင်း..ဒိုင်ယာရီ လေး တွေ ရေး ပြီး.. သိမ်း ထား ခဲ့ သည် တဲ့..။ သူမ တင်မက.. တအိမ် လုံးက..ထီးဆိုင် ရဲ့ ပရိ သတ် တွေ။ အကို လုပ် တဲ့ သူ က ဆို.. မမြင်ရ ခင်.. မခင်ရ ခင်.. အမျိုးမတော် ခင် ကတည်းက .. စိုင်းထီးဆိုင် ပုံတူ ပန်းချီ ကား ကို တောင် ရေးဆွဲ ထား သ တဲ့..။


ကိုထီးသည် သူ၏ ရုပ်ပုံလွှာ ပန်းချီ ကား ကို အပီ အပြင် ရေးဆွဲ ပြီး တော့..အိမ်လယ် ခန်း တွင်..တခမ်းတနား အမြတ် တနိုး ချိတ်ဆွဲ ထား သည့် အိမ် တအိမ် သို့ အလည် ရောက် သွား ရ လိမ့် မည် ဟု စိတ်ကူး အိပ်မက် မျှ ပင် မမက်ခဲ့ စဖူး…။

နိုင်ဇော် ရဲ့ ရေးသားဟန် က.. ဘေးက ပြော တဲ့ ဟန် ပေမဲ့.. တချို့ နေရာ တွေ မှာ တော့..တကယ်ပဲ.. ကိုထီး ကိုယ် တိုင် ပြောနေ ရေးနေ သလိုလို.. ။

ပြီးတော့..ဒီ စာ အုပ် ထဲ မှာ.. သဘောကျ နှစ် သက် မိ တာ က.. စိုင်းထီးဆိုင် ရဲ့ ကောက်ကြောင်း နဲ့ အတူ...ခေတ်ပြိုင် တွေ ရဲ့.. နောက်ခံ ခဲခြစ် ရာ ကလေး တွေက လည်း.. အဲဒီ ခေတ် ကြီး တခု လုံး ကို..မြိုင် မြိုင် ဆိုင် ဆိုင် ရုပ်လုံးကြွ နေ စေ သည်..။ ဟိုး..ရှမ်း ပြည် မှာ တည်းက.. အတူတူ ကျောင်းတက် ခဲ့ .. ရှမ်းသီချင်း တွေ ဆို ခဲ့ ကြ တဲ့..စိုင်းဆိုင်မောဝ် က စလို့.. မန္တလေး က.. ဟန်တင်..မြတ်ဝတ်ရည် .. ဂျယ်ရီ ..ဘိုတောက်…။ နောက် ဆုံး.. မြန်မာ့ စတီရီယို ခေတ် တ ခေတ် မှာ.. အတူတူ ထွန်းတောက် ခဲ့ ကြ တဲ့.. ကိုယ်ပိုင် သံစဉ် သမား.. တွေ ဖြစ် တဲ့..ကိုနေ၀င်း..ကိုရဲလွင်..ခင်မောင်တိုး..ဂျေမောင်မောင် အဆုံး.. သီးသန့် လိုင်း တခု ဖြစ် တဲ့..သန်းနိုင်..စိန်လွင် တို့ ပါ မကျန်။

ထီးဆိုင် တို့..မန္တလေး တက္တသိုလ် က.. တောင်ပေါ်သား တအုပ်.. နောက်ဆုံး တော့.. ရှိသမျှ ပိုက်ဆံ လေး တွေ ခြစ်ကုပ် စု ဆောင်း ပြီး..ရန်ကုန် ဆင်း အခွေ သွင်း ဖို့ လုပ် ကြ သည်။ မန္တလေး ရုပ်ရှင် ခြံ မှာ သွင်းခဲ့ တဲ့ ပထမ အခွေ က.. ဘာမှ သိပ် အရာ မထင် ။ အဲဒီ အချိန် မှာ.. သန်းနိုင် တို့ စိန်လွင် တို့.. ဆွေ မျိုး အုပ်စု မှာ.. ငွေကြေး တောင့်တင်း သလို.. ဦးဘသိန်း စတူဒီယို ကြီး တခု လုံး နဲ့.. Play Boys တီး ၀ိုင်း ကြီး ရှိ နှင့် နေ ပြီ။ သူ တို့ ရဲ့.. ချောက်တိ ချောက် ချက်.. လာခါနီး မှ.. ဂစ်တာ စု ၀ယ်..ဒရမ် ပြေးငှါး လာ ရ တဲ့.. အုပ်စု လေး ကို.. အထင် မကြီး သလို.. လှိုက်လှိုက် လှဲလှဲ မရှိ ခဲ့။ အသံ သွင်းရ တာ..အဆင် မပြေ..။ ဒီကြား ထဲ..ဖြစ်ချင် တော့.. ရှမ်း သူဌေး တယောက် က..သူ့ သမီး အတွက်..အခွေ ထုတ် ဖို့..ကမ်းလှမ်း လာ လို့.. စိုင်းခမ်းလိတ် က.. သီချင်း တွေ အားကြိုးမာန်တက် ရွေး .. စိုင်းထီးဆိုင် ကလည်း.. ၀မ်းသာ အားရ ရှိ နေ တုန်း မှာ.. “ ထီးဆိုင် ဆို တာ လည်း စိန်.. ဦး တို့ မှာ လည်း.. စိန် အဆိုတော် တယောက် ရ ထား ပြီ ” ဆို ပြီး.. အနီး ကပ် မှ.. တေ့ ဖြုတ် သွား တဲ့.. ပြသာနာ တခု မှာ.. နာမည် ကို အတိ အကျ မရး ထား ပေ မဲ့.. ဘယ်သူ ဆို တာ..မှန်းကြည့် လို့ ရ နေ ခဲ့ သည် ။

အနှိမ်ခံ..မျက်နှာမွဲ.. အချိန် တွေ ပေါ့..။

ရန်ကုန် ရောက် တော့… နေရ ထိုင်ရ တာ ကလည်း.... အာအိုင်တီ က..သူငယ်ချင်း တယောက် က.. အကူ အညီ ပေး လို့… ကျောင်းဝင်း ထဲက.. လူနေ ဆောင် တွေ မှာ.. အခန်းတွေ ခွဲ ပြီး... ခိုး ကြောင် ခိုးဝှက် တည်းခို ခဲ့ ကြ ရ သည်။

ရန်ကုန် စက်မူ တက္ကသိုလ် တွင် တည်းခို နေ စဉ် ကျောင်းသား တယောက်။ ဆံပင်က ရှည်ရှည် ။ စ ကား နည်းနည်း။ အနေ အထိုင် အေးအေး ။ ညနေ ညနေ ကျ လျှင်.. အဆောင် ၀ရန်တာ တွင် ထိုင်ပြီး၊ သူ့ဘာသာ ဂစ်တာ တီးတီး နေ တတ် သည်။ ဂစ်တာ တီးခတ် ပုံ လှပ သပ်ရပ် လွန်း ၍ သဘောကျ စရာ။ အသံ လည်း ဆွဲငင်အား ကောင်း ၍ ရပ်ပြီး နားမထောင်ပဲ မနေ နိုင် ။ သူ တီး တာက.. အင်္ဂလိပ် သီချင်း တွေ များ သည်။ The Beatles သီချင်း တွေ Frank Sinatra သီချင်း တွေ ဆိုညည်း နေ တတ်သည်။

