အတိတ်ထဲက ပန်းချီကား

ပန်းချီ- သိန်းသိန်း

မိတ်ဆွေ တယောက် ဆွဲတဲ့ ပန်းချီကားလေး ကို.. ဒီ လ ဒီရက် အတွက်.. အမှတ်တရ တင်လိုက် ပါတယ်။
တကယ်ဆို... ရေးခဲ့ ဖူးတဲ့... အတိတ.. ဆိုတဲ့ စာလေး နဲ့ တွဲတင် ခဲ့ရမှာ.. ပုံလေးကို အခု မှ ရလို့..။
အတိတ် က ..သီချင်း တပိုင်း တစ က.. အတိတ် ထဲ မှာ ကျန်ခဲ့ပြီ လား...
“ မေလ တို့ ရင့်အိုဟောင်းချိန်..၀သာန်မိုးဦး မုတ်သုန်မြူး
ပြီ..တိမ်ညို မိလ္လာ ရစ်ဝိုင်း ကာ လေ...တထောင့် ကိုးရာ ကိုးဆယ်... မေ မှာ..တို့
နိုင်ငံ သမိုင်း အသစ် ပြင်ရေးကြမည် ... ” ဆိုတဲ့.. သီချင်းသံ တွေ နဲ့ စီညံ
နေခဲ့တဲ့.. နွေ ... “ ပိတောက်တွေ လှိုင်တဲ့ နှစ်..ခမောက်တွေ နိုင် မဲ့ နှစ် ”
ဆိုပြီး.. ပိတောက်တွေ ခဲခဲ လှုပ်အောင် ပွင့် ခဲ့တဲ့.. နွေ... အဲဒီ
နွေတနွေ..။






Share/Bookmark

7 Comments:

Moe Cho Thinn said...

ပန်းချီကားလေးက ကောင်းလိုက်တာ။ ပြောချင်တဲ့ အကြောင်းအရာ နဲ့ လိုက်ဖက်လိုက်တာ။
ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ..သမိုင်းကိုတော့ ဘယ်လိုအရာကမှ မဖျောက်ဖျက်နိုင်ပါဘူး ကေ..။

မေငြိမ်း said...

သိန်းသိန်း.. နေကောင်းပလား.. လွမ်း၏...

Mirror said...

သဘောကျလိုက်တာ..။ ဟုတ်တယ်။ အတိတ်နဲ့ဆို တကယ် လိုက်ဖက်တယ်။

ဒဏ္ဍာရီ said...

ကဗျာလေး နဲ့ ပန်းချီကားလေးက လိုက်ဖက်လိုက်တာ။
“ ပိတောက်တွေ လှိုင်တဲ့ နှစ်..ခမောက်တွေ နိုင် မဲ့ နှစ် ” ဒီစာကြောင်းလေးကို အကြိုက်ဆုံး မကေ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ko watote said...

Maybe that's Burma at its finest hour!!! I was too young to cast my vote then. But it deeply affected us. On the election night, the first three seats were won by NLD, if I recall correctly, U Naing Naing and Daw San San??? As the election results rolled in, the TV announcer woman's (I think Daw Khin Ma Ma Lay??)face aged twenty years...

Watote

ကိုပေါ said...

ပန်းချီကားကို ကြည့်ရင် အတိတ်ကို သတိရစရာ။ ပြန်စဉ်းစားကြည့်ရင် မနေ့ကလိုပဲ။ ဖိနှိပ်မှုတွေကြားကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အပြတ်အသတ်အနိုင်ရခဲ့တာကို ကြည့်ရင် ပြည်သူတွေ လွတ်လပ်တဲ့စနစ်ကို ဘယ်လောက် အာသီသ ရှိနေခဲ့သလဲဆိုတာ မှန်းဆလို့ ရတယ်။

Maung Myo said...

ပုံလေးက တော်တော် လှတယ် မြန်မာမှုဆန်လိုက်တာ ကြည့်ရတာ စိတ်ကိုအေးသွားတာပဲ ။