ဆူး

  • 7 ဇူလိုင်ဆိုတာ
    အဖေတို့ ရင်ထဲကဆူး။

  • ၇၄ ရဲ့သမိုင်း
    ဦးသန့် မှိုင်းရာပြည့်
    ဦးလေးတို့ ရင်ထဲကဆူး။

  • ၈၈-၉၆
    ၂၀၀၇-၂၀၀၈
    အရိုင်းခေတ်ရဲ့
    သမိုင်းညစ်တဲ့ ဆူး။

  • ငါတို့ ရင်ထဲ
    နစ်ဝင်နေဆဲ ဆူးတွေ။

  • သားတို့ခေတ်မှာ
    ဆူးကြားက ဘူး မဖြစ်စေချင်
    ထွင်ကို ထွင်ရမယ်
    ဆူးပင်းထက်နေတဲ့ အနာဆွေး
    ရဲဆေးတင်ပြီး ထွင်ကြစို့။ ။

(နီဇူလိုင်)


Share/Bookmark

8 Comments:

မမသီရိ said...

တကယ့် ကို ထွင်သင့်နေကြပြီ

မေဓာဝီ said...

နောက်ထပ်ဆူးတွေ ထပ်မစူးပါစေနဲ့တော့လို့သာ ... ဆုတောင်းနေမိပါတယ်။

Moe Cho Thinn said...

ဒီဆူးက အတော်နက်တယ်။
ခွဲစိတ်ပြီး ခွဲတန် ခွဲရမယ်။
နာမှာ ပြည်တည်မှာ ကြောက်နေရင် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရတယ်။
ဆူးထွက်သွားမှ ကျန်းမာလိမ့်မယ်။
အနာကျက်ဖို့လဲ အချိန်အများကြီး လိုမယ်။

ခင်မင်းဇော် said...

ဟုတ်တယ် ... လူထုတွေနာမှာစိုးလို့ ဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်းလေး တောင်းဆိုလိုက် တွေ့ဆုံလိုက် လုပ်လာလိုက်ကြတာ မျိုးဆက်တွေ တဆက်ပြီးတဆက် မျိုးတုန်းကုန်တာတော့ မမြင်ကြပြန်ဘူး။
ဒဏ်ရာကြီးရင် ခွဲတန်ခွဲရမယ်ဆိုတဲ့ ချိုသင်းအမြင်ကို အပြည့်အ၀ ထောက်ခံပါတယ်။

မေ့သမီး said...

အမကောင်းလိုက်တဲ့ကဗျာ။ ထောက်ခံပါတယ်။ ဆူးထွင်သင့်နေပြီ။

Nge Naing said...

ကဗျာဆိုတာ အရင်က လုံးဝ ဖတ်မတတ်ပေမယ့် အခုနောက်ပိုင်းတော့ နှစ်သာရ ရှိလွန်းတဲ့ ကဗျာတွေကို ဖတ်ပြီး အဓိပ္ပါယ်တွေနဲ့ အချက်အလက်တွေ အများကြီးကို သိပ်သိပ်သည်းသည်းနဲ့ ရင်ထဲမှာ ထိအောင် တင်ပြနိုင်တဲ့ စာပေဆိုတာ တဖြည်းဖြည်း နားလည်လာပါတယ်။ ကဗျာကောင်းလေးကို ပြန်တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

သက်ဝေ said...

အရိုင်းခေတ်ရဲ့
သမိုင်းညစ်တဲ့ ဆူး ဆိုတဲ့ အသုံးလေးကို နှစ်သက်လိုက်တာ...
မျှဝေပေးတဲ့ ကေ့ကို ကျေးဇူးအထူး...

me said...

testing