ဒီလို နဲ့... အာအိုင်တီ ကျောင်းသား ခင်မောင်တိုး ကြီး နဲ့ လည်း .. သိကျွမ်း ခဲ့ ကြ ပြန် သည်။

သူတို့ တွေ.. အားကြိုး မာန် တက်..ရန်ကုန် ဆင်း ပြီး.. ခက်ခက် ခဲခဲ..သွင်း ခဲ့ တဲ့.. အခွေ ကလည်း.. သိပ် အဆင် မပြေ ချင်။ တပုဒ် ၂ ကျပ် နှုန်း နဲ့..တဆိုင် ၀င် တဆိုင် ထွက်..လိုက် ပေး တာ တောင်..အင်တင်တင်။ အဲဒီ အချိန် မှာ..သူတို့ အားလုံး ရဲ့.. ကျေးဇူးရှင် အစစ် က.. နောင် မှာ ဂျေမောင်မောင် ဖြစ် လာ မဲ့..အောင်ခင်မြင့်.။ မန္တလေး မှာ ရော ..ရန်ကုန် မှာ ပါ.. ဂီတ အ၀န်းအ၀ိုင်း ထဲ...လူရည် လည် သူ.. စိတ်ရင်း သဘော ကောင်း သူ။ ဂျေမောင်မောင် ကပဲ..သူတို့ အခွေ တွေ ကို.. သူ့ မိတ်ဆွေ တေးသံသွင်း ဆိုင် တွေ မှာ လိုက် ဖြန့် သည်။ မူပိုင် မယူ ပဲ..ခိုး ကူး နေသူ တွေ ကို..အစ်အောက် ပြီး..မူပိုင် ၀ယ်အောင် လုပ် ပေး သည်။

သေချာ ပါတယ်။ အမြဲ ပြုံးနေ တတ် တဲ့.. ချစ်စရာ ကောင်း တဲ့.. ဂျေမောင်မောင်လေ..။

ကိုနေ၀င်း က တော့.. လားရှိုးသားမို့..မန္တလေး မှာ ကတည်း က တွေ့ရင်း.. စိုင်းထီးဆိုင် ရဲ့.. ကလပ်စီကယ် ဂစ်တာ ဆရာ ဖြစ် ခဲ့ သူ။

မျက်လုံး တွေက..နူးညံ့သလောက် နက်ရှိုင်း သည်။ စကား ပြော သော အခါ တိုးတိုး သက်သာ။ သို့သော်..ဒသာန ဆန်ဆန် စကား မျှင် တန်း ရှည်လျား နေ တတ် သေးသည်။ လက်ချောင်း တွေ က..ထူးခြား ရှည်လား ထိပ်ဖျား ချွန်မြ သည်။ ဂစ်တာ ကို ကောက် ကိုင် လိုက်ပုံက..ယုယု ယယ ရှိသလောက် စီးစီး ပိုးပိုး ပိုင်ပိုင် နိုင်နိုင် ရှိ သည်။

မိန်းကလေး တယောက် အတွက်..စပ်ဆို ခဲ့ တာ ဆို တဲ့.. မောင့်လပြည့်ဝန်း ရဲ့ ပိုင်ရှင်။

တကယ် တော့ လည်း..သီချင်း တွေ တော်တော် များများ ရဲ့ နောက်ကွယ် မှာ.. မိန်းကလေး တယောက် စီ တော့.. ရှိ နေ ခဲ့ ကြ ပေ လိမ့် မည် ပေါ့...။ နက် နက် ရှိုင်းရှိုင်း လား.. ခရီး သွား ဟန်လွှဲ လား..။ ဒါကိုတော့.. ကာယကံ ရှင်..သီချင်းရှင် များ သာ သိပေ လိမ့် မည်။ နွဲ့တင် အတွက် သီချင်း တပုဒ် လို.. လေးလေး နက်နက် မြတ်မြတ် နိုးနိုး သီချင်း တပုဒ် က..သစ္စာ တိုင် ဖြစ် ခဲ့ သလို.. တယောက်သောသူ အနမ်း  သီချင်း က ရော .. နူးညွတ် ချင် စရာ ...ယော်ယမ်းမူ တမ်းခြင်း လေး တပုဒ် မဟုတ်လား ...။

ဘာသာ မတူ..လူမျိုး မကွဲ ပဲ ချစ်တာ..
ကိုယ်တို့ နှစ်ယောက် ရဲ့ အပြစ် လား...
ဘယ်သူ တွေ တားတား..ကိုယ် ကတော့..
နောက် မဆုတ် နိုင်ပါ.. ချစ် ပြီး မှ တော့ ကွာ....

ပြောရင်း ဆိုရင်း.. သီချင်း စာ သား တွေ..သူ့ နှုတ် ဖြား ပေါ် ကို အလိုလို စီးကျ လာ မိ တာ.. ဟိုးတုန်းက.. ဒီ သီချင်း လေးကို..သူ ခဏခဏ ဆို ဖြစ် ခဲ့ လို့ များ လား..။ ခံစား ချက် တွေ က ရော.. တူ သေး ရဲ့ လား လေ..။ သေချာ တာ တော့.. ရူးသွပ် မူ တွေ ပါးလျ သွား ခဲ့ ပြီ ပဲ..။

ဘေး ကို ငဲ့ ကြည့် တော့.. သူ လည်း.. မနေ နိုင် မထိုင် နိုင်..သူ့ Fender ဂစ်တာ ကြီး ကို ထုတ် ပြီး.. တတောင် တောင် လုပ် နေ ရင်း.. ကျေနပ် နေ သည် လား..ခံစား နေ သည် လား..။

လူ တဦး တိုင်း တယောက်တိုင်း မှာ..
တချိန်ချိန် တော့..အချစ် ဆိုတာ.. ရှိ ခဲ့ ကြ မယ်…
လူသားတို့ ပေါင်းမိ ရင်..ဘာရယ် ကြောင့် အားနည်း သူကို..မုန်းတတ်တာလည်း..


စာအုပ် ကို လက် မှာ ကိုင် ရင်း.. ပလေယာ ကို.. ရမုတ် တလုံး နဲ့.. ကလိ နေ တဲ့.. ဖီလင် အပြည့် နဲ့ .. အတွေး မျက် လုံး တွေ ကို.. မြင်သွား လို့ ထင့်...

“ ကဲ.. သင့်ကင်း..သင့်ကင်း လုပ် မနေ နဲ့.. စိုင်းထီးဆိုင် စာ အုပ် အကြောင်း ရေး မလို့ ဆို.. ..ရေးလေ.. ပြော နေတာ ဖြင့် ကြာ လှ ပြီ..”

အင်း.. ယူ သယ် လာ တဲ့.. သီချင်း အပုဒ် ၅၀၀ ကို.. ပြီး အောင်.. နားထောင် လိုက် အုံးမယ်လေ.. လို့.. ဆင်ခြေပေး ရင်း..စိတ် ကြိုက်.. သီချင်း အဟောင်း လေး တွေ ကို.. ရ မုတ် ကနေ..ရွေး နေ မိ သည်။ နောက်ပိုင်း သီချင်း အသစ် တွေ ထက်.. ဟိုး .. ကိုယ် တို့ မွေး တဲ့ အချိန် လောက်က.. ထွက် တဲ့..သီချင်း အဟောင်း တွေ ကို သာ..ပို နှစ် သက် မိ သည်။ နန်းခမ်းနွဲ့ အတွက်..သီချင်း တပုဒ် ကို.. အပျံသင် ကာစ အချိန် တွေ တုန်းက.. အားယူ ရင်း..အရမ်း နှစ် သက် ခဲ့ ဘူး သည်။ ဆောင်း --- ဒီ ဆောင်း နှင်း မြူ ရယ်..ကိုယ်ချင်း မစာ တယ်.. အဲဒါ လည်း သိပ် ကြိုက် တယ်။ ရာသီပြောင်းချိန် လည်း ကြိုတ်တာပဲ..။ ဘာမှန်း ညာမှန်း သေချာ မစဉ်းစား မိပဲ.. မိုးကုတ် ဖီးလ် မှာ.. ညဖက်..၀ိုင်းဖွဲ့ ရင်း..ဆရာ တယောက်ကို.. အတင်း တီး ခိုင်း ခဲ့ တဲ့.. အပြာရောင်မျက် ရည် အကြောင်း ပြန်တွေး ရင် လည်း..မျက်နှာ နွေးလှ သည်။

အဲဒီ တုန်းက..စိုင်းထီးဆိုင် သီချင်း တွေ ကို..ရင့် သည်.. ဒိုင်တွေ ပါသည် ဟု.. ပြော ကြ သည်။ တကယ် တော့..ဖန်တီးမူ အနုပညာ အားလုံး သည်..ဖန်တီးသူ ရဲ့..အရွယ် နဲ့ ခေတ် ကို..ထင်ဟပ် နေ တာပဲ လေ ။ အဲဒီ အထဲ မှာ မှ.. ဘ၀ တကွေ့ အတွေ့ လေး တွေ နဲ့ သူတို့ ယုံကြည် ခံယူ ချက် အခံ တွေ က ပဲ..ဒီ သီချင်း တွေ ကို..ပို ပြီး လှပ အသက်ဝင် အစဉ် အမြဲ ရှင် သန် နေ စေ ခဲ့ တာ ပဲ..မဟုတ် လား..။

သူတို့ မောင်နှမ တွေ.. ကျောင်းတွေ ပိတ် .. ရန်ကုန် မှာ စုမိ ကြ ပြီဆို .. အကို တယောက် အမြဲ တီးလေ့ ရှိ တဲ့.. အဖေ ရောက် တဲ့ အခါ ပြန်နှိုး ပါ နော်  .. သီချင်း လေး ကို လည်း..ခု နေ ပြန် သတိ ရ မိ သည်။ ကျနော် အခု တော့ ရင်မှာ အသက်ရှူ နည်းနည်းကျပ် လာလို့.. ဆိုရင်..သူတို့ ညီအမ တွေ... အပ်ကျ သံ တောင် မကြားရ...။ စိုင်းခမ်းလိတ် ရဲ့..ဆေးရုံ ဇာတ် လမ်း လေး တပုဒ် ထင် ပါ ရဲ့..။ ဆေးတံတို သီချင်း လေး ကို လည်း ချစ် သည်။ ငွေတောင်တန်း ဆီ သို့ သီချင်း တပုဒ် လည်း.. အရမ်း ကြိုက်သည်။ အချစ် သီချင်း လို့ ထင်ရ ပေ မဲ့.. ထုံးစံ အတိုင်း.. လူ တွေ ကတော့.. ထင်ရာ မြင်ရာ.. အဓိပ္ပါယ် တွေ ဖွင့် ကြည့် ကြ သည် ။ ဘာရယ် လည်း တော့ မသိ.. ဆယ် နှစ် နီး ပါး..စောင့် ခဲ့ ကြ ပြီး မှ.. ဆို တဲ့.. နေရာ လေး မှာ.. ရင်ထဲ မှာ..တကယ် ဆွေး ရ သည်။


အို..  ဒီ သီချင်း လေး ကို တော့..ဘာကြောင့်မှန်း မသိ.. ချစ် ကို ချစ် တာ။ တီးလုံး လေး ကိုက.. တမျိုး ဆန်း လှ သည်။

တောင်ခြေ မှာ နေတုန်း.. ဖြစ်ခဲ့ တဲ့ အဖြစ် တခုပါ..
ကြာလာပီ ဆိုပေ မဲ့.. မေ့ မရ တဲ့ အတွေ့ အကြုံ မှာ..
မကြားစဖူး မို့.. မယုံနိုင်စရာ
ခွေးတယောက် နဲ့..လူ နှစ်ကောင်ပါ...
ခွေးတယောက် နဲ့..လူနှစ်ကောင် တဲ့..။  သီချင်း စာသား လေး တွေ က....ရိုးရိုး လေး ပါ ပဲ..။ ဒါပေမဲ့.. အဲဒီ နောက် ကွယ် က.. အဖြစ် အပျက်..အနက် တခု ရှိ နေ တာ ကို တော့.. ခံစား နေ ရ သည်။ အေးလေ.. တေးရေး သူ ရဲ့.. စိတ် အရိပ် အတိတ် တွေ ကို..ဘယ်သူ က.. အတိ အကျ ဖမ်း နိုင် မှာ တဲ့ လည်း..။ ဖမ်းစရာ လည်း မလို အပ် လှ ပါဘူးလေ...။ အနုပညာ ဆို တာ  .. ဆင့်ပွား ခံစား နိုင် ခြင်း နဲ့ တိုင်းတာ ရ တယ် ဆို တော့.. နား ထောင် မိ ရသူ အဖို့ သာ.. ငါဟာ.. ခွေးတယောက် လား.. လူ နှစ်ကောင် ထဲက..ဘယ် တကောင် လို လူ မျိုး လည်း ဆို တာ သာ .. ကိုယ့်ဖာသာ တိတ်တိတ် ကလေး.. တွေး ပြီး..နားထောင် နေ လိုက် ယုံ ပါပဲ..။

ခွေးကလေး ..အို့...
ခွေးကလေး..အို့..
အတူတူ နေမယ် လို့...



+++++++++


ဆောင်း ဦး ပေါက် မို့.. ရထား ပြ တင်းက..မြင် နေ ရ တဲ့.. ရှုခင်း လေး တွေက.. အခါ တိုင်း နဲ့ မတူ။ မနက် စောစော နေ ရောင် အောက် မှာ.. နွေးထွေး ယုံ လေး.. တောက်ပ လင်း လက် နေ သည်။ Canola ပန်းဝါ၀ါ တွေ.. ပွင့် နေ ကြ တာ လည်း.. တမျှော် တခေါ်..။ ခရမ်းရောင် Lavender တွေ က.. တတောင်လုံး.. မှိုင်းပြာ နေ သည်။ တရိပ်ရိပ် ကျန် ခဲ့ တဲ့..ရထား လမ်းဘေး..မြေနီ ခြုံပုတ် ကလေး တွေ ကြားထဲ.. တောပန်း ပြာပြာ လေး တွေ..ဖြတ် ကနဲ..တွေ့ လိုက် တိုင်း.. ရင်ထဲ မှာ ..လှိုက်ကနဲ နေ အောင်.. ကြည်နူး နှစ် သက် နေ မိ ပြန် သေး သည်။ ခု နှစ် ပိုင်း တွေ ထဲ.. ရာသီ ဥတု တွေ ပြောင်း ပြီး..ကန္တရ မိုး တွေ.. မကြာ ခဏ ရွာနေ ပြန် သမို့.. ရထား လမ်းဘေး တလျှောက်..တချို့ နေရာ တွေ မှာ.. ပို ပြီး စိမ်းစိမ်း စိုစို ဖြစ် နေ သည်။ ရေ စပ်စပ် နဲ့..ဆားအိုင် လေး တွေ ပေါ် မှာ တောင်.. ကျေးတအုပ် ရေ သောက် ဆင်း နေ ကြ ပါ လား…။ သာယာ တဲ့..မနက်ခင်း လေး ပါ ပေ…။

ငှက်တောင် မှ.. သာယာ တဲ့..သီချင်း ရွေး တတ် တာပဲ…
စောစော စီးစီး..စကား မများ ကြ နဲ့..
ကမ္ဘာမြေ အတွက်..မင်္ဂလာ ရှိ တဲ့..အချိန်ဝယ်..

အို.. ကောင်း လိုက် တဲ့..စိုင်းထီးဆိုင် ရယ်.. ။ သင့်မြတ် လိုက် တဲ့..နေ့သစ် ရယ်…

ဒီ တခေါက်..ပါ့သ် ကို သွား တာ.. အခါတိုင်း လို.. ရထားလေး တစီး နဲ့ အတူ … ယူလာတဲ့ စာအုပ် တွေကို.. ဖွင့် မဖတ်မိ ဖြစ် နေ သည်။ ဖြစ်ချင် တော့… ပြောင်းပြန် နဲ့..ဇောက်ထိုး.. အခါတိုင်း..အမြဲ သီချင်း နားထောင် ပြီး.. ခရီး သွား လေ့ ရှိ တဲ့.. သူက.. လောလော လတ် လတ် ၀ယ် ထား တဲ့..Eric Clapton အကြောင်း စာအုပ် ကြီးကို..ခန့်ခန့် ညားညား ကြီး ထုတ် ဖတ် နေ လေ တော့.. ကိုယ် လည်း စိတ်ကူး ပေါက် ပြီး...သူ့ အိုင်ဖုန်း ကို ယူ နား ထောင် လိုက် တော့ တာ ပေါ့..။ ဟော..ခဏ ဆို..ယူ နားထောင် လိုက် တာ.. စိုင်းထီးဆိုင် ရယ် လေ.. ဘယ်လို မှ ရပ် လို့ မရ တော့…။

လေကောင်း တွေ ရှူရှိုက် ကြ.. သဘာဝ ကို မှီဝဲ ကြ….
ဒီနေ့သစ် ဟာ..တို့ကို..အင်နဲ့ အား အသစ် တွေ ပေးလာမယ်…

ပြတင်းပေါက် မှန် ကို.. ပါး အပ် ရင်း..လှပ ကျယ်လွင့် လွန်း တဲ့.. မြင်ကွင်း တွေ ပေါ် မှာ.. သီချင်း စာ သားလေး တွေ ကို.. တလုံးစီ..တပိုဒ်စီ.. ထပ်ဆင့် စီရီ အတွေး ပို ကြည့် နေ မိ တော့ သည်။ အခု လို.. စိတ်အာရုံ ကို.. လုံးဝ လွှတ် ပြီး.. နားထောင် မိ တော့ မှ.. သီချင်း စာသား လေး တွေ ရဲ့.. ထိမိ စူးရှ.. လှပ ကဗျာ ဆန် လှ ပုံကို.. ရင်သပ် ရှုမော ဖြစ် ရ ပြန် ပြီ။ ခေါင်းကို သာ..ခါရမ်း နေမိ တော့ သည်။

“ ကောင်း လိုက် တာ ကွာ.. အရင် အိမ်မှာ နားထောင် တာ ထက် ကို ပိုကောင်းတယ်.. ငါ ရေးမယ်ကွာ.. တပုဒ် တော့..ရေး အုံးမယ် …”

ခေါင်းတရမ်းရမ်း နဲ့..ဖီလင် တွေ စွတ် တက် နေ တဲ့.. ကိုယ့် ကို..သူက ပြုံးစိစိ နဲ့ ကြည့် ရင်း…
အင်း..စိုင်းထီးဆိုင် သီချင်း အပုဒ် ၅၀၀ ပြည့်ရင် တော့.. စာတပုဒ် ဖတ် ရ မှာ ပေါ့..စောင့်လိုက် ပါ အုံးမယ် နောက် တနှစ် ..လို့ နောက် သည်။

“ အင်း.. ခက်တာ က.. နောက် ပိုင်း သီချင်း အသစ် တွေ ဆီ..ကို မရောက် နိုင် သေးဘူး.. ဒီ အဟောင်း လေး တွေ မှာ တင်.. အရမ်း ကို..ထိနေ တာ..မရ တော့ ဘူး… ရေး တော့မယ်.. ”

ကိုယ်က လည်း ကိုယ်ပြောချင် ရာ ပြော…။ သူ ကလည်း သူ ပြောချင် ရာ ပြော ။
“ သိလား.. Eric Clapton အကြောင်း ခုမှ သိ တော့တယ်..သူ ဆို တဲ့..သီချင်း တ၀က် လောက် က..သူများ အဟောင်း တွေ တဲ့ ကွ.... ကမ္ဘာ ကတော့ ကျော် နေ ရော ပဲ..”

ကိုယ် အံ့သြ သွား မိ သည်။ ဟုတ်ရဲ့ လား…

ကြည့် ပါ အုံး..။ ငါ တို့.. နိုင်ငံ က.. စိုင်းခမ်းလိတ် ဆိုတဲ့.. ရှမ်းစာဆို ကြီး တယောက် ဆို.. ကိုယ်ပိုင် သီချင်း တွေ.. အပုဒ် ၉၀၀ ကျော် တောင် စပ် ခဲ့ တာ လေ.. ။ စိုင်းထီးဆိုင် ဆို တဲ့.. မင်းတို့ လို ကမ္ဘာ မကျော် ပေ မဲ့..နိုင်ငံ ကျော် တဲ့..အဆိုတော် ကြီး ကလည်း.. လူ့သက်တမ်း ၅၀ ကျော် လေး မှာ..သီချင်း ခွေ ပေါင်း.. ၈၀ တောင်.. ထုတ် သွား ခဲ့ တာ…။ ပြီးတော့..သူတို့ ရဲ့..သီချင်း တွေ က.. အရမ်း..အရမ်း ကို..ကောင်းတာ..။ ဘယ်လို ကောင်း လဲ..ငါ လည်း မပြောတတ် တော့ ဘူး။ ပြောမပြ တတ် နိုင် အောင် ကို..ကောင်း လိုက်တာ ဆိုတာ မျိုး …။ အင်းလေ.. ခင်ဗျား တို့ တွေ ကတော့.. ကံကောင်း ကြ ပါတယ် လေ..။ သီချင်း တပုဒ် တိုင်း အတွက်.. မြိုးမြိုး မြတ်မြတ် ကို ခံစား ရ လို့..(ကြည့် ).. မသေခင် မှာ တောင်.. ဘိုင်အို တအုပ် ထုတ် ပြီး.. ကမ္ဘာကို ရောင်းစား နိုင် သေး တယ်။ အခု..စိုင်းထီးဆိုင်..ကွယ်လွန် မှ.. ထွက်လာ တဲ့.. နိုင်ဇော် ရဲ့.. စာအုပ် ကလေး က.. ဘယ်လောက်..အကျိုး အမြတ် ရ ပါ့ မလည်း..။ ခုပဲ ကြည့်.. အင်တာနက် မှာ..အလကား ဒေါင်းယူ ဖတ် လို့ ရ နေ ပြီ။

သာယာ ကျေနပ် စရာ ကောင်း လွန်း တဲ့.. သူတို့ ရဲ့..ဂီတ သံ တွေ ထဲ မှာ..ပျော်ဝင် စီးမျော နေ မိ တဲ့ အချိန် မို့... အဲဒီ ဂီတ အနုပညာ တွေ အတွက် သူတို့ ပေးဆပ် ခဲ့ ရ တာ တွေ.. ပြီးတော့..ပြန် မရ ခဲ့ တာ တွေ..၊  ၀ါသနာ ထက်..၀မ်းရေး က ခက်တော့.. ဒီ သီချင်း ဟာ..ငါ့ရဲ့ နောက် ဆုံး သီချင်း.. ဖြစ်ချင် ဖြစ်မယ်.. ဆို တဲ့ ထိ အောင်.. နာကျည်း ခဲ့ ရ တဲ့.. အဖြစ် တွေ ကို.. စာအုပ် ကလေး ထဲ မှာ လည်း.. ဖတ်ထား ခဲ့ ရ ပြီ မို့.. တယောက် တည်း.. စိတ်ထဲ ပေါက်ကွဲ နေ မိ သည်။

စိုင်းခမ်းလိတ် တယောက်.. “မောင်မနေတတ်ဘူး ” သီချင်း ကို..ကျော်ဟိန်း က ၀ယ်သွား လို့.. သူ့ မေမြို့က.. ဆေးရုံ အိမ်ကလေး မှာ..ဆိုဖာ ဆက်တီ လေး တစုံ..၀ယ်ထား နိုင် လိုက် တယ်.. ဆိုတဲ့.. စာအုပ် ထဲက.. အကြောင်း လေး တွေ ကို..ပြန် သတိမရ ပဲ..မနေ နိုင် တော့..။

စိုင်းထီးဆိုင် က ရော.. ။
သူ့ ရဲ့..အသဲ ရောဂါ အတွက်.. ကုသဖို့..ကုန်ကျ မဲ့..သိန်း တရာ ကျော် ဆိုတဲ့..ငွေ ကို.. မိသားစု ခေါင်းခဲ ခဲ့ ကြ ရ လို့.. သူကိုယ်တိုင်.. ဆက် မကု တော့ ဘူး လို့.. ပေကပ် နေ ခဲ့ သတဲ့..။ ဖြစ်ရ လေ ကွယ်…။ ဟောဒီ သန်း ၆၀ သော.. မြန်မာ နိုင်ငံ ကြီး မှာ.. သူ့သီချင်း တွေ ကို..နှစ်နှစ် သက်သက် လေးစား မြတ်နိုး တဲ့ သူ.. တသိန်း ပဲ ရှိတယ် ထား ပါ အုံး။ နေ အုံး.. တယောက် တဆယ် မေတ္တာ ကြေး မဟုတ် ရင် တောင်.. ထိုက်ထိုက် တန်တန်.. သူ့ သီချင်း တပုဒ် ကို.. နားထောင် တိုင်း.. ဆယ်ပြား ပဲ.. ပေးဝယ် ရ တယ် ထား…။ အား.. ဒါ ဆို ရင်တော့..အခု..ငါ..စိုင်းထီးဆိုင် အပေါ် မှာ.. အကြွေး တွေ အများကြီး တင် နေ ပြီ ပေါ့..။

စိတ်တို နေရာ က..ပြုံးမိ သွား သည်။ ဟုတ်တယ်.. ငါ.. စာလေး တပုဒ် တော့.. ရေး ပြီး.. သီချင်း အကြွေး တွေ ဆပ် ရ မယ်။ အခု တလော ..မြန်မာ ပြည် မှာ.. မှိုလို ပေါက် လာ တော့.. FM ရေဒီယို တွေ မှာ တော့.. သီချင်း တပုဒ် လွှင့် တိုင်း.. တေးရေး တေးဆို.. အချိုးကျ..ခံစား ရ နေ ရ ပြီ လို့.. ကြားမိ သည်။ တကယ်ပဲ..ထိုက်ထိုက် တန်တန် ခံစား ကြ ရ ပါစေ ကွာ..။



ရထားက.. ခရီး တ၀က် ပေါက်ခဲ့ ပြီ မို့.. ရှေ့ဘူ တာ မှာ.. ခဏ နားမဲ့ အကြောင်း ကြေငြာတာ ကြား လိုက် သည်။ ဒါဆို.. ငါ.. သီချင်း တွေ.. ဆက်တိုင် နားထောင် လာတာ.. ၃ နာရီ တောင် ကျော် နေ ပြီပဲ…။ အချိန် တွေ ဘယ်လို ကုန် သွားမှန်း မသိ လိုက်..။ အပြင်မှာ..မိုးကောင်းကင် ကြီး တခု လုံး.. လုံလုံ ခြုံ ခြုံ ကြီးကို.. ပြာလွင် နေသည်။

ခေါင်မိုးက..မလုံ တော့..မိုးရွာတာ.. ကိုယ် ခံ နေရ တာ..အမှန်ပဲ…
ဒါပေမဲ့.. မိုးရွာ တဲ့ အကြောင်း က.. ကိုယ် တယောက် တည်း ကြောင့် တော့..မဟုတ် ဘူး…

ထိရှ လိုက် တဲ့.. ဒသာန ရယ်…။ ရင်ထဲ မှာ..ငိုချင် ဆွေးချင် လာ ပြန် သည်။ အနုပညာ ရဲ့ ဖမ်းစားမူ အောက် မှာ.. လူတွေ လည်း.. ကြည်လိုက်.. နောက် လိုက်..။ သာယာလိုက်.. ဆွေးမြေ့ လိုက်..။ ချစ် လိုက်.. မုန်း လိုက်…။ ဟိုး တောင်ကုန်း ပေါ်က..ပန်းခင်း ကြီး ကလည်း..၀ါ သွားလိုက်.. ပြာသွား လိုက်..။ ရထား ကြီး ကလည်း.. မြန်လာ လိုက်..နှေး သွားလိုက်..။ ဓါတ်ကြိုးတန်း ပေါ်က.. ငှက်တအုပ် လည်း.. ပျံလိုက်.. နား လိုက်..။ လူတွေ ကလည်း..သွား လိုက်.. လာလိုက်..။


နင်ဟာ.. အတောင် ပါ တဲ့…ငှက်ပါ..
ငါ က.. လွင့်ပါး တဲ့.. ရော်ရွက်ဝါ
အဆင်ပြေ လေလာတုန်း အခိုက်မှာ
ကြည်နူး မြူးခဲ့ရတယ် တရံတခါ…


ဒါဟာ တကယ် တော့..လှပ လွန်း တဲ့..ကဗျာလေး တပုဒ် ပါ ပဲ...။

အချစ်..အလွမ်း.. ဘ၀.. ဒသာန..မိသားစု.. နိုင်ငံရေး..လူမျိုးရေး.. စုံနေအောင် ကို.... သံစဉ် ညှိ တိုင်း ပဲ....တေးတပုဒ် ဖြစ် နေလေ ရော့ သလား..။

ခံစား နားလည် တတ် တဲ့.. နှလုံးသား တိုင်း အတွက်.. သူတို့ တွေ..ကမ္ဘာမြေ ပေါ် မှာ ဖန်တီး ခဲ့ တဲ့.. အနုပညာ ဂီတ သီချင်း တွေ ဟာ.. စိုင်းခမ်းလိတ် အို သွား ပေ မဲ့..လိုက် မအို ခဲ့..။ စိုင်းထီးဆိုင် သေ သွား ပေ မဲ့.. လိုက် မသေ ခဲ့ ။ သူတို့ ရဲ့..သီချင်း တွေ သည်.. မအို မနာ မသေ..သော.. ကိုယ်ပိုင် ဂီတ သံစဉ် စစ်စစ် တွေ သာ ဖြစ် ပေ တော့ သည်။

တကယ် ဆို တော့….

တောင်ပေါ် မြေ ရဲ့.. လှပ မူ ကို သာ..
မြင်ကာ နေ တဲ့.. ပရိသတ် များ မလေ…
တောင်ပေါ် မြေ ရဲ့.. တခြား တဖက် မျက်နှာ မှာ..
ဘာတွေ ရှိ မှန်း.. မသိ ကြ ပေ….

ဆို ပြီး .... ဂီတ အနုပညာ နဲ့.. မီးမောင်း ထိုး ပြ သွား ခဲ့ တဲ့..

တောင်ပေါ် မြေ ရဲ့ အခြား တ မျက်နှာ က နေ ပြီး .. မြန်မာ ပြည် တ၀ှမ်းလုံးက.. နှလုံးသား တွေ ကို.. ဆွဲယူ သိမ်းပိုက် သွား ခဲ့ တဲ့… ရှမ်း-ဗမာ.. ချစ်ကြည်ရေး အထူး သံတမန် ကြီး များ ပါပေ..။


ကေ
(၀၁.၁၀.၁၁ -  ၀၅.၁၀.၁၁)

၅ ရက် ကြာ အောင် ရေး နေ ခဲ့ မိတော့..မုဒ် တွေက..အပိုင်းပိုင်း အပြတ်ပြတ် ။ သို့ပေ မဲ့..စိုင်းထီးဆိုင် အပေါ် ပေးရမဲ့..သီချင်း နားထောင်ခ အကြွေး တွေ တော့..တစိတ် တပိုင်း ကျေ နိုင် ကောင်း ပါ ရဲ့..သီချင်း တချို့ကို တင်ပေး ထား ပါတယ်။ အလကား တင် ရ မှာ..အားနာ လို့... သဘာဝ ကျကျ လက်သံ လေး တွေ ကို..ပို သိသာ စေ တဲ့.. အပုဒ် တချို့ သာ..။

အရိုင်းဂစ်တာ
မူးမှပြေမှာပဲ
စိတ္တဇအလွမ်း
နွေဥသြ
ဆေးတံတို
ခွေးတယောက်နဲ့လူနှစ်ကောင်
တောင်ပေါ်မြေရဲ့ အခြားတဖက်




Share/Bookmark

28 Comments:

AH said...

လွမ်းမောစွာ ခံစားသွားပါတယ်....

kmh said...

အနေကဝေးတော့ အေးခဲ့တဲ့အချစ်ဟာ တစ်ချိန်မှာမငြိမ်းသေးဘဲ ဆက်ခဲ့ရင် မခက်ဖူးလား ဒီဇာတ်လမ်းလေးအတွက် တချိန်ချိန်အဆက်ရှိအုံးမယ်
ခုများတော့ တယောက်ကအပြီးပိုင် ကန့်လန့်ကာချပြီ
မင်းသမီးပျိုလေးအတွက် ပြာပုံပေမဲ့ အဝေးရောက်သားအတွက် မီးလောင်ဆဲ.....။
( ငွေတောင်တန်းဆီသို့ )

mks said...

ကြိုက်တယ် မကေ ...


အဲ .. ရှမ်းဗမာ ချစ်ကြည်ရေး .. ဆိုတဲ့ စာသားလည်း ဖတ်လို့ကောင်းတယ်။ အပြင်မှာဘယ်လိုဘဲ ရှိရှိပေါ့း)

ညငေညါ said...

မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံလောက်က သိပြီးဖြစ်နေမယ့်--ဆိုတာက စိုင်းထီးဆိုင်ဆိုတဲ့ အဆိုတော်ကိုပြောတာလား...။စိုင်းထီးဆိုင်ရဲ့ ဘ၀ဇာတ်ကြောင်းကိုပြောတာလား...။အဆိုတော်တစ်ယောက်အနေနဲ့ပြောတာဆိုရင်တော့ ဒီအရေအတွက်က သိပ်နည်းသွားပြီ...။သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကိုသာ မသိရင်နေမယ်.။စိုင်းထီးဆိုင်ဆိုတဲ့ အဆိုတော်ကိုတော့ မြန်မာပြည်လူဦးရေရဲ့ လေးပုံသုံးပုံလောက်က သိကြမယ်ထင်ပါတယ်....။

T T Sweet said...

မကေရေ ငယ်ငယ်က စိုင်းထီးဆိုင် အခွေအသစ်ထွက်တာနဲ့ မောင်လေးနဲ့ အခွေဆိုင် ပြေးငှါးကြတာသတိရတယ်။ လမ်းထိပ်က လဖက်ရည်ဆိုင်က သီချင်းသံကြားတော့ မနေနိုင်ဘူး။ မောင်နှမ၂ယောက် စက်ဘီးနဲ့ အခွေဆိုင်ပြေးကြတာ။ အဲဒီအချိန်က မှတ်မှတ်ရရ သခင့်ဆီ အပြေးပြန်လာမည် ဆိုတာ ထွက်တဲ့ အချိန်။ ငယ်ငယ်ကတော့ ဦးလေးတွေ ဂစ်တာတီးပြီး ဆိုတာ ကြားဖူးတယ်။ နင်ဟာ အတောင်ပါတဲ့ ငှက်ပါ ... အဲဒီထဲက စရင်းနှီးလာတာ။

စိုင်းထီးဆိုင်ရဲ့ သီချင်းပေါင်းချုပ်စာအုပ်ကြီးနဲ့ အကိုတွေအခန်းထဲမှာတီးနေတာကို အပြင်ကနေလဲ လိုက်အော်ဖူးတယ်။

ဟုတ်တယ်မကေ ... အကြွေးတွေရှိတယ်။ ငယ်ငယ်ကတည်းကနေ ခုထိ နားထောင် လိုက်ဆိုညီးခဲ့ဖူးတဲ့ သီချင်းပေါင်း ၅၀၀ ကျော် ...

စိုင်းခမ်းလိတ်+ စိုင်းထီးဆိုင် = ရင်ကိုလာလာမှန်တဲ့ သီချင်းတွေ အများကြီး ဖန်တီးခဲ့တယ်။
တစ်ခါတစ်ခါ သီချင်းတွေနားထောင်ရတာ ရင်ဘတ်နေရာကတောင် နာသလိုလိုပဲ။ တကယ်ကို လာမှန်တာ။

မကေရဲ့ အကြွေးဆပ်ပုံလေး သဘောကျတယ်။ ကြိုက်တယ်။

ဗိုလ်ထီးရဲ့ ထာဝရ ပရိတ်သတ်တစ်ဦး

Thu said...

မောင့်လပြည့်ဝန်း was firstly introduced in
Mandalay Univ. grand dinner,around 75s, those memorable nights were flourished with Ko Htee's songs, a talent musician.
ဘိုတောက်(now in Ausi),I prefer his distinct performance too, Mandalay Shell host vocalist.

Thank You!

Cho Wunna said...
This comment has been removed by the author.
Moe Cho Thinn said...

နတ်ဖက်တဲ့ အတွဲ လို့ ဆိုရမဲ့ ဆရာ စိုင်းခမ်းလိတ် နဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကြောင့် ကိုယ်တို့ရဲ့ ငယ်ဘ၀တွေ ပို ပြည့်စုံ၊ ပို အဓိပ္ပါယ်ရှိ လှပခဲ့ရတာ...

ကေတို့ မောင်နှံကိုလဲ ဒီပို့စ်လေးအတွက် ကျေးဇူးတင်မိ။

Computer said...

Hi K,
Think you mistaken Naing Zaw who is author,surgeon Lt.Col also,wrote other memoirs on musicans/artists such as L-Phyu,Myint Moe Aung,Shwe Gyaw Gyaw,Pha Htee the Popular Guitar crafter and some others.His other novels are fine works too,just like musicians' sketches.
The other Naing Zaw,guitarist,Lazy Club is you've might seen in VCD,youtube etc.
He also writes about his solo albums music arrangements,articles,guitar FAQ's in ALK journal and funny stories.
And then there's Zaw Naing,the singer who is also a friend with Lazy Naing Zaw,that one also writes few articles in ALK.
Anyway your's really nice article.
Your hubby's Strat is also nice one.
Thanks.

Angelhlaing(May everybody be happy and healthy! said...

လူသာသေ နာမည်မသေတဲ့ ရာဇဝင်ထဲက လူတွေအဖြစ် ကဗျည်း ထိုးထားကြတဲ့ ပရိသတ် အသဲစွဲ အနုပညာရှင် ဆိုလဲ မမှား.... မမရေ ကျေးဇူးပါလို့...

ATN said...
This comment has been removed by the author.
kay said...

မှတ်ချက်ပေး နှုတ်ဆက် သွားသူ တွေ အားလုံးကို.. ကျေးဇူးတင်ပါတယ်။ နိုင်ဇော် ၂ ယောက် ဖြစ်နေတဲ့..ကိစ္စ ကိုလည်း.. မက်စေ့ နဲ့ ရော..ဒီမှာ ရော..ထောက်ပြ ပေးကြတာ..ကျေးဇူးပါ။ ကျမ လည်း..၂ ယောက်မှန်းတော့ သိတယ်။ နာမယ် တူ ချင်း..ဒီအတိုင်း ရှိနေတာကြောင့်..( ဒါဆိုရင်တော့..) လေဇီ ကလပ် နိုင်ဇော် သည်..စာရေးတာ တော့..မပါဘူး ထင်လိုက် မိတာ..။ အဲဒီ အပိုဒ် ကို..ဖြုတ်လိုက်ပါ ပြီ။

သီချင်း တွေ ကို တောင်..အများကြီး တင်ပေး ချင်ပေမဲ့.. အားနာ လို့.. ၅ ပုဒ်ပဲ ရွေးပြီး တင်ပေးထားပါတယ်။း)

မူးမှ ပြေမှာပဲ
ဆေးတံတို
စိတ္တဇအလွမ်း
ခွေးတယောက် နဲ့ လူ၂ကောင်
တောင်ပေါ်မြေရဲ့ အခြားတဖက်

မူရင်း ဂီတ သံစဉ်လေးတွေကို နားဆင် ပြီး..သူတို့ ရဲ့ အနုပညာ ကို.. အလေးပြု ပေးနိုင် အောင်လို့ပါ..

စာဖတ်သူ အားလုံးကို..လေးစား အလေးထားလျက်..

သက်ဝေ said...

ဒီပိုစ့်အတွက် ကေ့ရဲ့ အားထုတ်မှုကို တကယ် ချီးကျူးပါတယ် ကေ...း)))
သေချာတာကတော့ ကိုယ်လည်း အခုတလော ထီးဆိုင် သီချင်းဟောင်းတွေပဲ အဖန်တလဲလဲ တချိန်လုံး နားထောင်နေမိတာ... အသက်က စကားပြောလာတာဖြစ်မှာပဲ... ဆူဆူညံညံတွေကို ခံစားလို့မရတော့ပြန်ဘူး...


(((((မင်းသမီး တွေ.. တောင်ပြေး လိုက် မြောက် သွား လိုက်.. ငိုလိုက် မဲ့လိုက် လုပ် နေ တဲ့ .. မျက်စိ နောက် စရာ.. ကာရာ အို ကေ.. အခွေ တွေ နဲ့ဆို ရင် တော့..လား လား မှ ကို.. မဆိုင်))))) ဆိုတာလေးကိုတော့ အသေ သဘောကျတယ်... Bravo Kay...

rose of sharon said...

စိုင်းထီးဆိုင်သီချင်းတွေကို သိပ်ကြိုက်တာ... တဖက်သတ်အချစ်နဲ့ပတ်သက်တဲ့သီချင်းတွေ၊ အလွမ်းအဆွေးသီချင်းတွေကို ပိုကြိုက်တယ်... ခုချိန်ထိခံစားတမ်းတဆိုညည်းမိတာကတော့...ပျောက်ဆုံးနေသောနိဗာန်ဘုံ... စာသားတွေကရင်ထဲထိရှနိုင်လွန်းတယ်...

kokoseinygn said...

ကျနော် ပထမဆုံးလာလည်ဖြစ်ပါတယ်
ဒီရက်ထဲကိုထီးဆိုင်နဲ့ပါတ်သက်တာလေးေ၇းဖို့ အကြောင်းရှိပေမယ့် မရေးဖြစ်ခဲ့ပါဘူး
..အခုတော့ေ၇းဖြစ်အုံးမှာပါ
ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်းဘယ်တော့မှ မေ့
ပျောက်မရနိုင်တာ ကိုထီးသီဆိုတဲ့ဆရာစိုင်ခမ်းလိတ်ရဲ့ စာသား
တွေပါ...
http://www.kohteesaing.webs.com
လာလည်ပါအုံးခင်ဗျာ....။

mysterysnow said...

အခုချိန်ထိ ထီးဆိုင်ပဲ နားထောင်နေမိတုန်းပဲ မကေရေ...
ဒီပို့စ်လေးအတွက်လဲ ကျေးဇူးပါပဲမကေ။

ညီမ
နှင်း

blueskyforest said...

စိတ်ရှည်ရှည်ထားပြီး ရှည်ရှည်လျှားလျှားရေးတဲ့အတွက် နည်းနည်းပါးပါး အံ့သြမိ။ တင်ပြပုံ မဆိုးဟုထင်။ နိုင်ဇော်ရေးတာ ယခင်က တပိုင်းတစ ဖတ်ဖူး။ သို့သော် တင်ပြပုံ မကြိုက်။ လေးဟုံဟုံကြီး။ မသွက်။ မလက်။ စိုင်းထီးဆိုင်ရဲ့တကယ့်ဘ၀ နရီကို လိုက်မီအောင် မတင်ပြနိုင်ဟုထင်။ အစအဆုံး အခုထိ မဖတ်ဖူးသေး။ နိုင်ဇော်က စစ်ဗိုလ်ဆိုတော့ စိုင်းထီးဆိုင်ရဲ့ နိုင်ငံရေးကိစ္စ ရေးရဲမှာ မဟုတ်။ ရေးချင်မယ့်သူလည်း မဟုတ်။ ရေးလည်း ဆင်ဆာနဲ့ညားဦးမှာ။ စိုင်းထီးဆိုင်မှာနိုင်ငံရေးရှိတယ်။ လူမျိုးရေးလည်း ရှိနိုင်တယ်။ အဲဒါတွေမပါရင် စိုင်းထီးဆိုင်အကြောင်း မပြည့်စုံ။ စိုင်းခမ်းလိတ်လည်း ထိုနည်းလည်းကောင်း။ အဲသဟာတွေပါပြီး သွက်သွက် လက်လက်နဲ့ရေးထားတဲ့ စိုင်းထီးဆိုင်အကြောင်း ။ စိုင်းခမ်းလိတ်အကြောင်း စာအုပ်ကောင်းကောင်းတအုပ်တော့ ဖတ်ချင်သား။ အဲဒါ ကေရေးပါလား။ ၀ါးဟားဟားးးး။

အိမ့်ချမ်းမြေ့ said...

ဒီစာကို ကာလာနဲ့ပရင့်ထုတ်ပြီး သိမ်းထားလိုက်တော့မယ်..

နှစ်သက်လွမ်းမောစွာခံစားလိုက်ရတာပါပဲ ကေ..

TURN-ON-IDEAS said...

ဘာကို ဘယ်လိုကြိုက်တယ်ဆိုပြီး ပြောရရင်တော့ ပို့စ်၁ခုလုံးပြန်ချရေးရတော့မယ်...
ဖတ်ရတာ အရသာရှိလိုက်တာ...

အစ်မကေ ဘာရေးရေးကြိုက်နေတော့တာပဲ...
အားမရလို့ နောက်ရေးမယ့်ပို့စ်တွေ ကြိုကြိုက်သွားတယ်... :)

linn said...

ခုတလော ဖဘ ကနေဘဲ စာတိုလေးတွေအပြေးအလွှား ဖတ်ဖြစ်နေမိတာ ကေ့လက်ရာတွေကျတော့ သေချာဖတ်မှဖြစ်တာမို့ ခုမှခံစားဖြစ်တယ် မကေရဲ့  ပို့စ်တွေ ဖတ်ချင်နေတာ (အကြွေးတင်နေတာ :p ) ကေ့ လိုဘဲ အကိုတွေနားထောင်တာလိုက်နားထောင်ရင်းနဲ့ ထီးဆိုင်ရဲ့  သီချင်းတွေကို နှစ်သက်သွားမိတာ ကေ့၇ဲ့ ကြိုးစားမှုတွေအားလုံးအတွက် လေးစားအားကျ ကျေးဇူးတင်လျက်နော်

mie nge

AH said...

ပျော်ရွှင်စရာ သီတင်းကျွတ်ကလေး ဖြစ်ပါစေ မကေ

ပန်းချီ said...

ကိုထီးကို တကယ်လွမ်းသွားပါပြီ အစ်မရေ..။ အစ်မရေးလိုက်မှဖြင့် ခံစားလိုက်ရတာချည်းပါပဲ..း)

kay said...

ခုနောက်ပိုင်း ကွန်မန့်တွေကို.. ဘာကြောင့်ရယ်မှ တော့ မဟုတ်..
မပြန်ဖြစ်ဘူး ဖြစ်နေခဲ့တယ်။ ဒီ စိုင်းထီးဆိုင် သီချင်း ပို့စ် လေး မှာတော့.. မိတ်ဆွေ အသစ် တော်တော်များများ မှတ်ချက်
ပေးကြ တာကြောင့်.. လေးစားစွာ နဲ့ စာပြန် လိုက်ပါတယ်။

AH မောင်သန့် .. မမီးငယ်.. မလေး.. TOD ..မချိုသင်း ..မနော်ဖော..မသက်ဝေ..အိမ်ဂျယ်လှိုင်..တီဆွိ..ညီမနှင်း နဲ့ မိုးပန်းချီ တို့ ကတော့..
အမြဲ ပြောနေ ရေးနေကျ မိတ်ဆွေ များ ဖြစ်သလို..ခုလို လာရေးတိုင်း လည်း ..အမြဲ ပျော်..အမြဲ မျှော် ရ ပါတယ်။

.ကိုစိုင်း mks ပြောတဲ့..ရှမ်း ဗမာ ချစ်ကြည်ရေး အစစ် အကြောင်းလည်း
သိချင်ပါသေးတယ်။ ရေးပြပါအုံး။း))
.ကိုကအလ bluesky လုပ်လို့..ကျမ လည်း ရေးဖြစ်သွားတာ။ ခုလို မြှောက်ပင့် ပေးတဲ့
အတွက်လည်း အရမ်းပဲ..ကျေးဇူးတင်ပါကြောင်း။း)

kmh ကိုတော့.. ပြန်သွားလည် ( ကြည့်ဖို့) လင့်ကို ကလစ် တာ..ဘာမှ မရှိတဲ့ အတွက်ကြောင့်..
လမ်းစ ပျောက်လျက်..kmh အဖြစ်နဲ့သာ..ကျေးဇူးတင်လိုက်ပါတယ်နော်..။

ကိုကိုစိန်ရန်ကုန် ကို လည်း ပထမ ဆုံး အကြိမ် လာလည် တဲ့ အတွက်..နှုတ်ဆက်ပါတယ်။

လူဦးရေ အကြောင်း ပြောတဲ့ တယောက်.( နာမယ် ဖတ်မရလို့ ပါ) ပြောသလို..လေးပုံသုံးပုံ ဆိုတာ ဖြစ်နိုင်ပါတယ်။
ကျမ က..လျှော့လျော့ ပေါ့ပေါ့လေး လုပ်လိုက်တာပါ။း)

@Thu.. I always notice that your serious comment. Thanks Thu.

@computer .. I really appreciate your information. You might be avid reader and serious music lover
too. My husband is happy to see your comment. :)

national said...

အရမ်းကြိုက် ............... ကျေးဇူးတင်ပါတယ်။

Khaming said...

ဆောင်းပါးကောင်းကောင်းကို ရှားရှားပါးပါး မူရင်းသီချင်းသံများနဲ့ တမက်တမော လွမ်းလွမ်းမောမော ဖတ်ရှုနားဆင်ပြီး ဖေ့ဘုတ်ထဲလည်း ရှဲသွားပါပြီ။ ကျေးဂျူးကဘာဆိုင်းးးးး

Khaming said...

အရေးအသားကောင်းကောင်းကို ရှားရှားပါးပါး မူရင်းသီချင်းသံများနဲ့ တမက်တမော လွမ်းလွမ်းမောမော ဖတ်ရှုနားဆင်ပြီး ဖေ့စ်ဘုတ်ထဲလည်း ရှဲသွားပါပြီ။ ကျေးဂျူးကဘာဆိုင်းးးးး

nanda said...

ဖတ်လိုက်ပါ၏ မှတ်လိုက်ပါ၏ ခံစားလိုက်ပါ၏ ကောင်းပါ၏ ကျေးဇူးတင်ပါ၏

nanda said...

ဖတ်လိုက်ပါ၏ မှတိလိုက်ပါ၏ ခံစားလိုက်ပါ၏ ကောင်းပါ၏ ကျေးဇူးတင်ပါ၏